ယိုးယန်ဂူ၏ မှော်အစွမ်း
Vol. 108 Ch. 4.1139
လုရွှမ် ယွင်ရှီနဲ့အတူ အိမ်အပြင်ဘက်သို့ လိုက်သွားခဲ့သည်။ သူမက အနည်းငယ် လျှို့ဝှက်ပြီး သွားလာနေသည်။
"တောင်းပန်ပါတယ်... ကျွန်မတို့ အဲဒီကို ပေါ်ပေါ်ထင်ထင် သွားလို့မရဘူး မဟုတ်ရင် အစောင့်တွေက တွေ့သွားလိမ့်မယ်... သူတို့ တွေ့ရင် ဘာလုပ်မယ် မသိဘူး ထူးဆန်းတဲ့ မီးအဆင့်ကို မြှင့်လိုက်တဲ့အခါ အကြောက်ဆုံးအရာက အခုအချိန်မှာ နှောက်ယှက်လိုက်မှာကိုပဲ"
"နားလည်ပါတယ်! ဒီလိုဆိုရင်ရော ဘယ်လိုလဲ.... မင်းငါ့နောက်က လိုက်ပြီးတော့ လမ်းညွှန်ပေး ငါ့ကိုယ်ပျောက်စွမ်းရည်က တော်တော်ကောင်းတယ်"
ထိုစကားနဲ့အတူ လုရွှမ် လက်တစ်ဖက်ကို ကမ်းပေးလိုက်သည်။ ယွင်ရှီ၏ပါးပြင်များက အနည်းငယ် နီနေသော်လည်း သူမက သွားများကို အံကြိတ်ကာ လုရွှမ်ရဲ့ လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်။
လုရွှမ်လည်း ယွင်ရှီခါးကိုဖက်လိုက်ကာ "တောင်းပန်ပါတယ်" လို့ တိုးတိုးလေး ပြောပြီး ချီထျန်းပု ခြေရာတွေကို နင်းလိုက်ရာ သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို တုန်ခါသွားပါတော့သည်။
တုန်လှုပ်နေသည်ဟု ဆိုသော်လည်း အမှန်တကယ်တော့ ဦးတည်ချက်နှင့် အကွာအဝေးကို လျှင်မြန်စွာ ပြောင်းလဲနေကာ တစ်နေရာသို့ မျက်စိတစ်မှိတ်အတွင်း ပြေးနေခြင်းသာ ဖြစ်ပေ၏။ ဒါက လုရွှမ် မတော်တဆ တွေ့ရှိခဲ့သော လျှို့ဝှက်ချက် ဖြစ်သည်။
ချီထျန်းပုဖြင့် အမြန်လမ်းလျှောက်ပြီးနောက် အာကာသ၏ နိယာမများ၊ လေပြင်းနိယာမ ပြေးလွှားမှုများနှင့် ပူးပေါင်း လုပ်ဆောင်ရသည့် နည်းလမ်းကို ရွှေကျီးကန်းက ထုတ်ပေးခဲ့သည်။ ၎င်းက ခန္ဓာကိုယ်ကို အချိန်တိုအတွင်း မမြင်နိုင်စေရန်အတွက် ဖြစ်သည်။
ဒီမမြင်နိုင်မှုဟာ လုံးဝ လှည့်စားမှုပါပဲ။ အဲဒါကို မခံစားနိုင်သလို မမြင်နိုင်ပေမယ့် ကြာရှည်မခံပါဘူး။ ဒါပေမဲ့ စွမ်းအင်အများကြီး သုံးစွဲရသည်။ အလွန်အသုံးမဝင်ဘူးဟု ဆိုနိုင်သော်လည်း ယခုလို လျှို့ဝှက်စွာ ပြေးရမည့် နေရာတွင် အသုံးပြုသောအခါတွင် အထူးအကျိုး သက်ရောက်မှုများ ရှိပါသည်။
လူနှစ်ယောက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ယွင်ရှီညွှန်ပြသည့် ဦးတည်ရာဆီသို့ ဦးတည်သွားခဲ့သည်။ သူတို့နှစ်ယောက်လုံး သတိမထားမိတဲ့ အရာကတော့ ယွင်ဟုန်ရဲ့ မျက်လုံးတစ်စုံက မြင်လိုက်ပေမယ့် သက်ပြင်းသာ ချလိုက်ပေ၏။
နှစ်ယောက်သား အရှိန်မပြင်းဘဲ လေထဲတွင် ပျံသန်းကာ ယွင်ရှီက ဦးတည်ရာကို ညွှန်ပြသည်။ ကံကောင်းထောက်မစွာနဲ့ ယိုးယန်ဂူက စန်းချိုင်ကျောင်းတော်နှင့် မဝေးပေ။ ယွင်မိသားစုသည် စန်းချိုင်ကျောင်းတော် အနီးတွင်မဟုတ်ပါက ၎င်းသည် စွမ်းအင် အလွန်အကျွံသုံးစွဲရပြီး ပြဿနာများ ကြုံတွေ့ပါက အန္တရာယ် များသွားလိမ့်မည်။
နောက်ဆုံးတော့ ယိုးယန်ဂူကို ရောက်သွားကြသည်။
ယိုးယန်ဂူကို အတွင်းမှ လျှို့ဝှက်ဆန်းကြယ်မှုကြောင့် လှိုဏ်ဂူဟု ခေါ်ဆိုသော်လည်း အတွင်းတွင် ရှိသော အရာနှင့် ပတ်သက်၍ ထင်မြင်ချက် ပေးသူ တစ်သောင်းကျော် ရှိပြီး လူတိုင်း တွေ့ကြုံရသည့် မြင်ကွင်းမှာ မတူညီသောကြောင့် ဖြစ်သည်။
ယွင်ရှီသည် သူမ၏ မီးတောက်အဆင့်ကို မြှင့်တင်ရန်အတွက် အကြိမ်ပေါင်းများစွာ တိုးဝင်ခဲ့သော်လည်း သူမ မြင်လိုက်ရသည်မှာ အချိန်တိုင်း မတူပေ။ ဂူအဝင်ပေါက်သည် ကြီးကြီးမားမား မဟုတ်သော်လည်း ၎င်းသည် တားမြစ်ထားသော အခင်းအကျင်းများကို ဆက်တိုက် ပြုလုပ်ထားသည်။
အစွန်းကို စောင့်ကြပ်နေတဲ့ မျှော်စင်နယ်ပယ် လူ၂ယောက် ရှိ၏။
မသေမျိုးနယ်ပယ် ဖြစ်သော် အစဦး နတ်ခြေလှမ်းနယ်ပယ်က သခင်များ အင်အား အကြွင်းမဲ့ ရောက်ရှိလာပါက အခင်းအကျင်းသည် စစ်ကူများ ရောက်ရှိလာခြင်းကို သုံးနာရီကြာ ထိန်းထားနိုင်သည်။ သို့သော် ထိုသခင်များက ဤနေရာကို ဦးစားပေး ဝင်ရောက်ရန် အခွင့် ရှိသောကြောင့် နတ်ခြေလှမ်းနယ်ပယ်တွေ ဤနေရာကို လာ၍ ဒုက္ခပေးမည့်သူ မရှိပေ။
ယွင်ရှီ၏ အကူအညီဖြင့် လုရွှမ်သည် ဤနေရာသို့ဝင်ရောက်ရန် ပိုမိုလွယ်ကူသွားမည် ဖြစ်သည်။
ယိုးယန်လှိုဏ်ဂူသည် တစ်ကြိမ်လျှင် လူ၃ယောက်ကို လက်ခံနိုင်သော်လည်း ဤသည်မှာ ယိုးယန်ဂူမှပေးသော ခွဲတမ်းသာ ဖြစ်သည်။ တကယ်တမ်းတွင် ဤနေရာသည် ယွင်မိသားစု၏ မြို့တော်ဖြစ်သည်။
ယွင်ရှီ၏ ထိန်းချုပ်မှုအောက်တွင် အခင်းအကျင်း ဖွဲ့စည်းမှုသည် သေးငယ်သော ကွာဟချက်ကို တိတ်တဆိတ် ဖွင့်လိုက်ပြီး လုရွှမ်လည်း ပြေးဝင်လာခဲ့သည်။
"သခင်မလေး... ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"
ယွင်ရှီ ရုတ်တရက် ပေါ်လာတာကို တွေ့လိုက်ရသောအခါ နှစ်ယောက်သားက အံ့သြစွာ မေးလိုက်ကြသည်။
"မင်းတို့ရဲ့အလုပ်ကို လာစစ်ဆေးတာ...တာဝန်ကျေပွန်သားပဲ... အရမ်းကောင်းတယ် ဆက်လုပ်ကြပါ"
ယွင်ရှီက ပြောပြီး ပြန်လှည့်ထွက်သွား၏။ နှစ်ယောက်သား ရယ်မောလိုက်ကြသည်။ သူတို့ဟာ သခင်မလေးဆီက ချီးကျူးဂုဏ်ပြု ခံလိုက်ရတာကြောင့် အလွန် ပျော်သွားကြပုံပါပဲ။
လုရွှမ် ယိုးယန်ဂူထဲသို့ အမြန်ပြေးသွား၏။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ထဲတွင် အနည်းငယ် အေးစက်သွားတာကို ခံစားလိုက်ရသည်။ ထူးဆန်းသည်မှာ အေးစက်မှုက ယန်-ဟု ယူဆရသည့် မီးတောက်အဆင့်ကို အမှန်တကယ် တိုးစေနိုင်ပေသည်။
ဂူထဲမှာ မရေမတွက်နိုင်တဲ့ လမ်းကြောင်းတွေ ရှိပြီး ဘယ်ကို ဝင်ရမယ်ဆိုတာ မသိပါဘူး။ လူတွေက အပြင်မထွက်နိုင်ဘူးလို့ မကြားမိဘူးဆိုတော့ ထွက်သွားရင် ထွက်ပေါက်ကို ရှာတွေ့နိုင်မှာ သေချာပါ၏။ ဒါဆို ဝင်ပေါက်တွေကြားမှာ ကွာခြားချက်ရှိလား။
လုရွှမ်သည် တခြားလူတွေ ဝင်လာတုန်းကလည်း သူ့လိုပဲ မစဉ်းစားမိလောက်ဘူးလို့ သူ မယုံပေ။
သူ့စိတ်ထဲတွင် အတွေးတစ်ခုဖြင့် မီးကျီးကန်း၏ နတ်ဆိုးမီးကို ထုတ်ယူလိုက်သည်။ ကြက်သွေးရောင် မီးတောက်က လေထဲတွင် လောင်ကျွမ်းသွားသည်။ လေမတိုက်ဘဲ မီးတောက်များက လမ်းကြောင်းတစ်ခုဆီသို့ ညွှန်ပြနေသည့်နှယ် ထိုဘက်သို့ ယိမ်းယိုင်လျက် သိသိသာသာ တောက်ပနေသည်။
လုရွှမ် နတ်ဆိုးမီးလျှံကို ဖယ်ထုတ်ပြီးနောက် စိတ်ဝိညာဉ်မီးကို ထုတ်ယူလိုက်ရာ မီးတောက်တွေလည်း ကခုန်နေပေမယ့် ဦးတည်ချက်က တခြားလမ်းကြောင်းကို ညွှန်ပြနေ၏။ လုရွှမ် ပျော်ရွှင်နေကာ ဖီးနစ်နတ်မီးနဲ့ ကောင်းကင်မီးတောက်တို့ကို ထုတ်ယူသော် ၎င်းတို့က မတူညီသော အပိုင်းများကို အသီးသီး ထောက်ပြခဲ့သည်။
လုရွှမ် ချက်ချင်း နားလည်သွားပြီး ဤနေရာ၏ မှော်ဆန်မှုကို တွေးရင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ဤနေရာ၌ မီးတောက်များက ကွဲပြားနေသည်မှာ သိသာထင်ရှားလှသောကြောင့် ဆက်စပ်နေခဲ့သော မီးတောက်လေးခုသည် မတူညီသော ဦးတည်ရာ လေးခုဆီသို့ ဦးတည်သွားနေသည်။ ထို့နောက် ဦးတည်ချက်ကို လိုက်နာခြင်းဖြင့် မီးအဆင့်ကို မြှင့်တင်ရန် အသင့်တော်ဆုံး နေရာကို ရှာဖွေနိုင်ရမည်မှာ ထင်ရှားပါသည်။
တူညီသော မီးလျှံများအတွက် မတူညီသော အဆင့်များသည် သဘာဝအားဖြင့် မတူညီသော မီးအမျိုးအစားများ လိုအပ်သောကြောင့် သွားသော လမ်းများက သဘာဝအတိုင်း ကွဲပြားမည် ဖြစ်သည်။
ထို့ကြောင့် လူတွေ ဝင်လာပြီးနောက် အမျိုးမျိုးသော လမ်းကြောင်းကို လျှောက်နေကြဂသည်ဟု အမြဲခံစားရခြင်းပင်။ ယွင်ရှီသည် မီးတောက်အဆင့်များ တိုးလာသောကြောင့် အကြိမ်ပေါင်းများစွာ ဝင်ရောက်ူးပြီး သူမ သွားရသောလမ်းမှာ သဘာဝအားဖြင့် မတူခဲ့ပေ။
ဒါဆို ဒီမှာ မီးတောက်က ဘယ်လောက်အထိ အဆင့် မြင့်ပေးနိုင်မလဲ။
တခြားဘာမှ မသိပေမယ့် မီးကျီးကန်း နတ်ဆိုးမီးလျှံက အဆင့်၆ ဖြစ်ကာ မီးတောက်၄မျိုးထဲ၌ အမြင့်ဆုံးဖြစ်ကြောင်း လုရွှမ် ကောင်းကောင်းသိပါ၏။ ၎င်းကို ပထမဆုံး ပေါင်းစည်းခဲ့ သောအခါက ကောင်းကင်ဘုံသခင်၏ နယ်ပယ်တွင်သာ ရှိနေသေးသည်။
ဒီမီးတောက်ကို သူ့အရိုးတွေထဲ ထည့်ထားခဲ့သည်။ ယွမ်ယန်ကျင့်စဥ်ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် သူဟာ အရှင်လတ်လတ် မီးလောင်ခံရမှာပါပဲ။ လုရွှမ် နတ်ဆိုးမီးလျှံကို ရွေးချယ်ခဲ့သည်။
လမ်းလျှောက်လာတာနဲ့အမျှ တဖြည်းဖြည်း ပိုပိုပို နက်လာသည်။ အရှေ့က ပိုအေးလာပြီးရင် အေးလာရာ လုရွှမ်ပင်လျှင် အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရသည်။
'အိုး လတ်စသတ်တော့ ဒီလိုကိုး!'
လုရွှမ် အံ့ဩနေခဲ့တာကတော့ ကျင့်ကြံသူတစ်ယောက် သူ့လက်ထဲက မီးတောက်ကို ဘယ်အချိန်မှာ အဆင့်တက်သွားတာကို သိခဲ့တာလဲ ဆိုတာပါပဲ။
ယခု ယိုးယန်ဂူထဲသို့ သင်ဝင်ရောက်ခဲ့ပြီး အအေးဒဏ်ကို ခံစားရမည်။ ယိုးယန်ရှိရာအရပ်သို့ လျှောက်လှမ်းနိုင်ခဲ့ပါက အဆင့်မြှင့်ပြီးသည့်နောက်တွင် သင်သည် အလွန်အားကောင်းပြီး မီးစွမ်းအားကို ခံစားရမှာ သေချာပါသည်။ မီးတောက်များသည် သဘာဝအတိုင်း အဆင့်မြှင့်တင်နိုင်တာက သံသယ ဖြစ်စရာပင် မလိုပေ။
ဒါဆို ဒီနေရာက လူသားများ အမှန်တကယ် တည်ဆောက်ခဲ့ခြင်းလော သို့မဟုတ် ကောင်းကင်နှင့် မြေကြီးတို့က သဘာဝအတိုင်း ဖန်တီးထားခဲ့ခြင်းလော။ လုရွှမ်သည် သူ့နှလုံးသားထဲက ကြောက်ရွံ့ထိတ်လန့်မှုကို ပိုပိုပြီး နက်နက်ရှိုင်းရှိုင်း ခံစားလာရသည်။
သူ နက်ရှိုင်းစွာ လျှောက်လာလေလေ သူ အနည်းငယ် ပိုပို အေးလာလေပင်။ အအေးဒဏ်ကို ခံနိုင်ရည်ရှိဖို့ပင် အပူကို သုံးဖို့ပင် မလွယ်ကူတော့ဘဲ ချောမွေ့စွာ လှုပ်ရှားနိုင်ရန် သူ့ခန္ဓာကိုယ်၏ ခွန်အားကိုသာ အားကိုးမိသည်။
နောက်ဆုံးတွင် အပြာရောင် မီးတောက်လေးများ အရှေ့ဘက်တွင် လင်းလက်လာ၏။ နောက်ဆုံးတွင် သူ မှန်ကန်သော နေရာကို ရောက်လာပြီ ဖြစ်ကြောင်း လုရွှမ် သိလိုက်သည်။
သူ့ရှေ့တွင် လွင့်မျောနေသော မီးတောက်နတ်ဆိုးမီးသည် အလိုအလျောက် ရှေ့သို့ ပျံသွားကာ တစ္ဆေမီးတောက်များ လိမ့်ထွက်သွားကာ ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာသည်။ ထို့နောက် မီးတောက်များက တဖြည်းဖြည်းနဲ့ သဘာဝအတိုင်း ပေါင်းစပ်လာလာလေ၏။