← Chapters

အဆင့်တက်ပြန်ပြီ! မွေးမြူရေးခြံတွေပွင့်ပြီ! ၂

Vol. 17 Ch. 245

အဆင့်တက်ပြန်ပြီ! မွေးမြူရေးခြံတွေပွင့်ပြီ! ၂

Vol. 17 Ch. 245

သူက အိမ်တွင်းဆေးသုံးမရသောဆေးတစ်မျိုးကိုလည်း ဖွံ့ဖြိုးစေခဲ့သည်။ ထိုဆေးထွက်ထွက်ချင်း အလားတူအိမ်သုံးဆေးများ၏တန်ဖိုးကို တန်းလျော့ကျစေပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေခဲ့သည်။ နိုင်ငံခြားဆေးဝါးများမှာ ရွေးချယ်စရာမရှိဘဲ ကျန်းမာရေးအာမခံနှင့်လွှမ်းခြုံရ၏။

ထိုဆေးကြောင့် မရေမတွက်နိုင်သောသူများ အကျိုးခံစားကြရသည်။

ချင်လင်က ဒီလိုလူမျိုးကို အမြဲတမ်းသူ့ရင်ထဲမှလေးစားခဲ့၏။

“သူဌေးချင်က တကယ်ငယ်ရွယ်ပြီး အလားအလာကောင်းတာပဲ” ပါမောက္ခလျိုသက်ပြင်းချလိုက်သည်။

ပါမောက္ခရန်က အားတုံ့အားနာပုံနှင့်_ “သူဌေးချင်... အရင်အွန်လိုင်းပေါ်မှာဖြစ်ခဲ့တာတွေအတွက် တကယ်စိတ်မကောင်းပါဘူး... ဗီဒီယိုကို ဘယ်အချိန်လိုင်းပေါ်တင်လိုက်လဲမသိဘူး”

“ပါမောက္ခရန်... အထင်လွဲတာဆိုမှတော့ ဘာလို့ပြန်ပြောနေမလဲ?” ချင်လင်က ချက်ချင်းလက်ကာပြီး ပါမောက္ခရန်တို့ကို လက်ဖက်ရည်စားပွဲဆီခေါ်လိုက်သည်_ “ပါမောက္ခရန် ထိုင်ပါဦး... ကျွန်တော်လက်ဖက်ရည်ဖျော်ပေးမယ်”

လီခိုင်က တုံ့ဆိုင်းခြင်းမရှိ ထိုင်ချလိုက်ပြီး_ “ပါမောက္ခရန်... ကျွန်တော်ပြောပါတယ်... ညီလေးချင်က အရမ်းအမြင်ကျယ်တဲ့သူလို့... ဖြစ်ပြီးတာတွေ သူ့စိတ်ထဲမထားဘူး”



“စိတ်ထဲထားနေတာ ငါပေါ့” ပါမောက္ခရန်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။

သူဌေးချင်ရဲ့စိတ်ထားက ဟန်ဆောင်နေတာမဟုတ်မှန်း သူသိနိုင်သည်။

စိတ်ရင်းမှန်က လူကိုရင်ထဲထိစေသည်။ ဟန်ဆောင်နေတာဆိုရင် တစ်ချက်ကြည့်ရုံနှင့် သူသိသည်။

ပါမောက္ခလျိုက လက်ဖက်ရည်ဖျော်နေသော ချင်လင်ကိုကြည့်လိုက်ပြီး မချီးကျုးဘဲမနေနိုင်တော့_ “သူဌေးချင်လိုလူငယ်မျိုး များများစားစားမရှိဘူး”

ပါမောက္ခရန်က ခေါင်းညိမ့်ကာ ထောက်ခံလိုက်၏။

ပါမောက္ခနှစ်ဦးကထိုင်ပြီးနောက် မကြာမီ ရုံးခန်းထဲပြန့်နေသော ကြည်နူးစရာအမွှေးနံ့ကိုသတိထားမိသည်။ ခရီးတလျှောက်လုံးစိတ်ပင်ပန်းလာမှုတောင် ပျောက်ကွယ်သွားသလိုခံစားလိုက်ရ၏။ သူတို့ခန္ဓာကိုယ်သက်သောင့်သက်သာရှိပြီး လန်းဆန်းလာသလိုပင်။

ထို့ကြောင့် သူတို့နှစ်ဦးတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ထိပ်တန်းနံ့သာဖြစ်မည်ဟု ခန့်မှန်းမိကြသည်။ သူဌေးချင်မှာ ဒါမျိုးတကယ်ရှိတာပဲ။

သို့သော် သူတို့က ဒီအကြောင်းမစပ်စုချင်။ ဘာပဲဖြစ်ဖြစ် သူတို့နှင့်ပတ်သက်စရာမရှိ။

ချင်လင်ကလက်ဖက်ရည်ဖျော်ပြီး ပါမောက္ခရန်တို့အတွက် တစ်ခွက်စီငှဲ့ပေးကာ_ “ပါမောက္ခရန်... အရင်ဆုံးလက်ဖက်ရည်သောက်လိုက်ပါဦး... ပြီးရင်ဆေးဖက်ဝင်ဝိုင်ယူပြီး အာနိသင်အတည်ပြုဖို့ ကူပေးပါမယ်”

ပါမောက္ခရန်က ထိုစကားကြားလျှင် အလျင်စလိုနှင့်_ “သူဌေးချင်... အတည်ပြုစရာမလိုတော့ပါဘူး... ရှောင်လီက ငါနဲ့ဆေးဖက်ဝင်ဝိုင်ကိုအတည်ပြုပြီးသွားပြီ... အာနိသင်က အရမ်းထိရောက်တယ်... အရင်တုန်းကဗီဒီယိုအတွက် ငါတကယ်ပဲရှက်မိတယ်”

ချင်လင်ကပြုံးပြီး_ “ပါမောက္ခရန်... အရင်ကဖြစ်ခဲ့တာတွေထားလိုက်ပါလို့ပြောပြီးပြီပဲ... မဟုတ်ရင် ခင်ဗျားကိုဒီလာဖို့ဖိတ်မှာမဟုတ်ပါဘူး”

“ဟုတ်ပါပြီ... မပြောတော့ပါဘူး” ပါမောက္ခရန်ကအပြုံးနှင့်ပြန်ပြောလိုက်သည်။ ထို့နောက်သူက အားနာပုံနှင့်_ “သူဌေးချင်... တကယ်တော့ ငါအရေးတကြီးတောင်းဆိုစရာရှိတယ်... ငါစံအိမ်မှာခဏနေပြီး မင်းရဲ့ဆေးဖက်ဝင်ဝိုင်ကိုလေ့လာလို့ရမလား? ငါထင်တယ်... မင်းရဲ့ဆေးဖက်ဝင်ဝိုင်ထဲမှာ သိပ္ပံနည်းကျပုံပြောင်းဓာတ်ပစ္စည်းတချို့ရှိနေလိမ့်မယ်”

ပါမောက္ခရန်က စိတ်လောနေသည်။

အကြောင်းမှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို သူကိုယ်တိုင်စမ်းသပ်ခဲ့ခြင်းကြောင့်ဖြစ်၏။ ဒီနယ်ပယ်မှာပညာရှင်ဖြစ်တဲ့သူတောင် ဒီအာနိသင်ကိုအံ့သြသွားတယ်မဟုတ်လား?

သူက ဝိုင် ၃၀ မီလီလီတာသောက်ပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ထဲလျှောက်သွားခဲ့သည်။ သူ့လိပ်ခေါင်းက လုံးဝသက်သာသွား၏။

ဒီဆေးဖက်ဝင်ဝိုင်ထဲမှာပါတဲ့ပုံပြောင်းဓာတ်ပစ္စည်းကိုလေ့လာနိုင်ရင် လိပ်ခေါင်းအတွက်အလွန်အာနိသင်ရှိတဲ့အထူးဆေးတစ်မျိုးကိုဖွံ့ဖြိုးအောင်လုပ်နိုင်ပြီ။ ဘဝကျန်းမာရေးသိပ္ပံရဲ့တခြားရှုထောင့်တွေကိုလည်း အကြီးအကျယ်တိုးတက်အောင်လုပ်နိုင်ပြီ။



“ပါမောက္ခရန်... ဒါကိစ္စမရှိပါဘူး... ခင်ဗျားနေဖို့နေရာစီစဉ်ခိုင်းလိုက်ပါမယ်” ချင်လင်က ပါမောက္ခရန်၏တောင်းဆိုချက်ကိုမငြင်းပယ်။

ဒီဆေးဖက်ဝင်ဝိုင်ထဲက ပုံပြောင်းဓာတ်ပစ္စည်းကို ပါမောက္ခရန်လေ့လာနိုင်ဖို့ သူမျှော်လင့်မိသည်။ ဒီလိုဆိုဂိမ်းထဲမှာ ပစ္စည်းတွေအများကြီးရှိဦးမည်။ နောက်ကျရင် အလားတူသုတေသနမျိုးအတွက် အသုံးချနိုင်ပြီမလား?

ပါမောက္ခရန်သာ လိပ်ခေါင်းဆေးဖွံ့ဖြိုးအောင်လုပ်နိုင်ရင်အကောင်းဆုံးပင်။

ဘာပဲဖြစ်ဖြစ် လိပ်ခေါင်းရောဂါက အားလုံးကိုနှိပ်စက်တတ်သည်လေ။

ပိုအဓိကကျတာက ပါမောက္ခရန်၏ဌာနမှဖွံ့ဖြိုးလာမည့်ဆေးမှာ အားလုံးအတွက်အမှန်ပင်အကျိုးရှိနိုင်သည်။

ဒါက နိုင်ငံတော်မှတိုက်ရိုက်ဦးဆောင်သော သိပ္ပံနည်းကျသုတေသနဌာနတစ်ခုဖြစ်၏။ ဝင်ငွေရရင်ရ ဒါမှမဟုတ် လူတွေကိုအကျိုးရှိစေလိမ့်မည်။

သူ့အဖေကင်ဆာရောဂါအတွက်သုံးသောဆေးတစ်မျိုးမှာ ထိုဌာနတွင် ပါမောက္ခရန်ဖွံ့ဖြိုးစေခဲ့သောဆေးမျိုးဖြစ်သည်။ ပြီးရင် ကျန်းမာရေးအာမခံရပြီး အလားတူဆေးများထက် အဆ ၂၀ ခန့်သက်သာသွားမည်။

အခုအခါထိုအလားတူဆေးများကို မဖြစ်မနေကျန်းမာရေးအာမခံဝင်ရပြီး တန်ဖိုးအဆ ၂၀ ခန့်လျှော့ချရသည်။

ပါမောက္ခရန်၏ဆေးကြောင့်သာမဟုတ်ရင် သူ့မိသားစုမှာ ဒီထက်ပိုအကြွေးတင်ခဲ့လိမ့်မည်။ သူ့အဖေကို ဒီလောက်ကြာကြာအသက်ဆက်နိုင်မည်မဟုတ်ပေ။

ကျန်းမာရေးအာမခံဝင်သောဆေးအတော်များများမှာ ဆေးတန်ဖိုးအလွန်အမင်းကျသွားသည်။ ဒါဒီဆေးကုမ္ပဏီတွေမှာ အသိတရားရှိလို့လား? အကြောင်းက သူတို့နောက်မှာ နိုင်ငံတော်ရှိသောကြောင့်ပင်။ ပါမောက္ခရန်၏ဌာနက ဆက်တိုက်အလုပ်ကြိုးစားနေသည်။

ထို့ကြောင့် ပါမောက္ခရန်၏တောင်းဆိုချက်ကိုပြတ်ပြတ်သားသားလက်ခံပြီး အခွင့်အရေးပေးခြင်းဖြစ်၏။

ဘာပဲဖြစ်ဖြစ် လိပ်ခေါင်းဆေးက သူ့ကိုသိပ်မထိခိုက်။

လက်ရှိဒီဝိုင်ကနေ ပိုက်ဆံဝင်ဖို့မလို။

နောက်ပြီး ပါမောက္ခရန်သာ ဒီပုံပြောင်းဓာတ်ပစ္စည်းကတစ်ဆင့် လိပ်ခေါင်းကုသနိုင်တဲ့ဆေးကိုသုတေသနလုပ်နိုင်ခဲ့ရင်တောင် သူ့ဆေးဖက်ဝင်ဝိုင်နှင့်ယှဉ်နိုင်မည်မဟုတ်။

လူအတော်များများမျက်စိထဲတွင် သူ့နည်းလမ်းက တုံးအလွန်းရာကျသည်ဟုထင်နိုင်သည်။ တချို့က သူ့ကိုဦးနှောက်မရှိဟုတောင် တံဆိပ်ကပ်ချင်ကပ်နိုင်၏။ သူ့ပစ္စည်းတွေကို သူများလေ့လာဖို့ပေးပြီး သူများကပိုက်ဆံရအောင်လုပ်ပေးသည်ဟုတွေးကြလိမ့်မည်။

သို့သော် ဒီလိုဖြစ်နိုင်ချေမျိုးနှင့်စာလျှင် နိုင်ငံနှင့်ပါမောက္ခရန်လိုသူရဲကောင်းမျိုးကို သူပိုပြီးယုံကြည်သည်။

သူက တိုင်းပြည်၏အကျိုးအမြတ်ကိုခံစား၊ တိုင်းပြည်၏အခွင့်အရေးကိုခံစား၊ တိုင်းပြည်ကစောင့်ကြပ်ပေးထားသောငြိမ်းချမ်းသည့်မြေတွင်နေထိုင်ပြီး တိုင်းပြည်ကိုမေးခွန်းပေါင်းစုံထုတ်ကာ ကျိန်ဆဲတတ်သည့်သူမျိုးမဟုတ်။

ပါမောက္ခရန်က ချင်လင်အလိုက်သင့်သဘောတူလိုက်ခြင်းကြောင့် အံ့သြသွားသည်_ “သူဌေးချင်... မင်းဒီလိုပဲသဘောတူလိုက်တယ်ပေါ့? ငါဒါကိုအသုံးချပြီး လိပ်ခေါင်းဆေးသုတေသနလုပ်ရင် မင်းရဲ့ဝိုင်ကိုထိခိုက်မှာမကြောက်ဘူးလား?”

ချင်လင်က ထိုမေးခွန်းကိုသဘောပေါက်ပြီးဖြစ်၍ ဂရုမစိုက်ဘဲ_ “ပါမောက္ခရန်... အဲဒါကဝိုင်သက်သက်ပါပဲ... အားလုံးအတွက်အကျိုးရှိတဲ့လိပ်ခေါင်းဆေးကို ခင်ဗျားဖွံ့ဖြိုးအောင်လုပ်နိုင်မယ်လို့ ကျွန်တော်တကယ်မျှော်လင့်ပါတယ်”

All Chapters