Chapters

ဒီလိုအခြေအနေမျိုးမကြုံဖူး! ဒီလောက်ကြီးတဲ့ဘဲဥ? ၃

Vol. 17 Ch. 252

ဒီလိုအခြေအနေမျိုးမကြုံဖူး! ဒီလောက်ကြီးတဲ့ဘဲဥ? ၃

Vol. 17 Ch. 252

ဝတ်လစ်စားလစ်နှင့် ငယ်ငယ်ရွယ်ရွယ်အမျိုးသမီးနှစ်ဦးက အခန်းကတ်နှင့်အခန်းထဲဝင်လာသည်။

“???” ဝမ်ကူကြောင်သွား၏။

ဘာတွေဖြစ်နေတာလဲ?

သူတို့အရင်က တစ်ခါမှမဆုံခဲ့ဖူး။

မျက်စိတစ်မှိတ်အတွင်း တစ်ညတာကုန်ဆုံးသွားသည်။

ချင်လင်က မနက်စောစောနိုးလာပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သီးနှံမှည့်များအားလုံးရိတ်သိမ်းပြီးနောက် သူ့ဂိမ်းဇာတ်ကောင်ကို မွေးမြူရေးခြံသွားကာ ဘဲခြံထဲရှိရသာကောင်းဘဲများ၏အခြေအနေကိုကြည့်စေလိုက်သည်။

ဘဲခြံထဲဝင်ဝင်ချင်း ဂတ်ဂတ်ဂတ်ဂတ်သံများထွက်လာ၏။

ဒီညပြီးလျှင် ဂိမ်း၏အချိန်အချိုးအရ ဒုတိယအသုတ်ဘဲအကောင် ၅၀ မှာအရွယ်မရောက်တရောက်ရှိလာမည်။

ပထမအသုတ်ဘဲအကောင် ၅၀ ကအရွယ်ရောက်ပြီးဖြစ်သည်။ အမွေးဖြူဖြူ အကောင်ထွားထွားကြီးများဖြစ်၏။

ထို့အပြင် ဘဲခြံပတ်လည်တွင် ခပ်ဝိုင်းဝိုင်းဘဲဥများကိုတွေ့နိုင်သည်။

မနေ့ကပဲ ချစ်စရာဘဲပေါက်လေးတွေရှိသေးတာ။ ဒီလောက်မြန်မြန်ဆန်ဆန်ကြီးလာပြီး ဥတောင်ဥတတ်နေပြီတဲ့။

နည်းလမ်းတကျပြောရရင် မယုံနိုင်စရာ။ ဘာပဲဖြစ်ဖြစ် အစာကနှစ်ကြိမ်ပဲကျွေးရသေးတာ။ ဒါပေမဲ့ အချိန်အချိုးအရ ဘဲကနှစ်ဝက်စာလောက်ကြီးလာပြီ။

လက်တွေ့ဘဝမှာသာ တစ်နှစ်နှစ်ကြိမ်ပဲကျွေးရင် သေတာကြာပေါ့။

ဒါပေမဲ့ ဂိမ်းထဲကစိုက်ပျိုးချိန်ကလည်း အရမ်းမြန်သည်။ ဂိမ်းရဲ့လုပ်ငန်းလည်ပတ်ပုံအစီအစဉ်က ဒီအတိုင်းပင်။

ရှင်းပြချက်တစ်ခုသာရှိသည်။ သူဂိမ်းကမ္ဘာထဲမဝင်သည့်အချိန်တွင် 2D ကာတွန်းဂိမ်းဖြစ်နေသည်။ အားလုံးကို ဂိမ်း၏လည်ပတ်မှုအတိုင်းသာသက်ရောက်မှုရှိသည်။

သူဂိမ်းကမ္ဘာထဲဝင်လိုက်သောအခါမှသာ လက်တွေ့လောကဖြစ်သွား၏။

မဟုတ်ရင် လက်တွေ့လောကမှာ နှစ် ၁၀၀ သက်တမ်းရှိတဲ့သစ်ပင်မျိုးပြန်ပေါ်ဖို့မဖြစ်နိုင်။ အားလုံးက ဂိမ်းလည်ပတ်ပုံကြောင့်သာဖြစ်သည်။

ချင်လင်က ကြာကြာတွေးတောမနေ။ သူကဂိမ်းဇာတ်ကောင်အား ဘဲဥများကောက်စေပြီး သိုလှောင်ခန်းထဲထည့်ထားလိုက်၏။

ချက်ချင်းရောင်းချင်တယ်ဆိုရင် ဂိမ်းဇာတ်ကောင်ကို အထူးပစ္စည်းပို့သေတ္တာထဲထည့်ခိုင်းလိုက်ရုံပင်။

ချင်လင်က ဘဲခြံထဲရှိဘဲဥများကိုစစ်ဆေးကြည့်ပြီးနောက် အသိစိတ်ပြန်ဝင်လာသည်။ ကျောက်မိုချင်းက အိပ်ရာထသွားပြီး အလှပြင်ခုံတွင်ထိုင်ကာ မိတ်ကပ်လိမ်းနေပြီဖြစ်သည်။

သူတို့နှစ်ယောက်ကိုယ်လက်သန့်စင်ပြီး အခန်းထဲမှထွက်လာချိန် လင်းဖန်က ဆန်ပြုတ်ပြုတ်ထားပြီးဖြစ်သည်။ ကျောက်မိုချင်းမနက်စာပြင်နိုင်သော်လည်း လင်းဖန်ကအစောထပြီး ကျောက်မိုချင်းအရင် အလျင်လုပ်ထားရသည်ကိုသဘောကျသည်။ ကျောင်မိုချင်းကိုလုပ်ခွင့်မပေးဘဲ မနက်တိုင်းပိုအိပ်ဖို့တောင် တိုက်တွန်းသေး၏။

“အမေ!” ကျောက်မိုချင်းက ပျော်ပျော်ရွှင်ရွှင်ထိုင်လိုက်သည်။ နေ့တိုင်း သူမယောက္ခမပြင်ပေးသော မနက်စာကိုစားရသည်။ ဘယ်မိန်းကလေးက မပျော်ဘဲနေမှာလဲ?

လင်းဖန်က ချင်လင်အတွက် ဆန်ပြုတ်တစ်ပန်းကန်ခပ်ပေးလိုက်ကာ_ “အိမ်မှာ ရှန်းရွှေလက်ဆောင်ဆန်ကုန်တော့မယ်... မင်းနောက်ထပ်ရရင် မိုချင်းအမေအတွက်ပါယူခဲ့ဦး... ချန်ရှောက်က ရှန်းရွှေလက်ဆောင်ဆန်ကြိုက်တာတွေ့တယ်”

လူချမ်းသာတွေသာ ဒီစကားကြားရင် သေချာပေါက်ပါးစပ်အဟောင်းသားဖြစ်ကုန်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူတို့အများစုမဝယ်နိုင်သောဆန်ကို လင်းဖန်ကပေါ့ပေါ့ပါးပါးပြောနေသည်လေ။

ဒါပေမဲ့ အိမ်မှာနေ့တိုင်းစားနေတဲ့ဆန်ကို သူမဘယ်လိုလုပ်ပြီးမနှိမ့်ချဘဲနေမှာလဲ?

“သိပါပြီ အမေ” ချင်လင်လည်း မှတ်ထားလိုက်သည်။ အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်ကိုနေ့တိုင်းရောင်းပစ်သော်လည်း အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ကိုချန်ထားသည်။ ဂိမ်းထဲမှာအများကြီးရှိသေး၏။

ဆန်ပြုတ်သောက်ပြီးနောက် ချင်လင်ကဂိုဒေါင်သွားပြီး ဂိမ်းထဲဝင်လိုက်သည်။ ဒီနေ့စံအိမ်ပို့ရမည့်ပစ္စည်းအားလုံးကို ဂိမ်းထဲမှထုတ်ကာ ကားပေါ်တင်ပြီးမှ ဘဲဥထားသည့်နေရာဆီသွားလိုက်သည်။

ဒီဘဲဥနှင့်ဘဲက အရည်အသွေး ၁ ဖြစ်မည်ဟုခန့်မှန်းမိသော်လည်း အတည်ပြုရဦးမည်။

ဘဲဥများကိုမြင်လျှင် ချင်လင်ကအမှတ်တမဲ့တစ်လုံးကောက်ကိုင်လိုက်၏။ ဘဲဥက ကာတွန်းပုံမဟုတ်တော့ဘဲ သေချာကိုင်တွယ်နိုင်သောဘဲဥအစစ်ဖြစ်နေပြီ။ သို့သော် သာမန်ဘဲဥများက ၅.၅ စင်တီမီတာရှည်ပြီး အချင်း ၃.၅ စင်တီမီတာမျှသာရှိလျှင် သူ့လက်ထဲကဘဲဥက နှစ်ဆလောက်ကြီးနေသည်။

နောက်ပြီး ထိုဘဲဥများကြားတွင် သိသိသာသာပိုကြီးနေသောဘဲဥသုံးလုံးကိုတွေ့ရ၏။

ငှက်ကုလားအုပ်ဥလောက်တောင်ရှိမည်။

ဘဲဥကဒီလောက်ကြီးတာ မယုံနိုင်စရာကြီးမလား?