ပထမဆုံးမွေးမြူရေးခြံဆောက်လုပ်ခြင်း! မွေးမြူရေးခြံရဲ့အစီအစဉ်သစ်! ၃
Vol. 17 Ch. 249
ချန်တပေက_ “လောင်မာ... မမေးနဲ့တော့... ငါလည်းမသိဘူး... သူဌေးကခိုင်းလာရင် ကောင်းကောင်းသာလုပ်ပေးလိုက်... အချိန်ကျမှပျင်းမနေနဲ့”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကြီးကြပ်ချန်... ကျုပ်ကဇွဲအကောင်းဆုံးဆိုတာ ခင်ဗျားသိပါတယ်” ဆရာမာက ချက်ချင်းပြောလိုက်၏။ သူ့လိုလူစုကွဲနေတဲ့လက်သမားဆရာအဖို့ ချင်းလင်စံအိမ်မှာအလုပ်ရတာ အရမ်းကျေနပ်နေပြီ။ အရင်ဆုံး လစာကမနိမ့်ဘဲ တည်မြဲသည်။ ဒုတိအနေနှင့် အစားအသောက်ကကောင်းသည်။
“သူဌေး!” ချန်တပေက ချင်လင်ကိုချက်ချင်းတွေ့သွားပြီး ဆရာမာနှင့်ရှေ့တိုးသွားလိုက်သည်။
“ရေလှောင်တမံကို တစ်ချက်သွားကြည့်ရအောင်” ချင်လင်လည်း သူတို့နှစ်ယောက်ကို ရေလှောင်တမံဆီခေါ်သွားလိုက်၏။

စံအိမ်နှင့်အနီးဆုံး ရေလှောင်တမံပိုင်းနှင့် သိပ်မဝေးသဖြင့် တခဏအတွင်းရောက်သွားသည်။ ထိုနေရာမှာ တောင်တန်း၊ ရေငြိမ့်ငြိမ့်စီးသည့်နေရာဖြစ်၍ စိုက်ပျိုးနိုင်သောအခြေအနေရှိသည်။
ချင်လင်က ရေလှောင်တမံပတ်လည်ကိုကြည့်ပြီး ဆရာမာကိုမေးလိုက်သည်_ “ဆရာမာ... ဒီမှာ ဘဲခြံဆောက်လို့ရလား?”
ဆရာမာက ပတ်ပတ်လည်ကြည့်လိုက်ပြီး ခေါင်းညိမ့်ကာ_ “သူဌေး... ကိစ္စတော့မရှိဘူး... ဒါပေမဲ့ ဘဲခြံကြီးကြီးဆောက်မယ်ဆိုရင် လုံးဝကျွန်တော်တစ်ယောက်တည်းနိုင်မှာမဟုတ်ဘူး”
“ဆရာမာ... ဒီအတွက်တော့ စိုးရိမ်စရာမလိုပါဘူး... လုံခြုံရေးအစောင့်တွေကို ခင်ဗျားကိုကူခိုင်းမယ်” ချန်တပေက ချက်ချင်းပြောလိုက်သည်။ သူ့သူဌေးနောက်လိုက်လာတာကြာပြီ။ သူ့သူဌေးက သူ့ကိုဘာလို့ခေါ်ထားမှန်းသိသည်။
ချင်လင်လည်းပြုံးလိုက်ပြီး ခေါင်းတညိမ့်ညိမ့်နှင့်_ “ဆရာမာ... ကျွန်တော်ဆောက်ချင်တဲ့ဘဲခြံက မသေးဘူး... ပြီးတော့ တစ်ခြံတည်းလည်းမဟုတ်ဘူး... ချန်တပေက ခင်ဗျားနဲ့ပူးပေါင်းပေးပါလိမ့်မယ်... လိုချင်တဲ့ပစ္စည်းတွေပြောပါ... အခုချက်ချင်းဝယ်ခိုင်းလိုက်မယ်”
“သူဌေး... ဒါဆိုပစ္စည်းတွေအများကြီးလိုပါတယ်” ဆရာမာလည်း သူလိုသမျှ ချင်လင်ကိုပြောလိုက်သည်။
ရေလှောင်တမံတွင် ဘဲခြံဆောက်ဖို့အတွက်အရေးအကြီးဆုံးပစ္စည်းမှာ သတ်မှတ်ဧရိယာလုပ်ရန် ဝါးနှင့်သံဆူးကြိုးဖြစ်သည်။ နောက်ပြီး ရေပေါ်တံတားဆောက်ဖို့လည်းလိုသည်။
ဒီပစ္စည်းများ ရဖို့မခက်။ ချန်တပေအပြင်တစ်ခေါက်ပြေးပြီးနောက် နေ့လယ်ပိုင်းတွင် အားလုံးကို ရေလှောင်တမံဆီပို့လိုက်သည်။
ချန်တပေလည်း လုံခြုံရေးအဖွဲ့ကို ရေလှောင်တမံအတွင်း ဆရာမာတိုင်လုံးကြီးများဆောက်သည်ကိုကူစေ၏။
ထိုတိုင်ကြီးများကို ကမ်းပေါ်မှ ရေထဲသို့တဖြည်းဖြည်းချဲ့သွားရသည်။ ရေပေါ်တံတားထိုးရန်အတွက်ဖြစ်သည်။
အချိန်ကျလျှင် စည်ပိုင်းအလွတ်နှင့် အထူးရေပေါ်စေသောပစ္စည်းတချို့သုံးကာ အခြေတည်မည်။ ထိုအပေါ်ပျဉ်ချပ်ခင်းပြီးလျှင် လမ်းလျှောက်နိုင်သောရေပေါ်တံတားဖြစ်လာမည်။
ဆရာမာက ဝါးလုံးများကို သူ့ကိရိယာနှင့် အပေါက်များဖောက်ပြီးဖြစ်သည်။ အရင်ဆုံးဝါးဖောင်တချို့ရအောင်လုပ်ရမည်။
ဝါးဖောင်များမှာလည်း ပစ္စည်းကောင်းများဖြစ်သည်။ နွေရာသီတွင် ရေလှောင်တမံထဲ ဝါးဖောင်စီးပြီး နေပူဆာလှုံရတာ အလွန်သက်သောင့်သက်သာရှိသည်။

ထိုအတွေးနှင့် ဝါးဖောင်စိမ်းစိမ်းနှစ်စီးပြင်ထားရင် အကြံမဆိုးဘူးဟုတွေးမိသည်။
သို့သော် လက်ရှိဒီဝါးဖောင်က ကာရံထားမည့်သံဆူးကြိုးဆွဲဖို့အတွက်ဖြစ်သည်။
ကာရံထားသောသံဆူးကြိုးမှာ ဘဲများကိုထိန်းရန်သာဖြစ်၏။ နောင်ပိုင်းငါးမွေးချင်ရင် ငါးများလွတ်ထွက်မသွားစေရန် ရေထဲတွင် နောက်ထပ်အကာများဆင်ရဦးမည်။
နေ့လယ်ပိုင်းအလုပ်ရှုပ်သွားပြီးနောက် ရေလှောင်တမံဘေးတွင် အရင်ဆုံးနှစ်မျိုးသုံးဘဲခြံ ပဏာမပုံစံဖြစ်လာသည်။
ဒါသူထင်ထားတာထက် ပိုမြန်နေ၏။
မှောင်လာသည်နှင့် ချင်လင်က အားလုံးကိုပြန်စေပြီး မနက်ဖြန်မှဆက်လုပ်ခိုင်းသည်။ သူလည်းရုံးခန်းထဲပြန်လာခဲ့၏။ ရုံးခန်းတစ်ခုကိုဖြတ်သွားသောအခါ ပါမောက္ခရန်အသံကိုကြားရသည်_ “မဟုတ်ဘူး... ငါတို့ဝယ်လာတဲ့စမ်းသပ်စက္ကူမှာ ပြဿနာမရှိဘူး... ဒီဆေးဖက်ဝင်ဝိုင်ထဲက အထူးပါဝင်ပစ္စည်းကို ဘာလို့မတွေ့ရမှာလဲ?”
ချင်လင်က ဟနေသောရုံးခန်းထဲ လှမ်းကြည့်လိုက်သည်။ ပါမောက္ခရန်တို့က စားပွဲနှစ်လုံးကိုဆက်ထားပြီး ဘာမှန်းမသိသောစာရွက်တချို့နှင့် တစ်ခုခုစမ်းသပ်နေကြ၏။
ဒီလောက်မြန်မြန်အလုပ်စမည်ဟု သူမထင်မိ။ သိပ္ပံသုတေသနအတွက် သူ့သဘောထားနှင့်စိတ်အားထက်သန်မှုမှာ အလွန်ပြင်းထန်သည်။
ပါမောက္ခလျိုအသံထွက်လာ၏_ “လောင်ရန်... အယ်ကာလိုင်းစက္ကူတတိယစမ်းသပ်နည်းကို စမ်းကြည့်ရအောင်”
“အင်း... ဒီဆေးဖက်ဝင်ဝိုင်ထဲက ပုံပြောင်းဓာတ်ပစ္စည်းကို ဒီလောက်စမ်းရခက်မယ်မထင်မိဘူး” ပါမောက္ခရန်မျက်မှောင်ကြုတ်ပြီး_ “တကယ်လို့ အလုပ်မဖြစ်ရင်... လောင်လျို မနက်ဖြန်မင်းသုတေသနတက္ကသိုလ်ပြန်ရောက်တဲ့အခါ ငါ့ကိုစမ်းသပ်တဲ့စက်ပို့ပေး”
ချင်လင်က ပါမောက္ခရန်တို့ကို အနှောင့်အယှက်မပေးတော့။ သူ့ရုံးခန်းဆီတည့်တည့်လျှောက်သွားပြီး အထဲရောက်လျှင် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ သူကဂိမ်းဇာတ်ကောင်ကိုမွေးမြူရေးခြံထဲသွားစေ၏။
ဂိမ်းထဲမှအချိန်အချိုးအစားအရ လက်တွေ့ဘဝတစ်ရက်မှာ ဂိမ်းထဲတွင် ၆ လဖြစ်သည်။ ဂိမ်းဇာတ်ကောင် ဘဲခြံထဲဝင်လိုက်သောအခါ မနက်ကအဝါရောင်အမွေးနှင့်ချစ်စရာဘဲပေါက်လေးများမှာ အမွေးဖြူဖြူနှင့်အရွယ်မရောက်တရောက်ဘဲကြီးများဖြစ်နေလေပြီ။ သွားရဲလာရဲနှင့် အသံကျယ်ကျယ်နှင့်။
ဂိမ်းဇာတ်ကောင်ဝင်လာသောအခါ အရသာရှိမည့်ဘဲများက သူ့ဆီဝိုင်းအုံလာကြ၏။ သူတို့ဗိုက်ဆာနေကြပြီ။
ချင်လင်က ဂိမ်းဇာတ်ကောင်ကိုအစာထည့်ခိုင်းပြီး မွေးမြူရေးခြံမှပြန်ထွက်လာသည်။ ဘဲကအကောင် ၅၀ ရှိသည်။ ခြံပိုင်ရှင်ပေးခဲ့သောအစာကို နှစ်ကြိမ်ကျွေးပြီးသွားပြီ။ သူနည်းနည်းထပ်ဝယ်ချင်သည်။
နောက်ပြီး ဘဲခြံဆောက်တာ သူထင်ထားတာထက်မြန်နေ၏။ သားဖောက်သူအလုပ်ခန့်ပြီးရင် နောက်နေ့မနက်မှာ ပထမဆုံးဘဲအသုတ်ကို သူပို့နိုင်တော့မည်။
ထို့ကြောင့် ဘဲပေါက်အကောင် ၅၀ ထပ်ဝယ်ပြီး မနက်ဖြန်အရသာရှိတဲ့ဘဲအကောင် ၁၀၀ ဖြစ်အောင်စုရန် စီစဉ်လိုက်သည်။