အပိုင်း(၁၀၃၉)
Vol. 75 Ch. 1039
သူတို့၏စကားများကြောင့် ယွင်လန်တာအိုဂိုဏ်းမှ ဂိုဏ်းချုပ်၏ မျက်နှာထားက မည်းမှောင်သွားသည်။
သူ့နောက်တွင်ရှိသော အင်မော်တယ်သခင်များ၏ မျက်နှာထားကလည်း တင်းမာနေသည်။
အင်မော်တယ်သခင် အယောက်နှစ်ဆယ်သည် ခန်းဆောင်ထဲတွင် စုဝေးနေကြသည်။
“ဝီ”
ထိုအချိန်တွင် ဝင်္ကပါ၏ အင်မော်တယ်အလင်းက တောက်ပလာသည်။
ဖူယွီအင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်များ ရောက်လာကြသည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် အင်မော်တယ်သခင်ကျန်းကွမ်ယွမ် ....
ကောင်းကင်အလင်းဂိုဏ်း၏ ဂိုဏ်းချုပ် အင်မော်တယ်သခင်ဖူရွှယ် ....
ယွင်လန်တာအိုဂိုဏ်း၏ ပထမအကြီးအကဲ အင်မော်တယ်သခင်ယုချန် ....
အင်မော်တယ်သခင်ငါးယောက်သည် သူတို့၏နောက်တွင် နီးကပ်စွာ လိုက်လာကြသည်။
သူတို့ရှစ်ယောက်က ဝင်္ကပါထဲမှ ထွက်လာသောအခါတွင် ထိတ်လန့်သွားကြသည်။
ခန်းဆောင်ထဲတွင် ကျွမ်းကျင်သူများ ရှိနေကြသည်။
သူတို့က ဝင်္ကပါထဲမှ ထွက်လာသောအချိန်တွင် ဝိညာဉ်ကို ပစ်မှတ်ထားခံလိုက်ရသည်။
အနည်းဆုံး အားကောင်းသောဝိညာဉ်နှစ်ခု၏ ဖိနှိပ်မှုကို ခံနေရသည်။
“ဒါက ....”
အင်မော်တယ်သခင်ဖူရွှယ်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး မျက်နှာဖြူဖျော့သွားသည်။
သူက ဝင်္ကပါပြားကိုအသုံးပြုပြီး သွေးစက်ကျချောက်ကမ်းပါးသို့ တိတ်ဆိတ်စွာလာရန် စီစဉ်ထားခဲ့သည်။ သို့သော် ဤနေရာတွင် ကျွမ်းကျင်သူအများအပြား ရှိနေသည်။
သူတို့က ရန်သူ၏ ဝိုင်းရံမှုအောက်သို့ ရောက်သွားသည်။
“ယွင်လန်ဓားအင်မော်တယ်က ဘယ်မှာလဲ”
ကျန်းကွမ်ယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဓားအလင်းကို ထုတ်ဖော်သည်။
သူ့စကားကို ကြားရသောအခါတွင် အင်မော်တယ်သခင်ဝမ်လင်းနှင့် တခြားလူများ၏မျက်နှာထားက မည်းမှောင်သွားသည်။
“ယုချန်၊ ငါက ဒီမှာရှိနေတယ်။ မြန်မြန်ဒူးထောက်စမ်း”
ယွင်လန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်က နက်ရှိုင်းသောအသံဖြင့် အော်ပြောသည်။
အင်မော်တယ်သခင်ယုချန်က တည်ငြိမ်နေပြီး အေးစက်စွာနှာမှုတ်သည်။
“ငကြောက်”
ထိုစကားများကြောင့် ယွင်လန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်က ရှက်ရွံ့သွားသည်။
“တာအိုရောင်းရင်းတို့၊ ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ အင်မော်တယ်သခင်တွေနဲ့ အရင်ဆုံး ဖြေရှင်းလိုက်ရအောင်။ ပြီးမှ ဆွေးနွေးကြတာပေါ့”
အင်မော်တယ်သခင်ပိုင်ကြွယ်က နတ်ဘုရားအလင်းကိုထုတ်လွှတ်ပြီး ဓားမော့တစ်လက်ကို အသက်သွင်းသည်။
တခြားလူများကလည်း တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြသည်။
“ဘုန်း”
နတ်ဘုရားအလင်းနှင့် အင်မော်တယ်အလင်းသည် သွယ်ယှက်နေပြီး ခန်းဆောင်ကို တိုက်ရိုက် ပျက်စီးသွားစေသည်။
ပုံရိပ်များက သွေးစက်ကျချောက်ကမ်းပါး၏ ဝင်္ကပါ ဖန်တီးထားသော ကောင်းကင်အမိုးခုံးဆီသို့ ပျံသန်းလာကြသည်။
ချက်ချင်းဆိုသလိုပင် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ အဆုံးမရှိသော သွေးအလင်းရောင် ပေါ်ထွက်လာသည်။
“လူငယ်လေး၊ မင်းက ငါ့ကို မတားနိုင်ပါဘူး”
သွေးမြစ်အင်မော်တယ်ဘုရင်က ရယ်လိုက်ပြီး ပျက်စီးသွားသော လှေကားထက်တွင်ရပ်နေသည့် ဟန်ချီကို ကြည့်သည်။
“မဟာဝင်္ကပါက ပျက်စီးတော့မယ်။ ငါက လွတ်မြောက်သွားမှာပဲ”
သွေးမြစ်အင်မော်တယ်ဘုရင်က အဝေးတစ်နေရာတွင်ရှိသော တောင်ထွတ်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် ရှန့်လင်းရွှမ်း တိုက်ခိုက်နေသည်။
“အဲဒီကလေးကိုလည်း ရပ်တန့်ဖို့ ပြောလိုက်တော့။ မင်းတို့တွေ ဒီနေ့စကပြီး ငါ့နောက်ကို လိုက်သင့်တယ်”
သူက ရွှေမီးတောက်ကို လောဘများနှင့် ကြည့်သည်။
“ဖီးနစ်သွေးမျိုးဆက်က အရသာကောင်းမှာပဲ”
“ဝီ”
ဟန်ချီ၏ဓားမော့က သူ့ကို တုံ့ပြန်လိုက်သည်။
သွေးမြစ်အင်မော်တယ်ဘုရင်က တိုက်ခိုက်မှုကို ရင်မဆိုင်ပဲ ပျောက်ကွယ်သွားသည်။
ဓားမော့သည် ခန်းဆောင်၏ အကြွင်းအကျန်ကို ပျက်စီးသွားစေသည်။
ခန်းဆောင်ထဲတွင် ဝင်္ကပါပြားဖြင့် ထောက်ပံ့ထားသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါသာ ကျန်တော့သည်။ သို့သော် ဓားချက်ကြောင့် ဝင်္ကပါပြားက လွင့်ထွက်သွားသည်။
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ ပျက်စီးသွားသောကြောင့် အင်အားစုအမျိုးမျိုး၏ စစ်တပ်များသည် လေဟာနယ်ထဲတွင် လမ်းပျောက်သွားလိမ့်မည်။ သူတို့က နှစ်ပေါင်းများစွာကြာသည်အထိ ပြန်လာနိုင်မည်မဟုတ်ပေ။
ဓားချက်သည် ကောင်းကင်အထိ ဆက်ရောက်သွားပြီး တိုက်ခိုက်နေသော အင်မော်တယ်သခင်များက ရှောင်တိမ်းလိုက်ရသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ စွမ်းအားသည် သင်္ချိုင်းအင်မော်တယ်မြို့ကို စောင့်ကြပ်ရန် လုံလောက်သည်။
ထိုစွမ်းအားမျိုးကို မည်သူက ရင်ဆိုင်ရဲမည်နည်း။
ဟန်ချီက သွေးမြစ်အင်မော်တယ်ဘုရင်၏နောက်သို့ လိုက်သွားသည်။
ဓားမော့၏အလင်းသည် ပြန့်ကျဲနေပြီး ပတ်ဝန်းကျင်တွင်ရှိသော တောင်တန်း၏ ကျောက်ဆောင်များကို ပြိုကျလာစေသည်။
ကောင်းကင်ထက်တွင် တိုက်ခိုက်နေသော အင်မော်တယ်သခင်များက ရှောင်တိမ်းလိုက်ရသည်။
“အဲဒါက ဘာလဲ။ ကမ္ဘာဦးရုပ်သေးရုပ်လား”
လူတစ်ယောက်က ရေရွတ်သည်။
ကမ္ဘာဦးရုပ်သေးရုပ်သည် အရာအားလုံးကို လွှမ်းမိုးရန် လုံလောက်စွာ သန်မာသည်။
“ဘုန်း”
ရွှေမြားတစ်စင်းသည် နတ်ဘုရားကလန်၏ အင်မော်တယ်သခင်ကို တိုက်ခိုက်လိုက်သည်။
မြားသည် အလွန်အားကောင်းပြီး လျင်မြန်သောကြောင့် အင်မော်တယ်သခင်က မခုခံနိုင်ခဲ့ပေ။ မျက်တောင်တစ်ခတ်စာအတွင်း၌ ထိုးဖောက်ခံလိုက်ရသည်။
မျက်နှာဖြူဖျော့နေသော အင်မော်တယ်သခင်က တစ်ဖက်တွင်ရှိသော တောင်ထိပ်ကို လှည့်ကြည့်သည်။ လူတိုင်းကလည်း ကြည့်လိုက်ကြသည်။
ထိုနေရာတွင် လေးကိုင်းတစ်ခုကိုင်ထားသော ကမ္ဘာဦးရုပ်သေးရုပ် ရှိနေသည်။ ထိုရုပ်သေးရုပ်က လေးကြိုးကို ထပ်ဆွဲနေသည်။
“အဲဒီရုပ်သေးရုပ်တွေကို အရင်ဆုံးပူးပေါင်းပြီး ဖျက်ဆီးပစ်ရအောင်”
နတ်ဘုရားကလန်၏ စစ်သူကြီးက အော်ဟစ်လိုက်ပြီး လက်ဝါးချက်ဖြင့် ရိုက်ချသည်။
“ဘန်း”
သူ၏ လက်ဝါးချက်က ဟန်ချီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
သို့သော် ဟန်ချီက မလှုပ်ရှားခဲ့ပေ။
ထိုမြင်ကွင်းကြောင့် လူတိုင်းက ထိတ်လန့်သွားသည်။
“သတ်”
ဟန်ချီက လက်မြှောက်ပြီး ဓားမော့ဖြင့် ခုတ်ချသည်။
ထိုနတ်ဘုရားစစ်သူကြီးက ရွေးချယ်စရာမရှိပဲ နောက်ဆုတ်ပေးလိုက်ရသည်။
“ကမ္ဘာဦးရုပ်သေးရုပ်တွေက ဘယ်လိုလုပ်ပြီး အရမ်းသန်မာနေတာလဲ”
အင်မော်တယ်သခင်ပိုင်ကြွယ်က နားမလည်နိုင်ဖြစ်နေသည်။
တခြားနတ်ဘုရားကလန်သားများကလည်း နားမလည်ကြပေ။
သူတို့က ကမ္ဘာဦးရုပ်သေးရုပ်များအကြောင်းကို သိသည်။ မဟူရာချပ်ဝတ်ဂိုဏ်း၏ အသုံးမဝင်ဆုံးအရာ ဖြစ်သည်။
တစ်ကြိမ်အသက်သွင်းရန်အတွက် နတ်စွမ်းအားသလင်းကျောက်တစ်သောင်း ကုန်ကျသည်။
ထိုပစ္စည်းမျိုးကို မည်သူမှ မတတ်နိုင်ကြပေ။
“သတ်၊ သူတို့က အဆုံးထိတိုက်ခိုက်နိုင်မယ်လို့ ငါမယုံဘူး”
အင်မော်တယ်သခင်ထန်စီက အံကြိတ်ထားပြီး အေးစက်စွာ အော်ဟစ်သည်။
နတ်ဘုရားကလန်၏ ကျွမ်းကျင်သူများနှင့် တာအိုဂိုဏ်း၏ ကျွမ်းကျင်သူများက ဟန်ချီထိန်းချုပ်ထားသော ရုပ်သေးရုပ်ဆီသို့ ပြေးဝင်လာကြသည်။
ရုပ်သေးရုပ်၏ ခုခံနိုင်စွမ်းက အလွန်အားကောင်းသော်လည်း လုံလောက်စွာ မလျင်မြန်သေးပေ။
“မြန်မြန်တိုက်ခိုက်ကြ”
ကျန်းကွမ်ယွမ်နှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ရုပ်သေးရုပ်၏ ပခုံးပေါ်သို့ တက်လိုက်ကြသည်။
သူတို့က တိုက်ခိုက်လာသော ကျွမ်းကျင်သူများကို တားဆီးမည်။ ဟန်ချီက ဓားမော့ဖြင့် ပတ်ဝန်းကျင်တွင်ရှိနေသော ကျွမ်းကျင်သူများကို နှောင့်ယှက်မည်။
သူတို့က ရုပ်သေးရုပ်ကို မှီခိုပြီး အရေအတွက်များပြားသော ရန်သူများကို တားဆီးထားနိုင်ခဲ့သည်။
အဝေးတစ်နေရာတွင်ရှိနေသော ရှန့်လင်းရွှမ်းက မြားရှည်များကို မကြာခဏ ပစ်ထုတ်နေသည်။
မြားတံက အလွန်အားကောင်းပြီး အင်မော်တယ်သခင်တစ်ပါးကိုပင် ဒဏ်ရာရစေသည်။
အောက်တွင်ရပ်နေသော သွေးမြစ်အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်သခင်တောက်စစ်၏ မျက်နှာထားက ပြောင်းလဲသွားသည်။
အင်မော်တယ်ကမ္ဘာ၏ လူများက ရန်သူနှစ်ဖွဲ့ကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ယွင်လန်ဓားအင်မော်တယ်၊ ဒါက သူ့ရဲ့ ဝှက်ဖဲပဲ”
အင်မော်တယ်သခင်တောက်စစ်က ညင်သာစွာ ရေရွတ်သည်။
သွေးမြစ်အင်မော်တယ်ဘုရင်က အသက်ရှူသွင်းလိုက်ပြီး အဝေးတစ်နေရာတွင်ရှိသော တောင်ထွတ်ကို ကြည့်သည်။ သူက ရုတ်တရက် ရယ်လိုက်သည်။
“အဲဒီရုပ်သေးရုပ်နှစ်ရုပ်က ဝင်္ကပါရဲ့စွမ်းအားကို အသုံးပြုနေတာပဲ”
သူတို့က ဝင်္ကပါ၏စွမ်းအားကို အသုံးပြုထားသောကြောင့် အလွန်သန်မာလာကြသည်။
သွေးစက်ကျချောက်ကမ်းပါး၏ ဝင်္ကပါစွမ်းအား ဖြစ်သည်။
“ဝင်္ကပါလား”
အင်မော်တယ်သခင်တောက်စစ်က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။
“ဝင်္ကပါက ပျက်စီးလုနီးပါးဖြစ်နေပြီ။ အချိန်အကြာကြီး တောင့်ခံနိုင်မှာမဟုတ်ဘူး”
ကောင်းကင်ထက်တွင် လစုစည်းခြင်းဂိုဏ်း၏ တပည့်များနှင့်အတူ ရပ်နေသော အင်မော်တယ်သခင်စန်းယွမ်က အော်ပြောလိုက်သည်။
“အားလုံးပဲ ရုပ်သေးရုပ်တွေက အချိန်အကြာကြီး တိုက်ခိုက်နိုင်မှာမဟုတ်ဘူး။ သွေးစက်ကျချောက်ကမ်းပါးရဲ့ မဟာဝင်္ကပါက အားကုန်သွားတော့မယ် ....”
သွေးစက်ကျချောက်ကမ်းပါး၏ မဟာဝင်္ကပါက အားကုန်သွားတော့မည်။
အင်မော်တယ်သခင်ဝူချန်နှင့် တခြားလူများ၏မျက်နှာထားက လေးနက်လာပြီး အစွမ်းကုန်တိုက်ခိုက်နေသည်။
ရုပ်သေးရုပ်များမရှိလျှင် သူတို့က ရှင်သန်နိုင်မည်မဟုတ်ပေ။
သွေးစက်ကျချောက်ကမ်းပါး၏ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။ ထိုသို့ဖြင့် တစ်ရက်ကုန်ဆုံးသွားသည်။
ဖူယွီအင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်များက ရုပ်သေးရုပ်များကို မှီခိုထားသောကြောင့် ရှုံးနိမ့်မသွားပဲ ရန်သူများကို ထိခိုက်စေခဲ့သည်။
“မဟာဝင်္ကပါက ပျက်စီးသွားသင့်ပြီမဟုတ်လား”
လူတိုင်းက တီးတိုးပြောနေသည်။
တစ်ခုခု မှားယွင်းနေသည်။
“ဝင်္ကပါကို အသက်သွင်းပေးနေတာ ယွင်လန်ဓားအင်မော်တယ်ပဲ ဖြစ်လိမ့်မယ်”
ကျန်းကွမ်ယွမ်က တောင်ထွတ်ကိုကြည့်လိုက်ပြီး သက်ပြင်းချသည်။
ဟန်မူယဲ့က အလွန်ကြွယ်ဝပြီး အကန့်အသတ်မရှိသော ကံကောင်းခြင်းကို ပိုင်ဆိုင်သည်။ သို့သော် သူက ဤနေရာတွင် ကျဆုံးသွားခဲ့သည်။
ထိုသို့မဟုတ်လျှင် သူက ကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်လိမ့်မည်။
နောက်တစ်ရက် ကုန်ဆုံးသွားသည်။
နှစ်ဖက်လုံးက အပြင်းအထန်တိုက်ခိုက်နေကြသည်။ စစ်မြေပြင်က တောင်ထွတ်အထိ ရောက်လာသည်။
ရုပ်သေးရုပ်နှစ်ရုပ်၏ ပူးပေါင်းမှုကြောင့် နတ်ဘုရားကလန်၏ အင်မော်တယ်သခင်တစ်ယောက် ကျဆုံးသွားခဲ့သည်။
“အင်မော်တယ်သခင်စန်းယွမ်၊ မင်းရဲ့ဝှက်ဖဲက ဘယ်မှာလဲ”
ယွင်လန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်က အံကြိတ်ထားပြီး ပြောလိုက်သည်။
အင်မော်တယ်သခင်စန်းယွမ်က ဝှက်ဖဲကို မသုံးချင်ပေ။
ထိုဝှက်ဖဲကို သုံးလိုက်လျှင် မဟာဝင်္ကပါက ချက်ချင်းပျက်စီးသွားမည်။ သူက ရာချီနေသော သွေးမျိုးဆက်ပုတီးစေ့များကို ရနိုင်လိမ့်မည်။ သို့သော် ယခုအချိန်တွင် သွေးမျိုးဆက်ပုတီးစေ့များ ပေါ်ထွက်လာလျှင် သူက အားလုံးကို ရယူနိုင်မည်မဟုတ်ပေ။
ထိုပုတီးစေ့များက အဖိုးတန်ရတနာဖြစ်ပြီး နတ်ဘုရားကမ္ဘာတွင် အလွန်အသုံးဝင်သည်။
သို့သော် ယခုအချိန်တွင် သူက လှုပ်ရှားရတော့မည်။ ထိုသို့မဟုတ်လျှင် ဆုံးရှုံးမှု ပိုများနေလိမ့်မည်။
အင်မော်တယ်သခင်စန်းယွမ်က ရင်နာနေသော်လည်း ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
သူက လက်မြှောက်ပြီး ရွှေအလင်းကို ထုတ်လွှတ်သည်။ ထို့နောက် အော်ပြောလိုက်သည်။
“လှုပ်ရှားပြီး ဝင်္ကပါကို ဖျက်ဆီးလိုက်တော့”
ထို့နောက် သူက ယွင်လန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ကို လှည့်ကြည့်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ဂိုဏ်းချုပ်၊ စိတ်ချပါ။ ကျွန်တော်က အားလုံးကို လောင်းကြေးထပ်ထားတယ်။ ဝင်္ကပါက ချက်ချင်းပျက်စီးသွားလိမ့်မယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် နတ်ဘုရားကလန်နှင့် တာအိုဂိုဏ်း၏ ကျွမ်းကျင်သူများက ခေါင်းညိတ်လိုက်ကြသည်။
ကမ္ဘာဦးရုပ်သေးရုပ်များ၏ စွမ်းအားသည် မဟာဝင်္ကပါမှ ဖြစ်တည်လာသည်။
ဝင်္ကပါကို ဖျက်ဆီးနိုင်လျှင် ရုပ်သေးရုပ်များက သတ္တုပုံတစ်ခုထက် မပိုတော့ပေ။
အသက်ရှူကြိမ်ဆယ်ခါ ....
အသက်ရှူကြိမ် တစ်ရာ ....
နာရီဝက် ....
လူတိုင်း၏အပြုံးက တောင့်တင်းသွားသည်။
ဝင်္ကပါက အကောင်းအတိုင်း ဆက်ရှိနေသည်။
“မင်းရဲ့ဝှက်ဖဲက ဘယ်မှာလဲ”
ဂိုဏ်းချုပ်က အော်ဟစ်လိုက်သည်။
အင်မော်တယ်သခင်စန်းယွမ်က ဒါဇင်ချီသော ဆက်သွယ်မှုများကို ပြုလုပ်ခဲ့သည်။ သို့သော် တုံ့ပြန်မှုမရှိပေ။