အဆင့်တက်ပြန်ပြီ! မွေးမြူရေးခြံတွေပွင့်ပြီ!
Vol. 17 Ch. 244
ဆိုရိုးရှိတာက ယောက်ျား ၁၀ ယောက်မှာ ၉ ယောက်၊ မိန်းမ ၁၀ ယောက်မှာ ၁၀ ယောက်လိပ်ခေါင်းရှိသည်တဲ့။ သဘောက လိပ်ခေါင်းဖြစ်နှုန်းအလွန်မြင့်ပြီး ကာကွယ်ဖို့ကပိုတောင်ခက်သေးသည်။
နောက်ပြီး တချို့အလုပ်အကိုင်များ ဥပမာ - ကျောင်းဆရာ၊ ဒရိုင်ဘာ၊ ရဲအရာရှိ၊ ပရိုဂရမ်မာ၊ သိပ္ပံသုတေသနသမားများ စသည်တို့မှာ မတ်တပ်ကြာကြာရပ်ရခြင်း၊ ကြာရှည်အညောင်းထိုင်ရခြင်း၊ အလုပ်ချိန်မမှန်ခြင်းတို့ကြောင့် တခြားသူများထက် လိပ်ခေါင်းဖြစ်နှုန်းပိုမြင့်သည်။
ပါမောက္ခရန်က သုတေသနသမားဖြစ်၏။
ဒီတော့ အာနိသင်ကိုသက်သေပြဖို့မလွယ်ဘူးလား?
သူ့ခန္ဓာကိုယ်ကိုသုံးပြီး သက်သေပြခြင်းဖြစ်သည်။ ဒါသိပ္ပံသုတေသနအတွက် ပေးဆပ်ခြင်းဟုယူဆနိုင်၏။
၃၀ မီလီလီတာဝိုင်ပုလင်းကို တစ်ဝက်ခန့်သောက်ပြီးနောက် ပါမောက္ခရန်ကအံ့သြပြီးရပ်လိုက်သည်။
အကြောင်းမှာ ဆေးဖက်ဝင်ဝိုင်အရသာက သက်တမ်းရင့်ဝိုင်လို ထူးထူးခြားခြားကောင်းသောကြောင့်ပင်။ ထို့နောက် ဝိုင်လက်ကျန်ကိုဆက်ပြီး တစ်ကျိုက်တည်းမော့ပစ်လိုက်၏။
လီခိုင်က ဝိုင် ၃၀ မီလီလီတာ ဒီလိုကုန်သွားသည်ကိုမြင်လျှင် သူ့ရင်ထဲနာကျင်သွားသည်။
ဒီဝိုင်က သုံးခါလောက်သောက်လို့ရတယ်လေ။
ဝိုင်သောက်ပြီးနောက် ပါမောက္ခရန်က သူ့နောက်မှ ဓာတ်ခွဲအကူအား_ “အချိန်မှတ်ထားပေးဦး... ဒီဆေးဖက်ဝင်ဝိုင်အာနိသင်ပြလာမယ့်အချိန်ကို ငါတိတိကျကျသိချင်တယ်”
အွန်လိုင်းပေါ်မှာဗီဒီယိုတင်တဲ့ခရီးသည်တွေက အာနိသင်အရမ်းပြင်းတယ်ဆိုတော့ 'ချက်ချင်း'အလုပ်ဖြစ်လိမ့်မည်။ သို့သော် သူတို့က အချိန်သတ်သတ်မှတ်မှတ်မဟုတ်။
နောက်မှအကူက ညွှန်ကြားချက်ကိုကြားကြားချင်း သူ့လက်ဆွဲသေတ္တာဖွင့်လိုက်သည်။ သူက သုတေသနမှတ်တမ်းနှင့်ဘောပင်ကိုထုတ်၊ နောက် သူ့ဖုန်းကိုထုတ်ပြီး အချိန်တွက်ချက်လိုက်၏။
သို့သော် ခဏအကြာ ပါမောက္ခရန်မှာ အံ့အားသင့်ပုံနှင့်_ “အမ်... အာနိသင်ပြချိန်ကို 'ချက်ချင်း'လို့ရေးလိုက်”

အခုတော့ ခရီးသည်တွေပြောတဲ့ 'ချက်ချင်း'ဆိုတဲ့အဓိပ္ပါယ်ကို သူသိသွားပြီ။
တကယ်ချက်ချင်းပဲ။
ပြီးတော့ နောက်ဆက်တွဲအာနိသင်ကို သူခံစားမိနေပြီ။
အခုလိပ်ခေါင်းလုံးဝလျော့ပြီး သက်သာလာဖို့ အချိန်ဘယ်လောက်ကြာမလဲ သူသိချင်သည်။
“ပါမောက္ခရန်... ဒီလိုဆို ဒီအတိုင်းစောင့်မနေပါနဲ့လား... ကျွန်တော် စံအိမ်ထဲကပန်းပင်လယ်ကို အရင်လိုက်ပြမယ်လေ?” လီခိုင်က ထိုအချိန်တွင် အကြံပြုလိုက်သည်။
ဒီဝိုင်ကိုသူသောက်ဖူးတဲ့အတွေ့အကြုံအရ (အခန်း ၁၅၁) ပါမောက္ခရန်၏လိပ်ခေါင်းမှာ ပန်းပင်လယ်ကြည့်ပြီးသည်နှင့် သက်သာသွားလိမ့်မည်။
ပါမောက္ခရန်ကမငြင်း_ “ရှောင်လီ... မင်းကိုဒုက္ခပေးရတာ အားနာတယ်ကွာ”
…
ချင်လင်မှာ မနေ့ညက စတော့ကင်နှင့်ကျောက်မိုချင်း၏လှုံ့ဆော်မှုကြောင့် ရူးတော့မလိုလိုဖြစ်နေသည်။
ဒီနေ့မနက်စာစားပြီးတာတောင် ပင်ပန်းနေသလိုဖြစ်၍ ဂိုဒေါင်မှပစ္စည်းများ စံအိမ်သို့ရွှေ့ပြီးသည်နှင့် ဆေးဖက်ဝင်ပျားရည်တစ်ခွက်ဖျော်သောက်လိုက်၏။
ဖြစ်ချင်တော့ ဆေးဖက်ဝင်ပျားရည်၏ အမောအပန်းပြေစေခြင်း +၂ အာနိသင်မှာ သူ့မောပန်းခြင်းကိုမပြေနိုင်။
ဒါလည်းမောပန်းတာပဲမလား? ဘာလို့မသက်သာရတာလဲ?
ချင်လင်က သူ့ရုံးခန်းထဲရောက်လျှင် သစ်မွှေးနံ့သာနည်းနည်းထွန်းလိုက်သည်။
ကြည်နူးစရာအနံ့ပျံ့လွင့်လာသည်နှင့် စံအိမ်စီမံခန့်ခွဲရေးပရိုဂရမ်ထဲဝင်ပြီး ပြည်သူပေးစာတချို့ကို စစ်ဆေးကြည့်လိုက်သည်။
ဒီပြည်သူပေးစာတွေကို ကျောက်မိုချင်းပို့ချင်းကြောင့်သော်လည်းကောင်း မနေ့ကဌာနအသီးသီးမှအနှစ်ချုပ်တင်ပြသော လုပ်ငန်းအစီရင်ခံစာများကြောင့်သော်လည်းကောင်း တချို့လျှောက်လွှာများမှလည်းကောင်း သတိပြုမိသည်။
သူဖြေရှင်းစရာ တချို့ကိစ္စများရှိနေပြီး ချက်ချင်းကိုင်တွယ်ရမည်။ ထိုပြည်သူပေးစာများဖတ်ပြီးနောက် ဝဘ်ဆိုဒ်ဖွင့်ပြီး စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအသစ်ဖိုရမ်ထဲဝင်လိုက်သည်။
မနေ့ညက တီဗွီစျေးဝယ်ခြင်းမှရသောစတော့ကင်မှာ အမှန်ပင်သံလွင်မြို့တော်ထွက်ကုန်ဟုသိလိုက်ရပြီး ဂိမ်းကုမ္ပဏီမှစီစဉ်ထားသော စိတ်ကူးအဆက်အသွယ်လား စနစ်ကြောင့်လား သိချင်မိသည်။
ဒါကို ဂိမ်းဖိုရမ်ထဲမှာရှာတွေ့နိုင်သည်။
ဂိမ်းကုမ္ပဏီကစီစဉ်တဲ့စိတ်ကူးအဆက်အစပ်ဆိုရင် အသည်းအသန်ကစားသူတွေက ဒီအဆက်အစပ်ကိုတွေ့တာကြာလောက်ပြီ။
သို့သော် ဖိုရမ်ထဲဝင်ပြီးနောက် ချင်လင်က ပေ့ချ်ကိုအပြန်ပြန်အလှန်လှန်ရှာကြည့်ရာ စတော့ကင်ရော သံလွင်မြို့တော်နှင့်ရော ဆက်စပ်သည့် post တစ်ခုမှမတွေ့ရချေ။
တစ်နည်းပြောရရင် ဒါဂိမ်းကုမ္ပဏီကစီစဉ်တဲ့စိတ်ကူးအဆက်အစပ်မဟုတ်နိုင်တော့။ စနစ်ကြောင့်ဖြစ်တာလား?

ချင်လင်က ချက်ချင်းကောက်ချက်မချသေးဘဲ နောက်ထပ်လမ်းစရှာသည့်ခေါင်းစဉ်တစ်ခုတင်လိုက်သည်_ “တီဗွီကနေ သံလွင်မြို့တော်ရဲ့စတော့ကင်ဝယ်နိုင်တယ်”
တစ်ယောက်ယောက် ချက်ချင်းစာပြန်လာသည်:
ပထမမှတ်ချက် - ဟောလိဝုဒ်: မူရင်းပို့စ်တင်တဲ့သူက အီစတာကြက်ဥအသစ်ရတဲ့အထိ အားထုတ်ပြီးပြီလား? ပုံလည်းမရှိ သက်သေလည်းမရှိ!
ဒုတိယမှတ်ချက် - ကောင်းကင်ဘုံဝတိံ: တီဗွီစျေးဝယ်တာ တစ်ပတ်လည်နေပြီ... စတော့ကင်လုံးဝမပါဘူး။
တတိယမှတ်ချက် - ဖြတ်သွားဖြတ်လာအနီရောင်သဲမှုန်: မင်းစတော့ကင်အကြောင်း အတွေးလွန်နေပြီထင်တယ်... ဂိမ်းကုမ္ပဏီက သံလွင်မြို့တော်ပုံစံမယူလောက်ဘူး... သံလွင်မြို့တော်ပစ္စည်းထည့်ဖို့မဖြစ်နိုင်ဘူး။
…
ချင်လင်က ထပ်တိုးလာသောမှတ်ချက်များကိုကြည့်ရင်း ဂိမ်းဇာတ်ကောင် တီဗွီကနေဝယ်တဲ့ သံလွင်မြို့တော်ထုတ်ကုန်များမှာ ဂိမ်းကုမ္ပဏီနှင့် ပတ်သက်မှုမရှိကြောင်း လုံးဝသေချာသွားသည်။
ဒါဆိုရင် တကယ်ပဲ စနစ်နဲ့ဆိုင်နေတာပေါ့။
သူက သူ့စိတ်ထဲမှဂိမ်းဇာတ်ကောင်ကိုအာရုံပြန်စိုက်လိုက်ပြီး တီဗွီဆီသွားစေလိုက်သည်။
ဒီတစ်ကြိမ်တွင် ဂိမ်းထဲမှတီဗွီဖန်သားပြင်၌ ကဏ္ဍအသစ်ဖြစ်နေ၏:
(မကြာသေးမီက ရှားပါးကျောက်ဖြစ်ရုပ်ကြွင်းကို ပျားရည်ရွာ၌ ရှာဖွေတွေ့ရှိခဲ့...)
“ပျားရည်ရွာ?”
ပျားရည်ရွာမှာလည်း သံလွင်မြို့တော်ကဲ့သို့ စိုက်ပျိုးမွေးမြူရေးခြံပုံပြင်၏ပုံစံတစ်ခုဖြစ်သည်။
ဒီပုံစံထဲတွင် ပစ္စည်းကောင်းလည်းအများကြီးရှိသည်။ ဒါတွေကို နောက်ဆိုရင် တီဗွီကနေဝယ်နိုင်ပြီဆိုတဲ့သဘောလား?
ချင်လင်တွေးတောနေစဉ် ရုံးခန်းတံခါးခေါက်သံကြားလိုက်ရသည်။ သူကချက်ချင်းပြောလိုက်၏_ “ဝင်ခဲ့ပါ”
ရုံးခန်းတံခါးပွင့်လာပြီး လီခိုင်က လူလေးယောက်နှင့်အတူဝင်လာသည်။
နောက်ပြီး သူ့နောက်ကပါမောက္ခရန်ကို သူမှတ်မိသည်။
ဒီပုဂ္ဂိုလ်ရောက်နေပြီလား?
“ညီလေးချင်... ပါမောက္ခရန်နဲ့ တို့တက္ကသိုလ်ကပါမောက္ခလျိုရောက်နေပြီ” လီခိုင်က ရုံးခန်းထဲဝင်လာရင်း ချင်လင်ကိုမိတ်ဆက်ပေးလိုက်သည်။
ပါမောက္ခရန်မှာ ချင်လင်ကိုမြင်လျှင် လုံးဝအံ့သြသွား၏။
သူဌေးချင်ကအရမ်းငယ်သည်ဟု လီခိုင်ပြောထားသော်လည်း သူကငယ်လွန်းနေသည်။
“ပါမောက္ခရန် ပါမောက္ခလျို ကြိုဆိုပါတယ် ကြိုဆိုပါတယ်” ချင်လင်က ချက်ချင်းမတ်တပ်ရပ်ပြီး ရုံးခန်းထဲသို့လှိုက်လှိုက်လှဲလှဲကြိုဆိုလိုက်၏။
ပါမောက္ခရန်နှင့်အကြီးအကဲယွမ်လို သိပ္ပံသုတေသနကိုစွဲစွဲလမ်းလမ်းလုပ်သော အကြီးအကဲအစစ်များမှာ အင်တာနက်ပေါ်တွင် သူတို့ကိုယ်သူတို့ သားရဲဟုခေါ်နေကြသော အုတ်ခဲလိုပညာသည်များနှင့်မတူ။
ထို့အပြင် ပါမောက္ခရန်မှာ အရင်ကပ်ဘေးတွင် အကြီးအကျယ်ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်ပြီး ချီးကျူးခံရသောသူရဲကောင်းတစ်ဦးလည်းဖြစ်လာခဲ့သည်။