ဒီလိုအခြေအနေမျိုးမကြုံဖူး! ဒီလောက်ကြီးတဲ့ဘဲဥ? ၂
Vol. 17 Ch. 251
အလုပ်ပြီးလျှင် ချင်လင်ကထရပ်ပြီး အခန်းထဲမှထွက်ကာ စားသောက်ဆိုင်ထဲတွင်စားရန် ကျောက်မိုချင်းကိုရှာလိုက်သည်။
ကျောက်မိုချင်းက ရုံးခန်းထဲမရှိ။ မီဒီယာတည်းဖြတ်ခန်းထဲတွင် သတို့သမီးခန်းဝန်ဆောင်မှုမြှင့်တင်ခြင်းကိုကြေညာရန် ကောင်းယောင်ယောင်နှင့်အတူ ဗီဒီယိုရိုက်ဖို့စီစဉ်နေသည်။
ချင်လင်ဝင်လာသောအခါ ဗီဒီယိုရိုက်ပြီး တည်းဖြတ်နေချိန်ဖြစ်၏_ “ယောင်ယောင်က ပိုပိုပြီး ဓာတ်ပုံစားလာတယ်”
ကောင်းယောင်ယောင်၏ပုံစံကမဆိုး။ ဖြူစင်သည်။ လှပသည်။ ပျော်ပျော်နေတတ်သည်။ အစပိုင်းက နည်းနည်းသဘာဝမကျသလိုဖြစ်ခဲ့သော်လည်း ယခုမူကင်မရာရှေ့တွင် အလွန်သဘာဝကျနေပြီဖြစ်သည်။
အဓိကအချက်မှာ စားပွဲထိုးဝန်ဆောင်မှုပေးသောမိန်းကလေးများ၏ကြီးကြပ်သူစီမံသူဖြစ်လာပြီးနောက်ပိုင်း အရင်ထက်ပို၍ယုံကြည်မှုရှိလာသောကြောင့်ပင်။ ထိုယုံကြည်မှုက ဆန့်ကျင်ဘက်လိင်များကို အလွန်ဆွဲဆောင်နိုင်သည်။
ဥပမာ ကျောက်မိုချင်းမှာ လက်ရှိစံအိမ်တစ်ခုလုံး၏ကိစ္စဝိစ္စအားလုံးတာဝန်ခံဖြစ်၍ သူမယုံကြည်မှုက ပိုအားကောင်းသည်။ အလွန်ဆွဲဆောင်မှုရှိသော စိတ်နေသဘောထားက ပေါက်ဖွားနေသလိုပင်။
ကျောက်မိုချင်းက ချင်လင်ကိုလုံးဝထောက်ခံလိုက်သည်_ “အင်း... ယောင်ယောင်က ပိုပိုပြီးလှလာတယ်... စံအိမ်ရဲ့ယောက်ျားလေးပရိသတ်အတော်များများက ယောင်ယောင်ကိုစွဲလမ်းနေကြတာ... သူတို့ကပြောတယ်... စံအိမ်ပိုင်ရှင်ကိုသတ်ပြီး ယောင်ယောင်ကိုလုချင်တယ်တဲ့”
“ဒါဆိုရင် ကိုယ်နောက်ကိုအပြင်ထွက်ရင် သတိထားရတော့မှာပေါ့” ချင်လင်ကနောက်လိုက်သည်။ ကောင်းယောင်ယောင်ရဲ့ “ချင်းလင်စံအိမ်ဝန်ဆောင်မှုမန်နေဂျာ ယောင်ယောင်” ဟူသောအကောင့်က နှာခေါင်းသမားအတော်များများကို လုံးဝဆွဲဆောင်ထားသည်။
ကောင်းယောင်ယောင်က မျက်နှာနီရဲသွားပြီး ရှက်ရှက်နှင့်_ “သူဌေး အစ်မမိုချင်း... ပြောသလောက်ကြီးလည်းမဟုတ်ပါဘူး”
ဗီဒီယိုကြည့်ပြီးနောက် ချင်လင်လည်း_ “ဗီဒီယိုပြီးသွားပြီ... စားသောက်ဆိုင်ထဲသွားပြီး အတူတူစားကြရအောင်!”
ကျောက်မိုချင်းက တည်းဖြတ်အဖွဲ့ကို သူမဆီဗီဒီယိုပို့ခိုင်းလိုက်သည်။ ထို့နောက်သူမက အယ်ဒီတာနှင့်စီစဉ်သူမိန်းကလေးအား_ “သွားစားရအောင်!”
“အစ်မမိုချင်းအသက်ရှည်ပါစေ... သူဌေးအသက်ရှည်ပါစေ” စီစဉ်သူက လုံးဝဆာလောင်နေပြီဖြစ်၍ ဝမ်းသာသွားပြီး ကောင်းယောင်ယောင်နှင့်အတူထွက်သွားသည်။
ကျောက်မိုချင်းက ဗီဒီယိုကို စံအိမ်တရားဝင်အကောင့်တစ်ခုတွင်တင်ပြီးနောက် ချင်လင်လက်ကိုချိတ်ကာ စားသောက်ဆိုင်ဆီသွားလိုက်သည်။
ကျောက်မိုချင်းက သတို့သမီးခန်းဝန်ဆောင်မှုအဆင့်မြှင့်တင်သည့်ဗီဒီယိုကို အွန်လိုင်းပေါ်တင်ပြီး မကြာမီပင် ရေပန်းစားခေါင်းစဉ်ဖြစ်လာသည်။
လိပ်ခေါင်းသက်သာစေသည့်ဆေးဖက်ဝင်ဝိုင်ဖြစ်ဖြစ် အိပ်ပျော်စေသည့်နံ့သာဖြူမှုန့်ဖြစ်ဖြစ်ချင်းလင်စံအိမ်၏စာရင်းသွင်းပွဲအကျိုးအမြတ်များမှာ အလွန်ထိရောက်သောပစ္စည်းများဖြစ်ကြောင်းသက်သေပြထားကြပြီဖြစ်သည်။
ယခု လိပ်ခေါင်းရောဂါနှင့်အိပ်မပျော်သည့်ဝေဒနာခံစားနေရသူများက အာရုံစိုက်နေကြပြီ။
လူအတော်များများက ချင်းလင်စံအိမ်တရားဝင်အကောင့်တွင် မှတ်ချက်ပေးထားကြပြီး ဒီပစ္စည်းနှစ်မျိုးကိုရောင်းမရောင်းမေးနေကြ၏။
အခုကျောက်မိုချင်း၏ဗီဒီယိုမှာ တင်တင်ချင်းလူစိတ်ဝင်စားပြီးဖြစ်၍ ရေပန်းမစားလျှင်တောင် ထူးဆန်းနေဦးမည်။
ဤသည်က လူသိများခြင်း၏အကျိုးရလဒ်ပင်။
ဗီဒီယိုကိုဖွင့်ဖွင့်ချင်း ကောင်းယောင်ယောင်၏ချိုသာသောအသံလေးကိုကြားရသည်။
“အားလုံးပဲ မင်္ဂလာပါ... ကျွန်မက ချင်းလင်စံအိမ်က ကောင်းယောင်ယောင်ပါ... အားလုံးက ကျွန်မတို့စံအိမ်ရဲ့လိပ်ခေါင်းအတွက်ဆေးဖက်ဝင်ဝိုင်နဲ့ အိပ်ပျော်စေတဲ့နံ့သာဖြူကိုစိတ်ဝင်စားနေကြပြီထင်ပါတယ်... အတော်များများက ဝယ်ချင်တဲ့အကြောင်းစာတွေတောင်ချန်ထားပါတယ်”
“ဖြစ်ချင်တော့ ဒီဆေးဖက်ဝင်ဝိုင်က အရမ်းရှားပါတယ်... ကျွန်မတို့စံအိမ်က ရောင်းဖို့တော့မတတ်နိုင်ပါဘူး... အိပ်ပျော်စေတဲ့နံ့သာဖြူကလည်း အထူးလုပ်ထားတာပါ... သူကလည်းရှားတဲ့အတွက် မရောင်းနိုင်ပါဘူး”
“အားလုံးအတွက် သတင်းကောင်းလည်းရှိတာပေါ့... ကျွန်မတို့စံအိမ်ရဲ့သတို့သမီးခန်းကို 'အိပ်စက်စေမယ့်သတို့သမီးခန်း'အဖြစ် အဆင့်မြှင့်တင်လိုက်ပါပြီ”
“မနက်ဖြန်ကစပြီး ခရီးသည်တွေ နေ့လယ် ၁၂ နာရီအခန်းကထွက်တာနဲ့ တစ်ညတည်းခိုခက ယွမ် ၄၅၀ ဖြစ်သွားပါပြီ... ကျွန်မတို့က အိပ်ပျော်စေတဲ့နံ့သာဖြူဝန်ဆောင်မှုပေးပြီး ၃ ဂရမ်နံ့သာအိတ်လက်ဆောင်ပါပေးဦးမှာပါရှင်”

ဗီဒီယိုထွက်ထွက်ချင်း လူအများကြီးတွေ့သွားကြသည်။ အထူးသဖြင့် လိပ်ခေါင်းရောဂါပြင်းထန်နေသူများပင်။
အစကချင်းလင်စံအိမ်သွားပြီး သူတို့ဝေပေးမည်ဆိုသော လိပ်ခေါင်းအတွက်ဆေးဖက်ဝင်ဝိုင်အကျိုးအမြတ်ကိုယူချင်သော်လည်း ပါမောက္ခရန်ဗီဒီယိုကြောင့် ချီတုံချတုံဖြစ်ခဲ့သည်။ အခုတော့ လုံးလုံးလွတ်သွားပြီ။
သူတို့လိပ်ခေါင်းနာကျင်ပုံနှင့် အွန်လိုင်းတွင်ပြောထားကြသော ဆေးဖက်ဝင်ဝိုင်၏ အာနိသင်အစွမ်းထက်ပုံကိုတွေးမိလျှင် လွတ်သည့်ငါးပိုကြီးပြီး အကြီးအကျယ်နောင်တရနေကြသည်။
ချင်လင်ထင်ထားသည့်အတိုင်း သတို့သမီးခန်းဝန်ဆောင်ခယွမ် ၁၀၀ တိုးခြင်းကို ဘယ်သူမှမမှုဘဲ အိပ်မပျော်ရောဂါရှိသူများကို စိတ်တက်ကြွသွားအောင်လှုံ့ဆော်လိုက်သလိုပင်။
“ငါချင်းလင်စံအိမ်ရဲ့နံ့သာဖြူနံ့သာကိုသုံးကြည့်ပြီးပြီ... အခုလက်ရှိကြယ်ငါးပွင့်ဟိုတယ်တွေတောင် ချင်းလင်စံအိမ်ရဲ့သတို့သမီးခန်းကိုယှဉ်လို့မရဘူး”
“၃ ဂရမ်ကို ၆ ညသုံးလို့ရတယ်... အိပ်ခန်းမှာက တစ်ည... ဒါ ၇ ညနှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ ယွမ် ၁၀၀ နဲ့ညီမျှတာပဲ... လုံးဝအိပ်မပျော်တဲ့သူတွေအတွက်တော့ ဆုလာဘ်ပဲ”
“ချင်းလင်စံအိမ်က စျေးကိုယွမ် ၁၀၀ ပဲတက်ထားတယ်... ငါ့ကိုပိုက်ဆံမတတ်နိုင်ဘူးထင်လို့လား? ယွမ် ၂၀၀ တိုးလိုက်စမ်းပါ... အခန်းငှားဖို့ပြိုင်ဘက်တွေနည်းသွားအောင်”
“…”
ဇိမ်ခံဟိုတယ်တစ်ခုတွင် ဝမ်ကူကရေချိုးဇလုံကြီးထဲတွင်လဲလျောင်းကာ ဆေးလိပ်သောက်ရင်း သူ့ဖုန်းထဲမှဗီဒီယိုများကြည့်နေသည်။
ချင်းလင်စံအိမ်မှထွက်လာပြီးနောက် ဝမ်ရန်နှင့်အတူလည်ပတ်ရန် ဒီစီရင်စုထဲရောက်လာခဲ့၏။
ဒီဟိုတယ်က သူ့အတွက်ဝမ်ရန်စီစဉ်ပေးသောဟိုတယ်ပင်။
ဒီတစ်ခေါက်ချင်းလင်စံအိမ်ခရီးက သူ့အတွက်လုံးဝအကျိုးအမြတ်ကြီးခဲ့သည်။
နံ့သာဖြူနံ့သာအာနိသင်က အလွန်ထိရောက်၏။
ဝတ္ထုရေးပြီး ဝင်ငွေသိပ်မကောင်းသော်လည်း အိပ်မပျော်ရောဂါကတော့ ပိုဆိုးလာသည်။ သူ့ဇီဝနာရီက လုံးဝစည်းချက်လွဲနေပြီဖြစ်၍ အိပ်မပျော်သည့်ဝေဒနာက ဆိုးသည်ထက်ဆိုးလာ၏။
ဒိတစ်ကြိမ်ချင်းလင်စံအိမ်မှရခဲ့သော အကျိုးအမြတ်နှင့် တခြားခရီးသည်တွေဆီကဝယ်၍ရခဲ့သောပစ္စည်းနှင့်ဆို အချိန်ခဏတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်ဦးမည်။ သူ့ပျက်စီးနေသောဇီဝနာရီကိုပြင်ဆင်ပြီး သူ့အိပ်မပျော်ရောဂါကိုသက်သာကောင်းသက်သာစေနိုင်မည်။
“အာ... ချင်းလင်စံအိမ်ကဗီဒီယိုထပ်တင်ထားတာလား?” ဝမ်ကူက ချင်းလင်စံအိမ်၏သတို့သမီးခန်းဝန်ဆောင်မှုအဆင့်မြှင့်တင်ထားသည်ဆိုသောဗီဒီယိုကိုချက်ချင်းတွေ့သွားသည်။
သူ့မျက်လုံးများအရောင်တောက်သွား၏။
ချင်းလင်စံအိမ်ရဲ့သတို့သမီးခန်းမှာ ဒီလိုအိပ်စက်စေတဲ့ဝန်ဆောင်မှုတကယ်ရှိပြီ။ အိပ်မပျော်ဝေဒနာပြင်းထန်သူတစ်ဦးအနေနှင့် အထူးနံ့သာဖြူနံသာမှုန့်ကိုနောက်ထပ်သုံးနိုင်ရန် မနက်ဖြန်နေ့လယ်သတို့သမီးခန်းကိုကြိုတင်ယူထားပြီး ချင်းလင်စံအိမ်ပြန်သွားကာ ရက်ပိုင်းခန့်ညအိပ်ဖို့စီစဉ်လိုက်သည်။
သူတွေးတောနေစဉ် Wechat မှဝမ်ရန်စာပို့လာသည်_ “ဝမ်ကူ... ဒီညပျော်ရအောင်"
“ဘာပျော်မှာလဲ?” ဝမ်ကူက ခဏတော့ကြောင်သွားသည်။ ထို့နောက် အပြင်မှတံခါးဖွင့်သံကြားရ၏။ သူလန့်သွားပြီး ချက်ချင်းပဝါကောက်ပတ်လိုက်သည်။ ပြီးလျှင်တံခါးဖွင့်ပြီး လှမ်းကြည့်လိုက်သည်။