← Chapters

တီဗွီကနေ တခြားပစ္စည်းပုံစံတွေဝယ်လို့ရလား? ၃

Vol. 17 Ch. 243

တီဗွီကနေ တခြားပစ္စည်းပုံစံတွေဝယ်လို့ရလား? ၃

Vol. 17 Ch. 243

“ဟုတ်ပါပြီ... ကျေးဇူးပဲ ဆရာ” ပါမောက္ခရန်ကပြုံးပြီး ဒရိုင်ဘာကိုလက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက် ပါမောက္ခလျိုအား_ “ရုံချန်းစီရင်စုဒရိုင်ဘာက အရမ်းတက်တက်ကြွကြွရှိတာပဲ”

ပါမောက္ခလျိုကပြုံးလိုက်ပြီး_ “သူက မအဘူးလေ... သူကချင်းလင်စံအိမ်ခရီးသည်တွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်နေရတာကိုး... နောက်ပြီး ခရီးသည်တွေအများကြီးက စီးပွားရေးဘယ်လောက်များများကိုမြှင့်တင်ပေးနိုင်လဲ? ရုံချန်းစီရင်စုရဲ့ခေါင်းဆောင်တွေသာမအဘူးဆိုရင် သေချာပေါက်ဒီအပိုင်းကိုလေ့ကျင့်ပေးဖို့အာရုံစိုက်မှာပဲ”

သူတို့ကစကားပြောရင်း စံအိမ်ဆီလျှောက်လာရာ ဆိုင်းဘုတ်ကိုမြင်သွားသည်။

ထိုအချိန်တွင် ဆိုင်းဘုတ်အောက်၌ လူတန်းရှည်ကြီးနေရာယူထားပြီဖြစ်လေသည်။ ခရီးသည်များက ဓာတ်ပုံရိုက်ရန်တန်းစီနေကြပြီး သူတို့ဘေးတွင် အစီအစဉ်ကျအောင်ထိန်းသိမ်းပေးမည့်လုံခြုံရေးအစောင့်တစ်ဦးရှိသည်။



ပါမောက္ခလျိုက ပြုံးပြုံးနှင့်နောက်လိုက်သည်_ “ငါတို့က ရှုမျှော်ခင်းနေရာကိုမဝင်ရသေးဘူး... ဒီရှုခင်းက တကယ်ရှားတာပဲ”

“ဒီအရေးအသားက တကယ်ကောင်းတာပဲ” ပါမောက္ခရန်က ချီးကျူးလိုက်သည်။

သူတို့နှစ်ဦးရှေ့ဆက်သွားလိုက်စဉ် နောက်ထပ်လုံခြုံရေးအစောင့်တစ်ဦးရောက်လာပြီး သတိပေးသည်_ “ဆရာတို့... ဗီဒီယိုရိုက်ပြီး အမှတ်တရယူချင်တယ်ဆိုရင် အစဉ်အတိုင်းစီပေးပါဗျ... မဟုတ်ရင်တော့ ဘေးလမ်းနှစ်လမ်းကနေ စံအိမ်ထဲတန်းဝင်လို့ရပါတယ်”

ပါမောက္ခရန်နှင့်ပါမောက္ခလျိူက ရှုမျှော်ခင်းနေရာတွင် လူငယ်များလုပ်ကြသည့်နည်းကို စိတ်မဝင်စားပေ။ သူတို့က တခြားလမ်းမှ စံအိမ်ထဲတန်းဝင်လိုက်ကြသည်။

ပါမောက္ခလျိူက စံအိမ်ထဲဝင်ပြီး သူ့ဖုန်းထုတ်ကာ လီခိုင်ကိုခေါ်လိုက်၏။

မနက်အစောကြီး လီခိုင်မှာ စံအိမ်မူလခန်းမအနောက်ဘက်ခြံဝင်းထဲရောက်နေပြီဖြစ်သည်။ ခြံဝင်းထဲ၌ အထဲတွင်ကိရိယာတချို့ရှိသော အမိုးတစ်ခုကိုမြင်နိုင်သည်။

အမိုးကို ချန်တပေဆောက်ထားပြီး ကိရိယာများမှာ သူ့တူလီရှင်းက သုတေသနတက္ကသိုလ်မှစီစဉ်ပေးထားခြင်းဖြစ်သည်။

ဒီဖရဲသီးက အစိမ်းရောင်မှန်လုံအိမ်မလိုဘဲ ရာသီမရွေးအပင်ဖြစ်နိုင်သည်။ သူ့သုတေသနအတွက် အလွန်အထောက်အကူဖြစ်၏။ အခုဆို မနက်တိုင်း အစောကြီးသူရောက်ရောက်လာသည်။

ဖရဲနွယ်ပင်မှကလိုရိုဖီးထုတ်နေစဉ် သူ့ဖုန်းမြည်လာ၏။ နံပါတ်ကိုမြင်လျှင် ချက်ချင်းကိုင်လိုက်ပြီး_ “ညွှန်မှူးလျို... အစောကြီးပါလား... စံအိမ်ကိုရောက်နေပြီလို့ပြောမှာ မဟုတ်ပါဘူးနော်?”

ပါမောက္ခလျိူအသံကြားရသည်_ “မင်းမှန်တယ်... ပါမောက္ခရန်နဲ့ငါရောက်နေပြီ... ငါတို့ဝင်ပေါက်မှာ”

“ကျွန်တော်လာခဲ့မယ်” လီခိုင်က သူ့အထက်လူကြီးအသံကြားလျှင် ဖုန်းချပြီးပြီးချင်း လမ်းလျှောက်ထွက်လာသည်။ စံအိမ်ဝင်ပေါက်ရောက်သောအခါ ပါမောက္ခလျိုနှင့်ပါမောက္ခရန်ကိုတွေ့သဖြင့်_ “ညွှန်မှူးလျို... ပါမောက္ခရန်”

ပါမောက္ခလျိုက ချက်ချင်းမိတ်ဆက်ပေးလိုက်၏_ “လောင်ရန်... သူကလီခိုင်... ငါ့သုတေသနတက္ကသိုလ်မှာ တွဲဖက်ပါမောက္ခတစ်ဦးပဲ... ပါမောက္ခစစ်တမ်းဝင်နေပြီ... စာတမ်းပဲလိုနေတာ”



“ငယ်ရွယ်ပြီး အလားအလာရှိတာပဲ” ပါမောက္ခရန်ကပြုံးပြီး လီခိုင်ကိုချီးကျူးလိုက်သည်။

ပါမောက္ခလျိုကလည်း_ “လီခိုင်... အခုသူဌေးချင်အားမအားသိချင်တယ်? လောင်ရန်က သူ့ကိုတွေ့ချင်နေတာ... လိပ်ခေါင်းအတွက်ဆေးဖက်ဝင်ဝိုင်ကိုရော”

လီခိုင်ကရှင်းပြလိုက်သည်_ “ဒီအချိန်သူဌေးချင်စံအိမ်ရောက်ပြီလားတော့မသိဘူး... ပြီးတော့ သူက အရမ်းအလုပ်များတယ်... ပါမောက္ခရန် ဒီဆေးဖက်ဝင်ဝိုင်ကိုကြည့်ချင်ရင် ကျွန်တော်မနေ့ကအကျိုးအမြတ်ရထားတာရှိတယ်... ကျွန်တော်အရင်ပါမောက္ခရန်ကိုပြနိုင်ပါတယ်”

အခုလောက်ဆို ညီလေးချင်စံအိမ်ရုံးခန်းရောက်နေပြီမှန်း သူသိသည်။ သို့သော် ပါမောက္ခရန်နှင့်ချင်းလင်စံအိမ်အကြောင်း သူလည်းအသိဆုံး။

ပါမောက္ခရန်ကို ဒီဆေးဖက်ဝင်ဝိုင်၏အာနိသင်အကြောင်း အရင်သိစေချင်သည်။ ဘာပဲဖြစ်ဖြစ် ပါမောက္ခရန်က ပါရမီရှင်ဖြစ်သော်လည်း တစ်ခါတရံထူးထူးဆန်းဆန်းဇီဇာကြောင်တတ်သည်။

အကြောင်းမှာ သူကဒီလိုလူဖြစ်သောကြောင့်ပင်။ ပါမောက္ခရန်ကို ဒီဆေးဖက်ဝင်ဝိုင်အကြောင်းအရင်သိအောင်လုပ်ထားလိုက်ရင် ပါရမီရှင်ဇီဇာကြောင်ခြင်းမျိုးကိုရှောင်ရှားနိုင်ပြီ။ ပါမောက္ခရန်က ညီလေးချင်ကိုတွေ့ရင် အရင်သူဖရဲသီးလေ့လာခဲ့တုန်းကလို အကူအညီတောင်းရုံသာရှိတော့မည်။

သူကိုယ်တိုင်ကြုံခဲ့ပြီးဖြစ်၍ ဘယ်လိုကိုင်တွယ်ရမလဲသူသိသည်။

“ဟုတ်ပါပြီ... ဒါဆိုကြည့်ပါရစေဦး” ပါမောက္ခရန်က သိပ်တွေးမနေဘဲ ချက်ချင်းခေါင်းညိမ့်လိုက်၏။

“ပါမောက္ခရန် ကြွပါ” လီခိုင်က ပါမောက္ခရန်တို့ကို ပထမသတို့သမီးခန်းဆီ လမ်းပြခေါ်သွားသည်။

လီခိုင်က သတို့သမီးခန်းထဲဝင်ပြီး ၃၀ မီလီလီတာဆေးဖက်ဝင်ဝိုင်ပုလင်းကိုထုတ်လိုက်၏။ ထိုပုလင်းမှာ မနေ့ကခရီးသည်များကိုပေးသော အကျိုးအမြတ်ဖြစ်သည်။

လီခိုင်က ဆေးဖက်ဝင်ဝိုင်ကို ပါမောက္ခရန်ဆီကမ်းပေးလိုက်ပြီး_ “ပါမောက္ခရန်... ဒါလိပ်ခေါင်းသက်သာစေတဲ့ ချင်းလင်ဆေးဖက်ဝင်ဝိုင်ပါ... အရမ်းထိရောက်တယ်”

ထိုအချိန်တွင် ပါမောက္ခလျိုကမေးလိုက်သည်_ “လောင်ရန်... ငါတို့ယူလာတဲ့ကိရိယာတွေထုတ်ဖို့ နေရာရှာပြီး ဒီဝိုင်ကိုစမ်းသပ်ကြမလား?”

ပါမောက္ခရန်ကခေါင်းခါလိုက်ကာ_ “ဒီလိုလုပ်ဖို့မလိုပါဘူး... ပိုမြန်တဲ့နည်းရှိတယ်”

“???” ပါမောက္ခလျိုဇဝေဇဝါဖြစ်သွားသည်။

ပါမောက္ခရန်က ဆေးဖက်ဝင်ဝိုင်ပုလင်းဖွင့်ကာ သူ့ပါးစပ်ထဲမော့ချလိုက်၏။

ပါမောက္ခလျိုချက်ချင်းသဘောပေါက်သွားလေသည်။

All Chapters