အဆင့်တက်ပြန်ပြီ! မွေးမြူရေးခြံတွေပွင့်ပြီ! ၃
Vol. 17 Ch. 246
ပါမောက္ခရန်က ထိုစကားကြားလျှင် ချင်လင်ကိုထူးထူးခြားခြားကြည့်လိုက်သည်။ ဒီလိုလူငယ်မျိုးနဲ့မဆုံတာကြာခဲ့ပြီ။
သူဌေးချင်က လုံးဝဂရုမစိုက်ဘဲ အလွန်ပွင့်ပွင့်လင်းလင်းပြောမှန်း သူသိသည်။
ပါမောက္ခရန်လည်း ကတိပေးလိုက်၏_ “သူဌေးချင် မပူပါနဲ့... မင်းရဲ့ဝိုင်ကနေ ဒီလိုပုံပြောင်းတဲ့ဓာတ်ပစ္စည်းမျိုးကိုဖွံ့ဖြိုးလာအောင်လုပ်နိုင်ပါတယ်... နိုင်ငံတော်က မင်းကိုလျော်ကြေးပေးဖို့လျှောက်လိုက်မယ်”
“လျော်ကြေးရှိတာလား? လက်ခံနိုင်ပါတယ်” ချင်လင်က ဟာသတဝက်နှောပြီးပြောလိုက်သည်။
“ရှိပါလိမ့်မယ်” ပါမောက္ခရန်က ခေါင်းထပ်ညိမ့်ပြီး အတည်ပြုလိုက်သည်။ ထို့နောက်သူက စိတ်ပူပုံနှင့်_ “သူဌေးချင်... ဒီဆေးဖက်ဝင်ဝိုင်က ဘာနဲ့လုပ်ထားတယ်ဆိုတာ ပြောပြနိုင်မလား?”
“ဂျင်ဆင်းခါးနဲ့လုပ်တာပါ” ချင်လင်က ဖုံးကွယ်မထား။ တခြားသူတွေကသိရင်တောင် ဒီဂျင်ဆင်းခါးကိုလေ့လာနိုင်မည်မဟုတ်။
“ဂျင်ဆင်းခါး?” ပါမောက္ခရန်အံ့သြသွားသည်_ “ဒီဂျင်ဆင်းခါးက လိပ်ခေါင်းအတွက်အာနိသင်ရှိတယ်ဆိုပေမဲ့ အာနိသင်က အဲလောက်မထိရောက်ဘူးထင်တယ်”
ချင်လင်ကရှင်းပြလိုက်၏_ “ကျွန်တော်က သက်တမ်းရင့်ဂျင်ဆင်းခါးကိုသုံးလို့ဖြစ်မယ်... နောက်ပြီး ကျွန်တော်သုံးတဲ့ဝိုင်ကလည်း သက်တမ်းနှစ် ၂၀ ကျော်ပြီ”
ပါမောက္ခရန်ကခန့်မှန်းကြည့်သည်_ “ဒါဆိုရင် ဓာတ်ပြုတာရှိမှာပေါ့”
ချင်လင်က စနစ်ကြောင့်ဟုသိထားသော်လည်း ထုတ်မပြောဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်_ “ပါမောက္ခရန်... အရင်ဆုံးခင်ဗျားနေဖို့နေရာစီစဉ်ပေးမယ်... အချိန်ကျရင် ခင်ဗျားဆီဝိုင်တချို့ပို့ပေးမယ်”
ပါမောက္ခရန်လည်း ဒီသုတေသနကိုအမြန်ဆုံးစချင်နေပြီဖြစ်၍_ “ဒါဆို သူဌေးချင်ကိုဒုက္ခပေးရတော့မှာပဲ... မင်းဘယ်လောက်များလိုလဲ? ငါ့ကိုကုန်ပို့လွှာဖွင့်ပေးပါ... ကုန်ကျစရိတ်ပြန်ပေးနိုင်ပါတယ်”
ချင်လင်က ထိုကိစ္စကိုကြာကြာတွေးတောမနေ။ သူကိုယ်တိုင် ပါမောက္ခရန်ကိုခေါ်ပြီး သတို့သမီးခန်းမှာနေဖို့စီစဉ်ပေးလိုက်သည်။ သူက ကောင်းယောင်ယောင်ကိုတောင် ဖုန်းဆက်ခေါ်ပြီး ပါမောက္ခရန်ရက်ပိုင်းလောက်အသုံးပြုနိုင်ရန် ရုံးခန်းရှင်းထားဖို့ ညွှန်ကြားလိုက်၏။
သူစောစောကထုတ်လာခဲ့သော ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းကိုလည်း ပါမောက္ခရန်လက်ထဲထည့်ပေးလိုက်သည်။
အားလုံးစီစဉ်ပြီးမှ ချင်လင်ကရုံးခန်းထဲပြန်လာခဲ့၏။
အဆင်ပြေသွားတော့မှ သူ့စိတ်ထဲကဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ အရင်ဆုံးဂိမ်းဇာတ်ကောင်ကို ဒီနေ့အသစ်ပေါ်သောငါး ၃၅ ကောင်ကိုဖမ်းခိုင်းလိုက်သည်။ ထို့နောက် ဂိမ်းဇာတ်ကောင်ကို နိုထရီဒိန်းတောင်သွားစေလိုက်၏။
သို့ရာတွင် သစ်ပင်များပြန်ထွက်နေပြီဖြစ်၍ သူကတစ်ပင်ပြီးတစ်ပင်ခုတ်ချလိုက်ရာ သာမန်အပင်များသာဖြစ်နေသည်။ နောက်ဆုံးအပင်ကျမှ တစ်ခုခုရလိုက်၏။
(နံ့သာဖြူပင်တစ်ပင်ခုတ်နိုင်သည်။ ခုတ်လိုပါသလား?)
အမှန်ပင် နောက်ထပ်နံ့သာဖြူပင်ဖြစ်သည်။ နောက်ဆုံးခုတ်ချပြီးနောက် အရည်အသွေး ၁ နံ့သာဖြူ ၃၀% ရလိုက်သည်။
တစ်နည်းဆိုသော် ထိုအရည်အသွေး ၁ နံ့သာဖြူပုံ ၃ ပုံမှာ ၁၀၀ ဂရမ်နံ့သာဖြူနံ့သာမှုန့်ဘူး ၃၀၀ လုပ်နိုင်သည်။
သူတွေးတောနေစဉ် ကျောက်မိုချင်းရုံးခန်းထဲဝင်လာပြီး_ “ပါမောက္ခရန်အတွက် စီစဉ်ပြီးပြီလား?”
ချင်လင်ကပြန်ဖြေလိုက်၏_ “အင်း... ပါမောက္ခရန် အရင်ခန်းမထဲမှာစားဖို့ ဆရာလင်းနဲ့စီစဉ်လိုက်ပါဦး”
“ပြီးရင် ကျွန်မလုပ်လိုက်မယ်” ကျောက်မိုချင်းက သူမဖုန်းကိုလှမ်းပေးရင်းပြောလိုက်သည်_ “ချင်လင်... စံအိမ်တရားဝင်အကောင့်က စာတွေကြည့်လိုက်ပါဦး... လိပ်ခေါင်းသက်သာတဲ့ဆေးဖက်ဝင်ဝိုင်နဲ့ အိပ်ပျော်စေတဲ့နံသာဖြူနံ့သာကို သုံးပြီးကုန်ကြပြီ... အခုပရိသတ်တွေက ကျွန်မတို့ရောင်းမရောင်းမေးနေကြတယ်”
ချင်လင်ကဖုန်းယူကြည့်လိုက်ရာ အမှန်ပင်ပရိသတ်တွေဆီကစာတသီတတန်းကြီးတွေ့လိုက်ရသည်။ သူတို့မေးထားတာကလည်း လိပ်ခေါင်းအတွက်ဆေးဖက်ဝင်ဝိုင်နဲ့ အိပ်ပျော်စေတဲ့နံ့သာဖြူပဲပေါ့။
ဒီလိပ်ခေါင်းနဲ့အိပ်မပျော်တဲ့ရောဂါက ပြည်သူလူထုကြားမှာ ဘယ်လောက်ရိုက်ခတ်နေလဲသိနိုင်သည်။

သို့သော် လိပ်ခေါင်းသက်သာစေသောဆေးဖက်ဝင်ဝိုင်မှာ လုံးဝအကန့်အသတ်ရှိနေသည်။ တောင်တန်းထွက်ကုန်အလွန်နည်းပြီး ဂျင်ဆင်းခါးပြန်ပေါ်လာနှုန်းက ပိုတောင်နည်းသေး၏။ သူ့မှာ ရွေးချယ်စရာမရှိ။
တစ်ဖက်တွင် နံ့သာဖြူကထပ်ရလိုက်သည်။ ပြန်ပေါ်လာနှုန်းအမြဲရှိနေ၏။ သူဒါကိုထုတ်ရောင်းနိုင်သည်။
ချင်လင်က ခဏတွေးကြည့်လိုက်ပြီး_ “တို့မှာ လိပ်ခေါင်းသက်သာစေတဲ့ဆေးဖက်ဝင်ဝိုင်သိပ်မကျန်တော့ဘူး... ဒါပေမဲ့ နံ့သာဖြူကိုအသုံးချလို့ရတယ်... တို့သတို့သမီးခန်းကိုအဆင့်မြှင့်တင်လို့ရတယ်... သတို့သမီးခန်းတည်းခိုနှုန်းက တစ်ညကိုယွမ် ၄၅၀ ဖြစ်သွားမယ်... အိပ်ပျော်စေတဲ့အထူးနံ့သာဖြူနံ့သာတွဲဖက်ပေးပြီး တစ်ညကို အထူးနံ့သာဖြူမှုန့် ၃ ဂရမ်ပေးမယ်”
သတို့သမီးခန်းတန်ဖိုးက ယွမ် ၁၀၀ တက်သွားမည့်သဘောပင်။ နောင်တွင် သတို့သမီးခန်းတိုင်းတွင် နံ့သာဖြူနံ့သာမှုန့် ၀.၅ ဂရမ်ထားပေးမည်။ ဧည့်သည်များပြန်သွားလျှင် ၃ ဂရမ်တောင်ပေးဦးမည်။
တစ်ခန်းကို ၃.၅ ဂရမ်။ အခန်း ၁၅၀ မှ တစ်ညကို ၅၂၅ ဂရမ်သာကုန်မည်။ တစ်လဆိုလျှင် ၁၅၇၅၀ ဂရမ်ရှိပြီး ၁၀၀ ဂရမ် ၁၅၇ ဘူးသာကုန်မည်ဖြစ်သည်။
သူ့တွင် အရည်အသွေး ၁ နံ့သာဖြူနံ့သာဘူး ၃၀၀ ရှိသဖြင့် သူထောက်ပံ့နိုင်သည်။
တရုတ်ပြည်တွင် အိပ်မပျော်သည့်နှုန်းမှာ လိပ်ခေါင်းဖြစ်နှုန်းလိုမြင့်တက်နေသည်။ အိပ်မပျော်သည့်ရာခိုင်နှုန်း ၄၀ နီးပါးရှိ၏။ တစ်နည်းဆိုရသော် နေ့စဉ်ခရီးသည် ၃၀၀၀ ကျော်တွင် လူ ၁၂၀၀ ကျော်ရှိသည်။
ထို့ကြောင့် သတို့သမီးအခန်းကိုနေသူမရှိမှာမပူရ။ အိပ်မပျော်သူများက အသည်းအသန်နေကြလိမ့်မည်။ ယွမ် ၁၀၀ သာပိုခြင်းဖြစ်၏။ အပန်းဖြေထွက်လာသူများက ဂရုစိုက်မည်မဟုတ်။
ဤသည်က သူတို့သတို့သမီးခန်းအဆင့်ကိုပိုမြင့်အောင်လုပ်ရာလည်းကျသည်။ အထူးလက္ခဏာတစ်ခုတောင်ဖြစ်လာနိုင်သည်။ အချိန်တန်ရင် ပြင်ပလောကတွင် ချင်းလင်စံအိမ်၏တမူထူးခြားသောလုပ်ငန်း 'အိပ်စက်နိုင်မည့်သတို့သမီးခန်း'အကြောင်းပြောကြလိမ့်မည်။
ဤသည်က သူ့ဂိမ်းထုတ်ကုန်အထူးနံ့သာဖြူနံ့သာမှုန့်၏အဆင့်ကိုလည်း တစ်ဆင့်မကပိုမြင့်စေနိုင်သည်။ ၃.၅ ဂရမ်ကို ယွမ် ၁၀၀ နှင့်ညီမျှသဖြင့် တစ်ကတ်တီကို ၁၄၂၈၅ ယွမ်တန်သည်။
ဤတန်ဖိုးမှာ ပြင်ပလောကရှိထိပ်တန်းနံ့သာဖြူထက် ၁၀ ဆပိုစျေးကြီး၏။ တရုတ်သစ်မွှေးအတော်များများထက်လည်း ပိုစျေးကြီးသည်။
နံ့သာဖြူသက်သက်က ဒီလောက်တန်ပါ့မလား? ဘယ်တန်မလဲ။ ဒါပေမဲ့ ဘယ်သူက အရည်အသွေး ၁ ရှိခိုင်းလို့လဲ? ဘယ်သူက အိပ်ပျော်စေတဲ့အရည်အသွေး +၁ ရှိခိုင်းလို့လဲ? အိပ်မပျော်တဲ့နှုန်းဒီလောက်မြင့်အောင် ဘယ်သူကတောင်းဆိုလို့လဲ? သူ့လုပ်ငန်းရည်ရွယ်ချက်က ဒီအရည်အသွေး ၁ နံ့သာဖြူနံ့သာကို ဒီလိုတန်ဖိုးရှိသည်ဆိုသည့်သဘောပင်။
“ဒါဆိုရင် နံ့သာဖြူနံ့သာကို အာမခံနိုင်လား?” ကျောက်မိုချင်းအစိုးရိမ်ဆုံးက ဒီကိစ္စဖြစ်သည်။
ချင်လင်က_ “သတို့သမီးအခန်းတစ်ခန်းကို တစ်ရက် ၃.၅ ဂရမ်တော့ အာမခံနိုင်သေးတယ်”
“ဒါဆို ပြဿနာမရှိဘူး... ဒါကလုံးဝထူးခြားတဲ့လက္ခဏာဖြစ်နိုင်တယ်” ကျောက်မိုချင်းက ချင်လင်၏စကားကြားလျှင် စိတ်သက်သာရာရသွားပြီး_ “ပြီးရင် ကျွန်မဗီဒီယိုရိုက်ပြီး တရားဝင်အကောင့်မှာ ကြေညာလိုက်မယ်”
ကျောက်မိုချင်းနှင့်ချင်လင်က အသေးစိတ်ဆွေးနွေးပြီးမှ ချင်လင်ရုံးခန်းထဲကထွက်သွားသည်။
ချင်လင်လည်း သူ့စိတ်ထဲကဂိမ်းကို ထပ်ကြည့်လိုက်သည်။ သူကဂိမ်းဇာတ်ကောင်ကို မွေးမြူရေးခြံပြန်စေပြီး အရည်အသွေး ၁ နံ့သာဖြူနံ့သာပင်မှလွဲ၍ ဒီနေ့ရသောသစ်များအားလုံးရောင်းပစ်လိုက်သည်။
သစ်အားလုံးရောင်းပြီးရုံရှိသေး သူ့စိတ်ထဲတွင် ရုတ်တရက်သူ့ကိုအံ့သြမိစေသော အသိပေးစာပေါ်လာသည်။
(ဂိမ်းဇာတ်ကောင်အဆင့်တက်ပြီ!)
(မွေးမြူရေးခြံဖွင့်ဖို့ လိုအပ်ချက်များပြည့်စုံသွားပါပြီ!)