အရိပ်မည်း
Vol. 108 Ch. 4.1131
ဖန်းလင် ရွေးတဲ့အခန်းက ထိပ်တန်းအခန်း မဟုတ်တာ သဘာဝပါပဲ။
ဤတည်းခိုခန်းသည် စန်းချိုင်မြို့ရှိ အကြီးဆုံး တည်းခိုခန်းများထဲမှ တစ်ခုဖြစ်သောကြောင့် စျေးနှုန်းသည် သဘာဝကျကျ အနည်းငယ်မြင့်ပါသည်။ ကျင့်ကြံသူ ဖန်းလင် ဤနေရာတွင်နေရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းကို သိရှိခဲ့သည်။
ဤနေရာ၌ ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း ခင်းကျင်းခြင်းမှာ ပြီးပြည့်စုံလို ဤနေရာတွင် လေ့ကျင့်ခြင်းက တိုးတက်စေနိုင်သည်။ ထို့အပြင် အစားအစာသည် အလွန်ကောင်းမွန်ပြီး စွမ်းအင်ကို ဖြည့်စွမ်းနိုင်သော ပြင်းထန်သည်ြ သားရဲအသား များစွာလည်း ရှိသေးသည်။
စန်းချိုင်ကျောင်းတော်၊ စန်းချိုင်မြို့နှင့် ဤနေရာမှ တည်းခိုခန်းများသည် ကောင်းကင်နှင့်မြေကြီးတို့ကြားတွင် ကွာဟချက် ကြီးမားသော်လည်း ဖန်းလင်သည် ကောင်းကင်နံပါတ် အခန်းကို ရွေးချယ်ခဲ့သည်။
နှစ်ယောက်သား ကောင်းကင်နံပါတ် အခန်းထဲကို မဝင်ခင်မှာ တံခါးကို တစ်စုံတစ်ယောက်က ပိတ်ဆို့ထားပြီးသား ဖြစ်နေသည်။
၎င်းသည် နတ်မီးနယ်ပယ်က ကျင့်ကြံသူ နှစ်ဦးပဲ ဖြစ်သည်။ တစ်ချက် ကြည့်လိုက်သောအခါ ကျင့်ကြံမှု အဆင့်အရ ဖန်းလင်ထက် တစ်ဆင့် သာလွန်သော်လည်း ရောင်ဝါ ခိုင်မာမှုနှင့် ခိုင်မာသော အခြေခံအုတ်မြစ်အရ ၎င်းတို့နှစ်ဦးက ဖန်းလင်လောက် မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။
လုရွှမ်၏ ထင်မြင်ချက်အရ ဖန်းလင်သည် ခိုင်မာသော အခြေခံအုတ်မြစ်ဖြင့် စန်းချိုင်ကျောင်းတော်သို့ ဝင်ရောက်ရန် အခွင့်အရေး ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးသည် ကြီးမားခြင်း မရှိပါက အမှန်တကယ်တွင် လုံးဝအခွင့်အရေး မရှိပါ။
"ဖန်းလင် မင်းဘာလို့ မထွက်သေးတာလဲ... မင်း ဒီနေရာမှာ နေဖို့ ဘာမှ မတတ်နိုင်ဘူးလေ... ဒီကနေ ထွက်သွားလိုက်စမ်းပါ"
"ဆင်းရဲသားတစ်ယောက်က ကောင်းကင်နံပါတ် အခန်းထဲမှာ နေချင်နေတယ်ပေါ့လေ... သူ့ကိုယ်သူ သိပ်ကံကောင်းနေတယ် ထင်လား မသိဘူး"
"ဟေး မင်းအဲ့လိုပြောလို့ မရဘူးနော်... ကောင်းကင်နံပါတ်ရဲ့ ဝိညာဉ်စွမ်းအင်က အရမ်းဖြူစင်ပြီး ပေါများတယ် သူတို့က ဒီမှာရှိတဲ့ ပိတ်ဆို့မှုကို ချိုးဖျက်ပြီး အဆင့်သေးသေးလေးအထိ တိုးတက်အောင် လုပ်နိုင်တယ်"
“မှန်ပါ့ နတ်မီးနယ်ပယ် ပထမအဆင့် ဒါ ဘယ်လိုလူမျိုးလဲဟ...နတ်မီးနယ်ပယ် ဒုတိယအဆင့်.... ဟားဟား အံ့သြစရာကောင်းတဲ့ နယ်ပယ်တွေပဒဟ”
လူလေးယောက် ရယ်မောလိုက်ကြသည်။
လူပေါင်းများစွာကလည်း အော်ဟစ်ပြီး ဖန်းလင်ကို ငုံ့ကြည့်လိုက်သော် ဖန်းလင်၏ မျက်နှာသည် ဒေါသကြောင့် နီရဲလာ၏။ သို့သော် ဒေါသကြီးသဖြင့် ချေပတာတွေ ဘာမှ မပြောနိုင်ဘဲ သူတို့လေးယောက်ကို ငေးကြည့်နေရုံသာ တတ်နိုင်သည်။
လုရွှမ် ဤကောင်လေး၏ စိတ်နေစိတ်ထားကို အစောကတည်းက မြင်ပြီးပြီ။ သူသည် ကျင့်ကြံခြင်းလမ်းစဥ်တွင် သူ့ကိုယ်သူ အားကိုးတကြီး နှိမ့်ချသော လူငယ်တစ်ဦး ဖြစ်တဲ့အပြင် ဇွဲလုံ့လလည်း ရှိတာကြောင့် ပိုမိုအောင်မြင်နိုင်သူပင်။
နည်းနည်း ဖြည်းဖြည်း လေ့ကျင့်နေတာ ဖြစ်နိုင်ပေမယ့် မြေကမ္ဘာရဲ့ ကောင်းတဲ့ နေရာတစ်ခုမှာ အခွင့်အလမ်း နည်းနည်း ရလိုက်တာနဲ့ အနာဂတ်ဟာ အကန့်အသတ်မရှိ ဖြစ်လာလိမ့်မည်။ မျှော်စင်နယ်ပယ် အထွတ်အထိပ်မှာ ရှိနေသူ အနည်းဆုံး လူတစ်ယောက်ဟာ အခွင့်အရေး တစ်ခုခု ရရင်တောင် မသေမျိုး လမ်းကြောင်းပေါ် ခြေချဖို့တောင် မဖြစ်နိုင်ပါဘူး။
တစ်ဖက်တွင်မူ ၎င်းတို့လေးဦးသည် ၎င်းတို့၏ ဘိုးဘေးများမှ နံ့သာပေါင်းကို မီးရှို့ရင်း မျှော်စင်နယ်ပယ် အထိ ကျင့်ကြံနိုင်ခဲ့သူတွေသာ ဖြစ်သည်။
လုရွှမ် ချောင်းဝင်ဆိုးလိုက်သည်။
"ဟေ့ ဟေ့ သတိထား ဒီမှာ နတ်မီးနယ်ပယ် ရှိသေးတယ်"
"ခွဲလို့မရတဲ့ လူတွေပဲ... ပထမအဆင့် ဒါမှမဟုတ် ဒုတိယအဆင့်မှာ အထင်မသေးပါနဲ့.... သူတို့ရဲ့ ကျင့်ကြံမှု အဆင့်က အရမ်းနည်းနေသလိုနဲ့ ပါရမီရှင်လေး ဖြစ်နေဦးမယ်!"
"ဟား ဟား ဟား!"
သူတို့လေးယောက်က ရယ်မောလိုက်ပြန်သည်။
"မင်း မင်းတို့ အရမ်းလွန်သွားပြီ... မင်းတို့ငါ့ကို စော်ကားနိုင်ပေမယ့် အစ်ကိုလုရွှမ်က မင်းတို့အတွက် သူစိမ်းတစ်ယောက်ပဲ... မင်းတို့ သူ့ကို ဒီလိုပြောတာက အရမ်းလွန်နေပြီလို့ မထင်ဘူးလား"
ဤစကားသည် လုရွှမ်အား ဖန်းလင်အပေါ် အလွန်နှစ်သက်စေသည်။
ဤလူလေးယောက်သည် ဖန်းလင်ကဲ့သို့ တစ်နေရာတည်းမှ ဆင်းသက်လာကာ သူ့အကြောင်းအားလုံးကို သိထားသောကြောင့် ဖန်လင်းအပေါ် အလွန်ဂုဏ်ယူဝံ့ကြွား မာနထောင်နေကြတာပဲ ဖြစ်သည်။ ဤလူလေးယောက်၏ နောက်ခံသမိုင်းကြောင်းကို သိထားသော ဖန်းလင်သည် မပျော်မရွှင် ဖြစ်ခဲ့ရသော်လည်း သူ သည်းခံခဲ့သည်။
ထိုသည်းခံမှုတွင် စိတ်နေသဘောထားက တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး သူသည် မည်သည့်အရာကိုမျှ ပြန်လည်ချေပမည် မဟုတ်သလို ချေပတာကလည်း အသုံးမဝင်ပေ။ ကျင့်ကြံသူခြင်း လမ်းစဥ်ထဲ၌ စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားသူဟာ တခြားသူရဲ့ စကားကို ခေါင်းထဲ ထည့်ထားမည့်သူ မဟုတ်ချေ။
ဒီလူလေးယောက်က အရမ်း ကြီးပွားတိုးတက်နေတာလား ဆိုတော့လည်း ၎င်းတို့သည် နတ်မီးနယ်ပယ်၏ ပဉ္စမအဆင့်သာဖြစ်သည်။
"အစ်ကိုလု မင်း ဒီမှာဘာမှ မလုပ်ရဘူး မဟုတ်ရင် မင်းကို ထုတ်ပစ်လိမ့်မယ်"
ဖန်းလင်က ပြောပြီး အဝေးက အရပ်ရှည်ရှည်နဲ့ လူတစ်ယောက်ကို စောင်းကြည့်လိုက်သည်။ ထိုစဥ် လုရွှမ်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်လှိုင်းလုံးဟာ အရှိန်အဟုန်ဖြင့် တရစပ် ပေါက်ကွဲသွားရာ ၎င်းတို့လေးဦးသည် ခိုင်မြဲစွာ မရပ်တည်နိုင်ဘဲ အဆက်မပြတ် ဆုတ်သွားခဲ့ရသည်။
"ဖန်းလင် အခန်းထဲကို လာခဲ့။ မင်း လေ့ကျင့်ဖို့ ပြီးခါနီးပြီ မင်း မကြာခင် နတ်မီးနယ်ပယ်ရဲ့ ဒုတိယအဆင့်ကို ဖြတ်ကျော်နိုင်လိမ့်မယ်"
ဖန်လင်း၏ မျက်လုံးများက အံ့အားသင့်သွားကာ မယုံနိုင်လောက်အောင်ပင် ဖြစ်သွားသည်။ သူကဲ့သို့ လုရွှမ် လူလေးယောက်ကို သူ့အရှိန်ဖြင့် ပြန်တွန်းလှန်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ကျင့်ကြံမှုက သေချာပေါက် သူ့ထက်သာလွန်နေပြီ။
လုရွှမ် သူ့ကို အသာအယာ တွန်းကာ အခန်းထဲသို့ ထည့်လိုက်ပြီး တစ်ဖက်က လူလေးယောက်ကို တစ်ချက်ကြည့်လိုက်ကာ ဝင်သွားခဲ့သည်။ အခန်းသည် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နေ၏။
အခင်းအကျင်းဟာ ကောင်းကင်ပြင်မှ ဝိညာဉ်စွမ်းအင်များကို ဆက်တိုက် စုပ်ယူသည်။ အမှန်တကယ်တော့ ၎င်းသည် ပြင်ပကမ္ဘာ၏ ဝိညာဉ်စွမ်းအင် ဆယ်ဆအထိ ရောက်ရှိနေခဲ့တာပဲ ဖြစ်ပေသည်။
ထိုကဲ့သို့သော အရိပ်အယောင် အောက်တွင် ဖန်းလင်၏ မိသားစုသည် မချမ်းသာသော်လည်း ကျော်ကြားသော အခန်းကို သူရွေးချယ်နိုင်ခဲ့သည်။
"လုရွှမ် မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်.... ဒါဆို ငါလေ့ကျင့်မယ်"
ပြောပြီးနောက် သူ့ခြေထောက်တွေကို တင်ပျဥ်ခွေ အနေအထားပြောင်းကာ လေ့ကျင့်ပါတော့သည်။ လုရွှမ် ဦးလှည့်ကြည့်တော့ ဖန်းလင်က လေ့ကျင့်မှုတွင် လျင်မြန်စွာ နစ်မြုပ်နေခဲ့ပြီ။ ဤကောင်လေးသည် သူ့အတွေးထဲကအထိ ရိုးသားနေခဲ့သည်။
သို့နှင့် သူလည်း အခင်းအကျင်း ကန့်သတ်ချက်များကို ချမှတ်ကာ ငြိမ်သက်စွာ လေ့ကျင့်နေခဲ့သည်။
အချိန်တွေ ကုန်တာမြန်လှ၏။ နောက်နေ့ မနက်စောစောမှာ လုရွှမ် သူ့မျက်လုံးတွေကို အချိန်မီဖွင့်လိုက်သည်။ မဝေးလှသော နေရာ၌ ဖန်းလင်က လေ့ကျင့်နေဆဲ။ သူ၏ ဝိညာဥ်စွမ်းအင် အရှိန်အဝါသည် လျင်မြန်စွာ အရှိန်အဟုန်ဖြင့် တိုးဝင်လာတော့မည် ဖြစ်သော်လည်း အနည်းငယ် ခက်ခဲနေသေးသည်။
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖန်းလင်၏ ခန္ဓာကိုယ်ထဲသို့ ယွမ်ယန်စွမ်းအားများ တွန်းထည့်ပေးလိုက်သည်။ ဒီကလေးနဲ့ တွေ့ပြီးကတည်းက သူ့စရိုက်ကို လုရွှမ် အရမ်းသဘောကျမိ၏။
ဖန်းလင်၏ ခန္ဓာကိုယ်က တုန်ခါသွားကာ နောက်ဆုံးခြေချင်းများ ရုတ်ခြည်း ကျိုးသွားသည်။ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များက ဖန်းလင်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ တိုးဝင့လာပြီး နတ်မီးနယ်ပယ် ဒုတိယအဆင့်သို့ ဝင်ရောက်သွားသည်။
ဖန်းလင် မျက်လုံးဖွင့်ကာ လုရွှမ်အား ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ကာ တောင်းပန်သည့် အမူအရာလည်း လုပ်ပြ၍ အမြန်ထွက်သွားသည်။ လုရွှမ် မျက်မှောင်ကြုတ်ပြီး နောက်ကနေ လိုက်သွားခဲ့သည်။
ဒီကလေးဟာ ဖြူစင်တဲ့ စိတ်ထားရှိပြီး အရည်အချင်းကလည်း မညံ့ပေ။ နတ်မီးနယ်ပယ်ကို ဖြတ်ကျော်ရုံနဲ့ လုံးဝ ခက်ခဲမှာ မဟုတ်ပါဘူး။
သူ၏ ယွမ်ယန်စွမ်းအင်များ လူငယ် ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်လာပြီးနောက် အနည်းငယ် မရှင်းလင်းသော အရိပ်အယောင်လေးများ ရှိနေကြောင်း ယောင်ဝါးဝါး ခံစားလိုက်ရပြီး ဖန်းလင်၏ နယ်ပယ်က ချက်ချင်းပင် ဖြတ်ကျော်သွားခဲ့သည်။
သူ့မှာ ဘာငါးမျှားစရာမှ မရှိဘူးလို့ ပြောရင် လုရွှမ်ရဲ့ မျက်လုံးတွေက တကယ်ကို ကန်းနေတယ်လို့ ဆိုရလိမ့်မည်။
ဖန်းလင်သည် အတိဒုက္ခမှ လွတ်မြောက်ရန် အလျင်အမြန် ပြေးထွက်လာပြီး လုရွှမ်လည်း အလျင်အမြန် လိုက်လာခဲ့သည်။ မနေ့ညက ကောင်လေးတွေကလည်း လိုက်လာတာကို မကြာခင်မှာပဲ သတိထားမိ၏။
စန်းချိုင်မြို့၌ပင် အတိဒုက္ခကို ဖြတ်ကျော် နိုင်သော်လည်း စားသောက်ဆိုင်ကို ထိခိုက်စေပါက လျော်ကြေးငွေက သဘာဝအတိုင်း ပေးရလိမ့်မည်။ ရှင်းလင်းတဲ့ နေရာတစ်ခုသို့ ရောက်ရှိသောအခါ ဖန်းလင်သည် သူ၏ နယ်ပယ် အပြီးအပိုင်စွန့်လွှတ်ကာ အတိဒုက္ခကို စတင်ကျော်လွှားခဲ့သည်။
လုရွှမ် ဘေးနားတွင် ပုန်းနေချင်သော်လည်း ဖန်းလင် ခန္ဓာကိုယ်ထဲက အရာကိုလည်း မြင်ချင်သေးသည်။ ဖန်းလင်၏ ဦးခေါင်းထက်တွင် တိမ်မည်းများ စုဝေးလာလေပြီ။ မကြာခင်မှာပဲ မိုးခြိမ်းသံများ ကျယ်လောင်လာကာ မိုးကြိုးအတိဒုက္ခက ကျရောက်လာခဲ့သည်။
လုရွှမ်သည် မိုးခြိမ်းသံ အတိဒုက္ခက ကောင်းကင် အထက်တွင် တည်ရှိနေသည်မှာ အတော်ကြာနေပြီ ဖြစ်ကြောင်း ခန့်မှန်းမိသည်။ ဖန်းလင်သည် ခန္ဓာကိုယ်၏ ခံနိုင်ရည်ကန့်သတ်ချက်ကို ထပ်ခါထပ်ခါ ချဲ့ထွင်နေပြီး မိုးကြိုးအတိဒုက္ခကို ပုန်းနေခဲ့ပုံရသည်။
ဝုန်း!
နတ်မိုးခြိမ်းသံ လုံးလုံးလျားလျား ဆင်းသက်လာပြီး ကောင်းကင်ယံက မိုးခြိမ်းသံများ စတင်လာသည်။
လုရွှမ် မျက်လုံးများက ရုတ်တရက် မှုန်ကုပ်သွားသည်။ ဖန်းလင်၏ခြေရင်းတွင် ကောင်းကင်မီးတောက် အလင်းမှုန်များ တောက်ပလာကာ နတ်မိုးခြိမ်းသံကို မြေကြီးထဲသို့ တိတ်တဆိတ် ပစ်သွင်းလိုက်သည်။
အဲဒါဘာကြီးလဲ!