အလှဥ! တကယ် ဘဲလား?
Vol. 17 Ch. 253
ဒီလောက်ကြီးတဲ့ဘဲဥမျိုးကို ချင်လင်ပထမဆုံးမြင်ဖူးခြင်းပင်။
အထူးသဖြင့် ငှက်ကုလားအုပ်ဥထက်မညံ့သော ဘဲဥကြီးသုံးလုံးကိုမြင်သောအခါ ဘယ်လိုဘဲအကောင်ပေါက်လာမလဲ သိချင်စိတ်ပြင်းပြသွား၏။
ကြည့်ရတာ အက်ကွဲလာတော့မလိုလို။
ချင်လင်ကအာရုံစိုက်ပြီး သူ့လက်ထဲမှဘဲဥ၏မှတ်ချက်ကိုကြည့်လိုက်သည်။
(ဘဲဥ: အရည်အသွေး ၁)
(ထူးရှယ်ဘဲဖြူကြီးမှဥသော ဘဲဥဖြစ်သည်: အဆုတ်ကိုယင်ဓာတ်ဖြည့်ပေးခြင်း +၁၊ သွေးကိုယင်ဓာတ်ဖြည့်ပေးခြင်း +၁၊ အသားအရေလှစေခြင်း +၁၊ ထုထည် +၁)
ချင်လင်က သူ့လက်ထဲမှဘဲဥကိုချပြီး ထူးရှယ်ဥကြီးသုံးလုံးထဲမှတစ်လုံးကိုကောက်ကိုင်လိုက်သည်။
(ဘဲဥ: အရည်အသွေး ၂)
(ထူးရှယ်ဘဲဖြူကြီးမှဥသော ဘဲဥဖြစ်သည်: အဆုတ်ကိုယင်ဓာတ်ဖြည့်ပေးခြင်း +၂၊ သွေးကိုယင်ဓာတ်ဖြည့်ပေးခြင်း +၂၊ အသားအရေလှစေခြင်း +၂၊ ထုထည် +၂)
ဘဲဥပေါ်ကမှတ်ချက်ကိုဖတ်ပြီးမှ ဘာလို့ဒီလောက်ကြီးနေလဲသဘောပေါက်သွားသည်။ အရွယ်အစားကြီးမားတဲ့အရည်အသွေးပါနေတာပဲ။
အရည်အသွေး ၃ ဖရဲသီးတစ်လုံးတစ်လုံးကို သူ့အရည်အသွေးကြောင့် ကတ်တီ ၂၀၀ ကျော်အချိန်စီးသည်။
အခုဒီဘဲဥမှာ အရွယ်အစားကြီးတဲ့အရည်အသွေးပါနေတော့ ပိုကြီးနေတာအထူးအဆန်းမဟုတ်။
ဘဲဥ၏တခြားအရည်အသွေးသုံးခုကို ချင်လင်အံ့သြမိသည်။ ကျောက်မိုချင်းအတွက် တစ်နေ့တစ်လုံးပြင်ပေးထားရမည်ဟုသူတွေးလိုက်သည်။
ဒီဥက အမျိုးသမီးတွေအတွက် နတ်သုဒ္ဓါလိုပင်။
အသားအရေလှစေခြင်းနှင့် အဆုတ်သန့်စေသည့်အာနိသင်ကိုပြောဖို့မလိုတော့။ အသားအရေလှစေခြင်းမှာ အမျိုးသမီးများအတွက်အလွန်အကျိုးပြုသည်။ အမျိုးသမီးတွေသာ ဒီအပိုင်းမှာပုံမှန်ဖြစ်နေရင် အမျိုးသားတွေအိမ်ထောင်ရေးမှာပိုပျော်ရမယ် ဟုတ်တယ်မလား?
နောက်ပြီး ဒီအလှအပအရည်အသွေးက အမျိုးသမီးတွေလုံးဝအရူးအမူးလိုက်စားကြတဲ့အရာပဲလေ။ ဒီအလှအပအရည်အသွေးကိုကြာရှည်အသုံးချရင် အသက် ၄၀ အရွယ်အမျိုးသမီးတောင် အသက် ၂၀ အရွယ်လေးလိုလှသွားမှာမလား?
ကျောက်မိုချင်းကို နေ့တိုင်းဒါစားခိုင်းရမည်။ ရှန်းရွှေလက်ဆောင်ဆန်ရဲ့အရည်အသွေးနဲ့ဆိုရင် ကျောင်မိုချင်းအသက် ၄၀၊ ၅၀ ရောက်တောင် အသက် ၂၀ လိုပဲရှိနေဦးမည်။ သူမနဲ့အပြင်သွားတိုင်းဂုဏ်ယူစရာမကောင်းဘူးလား?
အဲဒီအချိန်ကျရင် လူတွေက သူ့မြေးမလေးနဲ့အပြင်ထွက်လာတယ်လို့ ထင်ကြလေမလား?
မဟုတ်သေးဘူး။ ဒီလောက်ကြီးမကွာသင့်ဘူး။ ဒီအလှအပအရည်အသွေးက ယောက်ျားတွေအပေါ်မှာလည်း အာနိသင်ရှိမှာပဲ ဟုတ်တယ်မလား? သူလည်းနေ့တိုင်းစားလို့ရတာပဲ။
လိုက်ဖက်ညီညီနှင့်ဆယ်စုနှစ်ချီကြာပြီးနောက်မှာ သူနှင့်ကျောက်မိုချင်းက ငယ်ပုံပေါက်နေဦးမည်။ ချင်ရန်၊ ကျောက်မိုယွင်တို့ကိုခေါ်ပြီး သူတို့အသက်ကိုသံသယဝင်အောင်လုပ်နိုင်မည်။
ချင်လင်က ဘာရယ်မဟုတ် ပြုံးမိသည်။
ဒီဘဲဥအတွက် အလွန်စတိုင်ကျသောနာမည်တောင်စဉ်းစားထားပြီ: အလှဥတဲ့။
ထို့နောက် သိုလှောင်ခန်းထဲမှထွက်ပြီး မွေးမြူရေးခြံထဲရှိဘဲခြံဆီအပြေးသွားလိုက်၏။
သာမန်ဘဲတစ်ကောင်က ဒီလောက်ကြီးတဲ့ဘဲဥဥတာမဖြစ်နိုင်။
ဒါဆိုရင် ဒီဘဲကလည်း မျိုးစပ်ထားသောဘဲဖြစ်ရမည်။
မဟုတ်ရင် ဒီလောက်ကြီးတဲ့ဥက ဘဲ၏ခံစားချက်ကိုမစာနာလွန်းရာကျနေမည်။
ဘဲခြံထဲဝင်ဝင်ချင်း သူ့နားထဲဂတ်ဂတ်ဂတ်ဂတ်ဘဲအော်သံများညံသွား၏။
ဂိမ်းထဲက ကြွပ်ဆတ်ဆတ်အသံမျိုးမဟုတ်ဘဲ လက်တွေ့အခြေအနေမှာ ဘဲအော်သံကဆူညံနေသည်။
ဖျတ် ဖျတ်!
ဘဲဖြူကြီးတစ်ကောင်က တောင်ပံဖြန့်ပြီး သူ့နားဖြတ်ပြေးသွား၏။ နှင်းလိုဖြူဆွတ်နေသည့်တောင်ပံများက ကြော့ရှင်းပြီးလှပနေသည်။
“???” ချင်လင် ခဏတော့ဇဝေဇဝါဖြစ်သွားသည်။ အဲဒါတကယ် ဘဲလား?
အမှန်ပင်။ ဘဲကကြီးလွန်း၍ ဘဲနှင့်မတူအောင်ဖြစ်နေသည်။ ငန်းထက်ပိုကြီးပြီး ငန်းထက်တောင်ငန်းနှင့်တူနေ၏။
နောက်ပြီး ထိုအရွယ်အစားရှိသောဘဲသုံးကောင်တွေ့သည်။
အခုတော့ ဟိုဘဲဥသုံးဥက ဘာလို့ငှက်ကုလားအုပ်ဥလောက်ကြီးနေမှန်း သူသိလိုက်ပြီ။ ဒီကောင်တွေဥတာဖြစ်ရမည်။
ထိုဘဲသုံးကောင်အပြင် တခြားဘဲများကလည်း သာမန်ဘဲများထက်ကြီးနေသည်။ အထူးသဖြင့် အရွယ်ရောက်နေပြီဖြစ်သော ပထမအသုတ်ဘဲအကောင် ၅၀ ပင်။
သာမန်ဘဲများမှာ ၃ ကတ်တီမှ ၈ ကတ်တီခန့်အချိန်စီးပြီး ဘဲအကောင်ကြီးမှ ၁၀ ကတ်တီခန့်သာရှိသည်။ သို့သော် ပထမအသုတ်ဘဲအကောင် ၅၀ မှာ ၁၀ ကတ်တီမှ ကတ်တီ ၂၀ ကျော်အထိရှိနိုင်၏။ သာမန်ငန်းအရွယ်အစားလောက်ကြီးနေသည်။
အဓိကအချက်မှာ ဒီဘဲများကကြီးရုံမက ဖြူဆွတ်ပြီး အလွန်လည်းကြည့်ကောင်း၏။
ချင်လင်က တဂတ်ဂတ်အော်နေသောဘဲများကိုကြည့်ပြီး တစ်ကောင်ကိုလှမ်းဖမ်း၍ အရည်အသွေးများဖတ်လိုက်သည်:
(ဘဲဖြူကြီး: အရည်အသွေး ၁)
(အထူးမွေးမြူထားသောဘဲဖြူကြီးဖြစ်သည်။ အရည်အသွေးက သာမန်ဘဲများထက်ပိုကောင်းသည်: အရသာ +၁၊ အစာအိမ်အားဖြစ်စေခြင်း +၁၊ ချောင်းဆိုးသက်သာစေခြင်း +၁၊ အာဟာရဖြစ်စေခြင်း +၁၊ အချိန်စီးခြင်း +၁၊ အသွင်အပြင် +၁၊ မစင်နံ့ -၁)
ထင်ထားသည့်အတိုင်း ဒီဘဲတွင်လည်း အချိန်စီးခြင်း +၁ ရှိနေသဖြင့် သာမန်ဘဲများထက်ပိုကြီးပြီး ဥကြီးများဥခြင်းဖြစ်သည်။
နောက်ပြီး ဥသည့်ဥက အဆုတ်ကိုယင်ဓာတ်အားဖြည့်ပေးသည်ဆိုသော်လည်း သူ့အသားက အစာအိမ်အားကောင်းစေသည်တဲ့။ အာနိသင်က လုံးဝမတူ။
အဓိကအချက်မှာ ဒီဘဲများ၏အရည်အသွေးက သူတို့ဥသောဥထက် ပိုနိမ့်နေပုံရသည်။ ဘာပဲဖြစ်ဖြစ် ယင်ဓာတ်အားဖြည့်ပေးခြင်း၊ သွေးအားကောင်းစေခြင်းနှင့် မျက်နှာလှစေခြင်းဆိုသောထပ်တိုးအရည်အသွေးများကြောင့် လူကြိုက်များခြင်းနှင့်တန်ဖိုးက လုံးဝတူမည်မဟုတ်ပေ။
ဘဲဥက ဘဲထက်ပိုတန်ဖိုးရှိတယ်လို့ပြောတာတော့ မဟုတ်ဘူးပေါ့။ ဒီလိုတွေးရင် တုံးရာကျမည်။ အကြောင်းမှာ ဘဲကတစ်လုံးထက်မကဥနိုင်သောကြောင့်ပင်။ ဘဲများတွင်လည်း အလှအပအရည်အသွေး +၁ ရှိသည်။
ချင်လင်က ဘဲကိုချပြီး ဘဲကြီးသုံးကောင်ထဲမှတစ်ကောင်ကိုဖမ်းရန်သွားလိုက်သည်။
ဘဲဖြူကြီးက ဖြူဆွတ်နေသောသူ့တောင်ပံကိုဖြန့်ကားပြီး ငန်းလိုအလှပြနေ၏။ သူကမာန်ပါပါနှင့်အသံပြုလိုက်သည်။ ရုတ်တရက် လက်ကြီးကြီးတစ်စုံက သူ့တောင်ပံများကိုဆုပ်ကိုင်ပြီး အပေါ်မြှောက်လိုက်၏။
ဘဲဖြူကြီးက ချက်ချင်းရုန်းကန်သည်။
ထိုဘဲဖြူကြီး၏အင်အားကို ချင်လင်ခံစားမိသည်။ ခြင်္သေ့ခေါင်းလောက်ရှိတဲ့ဘဲငန်းတောင် ဒီလောက်အားကောင်းမှာမဟုတ်ဘူးမလား?
သာမန်အားနည်းတဲ့သူသာဆိုရင် ဖမ်းနိုင်မှာမဟုတ်ချေ။
ဖြစ်ချင်တော့ သူကစွမ်းအားပင်အသီးစားထားပြီးဖြစ်သည်။ ဘဲဖြူကြီးမှာ သူ့လက်ထဲတွင်မလှုပ်သာ၍ လုံးဝမရုန်းနိုင်တော့။
ဘဲဖြူကြီးက ခဏရုန်းလိုက်ပြီးနောက် အင်အားမရှိတော့ဘဲ တစ်ချက်တစ်ချက် ဂတ်ဂတ်ဂတ်ဂတ်သာအော်နေတော့သည်။
ချင်လင်လည်း သူ့လက်ထဲရှိဘဲဖြူကြီး၏ အလေးချိန်ကိုခန့်မှန်းကြည့်ရာ ကတ်တီ ၄၀ ကျော်ရှိလောက်မည်။
ဒီလိုဘဲမျိုးက အချိန်အကြာကြီးရှင်သန်နိုင်သည်။
အနည်းဆုံး သူ့ဘဝမှာတစ်ခါမှမမြင်ခဲ့ဖူး။ ဒီကောင်ကိုရေထဲချပြီး ငန်းလို့ပြောရင် ခပ်လှမ်းလှမ်းမှကြည့်ပါက ဘယ်အရူးမှ မဟုတ်ဘူးငြင်းမည်မဟုတ်ပေ။