အပိုင်း(၁၀၃၇)
Vol. 75 Ch. 1037
သွေးမြစ်အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်သည် လူးလွန့်နေသော သွေးမြွေများဖြင့် ပြည့်နှက်နေသည်။
ထိုစွမ်းအားသည် မြေအောက်မြစ်၏ စွမ်းအားဖြစ်သော်လည်း သွေးအငွေ့အသက် ဖြစ်နေသည်။
သွေးစက်ကျချောက်ကမ်းပါးကို လွှမ်းခြုံထားသော သွေးအငွေ့အသက်သည် ထိုဝင်္ကပါမှတစ်ဆင့် ရောက်လာသည်။
“ငါ ကျရှုံးသွားပြန်ပြီ”
သွေးမြစ်အင်မော်တယ်ဘုရင်က အံကြိတ်ထားပြီး ခပ်နိမ့်နိမ့် ဟိန်းဟောက်သည်။
“ငါက သေဆုံးနေတဲ့ ဒီနေရာကို ဘာဖြစ်လို့ စောင့်ကြပ်သင့်တာလဲ”
“အဲဒီနဂါးမိကျောင်းရဲ့ ခန္ဓာကိုယ်က အသုံးမဝင်ဘူးလေ။ မင်းက ငါ့ကို ဘာဖြစ်လို့ လွှတ်မပေးသေးတာလဲ”
“ကောင်းကင်ပြောင်းလဲခြင်းစံအိမ်၊ ငါကလည်း အကြီးအကဲတစ်ယောက်ပါ။ ကောင်းကင်တက်လှမ်း၊ မင်းတို့အားလုံးက ငါ့ကို အကွက်ချခဲ့ကြတယ် ....”
သွေးမြစ်အင်မော်တယ်ဘုရင်က ကြမ်းတမ်းစွာ ဟိန်းဟောက်နေပြီး သေခြင်းအငွေ့အသက်ကို ထုတ်လွှတ်သည်။
ထိုအငွေ့အသက်သည် သွေးစက်ကျချောက်ကမ်းပါးတွင် ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်တွင်ရှိသော နတ်ဘုရားကလန်သားများကို လွှမ်းခြုံလိုက်သည်။
နတ်ဘုရားကလန်၏ အင်မော်တယ်သခင်တစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး လက်မြှောက်၍ သွေးအငွေ့အသက်ကို ဖျက်ဆီးရန် ကြိုးစားသည်။
သို့သော် အဆင့်နိမ့် နတ်ဘုရားကလန်သားအများစု၏ သွေးနှင့်ချီက တိတ်ဆိတ်စွာ စုပ်ယူခံလိုက်ရသည်။
ဆယ့်ငါးမိနစ်အကြာတွင် သွေးမြစ်အင်မော်တယ်ဘုရင်က သွေးချီများကို စုစည်းပြီး စုပ်ယူလိုက်သည်။
“သေစမ်း၊ တကယ်လို့ငါက သွေးမျိုးဆက်ပုတီးစေ့ထဲမှာရှိတဲ့ စွမ်းအားတွေကို စုစည်းနိုင်ရင် မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေကို ရလိမ့်မယ်”
ထိုစွမ်းအားသည် အလွန်ပြင်းထန်ပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
ဟန်မူယဲ့က ဟိန်းဟောက်နေသော သွေးမြစ်အင်မော်တယ်ဘုရင်ကို ကြည့်လိုက်ပြီး ရယ်ချင်သွားသည်။
နဂါးမိကျောင်းအား ဖိနှိပ်ထားသော မဟာဝင်္ကပါကို သူက မထိန်းချုပ်နိုင်ပေ။
ဝင်္ကပါက ကိုယ်တိုင်လည်ပတ်သည်။
သွေးမြစ်အင်မော်တယ်ဘုရင်က သွေးမျိုးဆက်ပုတီးစေ့များကို ယူချင်သော်လည်း ကိုယ်တိုင်မလုပ်နိုင်ပေ။
သူက ဟန်မူယဲ့ကို အသုံးပြုခဲ့သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
သူက ဟန်မူယဲ့မှတစ်ဆင့် သွေးပုတီးစေ့များကို စုဆောင်းနိုင်ပုံရသည်။
ဟန်မူယဲ့က သွေးမြစ်အင်မော်တယ်ဘုရင်နှင့် သွေးစက်ကျချောက်ကမ်းပါးကို ကြည့်နေသည်။
တစ်ဖက်တွင် နတ်ဘုရားကလန်၏ စစ်တပ်နှင့် တာအိုဂိုဏ်းမှာ သစ္စာဖောက်များ ရှိကြသည်။
သူတို့အားလုံးသည် ဆယ်မိုင်ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားသည်။
နတ်ဘုရားအလင်းနှင့် အင်မော်တယ်ချီသည် သွယ်ယှက်နေပြီး ခမ်းနားသော စွမ်းအားတစ်ခုကို ဖော်ထုတ်သည်။
ထိုအင်အားစုသည် ဖူယွီအင်မော်တယ်ကမ္ဘာကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။
သူ၏ ပါ့ရှားပုံရိပ်က နဂါးမိကျောင်းနှင့် ပေါင်းစပ်သွားသည်။ သူက နဂါးမိကျောင်းမှတစ်ဆင့် သွေးစက်ကျချောက်ကမ်းပါး၏ အတွင်းနှင့်အပြင်ကို မြင်နိုင်ခဲ့သည်။
လူတိုင်းက အကွက်ချနေသည်။
အားလုံးက ကြိုတင်ပြင်ဆင်နေကြသည်။
ဟန်မူယဲ့က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသော တောင်တန်းကိုကြည့်လိုက်ပြီး ပြုံးသည်။
အမှန်တကယ်ပင် ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်၏ အစီအစဉ် ဖြစ်သည်။ သူက ရှေးခေတ်နတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်ကိုပင် ပစ်မှတ်ထားရဲဿည်။
ယခုအချိန်တွင် ဟန်မူယဲ့က အဆုံးမရှိသော စွမ်းအားကို ခံစားနိုင်သည်။
ကပ်ဘေးစွမ်းအားကို ကြောက်ရွံ့ရန်မလိုသော စွမ်းအားတစ်ခု ဖြစ်သည်။
အကယ်၍ သူက ထိုစွမ်းအားကို ထိန်းချုပ်နိုင်လျှင် ကျင့်ကြံခြင်းလောကတစ်ခုလုံး၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်။
အကယ်၍ သူက နဂါးမိကျောင်းသားရဲ၏ စွမ်းအား သန်းတစ်ထောင်ပုံတစ်ပုံကို ထိန်းချုပ်နိုင်လျှင်ပင် အင်မော်တယ်သခင်များကို ဖိနှိပ်နိုင်မည်ဟု ခံစားရသည်။
“အလျင်မလိုပါဘူး။ ဘယ်သူတွေက စင်ပေါ်ရောက်လာမလဲ ငါသိချင်သေးတယ် ....”
ဟန်မူယဲ့က မျက်လုံးမှိတ်ထားသည်။ သူ့ဦးခေါင်းထက်တွင် အရောင်အမျိုးမျိုးစုစည်းလာပြီး ရွှေကြာပန်းကို ရစ်ပတ်လိုက်သည်။
ရွှေကြာပန်း၏ဘေးတွင် ပုံရိပ်ယောင်ကြာပန်းတစ်ခု ထပ်ပေါ်လာသည်။
သူက နဂါးမိကျောင်း၏ ခန္ဓာကိုယ်ကို သန့်စင်လိုက်လျှင် လောကတွင် အသန်မာဆုံးခန္ဓာကိုယ်ကို ပိုင်ဆိုင်ရလိမ့်မည်။
ထိုစွမ်းအားသည် မူလကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့သည်။
အချိန်များ လျင်မြန်စွာကုန်ဆုံးသွားသည်။ နှစ်ရက်အကြာတွင် သွေးစက်ကျချောက်ကမ်းပါး၏ လေထုက အလွန်တင်းမာလာသည်။
တောင်စောင်း၏ထိပ်တွင် အလင်းစီးကြောင်းများက အင်မော်တယ်သခင်စန်းယွမ်နှင့် ချုံးချီ၏ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေကြသည်။
“ကောင်းပြီ။ ပြီးသွားပြီ။ ဝင်္ကပါပြားကို အသက်သွင်းလိုက်တာနဲ့ သူတို့ ရောက်လာကြလိမ့်မယ်”
ချုံးချီက အလင်းစီးကြောင်းကို ကိုင်ထားပြီး ခပ်ဟဟရယ်လျက် ပြောသည်။
အင်မော်တယ်သခင်စန်းယွမ်က ခေါင်းညိတ်လိုက်ပြီး မျှော်လင့်ခြင်းနှင့် ရှုပ်ထွေးနေသော မျက်နှာထားကို ဖော်ပြသည်။
ခန်းဆောင်ထဲတွင် ရွှေအလင်းက အကန့်အသတ်သို့ ရောက်နေသည်။
အင်မော်တယ်သခင်ခြောက်ယောက်က စုစည်းနေကြသည်။
“ယွင်လန်ဓားအင်မော်တယ်က တံခါးပိတ်ကျင့်ကြံနေတဲ့ပုံပဲ။ နှမြောစရာကောင်းလိုက်တာ”
အင်မော်တယ်သခင်ဝူချန်က ခေါင်းခါလိုက်ပြီး ရှေ့တွင်ရှိသော အလင်းဝင်္ကပါကို ကြည့်သည်။
“ဟုတ်တယ်။ သူက စစ်ကူတွေခေါ်လာပြီး ဖူယွီအင်မော်တယ်ကမ္ဘာနဲ့ ဆက်သွယ်နိုင်ဖို့ အများဆုံး အကျိုးဆောင်ပေးခဲ့တယ်။ သူက ဒီမြင်ကွင်းကို မမြင်နိုင်တာ နှမြောစရာပဲ”
အင်မော်တယ်သခင်ဝမ်လင်းက ရေရွတ်သည်။
တခြားလူများက ခပ်ဟဟ ရယ်လိုက်ကြသည်။
လွန်ခဲ့သော ရက်များတွင် သွေးစက်ကျချောက်ကမ်းပါးသည် အများအပြား တိုက်ခိုက်ခံနေရသည်။ ဝင်္ကပါ၏ စွမ်းအားကလည်း အကန့်အသတ်သို့ ရောက်နေသည်။
ယွင်လန်ဓားအင်မော်တယ်က ဝင်္ကပါပြားကို ပေးခဲ့သော်လည်း ကြားထဲတွင် အလှည့်အပြောင်းများ ရှိနေသေးသည်။
သို့သော် ကံကောင်းစွာဖြင့် နောက်ဆုံးတွင် အရာအားလုံးက ချောမွေ့နေပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသက်သွင်းနိုင်တော့မည်။
“ဝီ”
ဝင်္ကပါက အနည်းငယ် တုန်ခါသွားသည်။
တောက်ပသော အင်မော်တယ်အလင်းသည် ဝင်္ကပါထဲမှ ထွက်လာသည်။
လူတိုင်းက မျက်လုံးများ တောက်ပသွားပြီး ပြုံးလိုက်ကြသည်။
သို့သော် ထိုအချိန်တွင် အလင်းဝင်္ကပါက ရုတ်တရက် တုန်ခါလာသည်။
ခမ်းနားသော အလင်းတန်းသည် သုံးခုကွဲထွက်သွားသည်။
ဝင်္ကပါမှ နတ်ဘုရားအလင်း ပေါ်ထွက်လာသည်။
“နတ်ဘုရားကမ္ဘာ”
“ယွင်လန်တာအိုဂိုဏ်း”
ဝင်္ကပါထဲမှ ရွှေရောင်ချပ်ဝတ်နှင့် နတ်ဘုရားကလန်၏ ကျွမ်းကျင်သူများ ပြေးထွက်လာကြသည်။
တခြားတစ်ခုတွင် ယွင်လန်တာအိုဂိုဏ်းမှ ကျွမ်းကျင်သူများအပြင် နတ်ဘုရားကလန်၏စစ်တပ် ရှိနေသည်။
ယွင်လန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ....
ဝင်္ကပါ၏အပြင်ဘက်တွင် ရပ်နေသော အင်မော်တယ်သခင်ဝူချန်က ဖြူဖျော့နေသောမျက်နှာထားဖြင့် ရေရွတ်သည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ....”
“ဝူချန်၊ မင်းက ငါတို့ တာအိုဂိုဏ်းရဲ့ ဝင်္ကပါကို စောင့်ကြပ်ပေးရမယ်လေ”
ယွင်လန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်က အော်ဟစ်လိုက်သည်။
“နတ်ဘုရားကမ္ဘာ ချန်ယွဲ့ဂိုဏ်းရဲ့ စစ်တပ်က ဒီမှာ ရောက်နေပြီ။ မင်းတို့က ဒူးထောက်ပြီး မကြိုဆိုဘူးလား”
နတ်ဘုရားကလန်၏ လူတစ်ယောက်က အော်ပြောသည်။
ဝင်္ကပါရှေ့တွင်ရပ်နေသော အင်မော်တယ်သခင်များက ဖြူဖျော့ပြီး လမ်းပျောက်နေကြသည်။
“သူတို့ရောက်လာမှာကို ခွင့်ပြုပေးလို့မဖြစ်ဘူး”
အင်မော်တယ်သခင်ဝမ်လင်းက အံကြိတ်လိုက်ပြီး လက်မြှောက်၍ ဓားဆွဲထုတ်သည်။
နောက်ဆုံးအဆင့် မပြီးသေးလျှင် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ဖျက်ဆီးပစ်နိုင်သည်။
သွေးစစ်ပွဲဂိုဏ်း၏ အင်မော်တယ်သခင်နှစ်ယောက်ကလည်း သတ်ဖြတ်လိုစိတ်များကို ဖော်ထုတ်လိုက်သည်။
“နောက်ကျသွားပြီ ....”
အင်မော်တယ်သခင်ဝူချန်က ခေါင်းခါလိုက်ပြီး တခြားလူများကို ကြည့်သည်။
“ဝင်္ကပါပြားက နောက်ထပ် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါတစ်ခုကို ထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူး”
ထိုစကားများသည် ရေအေးတစ်ပုံးကဲ့သို့ ဖြစ်နေသည်။
အကယ်၍ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ဖျက်ဆီးလိုက်လျှင် ပြန်လည်အသက်သွင်းရန်အတွက် အနည်းဆုံး ဆယ်ရက် အချိန်ကြာလိမ့်မည်။
သွေးစက်ကျချောက်ကမ်းပါး၏ ဝင်္ကပါသည် မနက်ဖြန်အထိ တောင့်ခံနိုင်ရန်ပင် မသေချာတော့ပေ။ ဆယ်ရက်အထိ မဖြစ်နိုင်ပေ။
“တာအိုရောင်းရင်းတို့၊ ဝင်္ကပါက ဘယ်လောက်အထိ ခံနိုင်ရည်ရှိလဲ”
အင်မော်တယ်သခင်ဝမ်လင်းက အံကြိတ်ထားပြီး ပြောသည်။
“ဟားဟား၊ ငါတို့က ဘာဖြစ်လို့ ခုခံနေရမှာလဲ။ ချန်ယွဲ့ဂိုဏ်းရဲ့ နတ်ဘုရားစစ်တပ်ကို ကြိုဆိုလိုက်တာ မကောင်းဘူးလား”
ချုံးချီ၏အသံကို ကြားနိုင်သည်။
ခန်းဆောင်ထဲတွင်ရှိသော လူတိုင်း၏မျက်နှာထားက ပြောင်းလဲသွားသည်။
“အဟမ်း၊ ငါတို့က ဂိုဏ်းချုပ်နဲ့ တခြားလူတွေကို ဆင့်ခေါ်လိုက်ရင် ဒီကိစ္စကို ဖြေရှင်းနိုင်ပါလိမ့်မယ်”
အင်မော်တယ်သခင်မြောင်ယွမ်၏အသံ ပေါ်ထွက်လာသည်။
သို့သော် ထိုအသံက သူ့အသံ မဟုတ်ပေ။
သူ့မျက်နှာကလည်း ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။
“အင်မော်တယ်သခင်ချန်ယန်။ မင်း .... မင်းက သေသွားပြီမဟုတ်ဘူးလား”
အင်မော်တယ်သခင်ကျူးလျန်နှင့် တခြားလူများက ထိတ်လန့်သွားကြသည်။
တာအိုဂိုဏ်းက သစ္စာဖောက်သွားသောအချိန်တွင် အင်မော်တယ်သခင်နှစ်ယောက်ကို ဝိုင်းရံတိုက်ခိုက်ခဲ့သည်။
အင်မော်တယ်သခင်ချန်ယန်နှင့် အင်မော်တယ်သခင်မြောင်ယွမ်တွင် တစ်ယောက်က ဒဏ်ရာရသွားပြီး တစ်ယောက်က ကျဆုံးသွားခဲ့သည်။
သို့သော် ယခုအချိန်တွင် ကျဆုံးသွားသော အင်မော်တယ်သခင်ချန်ယန်က ဤနေရာတွင် ရှိနေသည်။
‘အဲဒါဆို အင်မော်တယ်သခင်မြောင်ယွမ်က ဘယ်ရောက်သွားတာလဲ’
“ဟားဟား၊ အဲဒါက အရေးမကြီးပါဘူး”
အင်မော်တယ်သခင်ချန်ယန်က ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းကို ကြည့်လိုက်သည်။
“ဂိုဏ်းချုပ်ကို ဒီခေါ်လာလိုက်။ ငါတို့အားလုံး အသက်ရှင်နိုင်မယ်။ မဟုတ်ရင်တော့ ....”
“မင်းတို့အားလုံး သေရမယ်”
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ဖျက်ဆီးလိုက်လျှင် သွေးစက်ကျချောက်ကမ်းပါး၏ ဝင်္ကပါက အကန့်အသတ်သို့ ရောက်နေသောကြောင့် နတ်ဘုရားကလန်၏စစ်တပ်နှင့် ရင်ဆိုင်ရလိမ့်မည်။ အကယ်၍ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို မဖျက်ဆီးလျှင်လည်း ချန်ယွဲ့ဂိုဏ်း၏စစ်တပ်နှင့် ရင်ဆိုင်ရမည်။
သူတို့အတွက် လွတ်မြောက်ရာလမ်း မရှိပေ။
အင်မော်တယ်သခင်ချန်ယန်က သူတို့ကို အသက်ရှင်နိုင်မည်ဟု ပြောခဲ့သော်လည်း အမှန်တကယ် အသုံးမဝင်ပေ။
ခန်းဆောင်ထဲတွင် အင်မော်တယ်သခင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် မည်သူမှ မလှုပ်ရှားကြပေ။
သူတို့ထဲတွင် သစ္စာဖောက်များ ထပ်ရှိနေနိုင်သည်။
ခန်းဆောင်၏လေထုသည် တင်းကျပ်ပြီး လေးလံနေသည်။
“ချန်ယွဲ့ဂိုဏ်းနဲ့ လစုစည်းခြင်းဂိုဏ်း ပူးပေါင်းလိုက်ရင် ငါတို့က ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ ကျွမ်းကျင်သူတွေကို သတ်ပစ်နိုင်တယ်”
ခန်းဆောင်ထဲဿို့ရောက်လာသော အင်မော်တယ်သခင်စန်းယွမ်နှင့် ချုံးချီတို့က ပြုံးနေကြသည်။
ဖူယွီအင်မော်တယ်ကမ္ဘာမှ ရောက်လာသော ကျွမ်းကျင်သူများကို သတ်ဖြတ်ရန် ပူးပေါင်းမည်။
ခန်းဆောင်ထဲတွင်ရှိသော အင်မော်တယ်သခင်များက ဝင်္ကပါကို ကြည့်လိုက်ကြသည်။
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါထဲတွင် ဖူယွီအင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူများ စုဝေးနေကြသည်။
အကယ်၍ သူတို့ ရောက်လာပြီး နတ်ဘုရားကလန်သားများ၏ စစ်တပ်နှင့် ရင်ဆိုင်ရလျှင် အမှန်တကယ်ပင် ရှုံးနိမ့်သွားလိမ့်မည်။
“မြန်မြန်လေး၊ ဝင်္ကပါကို နှောင့်ယှက်လိုက်”
အင်မော်တယ်သခင်ကျူးလျန်က အော်ဟစ်လိုက်ပြီး ဝင်္ကပါကို ဖျက်ဆီးရန် ပြေးထွက်သွားသည်။
ဘေးတွင်ရှိသော အင်မော်တယ်သခင်တောက်စစ်က လက်မြှောက်ပြီး သူ့ကို တားဆီးလိုက်သည်။
“ဂိုဏ်းတူညီလေး၊ နောက်ကျသွားပြီ။ ငါတို့က ဝင်္ကပါကို အခု ဖျက်ဆီးလိုက်ရင် သူတို့က လေဟာနယ်ထဲမှာ လမ်းပျောက်သွားပြီး ဖူယွီအင်မော်တယ်ကမ္ဘာကို နှစ်တစ်ထောင်ကြာသည်အထိ ပြန်လာနိုင်မှာမဟုတ်ဘူး”
“ဖူယွီအင်မော်တယ်ကမ္ဘာက အားနည်းသွားရင်၊ သွေးစက်ကျချောက်ကမ်းပါး မရှိတော့ရင် နတ်ဘုရားကလန်ရဲ့စစ်တပ်က ဖူယွီအင်မော်တယ်ကမ္ဘာကို သိမ်းပိုက်နိုင်လိမ့်မယ်”
အင်မော်တယ်သခင်တောက်စစ်၏ မျက်နှာက မျှော်လင့်ချက်ကင်းမဲ့နေပြီး ခေါင်းခါသည်။
တခြားလူများကလည်း စိတ်ပျက်နေကြသည်။
သူတို့၏လုပ်ရပ်ကြောင့် ဖူယွီအင်မော်တယ်ကမ္ဘာက ပျက်စီးသွားတော့မည်။
“သေစမ်း”
အင်မော်တယ်သခင်ကျင်းယွီက အံကြိတ်ထားပြီး သွေးအငွေ့အသက်ကို ထုတ်လွှတ်သည်။
သူက တာအိုဂိုဏ်း၏ အင်မော်တယ်သခင်တစ်ယောက် ဖြစ်သော်လည်း ယခုအချိန်တွင် သတ်ဖြတ်လိုစိတ်များ ရှိနေသည်။
သူက မုန်းတီးနေသည်။
“အမှန်အတိုင်းပြောရရင် ငါတို့မှာ အခွင့်အရေးတစ်ခု ရှိသေးတယ်”
ထိုအချိန်တွင် အင်မော်တယ်သခင်တောက်စစ်က ရုတ်တရက် ပြောသည်။
သူက ခေါင်းမော့ပြီး ရှေ့တွင်ရှိသော အင်မော်တယ်သခင်စန်းယွမ်နှင့် ချုံးချီကို ကြည့်သည်။
“တကယ်လို့ ဝင်္ကပါထဲမှာရှိတဲ့ အကြီးအကဲက ကူညီချင်တယ်ဆိုရင် ငါတို့က ဒီအခက်အခဲကို ကျော်လွှားနိုင်မယ်မဟုတ်လား”
အင်မော်တယ်သခင်တောက်စစ်၏ စကားကြောင့် လူတိုင်းက ကြောင်အသွားကြသည်။
‘ဝင်္ကပါထဲမှာရှိတဲ့ အကြီးအကဲလား’
အင်မော်တယ်သခင်စန်းယွင်နှင့် ချုံးချီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သတိထားနေပုံပေါ်သည်။