← Chapters

အင်အားနဲ့သတ်

Vol. 108 Ch. 4.1127

အင်အားနဲ့သတ်

Vol. 108 Ch. 4.1127

"မင်းရဲ့မီးတောက်တွေက ကောင်းနေပြီ ငါ့မီးတောက်တွေကို လာမြည်းစမ်း"

လုရွှမ် ထိုအသံနဲ့အတူ သူ့ရဲ့မီးတောက် လက်ဖဝါးနဲ့ ရိုက်ချလိုက်လေသည်။ ကြက်သွေးရောင် မီးတောက်တွေက လူလတ်ပိုင်း ကျင့်ကြံသူဆီ ပြေးဝင်သွား၏။

မီးတောက်သံများ ကျယ်လောင်လာကာ လူတိုင်း ကမန်းကတန်း ဝင်လာကြသည်။ တချို့သော အသိပညာရှိသူ များက အော်နေပြီ ဖြစ်သည်။

“အဲဒီ စိတ်ဝိညာဉ်မီးလား”

နတ်ဆိုးမီးကို ပိုင်ဆိုင်သူတိုင်းသည် ဝိညာဉ်မီး၏ လက္ခဏာများကို သိကြသည်။ အဲဒါက ထိပ်တန်း စိတ်ဝိညာဉ်မီး ဖြစ်နေပြီဖြစ်လို့ လူလတ်ပိုင်းအရွယ်ရဲ့ နတ်ဆိုးမီး ဘယ်လိုလုပ် ယှဥ်နိုင်ပါ့မလဲ။

ထို့အပြင် စိတ်ဝိညာဥ်မီးသည် မခံမရပ်နိုင်သော အခြေအနေသို့ တိုးသွားသည်မှာ ထင်ရှား​ပေသည်။

ယခုအချိန်တွင် လုရွှမ်သည် စိတ်ဝိညာဉ်မီးအား ပဉ္စမအဆင့်သို့ တိုးမြှင့်ထားပြီး ၎င်းသည် မျှော်စင်နယ်ပယ်က လူများအတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေပါပြီ။ မီးတောက်နှစ်ခု တိုက်မိပြီး မီးပွားများ ပျံတက်သွားသည်။

လုရွှမ် သူ၏လက်ဖဝါးကို လေထဲသို့ ထိုးသွင်းလိုက်ပြီး မီးတောက် နောက်ကွယ်မှ လူကို လှမ်းဆွဲလိုက်သည်။

ချီထျန်းပု အဆင့်ကို လျှောက်လှမ်းရင်း လုရွှမ်သည် ပထမအဆင့် သုံးဆင့်ဖြင့် အနည်းငယ် အကွာအဝေးအတွင်း ပြောင်းရွှေ့သွားသောအခါတွင် သူသည် မျှော်စင်နယ်ပယ် ထိပ်တန်းသခင်များထက် မနှေးကြောင်း ယုံကြည်​စေခဲ့သည်။ အရှိန်က အရမ်းမြန်တာကြောင့် နောက်အခိုက်အတန့်မှာ လူလတ်ပိုင်းရှေ့မှာ ပေါ်လာပြီး မီးတောက် နှစ်မျိုးနဲ့ ဖုံးလွှမ်းနေတဲ့ သူ့ခန္ဓာကိုယ်က ဆွဲထုတ်ခံလိုက်ရသည်။

လူလတ်ပိုင်း၏ အပြာရောင် နတ်ဆိုးမီးသည် လုရွှမ် ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်းကျနေပုံ ရသော်လည်း လုရွှမ်ရ လူလတ်ပိုင်းကြီး၏ လည်ပင်းကို သူ့လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်ကာ အပူဒဏ်ကို လုံးဝ မခံစားရပေ။ ၎င်းက တစ်ချက် နှိပ်လိုက်

ရုံဖြင့် အားလုံး အဆင်ပြေသွားတော့မည်။

သက်လတ်ပိုင်းသည် လည်ချောင်းပေါ်ရှိ လက်ဖဝါးကို မယုံကြည်နိုင်စွာ ကြည့်ကာ မြန်ဆန်လွန်းလှသည်။ သူ့မျက်ခုံးအလယ်မှာ နတ်မီးလုံးက တောက်လာပြီး ပေါက်ကွဲတော့မယ်။

လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်မှ ရွံ့ရှာနေသည့် အရိပ်အမြွက်မျိုး ထွက်ပေါ်လာသည်။ ဤလူ ဘာလုပ်​တော့မည်ကို သူ တွက်ချက်ထားပြီးသား ဖြစ်သည်။ ဤလူ၏ နတ်မီးက အမှန်ပင် ပြင်းထန်လှပေသည်။ သို့သော် ၎င်းသည် အနီရောင် သလင်း​ကျောက်များ အဖြစ်သို့ ပြောင်းလဲသွားခြင်းမှာ အလွန်တရာ နှမြောစရာ ကောင်းလေ၏။

လုရွှမ် ပါးစပ်ကို ဖွင့်ဟလိုက်တာနဲ့ နတ်မိုးခြိမ်းသံများ ထွက်လာသည်။ နတ်မီး မပေါက်ကွဲမီ လုရွှမ်ပါးစပ်မှ ထွက်ရှိလာသော နတ်မိုးခြိမ်းသံသည် ထိုလူ့​မျက်ခုံးကြားမှ နတ်မီးလုံးကို ထိမှန်သွားခဲ့ပြီ။

၎င်းက ခရမ်းရောင် လျှပ်စီးကြောင်းပင်။ နတ်မိုးခြိမ်းသံကြောင့် ပဉ္စလက်မီးလုံးက ကုပ်ကနဲ ကွက်ကနဲ ​ဖြစ်သည်။

လုရွှမ် သူ့လက်ဖဝါးပေါ်မှ စွမ်းအားများကို ရုတ်သိမ်းလိုက်သော် လူလတ်ပိုင်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ဆုတ်ခွာသွားရပြီး ရှက်ရွံ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ လည်ပင်းက ကွေးနေပြီး မျက်ခုံးကြားက မှော်မီးတိုင်က ပြန်ကောင်းချင်ရင်တော့ ပြန်ဆယ်ဖို့ အနည်းဆုံး ဆယ်နှစ်လောက် ကြာလိမ့်မည်။

"ဟမ် ဒီနေရာရဲ့ သခင်ကြောင့်သာ မဟုတ်ရင် မင်းကိုငါ သတ်ပြီးပြီ!"

လုရွှမ် ပြောတာနဲ့ပတ်သက်ပြီး လူတိုင်းက နှုတ်ဆိတ်နေခဲ့သည်။ အခုတော့ လုရွှမ် ကြွားလုံးထုတ်နေတယ်လို့ ဘယ်သူမှ မထင်ကြ​တော့ပါဘူး။ ထိုလူ့​လည်ပင်းကို ဖမ်းချုပ်ထားပေမယ့် မသတ်လိုက်တဲ့ အတွက် ကရုဏာပြတယ်လို့ ပြောရလိမ့်မည်။

“အငယ်တန်း!”

သက်လတ်ပိုင်းလူက သူ့လည်ပင်းကို တည့်တည့် မတ်မတ်ထားပြီး မျက်နှာက နီရဲလာကာ စကားနည်းနည်း ပြောချင်နေပုံရသည်။

လုရွှမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ ဖျက်ကနဲ ပျောက်သွားပြီး ထိုလူကြီး၏ အနားသို့ တစ်ဖန် ရောက်ရှိလာသည်။ စိတ်ဝိညာဉ်မီးသည် သူ့လက်ထဲတွင် ဓားရှည်တစ်လက် အဖြစ်သို့ ပြောင်းလဲသွားကာ ခုတ်လှဲချလိုက်သည်။

လူလတ်ပိုင်းသည် မူလက လုရွှမ် ဤနေရာတွင် လူကိုသတ်ဝံ့မည် မဟုတ်ဟု ထင်ထားသောကြောင့် ရက်စက်ကြမ်းကြုတ်သော စကားအနည်းငယ် ပြောချင်ခဲ့သော်လည်း လုရွှမ် အမှန်တကယ် လုပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဓားရှည်သည် အစစ်အမှန် မဟုတ်သော်လည်း ဓားရည်ရွယ်ချက်နှင့် ဓားစွမ်းအင်တို့က တိုက်ရိုက် ထိမှန်ကာ ထိန်းထားသည့် လက်ကို ဖြတ်တောက်ပစ်ခဲ့သည်။

ထိုလူက နတ်ဝိညာဉ်ဒိုင်းတစ်ခု ပစ်လွှတ်လိုက်သည်။ လုရွှမ်လည်း သူ့လက်ညှိုးကို ပွတ်ဆွဲလိုက်သည်။ နတ်မိုးခြိမ်းသံက ပေါက်ကွဲထွက်ပြီး နတ်ဝိညာဉ်ဒိုင်ကို လုံးဝ ဖောက်ခွဲပစ်သည်။

ဝုန်း!

နောက်ထပ် လက်ညှိုးတစ်ချောင်းဖြင့် ခရမ်းရောင်မီးလုံးကြီး ပေါက်ကွဲ ထွက်လာပြီး သက်လတ်ပိုင်း၏ ရုပ်အလောင်းကို ပြာချပေးလိုက်သည်။ ဖြစ်စဉ်တစ်ခုလုံး အတွက် အချိန်က တိုတောင်းလွန်းလှသည်။

လုရွှမ် လူသတ်ရန် ရည်ရွယ်ချက်ဖြင့် နောက်သို့ တလှမ်းချင်း ပြန်ဆုတ်လာတာကို မြင်လိုက်ရသဖြင့် တခြားလူများမှာ သူ့လမ်းမှ အမြန် ထွက်သွားကြသည်။ လုရွှမ်ရဲ့ ခွန်အားက သူတို့ကို ထိတ်လန့်နေစေပြီ။

အမျိုးသမီး ရှောင်လဲ့ထံ ပြန်ရောက်သောအခါ လုရွှမ်သည် နတ်လက်နက် ဖြစ်သော ချင်ထျန်းဓားကို ဆွဲထုတ်လိုက်သည်။

“မိန်းကလေး... မင်း အခု ယုံ​ပြီလား”

ရှောင်လဲ့လည်း နတ်လက်နက်ကို စိုက်ကြည့်ကာ လုရွှမ်ကိုလည်း တစ်ဖန် ပြန်ကြည့်ရင်း အမူအရာက ပြောင်းလဲသွားသည်။

"ဒီကသခင်ငယ်လေး... ကျွန်မက ရိုင်းစိုင်းတဲ့ မိန်းကလေးလို ပြုမူခဲ့မိပါတယ် သခင်လေးရဲ့ မျိုးရိုးနာမည်ကို မေးလို့ရလား"

"လုရွှမ်!"

"သခင်လေးလုရွှမ် ခဏစောင့်​ပေးပါဦး... ကျွန်မ သခင်မလေးဆီကို အခုချက်ချင်း သတင်းပို့လိုက်ပါ့မယ်"

ထိုသို့ပြောပြီးနောက် ရှောင်လံက ထပ်မံဂါဝရပြုပြီး ခြံဝင်းထဲသို့ အမြန်ပြေးကာ သတင်းပို့လိုက်သည်။ လုရွှမ်က ချင်ထျန်းဓားကို မဖယ်ထားဘဲ လက်ထဲတွင် ဂရုမစိုက်သလို ဆုပ်ကိုင်ထားသည်။ အနောက်ဘက်ရှိ လူများသည် နတ်လက်နက်ကို ငြူစူသော မျက်နှာများဖြင့် စိုက်ကြည့်​​နေသော်လည်း မည်သူမျှ အသံမထွက်ရဲပေ။

သိပ်မကြာခင်မှာပဲ ရှောင်လဲ့ဟာ ရှုပ်ထွေးနေတဲ့ အရိပ်အယောင်တွေနဲ့အတူ ပြေးထွက်သွားပေမယ့် သူ့ကို ပြစ်တင်ရှုတ်ချခဲ့တာကြောင့် ရှက်လည်း ရှက်ရွံ့နေခဲ့လေသည်။

"သခင်လေးလုရွှမ်... တောင်းပန်ပါတယ် ကျွန်မသခင်မလေးက လောလောဆယ် ဧည့်သည်တွေကို ဧည့်ခံနေလို့ လူကိုယ်တိုင် လာမနှုတ်ဆက်နိုင်ဘူး ဖြစ်နေပါတယ်.... ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပေးပါ"

လုရွှမ် ချင်ထျန်းဓားကို သိမ်းလိုက်ပြီး ရှောင်လဲ့နဲ့အတူ လိုက်သွားခဲ့သည်။ အနောက်ဘက် ခြံဝန်းထဲရှိ တံခါးအပြင်ဘက်တွင် လူတွေ ရပ်နေကြသော်လည်း လူနှစ်ဦး ဝင်လာသည်ကို ကြည့်ကာ မည်သူမျှ ရိုင်းစိုင်းသော စကားများကို မပြောဝံ့​ပေ။

နှစ်ယောက်သား အိမ်ထဲသို့ ရောက်သွားသည်နှင့် တစ်ယောက်ပြီး တစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လာကြသည်။

"အဲဒီလူက စိတ်ဝိညာဉ်မီးကို ပိုင်ဆိုင်ထားတဲ့ လူလား... ဝိညာဉ်မီးဆီက အသိအမှတ်ပြုခံရသူ ဘယ်သူမဆို သဘာဝအတိုင်း လက်နက်သန့်စင်တဲ့ ဆရာသခင် ဖြစ်လာလိမ့်မယ်တဲ့"

"မဟုတ်ဘူးလို့ ဘယ်သူပြောလဲ အဲဒီသခင်ငယ်လေးက ဘယ်သူ့တပည့်လဲ သိချင်မိသား"

လူတိုင်းက ဒီလိုနယ်ပယ်မျိုး၊ ဒီလိုမျိုး စိုက်ပျိုးမှုတွေနဲ့ ထူးကဲတဲ့ နည်းလမ်းတွေနဲ့ သာမန်လူတစ်ယောက်တော့ မဟုတ်နိုင်ကြောင်း ခန့်မှန်းနေကြလေသည်။

"ဟေ့ မကြာသေးခင်ကမှ ပါရမီရှင်တွေ ပိုများလာပုံရတယ်နော်... မကြာသေးခင်တုန်းက ရှေးခေတ်မိသားစုရဲ့ ရုပ်သွင်က တကယ် ပေါ်လာတယ်လို့ ငါကြားတယ် အခုတော့ ဒီလိုမျိုး ပါရမီရှင်တွေ ထပ်ပေါ်လာပြန်ပြီ ဟေး ကမ္ဘာကြီးက ပါရမီရှင်တွေ မပေါ်လာတော့မှာကို ပူပန်နေပုံရတယ်"

"ဟင့် မင်းက အဘိုးကြီးလေ... မင်းဘာတွေ တွေးနေ​သေးတာလဲ အဲဒါ မင်းရဲ့ကိစ္စ မဟုတ်ဘူးကွ!"

လှောင်ပြောင် ရယ်မောသံများ ထွက်ပေါ်လာသည်။

အိမ်ကြီးသည် သီးသန့်ဆန်ပြီး ပန်းခြံထဲရှိ နေရာတိုင်းက ရှုခင်းဟာ ပြန့်ကျဲနေသော ပန်းချီကားတစ်ချပ်လို ဖြစ်နေကာ ပြုံးနေသည့်ပုံစံက အလွန်ရိုးရှင်းသော်လည်း တစ်ကိုယ်လုံးကို စိတ်လှုပ်ရှားနေသည်။

တောက်ကျင့်စဥ်ရဲ့ အခင်းအကျင်းပဲ။ ဒီဆရာသခင်ရဲ့ အခင်းအကျင်း ဖွဲ့စည်းမှုစွမ်းအားက တော်တော် အံ့သြစရာ ကောင်းနေတာပဲ။ လုရွှမ် သူတွေ့ရမည့်သူကို ပို၍ စူးစမ်းချင်စိတ် ဖြစ်လာသည်။

ခဏလောက် လမ်းလျှောက်ပြီးတဲ့ နောက်မှာတော့ အိမ်ရှေ့က ရုတ်တရက် ကြည်လင်လာပြီး ပန်းခြံကြီးတစ်ခု ဖြစ်သွားသည်။ ဥယျာဉ်ကို မြင်ရပြီးနောက်တွင်ထူးဆန်းသော ရနံ့တစ်ခုက လွင့်ပျံလာသည်။

အမျိုးသမီးတစ်ဦးသည် လူရွယ်နှစ်ယောက်နှင့် စကားပြောနေ၏။ လုရွှမ် ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ အမျိုးသမီး၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာခဲ့သည်။ ကျန်လူကြီးနှစ်​ယောက်လည်း တုန်လှုပ်သွားကြသည်။

"ရှောင်လဲ့... ဒါက သခင်လေးလုရွှမ်လို့ နင်ပြောခဲ့တဲ့ တစ်ယောက်လား... အရမ်းငယ်သေးတာပဲ သခင်လေးလုရွှမ် မင်္ဂလာပါ ကျွန်မနာမည်က ယွင်ရှီပါ"

လုရွှမ် ခေါင်းညိတ်လိုက်ပြီး "နတ်သမီးကို နှုတ်ဆက်ပါတယ်"

"အဟမ်း!"

"အဟမ်း!"

ချောင်းဆိုးသံ နှစ်ချက် ကြားလိုက်ရသည်။ အဘိုးအို နှစ်ဦးစလုံးတွင် မုတ်ဆိတ်ဖြူနှင့် ဆံပင်ဖြူများရှိပြီး သူတို့၏ အသွင်အပြင်သည် စိတ်ကူးယဉ် ပုံပြင်ထဲက အဘိုးကြီးတွေရဲ့ ပုံစံနဲ့ ပို၍ပင် တူနေသည်။

"ကောင်လေး မင်းရဲ့ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်မီး ရှိတယ်ဆို"

"ပြပါဦး"

နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့်ပဲ အော်လိုက်ကြသည်။

All Chapters