ငြူစူခြင်း
Vol. 108 Ch. 4.1138
လူတစ်ဦးက ဤမီးတောက်များကို ဘယ်လိုလုပ် ချိန်ခွင်လျှာလို ချိန်ညှိပြီး တစ်ပြိုင်တည်း သုံးနိုင်မှာလဲ။ ဘယ်သူက မီးတောက် ၂မျိုး၃မျိုးကို ခန္ဓာကိုယ်ထဲ စုထည့်ထားနိုင်မှာလဲ။
တကယ်တော့ လုရွှမ်ဟာ ဖီးနစ်နတ်မီးကို ရပြီးနောက်မှာ ဖီးနစ်တွေရဲ့ အနှစ်သာရ သွေးကိုရခဲ့လေရာ စိတ်ဝိညာဉ်မီးက ခန္ဓာကိုယ်ထဲကို သဘာဝအတိုင်း ဝင်ရောက် ပေါင်းစည်းလာခဲ့တာပဲ ဖြစ်ပေသည်။
နောက်ပိုင်းတွင် လုရွှမ်သည် ကောင်းကင်မီးနှင့် မီးကျီးကန်း၏ နတ်ဆိုးမီးတို့ကို ရရှိခဲ့ပြန်သည်။ ထိုအချိန်တွင် လုရွှမ်သည် သူ့ခန္ဓာကိုယ်နှင့် ညီမျှသော မီး၊ မီး နှစ်သက်နိုင်သော ကိုယ်လုံးကိုယ်ပေါက်နှင့် မီးတောက်နိယာမများကို သူ့အရိုးများထဲသို့ ထုရိုက်နေပြီ ဖြစ်သောကြောင့် ဤမီးတောက်များ၏ တုံ့ပြန်မှုက တစ်သားတည်း ဖြစ်သွားခဲ့၏။
ထို့အပြင် သူသည် ယွမ်ယန်ကျင့်စဥ်ကို လေ့ကျင့်ထားခဲ့သည်။ ကျင့်စဥ်က သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ပြောင်းလဲစေပြီး မီးတောက်များကို ထိန်းထားရန်အတွက် သဘာဝအတိုင်း ပိုမိုအထောက်အကူ ဖြစ်စေသည့် သန့်စင်သော ယန်ခန္ဓာကိုယ် အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲပေးခဲ့သည်။
သူ့ရဲ့ ကာယကြံ့ခိုင်မှုသည် တူညီသော နယ်ပယ်က လူတိုင်းထက် သာလွန်နေပြီ။ ဆိုရိုးစကားအတိုင်း ခန္ဓာကိုယ် အားကောင်းလေ မီးတောက်ကို ခံနိုင်ရည် ရှိလေပင်။
"မင်း မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီလောက်များတဲ့ မီးလျှံတွေကို ဘယ်လိုလုပိ ထိန်းထားနိုင်တာလဲ"
ယွင်လီ အော်ပြောလိုက်သည်။ ယွင်ယီ၏ မျက်လုံးများမှာလည်း ထိတ်လန့်ပြီး မယုံကြည်မှုများနှင့် ပြည့်နှက်နေ၏။
လုရွှမ်: "ဒါက အရမ်းရိုးရှင်းပါတယ် မင်းမှာ ကျယ်ပြန့်တဲ့ နှလုံး၊ ကျန်းမာတဲ့ ခန္ဓာကိုယ်၊ သန်မာတဲ့ စိတ်ဓာတ်၊ နေသာတဲ့ အပြုံး၊ လောဘကြီးတဲ့ တွက်ချက်မှုတွေ အများကြီး မလုပ်ဘဲ၊ ကျေးဇူးတရားကို သိတတ်ရတယ်... ပြီးရင်တော့ မင်းမှာ သဘာဝအတိုင်း မီးတောက်တွေကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်လိမ့်မယ်"
လုရွှမ် သူမကို ကူညီနေမှန်း သိသဖြင့် ယွင်ရှီ လုရွှမ်အား ခပ်ဖွဖွလေး ပြုံးပြလိုက်သည်။
"ဟမ့် မင်းမှာ မီးတောက် ဘယ်လောက် ရှိတယ်ဆိုတာ အရေးမကြီးဘူး... ယိုးယန်ဂူကို ငါထိန်းချုပ်ထားသရွေ့ မင်းရဲ့မီးတောက်တွေကို အဆင့်တိုးဖို့ မဖြစ်နိုင်ဘူး"
"မှန်တယ်! မီးတောက်တွေ ဘယ်လောက်ပဲရှိရှိ အစွမ်းထက်တဲ့ အရာက ခွန်အားပဲ"
ယွင်ယီကလည်း အော်ဟစ်ပြန်သည်။ သူမ စိတ်မချမ်းသာသလို ပိုလို့တောင် မနာလိုဖြစ်မိသည်။ ယွင်မိသားစုတွင် ယိုးယန်လှိုဏ်ဂူရှိ၍ သဘာဝအတိုင်း သူတို့၏ မိသားစုသည် မီးတောက်များအပေါ် အထူး နားလည်ထားကြသည်။
လုရွှမ်လက်ထဲက နီရဲတဲ့မီးတောက်က နတ်ဆိုးမီးတစ်မျိုး အဖြစ် အသိအမှတ် ပြုထားပေမယ့် ဒါဟာ အလွန်အစွမ်းထက်ပြီး သူတို့ဂုဏ်ယူရတဲ့ မီးတောက်တွေထက် အများကြီး ပိုပြင်းနေလေသည်။
ခရမ်းရောင် မီးတောက်ကတော့ ဘယ်လိုမီးမျိုးလဲဆိုတာ မသိပေမယ့် ထူးထူးဆန်းဆန်း မီးတောက်တွေထဲမှာတော့ သူ့ရဲ့ အရည်အချင်းတွေက ထိပ်တန်း မီးတောက်တွေထဲ ပါနေမှာ သေချာပါ၏။ နတ်မီးနယ်ပယ် ပထမအဆင့်ရှိ လူငယ်တစ်ဦးက ဒီလိုမီးတောက်ကို ရရှိသွားခဲ့ခြင်းမှာ သူတို့အတွက် တရားမျှတမှု မရှိပေ။
လုရွှမ် သူတို့နှစ်ယောက်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ အနည်းဆုံးတော့ အခု ယိုးယန်ဂူထဲကို မဝင်ခင်အထိ ယွင်မိသားစုကို ထိတွေ့ဖို့ သူ မစီစဉ်ထားဘူး။
ဒါကြောင့် ဒီလူတွေကို ဝမ်းနည်းစေချင်ရင် လွယ်ပါ၏။ အထူးသဖြင့် ဤလူနှစ်ယောက်ကို ရင်ဆိုင်နေရပြီး သူတို့မျက်နှာပေါ်က မနာလိုစိတ်များကို မြင်လျှင် လုရွှမ်သည် ၎င်းတို့ကို ကိုင်တွယ်ရန် အကောင်းဆုံး လက်နက်မှာ ၎င်းတို့ရှေ့တွင် မီးတောက်များကို ပြသရန် ဖြစ်သည်။
သူတို့မှာ မရှိတဲ့အရာတွေကို ပြပါ။ မနာလို၊ မုန်းတီးနေပေမယ့် အဲဒါနဲ့ ပတ်သက်ပြီးတော့ သူတို့ဘာမှ မလုပ်နိုင်ဘူး မဟုတ်လား။
"မီးသုံးမျိုးလား.... ဟားဟား မင်းအတွေးတွေက ရိုးရှင်းလွန်းတယ်ထင်တယ်"
လုရွှမ် သူ့လက်ဖဝါးကို ပြန်လှည့်လိုက်ပြီး ကောင်းကင်မီးတောက်ကို ထုတ်ယူလိုက်သည်။
မီးတောက်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများဖြင့် ပြည့်နှက်နေသော ကြွယ်ဝပြီး ယန်ဓာတ်ပြည့်ဝသော ကောင်းကင်မီးကြီး ထွက်လာသည်နှင့် တပြိုင်နက် သူတို့ သုံးယောက်လုံး လုံးဝ ထိတ်လန့်သွားကြသည်။
ကောင်းကင်မီးတောက်က စွမ်းအားအရှိဆုံး မဟုတ်သော်လည်း ယန်ဓာတ် ပြည့်ဝသည်။ ဘယ်နတ်ဆိုးမှ ဤမီးအောက်တွင် မရှင်သန်နိုင်ချေ။ ထို့ကြောင့် ကျင့်ကြံသူများသည် ကောင်းကင်မီးကို ထိန်းနိုင်လျှင် အားထုတ်မှု ထက်ဝက်ဖြင့် ရလဒ်နှစ်ဆ ရလိမ့်မည်။
အထူးသဖြင့် အန္တရာယ်များပြီး မကောင်းသော နေရာအချို့၌ ကောင်းကင်မီးကို ဖွင့်လိုက်သည့်အခါ ဘေးကင်းစေရန်အတွက် လုံလောက်ပါသည်။ သို့သော် ကောင်းကင်မီးသည် အလွန်ရှားပါးသည်ကို မြင်နိုင်ကာ ၎င်းကို စုဆောင်းရန် လုံလောက်သော ခွန်အား မရှိလို့ကလည်း မဖြစ်ချေ။
၎င်းသည် ရိုးရှင်းသော အံ့ဖွယ်တစ်ခု ဖြစ်သည့် ခန္ဓာကိုယ် အဖြစ်သို့လည်း ပြောင်းလဲသွားစေသည်။
"သွားတော့!"
လုရွှမ် ဟောက်လိုက်ပြီး မီးတောက်လေးမျိုးက သူတို့နှစ်ယောက်ဆီ တစ်ပြိုင်တည်း ပြေးဝင်သွား၏။ သူတို့နှစ်ဦး သတ္တိရှိရှိ အဆက်မပြတ် ဆုတ်ခွာသွားရသည်။ မီးတောက်လေးလုံး၏ စွမ်းအားကြောင့် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရလျှင် သေရမည်မှာ သေချာသည်။
လုရွှမ် မီးကို ပြန်ယူလိုက်သည်။
"ဟမ့် မင်းအစ်မကြောင့်သာ မဟုတ်ရင် မင်းတို့နှစ်ယောက် အကြိမ်ကြိမ် သေသွားပြီးလောက်ပြီ"
သူတို့နှစ်ယောက်က စကားပြန် ပြောချင်ပေမယ့် ယွင်ရှီက ဖြတ်ပြောလိုက်၏။
"ပါးစပ်ပိတ်ထား! သခင်လေးလုရွှမ်က ပိုင်ကွမ်းရှီနဲ့တောင် တိုက်နိုင်တယ်....နင်တို့ နှစ်ယောက် သူ့ကို ကြိုးချည်ထားရင်တောင် မယှဥ်နိုင်ဘူး..."
လူနှစ်ယောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ လုရွှမ်က ပိုင်ကွမ်းရှီနဲ့တောင် ယှဥ်တိုက်နိုင်တယ်တဲ့လား။
စန်းချိုင်မြို့ တစ်ခုလုံးတွင် ပိုင်ကွမ်းရှီက အသန်မာဆုံးလူ မဟုတ်သော်လည်း သူသည် ထိပ်ဆုံးဆယ်ဦးတွင် အဆင့်သတ်မှတ် ခံရဆဲဖြစ်သည်။ လုရွှမ် တကယ်ပဲ သူနဲ့ ယှဥ်တိုက်နိုင်ပါ့မလား။
"သွားကြစို့!"
ယွင်လီလည်း ဒါဘယ်လို အခြေအနေလဲ သိတာကြောင့် အမှားအယွင်းတွေကို ထပ်မလုပ်ချင်တော့ပေ။ ဘာမှမတတ်နိုင်တော့ပြီမလို့ သဘာဝအတိုင်း နှစ်ယောက်လုံး အမြန်ထွက်ပြေးသွားသည်။
ယွင်ယီသည် သူမအား အလွန်မနာလိုသော မျက်လုံးများဖြင့် စူးစိုက်ကြည့်သွားတာကို ယွင်ရှီ မမြင်လိုက်ပေ။ အရင်က ယွင်ရှီမှာ ပိုင်ကွမ်းရှီ ရှိခဲ့သည်။ ယခုတစ်ဖန် အရည်အချင်း ကောင်းသော လုရွှမ်ကပါ ရောက်လာပြန်ပြီ။ သူတို့အားလုံး အရည်အချင်းရှိပြီး ချောမောကြသည်။ သို့သော် ဘယ်သူကမှ သူမကို မကြည့်ဘဲ ယွင်ရှီကိုပဲ စိုက်ကြည့်နေကြသည်။
လက်သည်းများက အသားထဲ မြုပ်လုနီးပါးဖြစ်နေသော်လည်း ယွင်ယီတစ်ယောက် ၎င်းကို လုံးဝ သတိမထားမိသေးပေ။
"သခင်လေးလုက ကရုဏာပြတဲ့အတွက် ကျေးဇူးတင်ပါတယ်... ယွင်ရှီ ထပ်ပြီးတောင်းပန်ပါတယ်"
“ဘာမှမဖြစ်ပါဘူး ကျေးဇူးတင်ရကောင်းမှန်း မသိတဲ့ လူတွေကို ငါလည်း သည်းမခံနိုင်ဘူး"
"စကားမစပ် နတ်သမီးယွင်ရှီ... ယိုးယန်ဂူကိုသွားဖို့ မဆွေးနွေးခဲ့တာ အမှန်ပဲလား"
ယွင်ရှီ အံကြိတ်ကာ လုရွှမ်ကို ကြည့်လိုက်သည်။
"ဟုတ်ပါတယ် သခင်လေး...ကျွန်မနဲ့အတူ လိုက်ခဲ့ပါ အဲဒီကို ခေါ်သွားပေးမယ် ကျွန်မ မိသားစုအတွက် နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား လုပ်ခဲ့တယ် ဒီမျက်နှာလေးတော့ ရှိနေတုန်းပဲ...ကျွန်မ ဆန္ဒရှိရုံနဲ့ ဘယ်သူကမှ ကျွန်မကို မျက်နှာလွှဲမှာ မဟုတ်ဘူး ဆိုတာ ယုံကြည်တယ်"
"ကျေးဇူးတင်ပါတယ်"
လုရွှမ်လည်း သူ ယွင်ရှီကိုကူညီဖို့ ဘယ်လောက်အန္တရာယ် ရှိလဲဆိုတာ သိလိုက်ပါပြီ။ သူမ ရာထူးက ယိမ်းယိုင်နေပြီဖြစ်ကောင်း ဖြစ်နိုင်သလို အပေါ်ယံ လေးစားမှုလည်း လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့မည်။
တခြားအချိန်တွေဆိုရင် လုရွှမ် ဒီအခွင့်အရေးကို မယူချင်ပါဘူး။ ဒါပေမဲ့ စန်းချိုင်မြို့မှာက ကြာကြာနေလေလေ သူ့အင်အားက နောက်ကျနေသေးတာကို ပိုသိလေလေပါပဲ။ ဘာကြောင့်မှန်း မသိပေမယ့် နယ်ပယ်က နတ်မီးနယ်ပယ် အဆင့်မှာ နစ်မြုပ်နေပြီ။ သူ ရွှေကျီးကန်းကို မေးထားပြီးသား ဖြစ်သော်လည်း ရွှေကျီးကန်းကလည်း အကြောင်းပြချက်ကို မသိပေ။
ယွမ်စွမ်းအား၏ သန့်ရှင်းစင်ကြယ်မှုသည် နတ်မီးနယ်ပယ် ပထမအဆင့်၏ ခံနိုင်ရည်ရှိသော အတိုင်းအတာထက် ကျော်လွန်နေသော်လည်း ထူးဆန်းသည်မှာ ယွမ်စွမ်းအားသည် ကြီးထွားနေဆဲဖြစ်ပြီး ဘယ်အတိုင်းအတာအထိ ကြီးထွားနိုင်မလဲ မသိနိုင်ပေ။
ဒီလိုအခြေအနေမျိုးမှာ ခွန်အားကို မြှင့်တင်ချင်ရင် ထူးဆန်းတဲ့မီးရဲ့ စွမ်းအားကိုလည်း တိုးပေးရမယ်။ ဒါမှမဟုတ် ယွမ်ယန်ဓားကိုးစင်းရဲ့ နားလည်မှုကို တိုးတက်အောင် လုပ်ရမယ်။ ပြီးတော့ လက်ရှိ အနေအထားအရတော့ မီးအဆင့်ကို တိုးဖို့က သဘာဝကျကျ အကောင်းဆုံး အချိန်အခါသမယပါပဲ။
ဤနေရာသို့ ရောက်လာပြီးနောက် ယိုးယန်ဂူက သူ့အတွက် ရတနာတစ်ခုလည်း ဖြစ်ပေသည်။ ထူးဆန်းသောမီး၏ စွမ်းအားကို မတိုးမြှင့်ပါက အနာဂတ်လမ်းက ဘယ်လိုလာမလဲ မသိနိုင်ချေ။