← Chapters

တီဗွီကနေ တခြားပစ္စည်းပုံစံတွေဝယ်လို့ရလား? ၁

Vol. 17 Ch. 241

တီဗွီကနေ တခြားပစ္စည်းပုံစံတွေဝယ်လို့ရလား? ၁

Vol. 17 Ch. 241

ချင်လင်ကတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲပေါ်လာသည်။ သူက အထုပ်ကိုတွေ့သွား၏။

ကြည့်ရတာ ပစ္စည်းအစစ်ထုပ်ပိုးပုံနှင့်ထူးမခြားနား။ သို့သော် ပစ္စည်းပို့ဖြတ်ပိုင်းကိုတွေ့သောအခါ သူကြောင်သွားသည်။

မှ: သံလွင်မြို့တော်

ထုတ်ကုန်: သံလွင်မြို့တော်မှအထူးဆက်ဆီစတော့ကင်

“တကယ် သံလွင်မြို့တော်ကလား?” ချင်လင်ကအံ့သြပြီးမေးခွန်းထုတ်လိုက်သည်။

ဒီဂိမ်းသစ်က သတ္တုမြို့တော်ကိုအလိုက်သင့်လုပ်ထားခြင်းပင်။ တချို့ဇာတ်ကောင်များက သတ္တုမြို့တော်စိုက်ပျိုးမွေးမြူရေးခြံထဲတွင် ပေါ်လာခဲ့ဖူးသည်။

နောက်ပြီး သံလွင်မြို့တော်က သတ္တုမြို့တော်ပြီးလျှင် နောက်ထပ်ပုံစံတစ်ခုဖြစ်သည်။

အခုဒီဂိမ်းဇာတ်ကောင်တွေက တီဗွီမှာ စျေးဝယ်နေကြပြီ။ တကယ်ပဲ သံလွင်မြို့တော်က စတော့ကင်ဝယ်တာလား?

ဒါဂိမ်းဒီဇိုင်းဆွဲသူရဲ့ ဆွဲနေတုန်း စိတ်ကူးယဉ်ပေါင်းစပ်ဖန်တီးမှုလား? ဒါမှမဟုတ် စနစ်ကြောင့်လား?

ချင်လင်က အခုဒီအကြောင်းတွေးမနေတော့။ ဂိမ်းဖိုရမ်ထဲသွားကြည့်လိုက်ရင် စိတ်ကူးယဉ်အချိတ်အဆက်မှန်းသိရလိမ့်မည်။ ဂိမ်းကုမ္ပဏီကစီစဉ်ထားတဲ့စိတ်ကူးအချိတ်အဆက်ဆိုရင် ကစားသူများက ဒီအံ့သြစရာအကြောင်း သေချာပေါက်တွေ့ကြမည်ပင်။

စနစ်ကြောင့်ဖြစ်လျှင် စိတ်ဝင်စားစရာ။ ဘာပဲဖြစ်ဖြစ် စိုက်ပျိုးမွေးမြူရေးခြံပုံပြင်တခြားပုံစံတွေထဲမှာ ပစ္စည်းကောင်းတွေအများကြီးရှိသည်။ အားလုံးကို တီဗွီမှစျေးဝယ်ပြီးရနိုင်လိမ့်မည်။

ချင်လင်ကထိုအကြောင်းတွေးကြည့်ပြီး ဓားသေးသေးတစ်ချောင်းယူကာ ပါဆယ်ထုပ်ကိုဖွင့်လိုက်သည်။

စတော့ကင်များမှာ ဇာအနက်ရောင်ဖြစ်သည်။ ပါကင်ကိုဖောက်နေဆဲဖြစ်သော်လည်း ဇာနှင့်အရောင်ကိုကြည့်ပြီး သူ့အကြိုက်ဖြစ်ကြောင်းသိလိုက်၏။ လုံးဝဆွဲဆောင်မှုရှိသည်။



(ဆက်ဆီစတော့ကင်: အရည်အသွေး ၁)

“အလွန်ဆွဲဆောင်မှုရှိသောစတော့ကင်ဖြစ်သည်။ သံလွင်မြို့တော်မှအထူးထုတ်လုပ်သောထုတ်ကုန်ဖြစ်၏: အသား +၁၊ သက်သောင့်သက်သာရှိခြင်း +၁၊ ဆွဲဆောင်မှုရှိခြင်း +၁၊ ညို့ယူခြင်း +၁၊ တမ်းတမ်းစွဲခြင်း +၁၊ အကြမ်းခံခြင်း +၁၊ ဖြဲရင်းစိတ်လှုပ်ရှားခြင်း +၁!)

စတော့ကင်ပေါ်မှမှတ်ချက်ကိုကြည့်ပြီး ချင်လင်မှာ ပြုံးစိစိဖြစ်သွားသည်။

ချည်မျှင်စက်ကနေ အရည်အသွေး ၁ ပိုးစတော့ကင်ထုတ်လိုက်ရင် ဘယ်လိုအရည်အသွေးမျိုးရှိမလဲ အရင်ကသူသိချင်ခဲ့သည်။

တီဗွီလိုင်းပေါ်ကနေ အရည်အသွေး ၁ စတော့ကင်ဝယ်ဖြစ်မည်ဟုမထင်မိပေ။

နောက်ပြီး ဒီအရည်အသွေးတွေက စတော့ကင်မှာရှိသင့်တာပဲမလား?

အသားနှင့်သက်သောင့်သက်သာဖြစ်ခြင်းက ပြောစရာမလို။

ဆွဲဆောင်မှုရှိခြင်း၊ညို့ယူခြင်းတို့မှာ လုံးဝရှိရမည့်အရည်အသွေးအချက်များဖြစ်သည်။

ဖြဲခြင်းမှာ အရည်အသွေးကောင်းမဟုတ်သော်လည်း ဖြဲရင်းစိတ်လှုပ်ရှားမှုအရည်အသွေးထည့်လိုက်သောအခါ အလွန်ပျော်စရာကောင်းမည့်ပုံပင်။

ချင်လင်က စတော့ကင်ယူပြီး စိတ်အားတက်ကြွစွာနှင့် ဂိမ်းထဲမှထွက်လိုက်သည်။ အွန်လိုင်းကပစ္စည်းကို လက်တွေ့ဘဝထဲယူနိုင်မယူနိုင်စမ်းကြည့်ဖို့ စိတ်လှုပ်ရှားတာပဲပေါ့။

ဖြစ်နိုင်ပုံရသည်။ ထို့ကြောင့် အိပ်ခန်းထဲချက်ချင်းပြန်ပြီး တံခါးလော့ချလိုက်၏။

ခဏအကြာ ကျောက်မိုချင်းက ရေချိုးခန်းထဲမှ ညဝတ်အင်္ကျီနှင့်ထွက်လာသည်။

“ဒီမှာ” ချင်လင်က ဂိမ်းထဲမှစတော့ကင်ကို ဂရုမစိုက်ဟန်နှင့် ကျောက်မိုချင်းကိုပေးလိုက်သည်။

“စတော့ကင်?” ကျောက်မိုချင်းကြောင်သွား၏။

“အင်း... မင်းနဲ့အဆင်ပြေမပြေသိချင်လို့ဝယ်ခဲ့တာ... အဆင်မပြေရင် ပြန်ပေးလိုက်မယ်” ချင်လင်က မျှော်တလင့်လင့်ဖြစ်နေသည်။

ကျောက်မိုချင်းစတော့ကင်ဝတ်တာ တစ်ခါမှမမြင်ဖူးခြင်းကြောင့်မဟုတ်သလို မဖြဲဘူးခြင်းကြောင့်လည်းမဟုတ်။

ဒါပေမဲ့ ဒါကထပ်တိုးအရည်အသွေးတွေရှိတဲ့ဂိမ်းပစ္စည်းလေ ဟုတ်တယ်မလား?

“ဘာလို့ ရှင်လိုယောက်ျားကြီးက စတော့ကင်ဝယ်ရတာလဲ? ကျွန်မဝယ်နိုင်...” ကျောက်မိုချင်းက ပြောရင်းဆိုရင်း အထုပ်ဖြည်လိုက်ရာ လုံးဝဆွဲဆောင်မှုရှိသောဒီဇိုင်းကိုတွေ့လိုက်ရသည်။ သူမက ချင်လင်ကိုမျက်စိထောင့်ကပ်ကြည့်လိုက်ပြီး_ “ယောက်ျားတွေ...”

ချင်လင်က ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး_ “ဝတ်ကြည့်... အဲဒါနဲ့ ကိုယ့်ဇနီးဘယ်လောက်ဆွဲဆောင်မှုရှိလဲကြည့်ရတာပေါ့”

“ဟွန့်!” ကျောက်မိုချင်းက ဂုဏ်ယူပုံနှင့်ချေပြီး ထိုင်ဝတ်ကြည့်လိုက်၏။

အိမ်မှာယောက်ျားက မဟုတ်တရုတ်ဖြစ်စေချင်လည်း ဖြစ်စေတော့။ ဘာပဲဖြစ်ဖြစ် လက်ထပ်ထားတဲ့ဇနီးမောင်နှံမှာ ကြည်နူးစရာလေးလိုတယ်လေ။

“ဒီပိုးသားကောင်းတယ်... ဝတ်ရတာ အရမ်းသက်သောင့်သက်သာရှိတယ်” ကျောက်မိုချင်းက အံံ့သြပြီးပြောလိုက်သည်။



ဘာပဲဖြစ်ဖြစ် အသား +၁၊ သက်သောင့်သက်သာရှိခြင်း +၁ ကိုး။

နောက်တခဏတွင် ချင်လင်ကရှေ့တိုးကာ အုပ်မိုးလိုက်တော့သည်။

…

ညပိုင်းကုန်လွန်သွားသည်။

နောက်တစ်နေ့တွင် ချင်လင်မှာစိတ်ကျေနပ်စွာနိုးထလာသည်။ မနေ့ညက နည်းနည်းပင်ပန်းသွားရုံသာ။

သို့သော် ဖြဲခြင်း +၁ နှင့် ဖြဲရင်းစိတ်လှုပ်ရှားခြင်း +၁ ပေါင်းစပ်ထားသဖြင့် အလွန်စိတ်လှုပ်ရှားစရာကောင်းသည်။ ထို့ကြောင့် ချက်ချင်းသူ့စိတ်ထဲကဂိမ်းဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား တီဗွီရှေ့သွားကာ နောက်ထပ်လေးငါးစုံဝယ်ခိုင်းလိုက်၏။

သို့သော် ဒီတစ်ကြိမ်တီဗွီဆီရောက်သောအခါ သတင်းတစ်ပုဒ်ဖြစ်နေသည်။ စျေးဝယ်ရှိုးမဟုတ်တော့ချေ။

စျေးဝယ်ရှိုးပွဲပုံစံအသစ်မှာလည်း ကျပန်းပေါ်ပုံရသည်။

ချင်လင်က အောင့်သီးအောင့်သက်ဖြစ်သွား၏။ သူဘာလို့မနေ့က အစုံများများမဝယ်လိုက်ရတာလဲ?

အခုတော့ စျေးဝယ်ရှိုးနောက်တစ်ခါပြတာစောင့်ရုံသာရှိတော့သည်။ နောက်တစ်ခါပြရင် စတော့ကင်ဟုတ်မဟုတ်သူမသိ။ မဟုတ်ခဲ့ရင် နောက်တစ်ခါပေါ်လာဖို့ ဘယ်လောက်ကြာဦးလေမလဲ။

ကျောက်မိုချင်းလည်းနိုးလာသည်။

ယောက်ျားတွေက တစ်ညတာပျော်ပါးပြီးရင် ပင်ပန်းနေတတ်ကြသည်။ မိန်းမတွေကမဟုတ်။

“မင်းနိုးလာပြီလား?” ချင်လင်အသိပြန်ဝင်လာကာ သူမကိုပြုံးပြီးကြည့်လိုက်သည်_ “အချိန်ရရင် မင်းအတွက်စတော့ကင်လေးငါးစုံထပ်ဝယ်ခဲ့မယ်”

ကျောက်မိုချင်းက မျက်စိထောင့်ကြည့်လိုက်ကာ_ “အမေနိုးနေလောက်ပြီ... ကျွန်မထပြီး အမေ့ကိုဆန်ပြုတ်ချက်ကူလိုက်ဦးမယ်”

သူမကအိပ်ရာထပြီး အဝတ်အစားလဲလိုက်သည်။ ထို့နောက်စုတ်ပြဲနေသောစတော့ကင်ကိုကောက်ပြီး အမှိုက်ပုံးထဲပစ်လိုက်၏။

မနေ့ညကချင်လင်စိတ်လှုပ်ရှားနေတာမျိုး ဒါပထမဆုံးတွေ့ဖူးခြင်းပင်။

ချင်လင်က ကျောက်မိုချင်းခြေထောက်ကိုကြည့်ပြီး ထပ်လိုချင်နေသည်။ ထို့နောက် သူ့စိတ်ထဲကဂိမ်းဖန်သားပြင်ကိုကြည့်ကာ ဂိမ်းဇာတ်ကောင်အား ဒီနေ့သီးနှံများသိမ်းစေလိုက်သည်။

အလုပ်ပြီးလျှင် ဖုန်းယူပြီး ရုပ်သံတစ်ခုထဲဝင်ကာ ဗီဒီယိုတချို့လျှောက်ကြည့်နေလိုက်၏။ ဗီဒီယိုတချို့ဆွဲကြည့်ပြီးနောက် စံအိမ်အကြောင်း တစ်ခုခုတွေ့လိုက်ရသည်။ ပြီးတော့ နံ့သာဖြူနံ့သာအကြောင်းဖော်ပြထားခြင်းပင်။

တစ်ညလွန်ပြီးချိန်တွင် အသုံးပြုကြည့်သူက အာနိသင်ကိုလုံးဝသိသွားလိမ့်မည်။ ထိုအာနိသင်ကိုကိုယ်တွေ့ကြုံပြီးပါက သေချာပေါက် သူတို့ Wechat အခိုက်အတန့်များမှာတင်ပြီး မျှဝေချင်လိမ့်မည်။

အမှန်ပင် မနက်စောစော၌ ချင်းလင်စံအိမ်သတို့သမီးခန်းထဲတွင် အံ့သြဘနန်းအသံများထွက်နေသည်။

“ရှင်မနေ့ညက နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်နေတာ”

“ဟုတ်တယ်... အဲဒါစမ်းကြည့်ဖို့လာတာ... ချင်းလင်စံအိမ်ရဲ့နံ့သာက ဒီလောက်အစွမ်းထက်မယ်မထင်မိဘူး”

“ဒီလောက်နှစ်နှစ်ခြိုက်ခြိုက်မအိပ်တာကြာပြီ”

“…”

မနေ့ညက သတို့သမီးခန်းတွင်တည်းခိုသူများမှာ တခြားဆေးဖက်ဝင်ဝိုင်အကျိုးအမြတ်နှစ်ခုကိုမရွေးဘဲ နံ့သာဖြူနံ့သာမှုန့်အကျိုးအမြတ်ကိုရခဲ့သူများဖြစ်လေသည်။

All Chapters