← Chapters

အပိုင်း(၁၀၃၈)

Vol. 75 Ch. 1038

အပိုင်း(၁၀၃၈)

Vol. 75 Ch. 1038

“မင်းက ဘာပြောချင်တာလဲ”

အင်မော်တယ်သခင်စန်းယွင်က မျက်မှောင်ကြုတ်လိုက်ပြီး အင်မော်တယ်သခင်တောက်စစ်ကို ကြည့်သည်။

သူတို့နှစ်ယောက်က ဝင်္ကပါကို စောင့်ရှောက်ထားသောလူများ ဖြစ်ကြပြီး အထဲတွင်ရှိသောအရာကို သိနေသည်။

အင်မော်တယ်သခင်တောက်စစ်က ခပ်ဟဟရယ်လိုက်ပြီး လက်ကို ရုတ်တရက် ဝှေ့ယမ်းသည်။ အဆုံးမရှိသော သွေးစွမ်းအားသည် လေထုထဲတွင် ပြည့်နှက်သွားသည်။

သူက သွေးအငွေ့အသက်ကို အမြဲတမ်း ပိုင်ဆိုင်ထားခဲ့သည်။ သို့သော် သွေးစစ်ပွဲဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်ကြောင့်ဟု တခြားလူများက ထင်ကြသည်။

သို့သော် ယခုအချိန်တွင် သူ၏ သွေးအငွေ့အသက်က သွေးစက်ကျချောက်ကမ်းပါးနှင့် ရှင်းလင်းစွာ သက်ဆိုင်နေသည်။

သွေးအငွေ့အသက်သည် ဝင်္ကပါမှလွဲ၍ ခန်းဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ပတ်တန်းကျင်တွင်ရှိသော အင်မော်တယ်သခင်များက သွေးအငွေ့အသက်ထဲသို့ ရောက်သွားကြသည်။

“သွေးမြစ်အကြီးအကဲ၊ ကျွန်တော်က ကတိအတိုင်း လုပ်လိုက်ပါပြီ”

အင်မော်တယ်သခင်တောက်စစ်က ရယ်လိုက်ပြီး အော်ပြောသည်။

သူ့အသံအဆုံးတွင် အဖြူရောင်ဝတ်စုံနှင့် သွေးမြစ်အင်မော်တယ်ဘုရင် ပေါ်ထွက်လာသည်။

“စိတ်မပူပါနဲ့။ ဒါက ငါကတိပေးထားတဲ့ ကျင့်ကြံခြင်းနည်းစနစ်ပဲ။ မင်းကို အခု ပေးလိုက်မယ်”

သွေးမြစ်အင်မော်တယ်ဘုရင်က လက်ကို ဝှေ့ယမ်းသည်။ ကျောက်စိမ်းပေလွှာတစ်ခုက အင်မော်တယ်သခင်တောက်စစ်၏ရှေ့သို့ ရောက်သွားသည်။

အင်မော်တယ်သခင်တောက်စစ်က ကျောက်စိမ်းပေလွှာကို ယူလိုက်ပြီး ကြောင်အသွားသည်။

“ကပ်ဘေးရွှေကြာပန်းကရော ဘယ်မှာလဲ”

သွေးမြစ်အင်မော်တယ်ဘုရင်က ရှက်သွားပုံပေါ်သည်။

သူက စန်းယွမ်နှင့် ချုံးချီကို ညွှန်ပြလိုက်ပြီး ခေါင်းခါသည်။

“သူတို့ပို့လိုက်တဲ့ကလေးက အာရုံစိုက်မထားနိုင်ဘူး။ ငါ့ရတနာက ပျက်စီးသွားတယ်”

“ဘယ်ကလေးလဲ”

“ဘယ်သူလဲ”

“ယွင်လန်ဓားအင်မော်တယ်က ကျရှုံးသွားတာလား”

အင်မော်တယ်သခင်စန်းယွမ်နှင့် ချုံးချီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ သူတို့က လှုပ်ရှားပြီး တောင်ထိပ်သို့ ပြန်သွားရန် ကြိုးစားလိုက်သည်။

သူတို့က ဝင်္ကပါကို ထိန်းချုပ်နိုင်သည်။ ဝင်္ကပါကို ထိန်းချုပ်နိုင်သ၍ ရှေ့တွင်ရှိနေသော အကြီးအကဲကျွမ်းကျင်သူက နာခံမှုရှိစွာ ဝင်္ကပါထဲသို့ ပြန်သွားရလိမ့်မည်။

သို့သော် သူတို့ လှုပ်ရှားလိုက်သောအချိန်တွင် သွေးမြစ်အင်မော်တယ်ဘုရင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သူတို့ဆီသို့ ရောက်လာသည်။

“မင်းတို့က ဘယ်သွားကြမလို့လဲ”

သူက ခပ်ဟဟရယ်လိုက်ပြီး သွေးစက်ကျချောက်ကမ်းပါး၏ တောင်ထွတ်ကို လှမ်းကြည့်သည်။

“ငါ့လူတွေက ဝင်္ကပါကို ဖျက်ဆီးပစ်လိမ့်မယ်။ အဲဒီအချိန်အထိ စောင့်ပါအုံး”

ဝင်္ကပါကို ဖျက်ဆီးလိုက်လျှင် သူ့စွမ်းအားများက ကန့်သတ်ခံထားရတော့မည်မဟုတ်ပေ။

ထိုအချိန်တွင် သူက အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားအပြည့်အဝကို ချက်ချင်းပြန်မရနိုင်သော်လည်း လူတိုင်းကို လွယ်ကူစွာ သတ်ပစ်နိုင်သည်။

တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါထဲတွင် ရှိနေသောလူများလည်း ပါဝင်သည်။

ထိုလူများအားလုံးကို ဝါးမြိုလိုက်လျှင် သွေးမြစ်အင်မော်တယ်ဘုရင်က လျင်မြန်စွာ ပြန်ကောင်းလာလိမ့်မည်။

“ယွင်လန်က တစ်ခုခုဖြစ်သွားတာလား”

သွေးအငွေ့အသက်ထဲတွင် ရှိနေသော အင်မော်တယ်သခင်ဝမ်လင်းက အံကြိတ်ထားပြီး ‌သွေးမြစ်အင်မော်တယ်ဘုရင်ကို ကြည့်သည်။

တခြားလူများ၏ မျက်နှာထားကလည်း ရှုပ်ထွေးနေကြသည်။

ယွင်လန်ဓားအင်မော်တယ်က အသက်စွန့်ပြီး ဝင်္ကပါပြားကို ပေးပို့ခဲ့သည်။ သို့သော် သွေးစက်ကျချောက်ကမ်းပါး၏ အတွင်းပိုင်းပြဿနာများကြောင့် ကျဆုံးသွားခဲ့သည်။

“ငါက အဲဒီကလေးရဲ့ ကံကောင်းခြင်းကို အတော်လေး မျှော်လင့်ထားတယ်။ ဒါပေမဲ့ ရှေးခေတ်မိစ္ဆာရဲ့လက်အောက်မှာ သေဆုံးသွားခဲ့တယ်”

သွေးမြစ်အင်မော်တယ်ဘုရင်က အင်မော်တယ်သခင်စန်းယွမ်နှင့် ချုံးချီကို ကြည့်လိုက်ပြီး နက်ရှိုင်းစွာပြုံးသည်။

“မင်းတို့နှစ်ယောက်က သွေးမျိုးဆက်ပုတီးစေ့ကို တိတ်တိတ်လေးဖြတ်ယူထားပြီး ငါ့ကို အခွင့်အရေးမပေးခဲ့ရင် ငါက ဝင်္ကပါထဲကနေ ထွက်လာနိုင်မှာမဟုတ်ဘူး”

သွေးမျိုးဆက်ပုတီးစေ့ကို ဖြတ်ယူသည်။

ခန်းဆောင်ထဲတွင် အင်မော်တယ်သခင်ဝူချန်နှင့် တခြားလူများက အံကြိတ်ထားပြီး အင်မော်တယ်သခင်စန်းယွင်နှင့် ချုံးချီကို ကြည့်လိုက်ကြသည်။

သွေးစက်ကျချောက်ကမ်းပါးသည် အကန့်အသတ်သို့ ရောက်နေသည်။ သို့သော် ထိုလူနှစ်ယောက်က သွေးမျိုးဆက်ပုတီးစေ့ကို ဖြတ်ယူချင်နေသည်။

“အရှက်မရှိလိုက်တာ”

အင်မော်တယ်သခင်ဝမ်လင်းက ပြောသည်။

“ဟမ့်၊ ကျင့်ကြံခြင်းက ကိုယ်တိုင်အတွက်ပဲ။ မဟုတ်ရင် ငါတို့က ဘာဖြစ်လို့ သွေးစက်ကျချောက်ကမ်းပါးကို စောင့်ရှောက်ပေးရမှာလဲ”

ချုံးချီက နှာမှုတ်လိုက်ပြီး အဝေးတစ်နေရာတွင်ရှိသော တောင်တန်းကို ကြည့်သည်။

“ဝီ”

သူတို့၏နောက်တွင်ရှိသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါတွင် နတ်ဘုရားအလင်းနှင့် အင်မော်တယ်အလင်းသည် တုန်ခါနေသည်။

“သတ်”

တောင်တန်းတွင် အသံတစ်သံ ပေါ်ထွက်လာသည်။

သွေးရောင်အလင်းနှင့် ကျင့်ကြံသူများက ဝင်္ကပါ၏ လိုဏ်ဂူများဆီသို့ တိုးဝင်သွားကြသည်။

ခန်းဆောင်ထဲတွင် သွေးမြစ်အင်မော်တယ်ဘုရင်နှင့် ပူးပေါင်းလိုက်သော အင်မော်တယ်သခင်တောက်စစ်မှလွဲ၍ လူတိုင်း၏ မျက်နှာထားက မှုန်မှိုင်းနေသည်။

အကယ်၍ ဝင်္ကပါက ပျက်စီးသွားလျှင် မည်သူပင်ဖြစ်နေပါစေ သူတို့၏ရှေ့တွင်ရှိသော အကြီးအကဲ၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်။

“တိုက်”

အင်မော်တယ်သခင်ဝမ်လင်းက ခပ်အုပ်အုပ် အော်ဟစ်လိုက်သည်။ သူ့ပတ်ဝန်းကျင်တွင် ဓားအလင်းများရှိနေပြီး သွေ့အငွေ့အသက်ကို ဖျက်ဆီးလိုက်သည်။ ထို့နောက် လက်ထဲတွင်ရှိသော ဓားဖြင့် သွေးမြစ်အင်မော်တယ်ဘုရင်ကို ထိုးချသည်။

တစ်ဖက်တွင် တခြားအင်မော်တယ်သခင်များကလည်း ဖိနှိပ်မှုကို ချိုးဖျက်လိုက်ကြသည်။

သို့သော် သွေးမြစ်အင်မော်တယ်ဘုရင်က လက်မြှောက်သည်။ သွေးအငွေ့အသက်သည် အစိုင်အခဲအဖြစ် ပြောင်းလဲသွားပြီး ခန်းဆောင်တစ်ခုလုံးကို ဖိနှိပ်လိုက်ပုံပေါ်သည်။

လူတိုင်းက ဖြည်းဖြည်းချင်းသာ ရွေ့လျားနိုင်တော့သည်။

“အင်မော်တယ်ဘုရင်တစ်ပါးရဲ့ စည်းမျဉ်းတွေက အရာအားလုံးပဲ”

သွေးမြစ်အင်မော်တယ်ဘုရင်က အထင်သေးနေသော မျက်နှာထားဖြင့် ခေါင်းခါသည်။

“ဘုန်း ....”

တောင်ထိပ်တွင် ပေါက်ကွဲသံများကို ကြားရသည်။

သွေးမြစ်အင်မော်တယ်ဘုရင်က မျက်မှောင်ကြုတ်လိုက်ပြီး တောင်ထွတ်ကို လှမ်းကြည့်သည်။

ထိုနေရာတွင် ပေတစ်သောင်းမြင့်မားသော ရွှေရောင်ချပ်ဝတ်စစ်သည်တစ်ယောက် ရှိနေသည်။ ထိုစစ်သည်က ဓားနှစ်လက်ဖြင့် ‌သွေးအလင်းများကို ဖျက်ဆီးပစ်လိုက်သည်။

ရွှေရောင်ချပ်ဝတ်စစ်သည်က ထိုနေရာကို ကာကွယ်ပေးထားသည်။

သွေးရောင်လွှမ်းနေသော ကျင့်ကြံသူများက ရှေ့ဆက်မတိုးနိုင်ကြပေ။

“ကမ္ဘာဦးခေတ်ရုပ်သေးရုပ်လား”

သွေးမြစ်အင်မော်တယ်ဘုရင်က ရုပ်သေးရုပ်ကို ချက်ချင်းမှတ်မိသွားသည်။

“ကောင်းကင်ပြောင်းလဲခြင်းစံအိမ်ရဲ့ လူတစ်ယောက်လား”

သူက နားမလည်နိုင်ဖြစ်နေသည်။

“ဟုတ်တယ်။ ယွင်လန်ဓားအင်မော်တယ်ရဲ့ လူတွေပဲ”

ချုပ်နှောင်ခံထားရသော အင်မော်တယ်သခင်ဝမ်လင်းက ခက်ခဲစွာ ပြောသည်။

သေဆုံးသွားသော ယွင်လန်ဓားအင်မော်တယ်က အစီအစဉ်ချထားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူက သွေးစက်ကျချောက်ကမ်းပါးကို အမှန်တကယ်ပင် ကာကွယ်ချင်ခဲ့သည်။

သို့သော် ထိုလူမျိုးက သေဆုံးသွားပြီဖြစ်သည်။

“မင်းတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ”

သွေးမြစ်အင်မော်တယ်ဘုရင်က အေးစက်စွာ နှာမှုတ်သည်။ သူက လက်မြှောက်တော့မည့်အချိန်တွင် ပေတစ်သောင်းကြီးမားသော ရွှေရောင်ချပ်ဝတ် စစ်သည်တစ်ယောက်က သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

အသွားနှစ်ဖက်ဓားမော့နှင့် ဟန်ချီက ခန်းဆောင်ကို ကြည့်လိုက်သည်။

“ယွင်လန်ဓားအင်မော်တယ်ရဲ့ အမိန့်အရ ခန်းဆောင်ကို စောင့်ကြပ်ထားမယ်။ ဘယ်သူမှ ဝင်ထွက်ခွင့်မရှိဘူး”

‘ဝင်ထွက်ခွင့်မရှိဘူးတဲ့လား’

သွေးမြစ်အင်မော်တယ်ဘုရင်က အေးစက်စွာ နှာမှုတ်လိုက်ပြီး လက်မြှောက်၍ သွေးအလင်းကို ထုတ်လွှတ်သည်။

သွေးအလင်းသည် ဟန်ချီ၏ ခန္ဓာကိုယ်ကို တိကျစွာ ထိမှတ်သွားသည်။

“ဘန်း”

သွေးအလင်းက ပျက်စီးသွားသည်။

ဟန်ချီက မထိခိုက်ခဲ့ပေ။

သွေးမြစ်အင်မော်တယ်ဘုရင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

“နည်းစနစ်အားလုံးကို ချေဖျက်နိုင်တယ်။ ဒါက မြေအောက်မြစ်ရဲ့ စွမ်းအားပဲ ....”

ဟန်ချီက မြေအောက်မြစ်တွင် ကြီးပြင်းလာခဲ့သည်။ သူက မြေအောက်မြစ်၏စွမ်းအားကို သယ်ဆောင်ထားပြီး ဟန်မူယဲ့၏ အကူအညီကြောင့် မန္တန်အားလုံးကို လျစ်လျူရှုထားနိုင်သည်။

သွေးရောင်ပုံရိပ်များသည် ခန်းဆောင်၏အပြင်ဘက်တွင် ပေါ်ထွက်လာကြသည်။ ဟန်ချီက ဓားမြှောက်ပြီး သူတို့ကို ဖျက်ဆီးပစ်လိုက်သည်။

သွေးမြစ်အင်မော်တယ်ဘုရင်က အေးစက်စွာ နှာမှုတ်သည်။ သူက ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး ပိုက်ကွန်အဖြစ် ပြောင်းလဲ၍ ဟန်ချီကို ချုပ်နှောင်သည်။ ဟန်ချီ၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူကလည်း ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ပိုက်ကွန်ကို ခုခံနေသည်။

ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲသည် အားကောင်းသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်သည်။

သို့သော် အင်မော်တယ်ဘုရင်တစ်ပါးနှင့် ယှဉ်လိုက်လျှင် လိုအပ်နေသေးသည်။ သူက ဖြည်းဖြည်းချင်း ဖိနှိပ်ခံနေရသည်။

“ဘုန်း”

မီးတောက်တစ်ခု ပေါ်ထွက်လာပြီး ဝိညာဉ်ပိုက်ကွန်ကို ပြာချပစ်လိုက်သည်။

သွေးမြစ်အင်မော်တယ်ဘုရင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။

ခန်းဆောင်၏အပြင်ဘက်တွင် ရွှေမီးတောက် ရောက်လာသည်။ သူက ခန်းဆောင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မွေးစားအဖေရဲ့ အမိန့်အရ ခန်းဆောင်ထဲကို ဘယ်သူမှ ဝင်ထွက်ခွင့်မရှိဘူး”

“ဖီးနစ်ငှက်”

သွေးမြစ်အင်မော်တယ်ဘုရင်က အံကြိတ်ထားပြီး ရွှေမီးတောက်ကို ကြည့်သည်။

“အံ့ဖွယ်ကောင်းကင်နတ်ဘုရားမီးတောက်၊ မင်းက အရူးပဲ”

ပြန်လည်မွေးဖွားခြင်းကို ဖြတ်ကျော်ပြီး မသေဆုံးနိုင်သော ဖီးနစ်ငှက်က လောကကြီးတစ်ခုလုံးအား လောင်ကျွမ်းစေနိုင်သော နတ်ဘုရားမီးတောက်ကို ပိုင်ဆိုင်ထားသည်။ ထိုပေါင်းစပ်မှုက အမှန်တကယ် ရူးသွပ်သည်။

အင်မော်တယ်သခင်ဝူချန်က ညင်သာစွာ သက်ပြင်းချပြီး အင်မော်တယ်ဘုရင်အား တားဆီးထားသော ရွှေမီးတောက်ကို ကြည့်သည်။

ယွင်လန်ဓားအင်မော်တယ်က သွေးစက်ကျချောက်ကမ်းပါးကို ကယ်တင်ပေးရန် အမှန်တကယ် ရောက်လာခဲ့သည်။ သို့သော် သူက အရင်ဆုံး သေသွားခဲ့သည်။

“ဘုန်း”

သူတို့၏နောက်တွင်ရှိသော ဝင်္ကပါက တုန်ခါသွားသည်။ တည်နေရာရွှေ့ပြောင်းခြင်း ပြီးပြည့်စုံသွားသည်။

ဝင်္ကပါကို မဖျက်ဆီးနိုင်တော့ပေ။

အင်မော်တယ်သခင်ဝမ်လင်းက နောင်တ၊ မျှော်လင့်ချက်မဲ့ခြင်းဖြင့် ဝင်္ကပါထဲမှထွက်လာသော ပုံရိပ်များကို ကြည့်လိုက်သည်။

အရင်ဆုံးရောက်လာသော လူများသည် ယွင်လန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် နတ်ဘုရားကလန်သားငါးယောက် ဖြစ်သည်။

အင်မော်တယ်သခင်ချန်ယန်က ကျယ်လောင်စွာ ရယ်လိုက်ပြီး သူတို့နှင့် ပူးပေါင်းသည်။

“ဟားဟား၊ အင်မော်တယ်သခင်ထန်စီ၊ မတွေ့ရတာ ကြာပြီ”

ဝင်္ကပါထဲမှ အသံတစ်သံထွက်လာသည်။

ရွှေရောင်ချပ်ဝတ်နှင့် နတ်ဘုရားစစ်သူကြီးတစ်ယောက်က ယွင်လန်တာအိုဂိုဏ်းချုပ်၏ ဘေးတွင်ရှိသော နတ်ဘုရားစစ်သူကြီးကို ကြည့်လိုက်သည်။

“လစုစည်းခြင်းဂိုဏ်းရဲ့ အကြီးအကဲပိုင်ကြွယ်၊ နှစ်တစ်သိန်းရှိသွားပြီပဲ”

အင်မော်တယ်သခင်ထန်စီက အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။

“ခင်ဗျားတို့ရဲ့ လစုစည်းခြင်းဂိုဏ်းက ပိုပြီး တိုးတက်လာပြီ။ ချန်ယွဲ့ဂိုဏ်းလို နေရာအသေးလေးကို ဘယ်လိုလုပ်ပြီး ဂရုစိုက်တော့မှာလဲ”

ထိုစကားများကြောင့် အင်မော်တယ်သခင်ပိုင်ကြွယ်က ရယ်သည်။

“ဒီနေ့မှာ နတ်ဘုရားကမ္ဘာကို အာခံနေတဲ့ ကျင့်ကြံသူတွေကို အရင်သတ်လိုက်ရအောင်။ ပြီးမှ စကားပြောကြတာပေါ့”

အင်မော်တယ်သခင်ပိုင်ကြွယ်က လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့နောက်မှ အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများ ထွက်လာကြသည်။

အင်မော်တယ်သခင် ခုနစ်ယောက် ဖြစ်သည်။

စန်းယွမ်နှင့် ချုံးချီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ရှေ့တက်သွားသည်။

ခန်း‌ဆောင်ထဲတွင် အင်မော်တယ်သခင်ဝူချန်နှင့် တခြားလူများသာ ကျန်ရစ်ခဲ့သည်။

“ဝူချန်၊ ကျင်းယွီ၊ ပြန်လာခဲ့ပါ”

ယွင်လန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်က ဒေါသတကြီး ပြောသည်။

အင်မော်တယ်သခင်နှစ်ယောက်၏ မျက်နှာထားက ရှုပ်ထွေးနေသည်။

အင်မော်တယ်သခင်ဝူချန်က ခေါင်းခါလိုက်ပြီး ပြောသည်။

“ငါက ဖူယွီအင်မော်တယ်ကမ္ဘာမှာ မွေးလာခဲ့တယ်။ ဖူယွီအင်မော်တယ်ကမ္ဘာနဲ့အတူ သေဆုံးသွားဖို့ ဆန္ဒရှိတယ်”

အင်မော်တယ်သခင်ကျင်းယွီက အသက်ရှူသွင်းလိုက်ပြီး လေးနက်စွာပြောသည်။

“ဟုတ်တယ်။ ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ တာအိုအင်အားစုတစ်ခုလုံး သစ္စာဖောက်သွားရင်တောင် ငါက သစ္စာဖောက်မှာမဟုတ်ဘူး”

All Chapters