← Chapters

အပိုင်း(၁၀၄၀)

Vol. 75 Ch. 1040

အပိုင်း(၁၀၄၀)

Vol. 75 Ch. 1040

“ယွင်လန်ဓားအင်မော်တယ်ပဲ ဖြစ်လိမ့်မယ်”

အင်မော်တယ်သခင်စန်းယွမ်၏ အငွေ့အသက်က မတည်မငြိမ်ဖြစ်နေပြီး ကြောက်ရွံ့စွာ ပြောသည်။

ဝှက်ဖဲမရှိလျှင် သူ၏ အရေးပါမှုက လျော့ကျသွားလိမ့်မည်။

နတ်ဘုရားကလန်အတွက် သူက စွန့်ပစ်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်သွားမည်။

ယွင်လန်ဓားအင်မော်တယ် ....

ထိုနာမည်ကို ကြားလိုက်ရ‌သောအခါ ရုပ်သေးရုပ်၏ဘေးတွင်ရှိသော ကျန်းကွမ်ယွမ်နှင့် တခြားလူများက တိတ်ဆိတ်သွားကြသည်။

ယွင်လန်ဓားအင်မော်တယ်၏ ဝှက်ဖဲကြောင့်သာမဟုတ်လျှင် သူတို့အားလုံး ရှုံးနိမ့်သွားလိမ့်မည်။

ယွင်လန်ဓားအင်မော်တယ်က ဝင်္ကပါပြားကို ပို့မပေးခဲ့လျှင် သူတို့က ဤနေရာသို့ ‌ရောက်လာနိုင်မည်မဟုတ်ပေ။

သို့သော် အများဆုံး အကျိုးဆောင်ထားသော ယွင်လန်ဓားအင်မော်တယ်က သေဆုံးသွားခဲ့သည်။

“သေစမ်း”

အင်မော်တယ်သခင်ဝမ်လင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လက်ထဲတွင်ရှိသော ဓားဖြင့် ခုတ်ချသည်။

သွေးစက်ကျချောက်ကမ်းပါး၏ ဖိနှိပ်မှုအောက်တွင် ဓားတာအို၏ စွမ်းအားသည် မန္တန်များထက် ပိုမိုသာလွန်သည်။

သို့သော် သူက အဆပေါင်းများစွာ ပိုမိုသန်မာသည့် ရန်သူများကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

“ဘုန်း”

ဓားချက်သည် ခမ်းနားသောအလင်းကို ဖော်ထုတ်ပေးခဲ့သည်။

လူတိုင်းက ကြောင်အသွားသည်။

ဓားတာအို၏စွမ်းအားသည် ပိုမိုသန်မာလာပုံပေါ်သည်။

သို့သော် မန္တန်များက ဖိနှိပ်ခံနေရသည်။

ထို့ကြောင့် နတ်ဘုရားကလန်၏ အင်မော်တယ်သခင်များက ရှေ့တိုးမလာရဲကြပေ။

အောက်တွင် သွေးမြစ်အင်မော်တယ်ဘုရင်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ရုတ်တရက် ပြောသည်။

“အင်မော်တယ်သခင်တောက်စစ်၊ ငါ့ကို ကူညီပါ”

အင်မော်တယ်သခင်တောက်စစ်က အံ့အားသင့်နေပြီး စကားပြော‌တော့မည့်အချိန်တွင် တစ်ကိုယ်လုံး တုန်ခါသွားသည်။

သူ၏ စွမ်းအားများက ထုတ်ယူခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။

သူ့ခေါင်းထက်တွင် ရွှေကြာပန်းတစ်ခု ဖြစ်တည်လာသည်။

“ချီ၊ သွေးနဲ့ ဝိညာဉ်က ရွှေကြာပန်းအဖြစ် စုစည်းသွားတယ်။ ဒါက ကပ်ဘေးရွှေကြာပန်းရဲ့ မူလရင်းမြစ်ပဲ ....”

သွေးမြစ်အင်မော်တယ်ဘုရင်က ညင်သာစွာပြောလိုက်သည်။ သူ့ဘေးတွင်ရှိနေသော အင်မော်တယ်သခင်တောက်စစ်က ပျောက်ကွယ်သွားသည်။ ရွှေကြာပန်းက ပွင့်လန်းလာသည်။

ခဏအကြာတွင် သူက ကောင်းကင်တွင် တိုက်ခိုက်နေသော နတ်ဘုရားကလန်နှင့် တာအိုဂိုဏ်း၏ ကျွမ်းကျင်သူများကို ကြည့်လိုက်သည်။

“အားလုံးပဲ ငါက မင်းတို့နဲ့ပူးပေါင်းရင်ရော ဘယ်လိုလဲ”

‘ပူးပေါင်းမှာလား’

သူတို့က အံ့အားသင့်နေကြသည်။

နတ်ဘုရားကလန်၏ ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အင်မော်တယ်သခင်ပိုင်ကြွယ်က ပြုံးလိုက်ပြီး ပြောသည်။

“အကြီးအကဲက ဒီနေရာကိုစောင့်ကြပ်နေတဲ့ ‌သွေးမြစ်အင်မော်တယ်ဘုရင်မဟုတ်လား”

“အကြီးအကဲက ထွက်ပြေးဖို့ ကြိုးစားနေတာလား”

“အဲဒါဆိုရင်တော့ မကူညီနိုင်လောက်ပါဘူး”

သွေးမြစ်အင်မော်တယ်ဘုရင် လွတ်မြောက်လာလျှင် လူတိုင်းအတွက် အန္တရာယ်ရှိသည်။

သွေးမြစ်အင်မော်တယ်ဘုရင်က ခေါင်းခါလိုက်ပြီး ပြောသည်။

“ငါ့မှာ လွတ်မြောက်အောင်လုပ်ဖို့ နည်းလမ်းရှိတယ်”

“ငါက မင်းတို့အတွက် ဝင်္ကပါရဲ့စွမ်းအားကို အသက်ရှူကြိမ်တစ်ရာလောက် ဖြတ်တောက်ပေးနိုင်တယ်”

“ဒါပေမဲ့ အဲဒီရုပ်သေးရုပ်နှစ်ရုပ်ကို လိုချင်တယ်”

“အသက်ရှူကြိမ်တစ်ရာလား”

အင်မော်တယ်သခင်ပိုင်ကြွယ်က ဖူယွီအင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများကို ကြည့်လိုက်ပြီး ရယ်သည်။

“ကောင်းပြီ”

“သဘောတူတယ်”

သူ့စကားအဆုံးတွင် သွေးမြစ်အင်မော်တယ်ဘုရင်က လက်မြှောက်သည်။ ရွှေကြာပန်းက လေထုထဲတွင် လွင့်မျောနေသည်။

“သွေးမိစ္ဆာကောင်းကင်စွမ်းအင်ချေးယူခြင်းနည်းလမ်း၊ ထာဝရတည်ရှိနေမယ့် မဟာတာအို ....”

“ဖိနှိပ်စမ်း ....”

“ဘုန်း”

အဆုံးမရှိသော သွေးစွမ်းအားသည် ချုပ်နှောင်ခံလိုက်ရသည်။

ကောင်းကင်နှင့်မြေကြီးသည် ကြည်လင်သွားသည်။

နှစ်သောင်းချီအတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ကြည်လင်သော ကောင်းကင်ကို မြင်လိုက်ရသည်။

သွေးအငွေ့အသက်သည် ယာယီဖိနှိပ်ခံလိုက်ရပြီး ဝင်္ကပါစွမ်းအားက ပျောက်ကွယ်သွားပုံပေါ်သည်။

သွေးစက်ကျချောက်ကမ်းပါး၏ အပြင်ဘက်တွင် နတ်ဘုရားကလန်၏ စစ်တပ်များက ပြေးဝင်လာကြသည်။

“အင်မော်တယ်သခင်ထန်စီ၊ ဒီကိုရောက်လာတဲ့ ဓားကျင့်ကြံသူတွေက ချွမ်လင်လေဟာနယ်ရဲ့ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ဖျက်ဆီးသွားတယ်။ နှစ်တစ်ထောင်ကြာတဲ့အထိ ပြန်သွားနိုင်မှာမဟုတ်ဘူး”

စစ်တပ်ကို ဦးဆောင်လာသော နတ်ဘုရားကလန်၏ အင်မော်တယ်သခင်က ပြောသည်။

သိန်းချီသောစစ်တပ်တွင် အင်မော်တယ်သခင်လေးယောက် ရှိသည်။

ထိုစကားများကြောင့် သွေးစက်ကျချောက်ကမ်းပါးတွင်ရှိသော လူတိုင်း၏မျက်နှာထားက ပြောင်းလဲသွားသည်။

ဝင်္ကပါပြားမှတစ်ဆင့် ရောက်လာသော လစုစည်းခြင်းဂိုဏ်း၏ ကျင့်ကြံသူများနှင့် ဖူယွီအင်မော်တယ်ကမ္ဘာကို ကျူးကျော်ချင်သော တခြားလူများ၏ မျက်နှာထားက လေးနက်နေသည်။ ထို့နောက် သူတို့က စိတ်သက်သာသွားသည်။

ကံကောင်းစွာဖြင့် သူတို့က သွေးစက်ကျချောက်ကမ်းပါးကို လွှမ်းမိုးထားနိုင်သည်။ ထိုသို့မဟုတ်လျှင် ဤနေရာတွင် အမှန်တကယ် ပိတ်မိနေလိမ့်မည်။

‘ဒီနေရာကို ကျူးကျော်လာတဲ့ ဓားကျင့်ကြံသူတွေလား’

‘ယွင်လန်ဓားအင်မော်တယ်တို့ မဟုတ်ဘူးလား’

ကျန်းကွမ်ယွမ်နှင့် တခြားလူများက နောင်တရနေကြသည်။

ယွင်လန်ဓားအင်မော်တယ်တို့က ဝင်္ကပါကို ဖျက်ဆီးခဲ့ပြီး နတ်ဘုရားကလန်သားများကို ပိတ်မိနေစေသည်။ အကယ်၍ သူတို့က သွေးစက်ကျချောက်ကမ်းပါးကို ထိန်းချုပ်ထားနိုင်လျှင် နတ်ဘုရားကလန်၏စစ်တပ်ကို ဖျက်ဆီးနိုင်လိမ့်မည်။

သို့သော် ယွင်လန်ဓားအင်မော်တယ်က လျင်မြန်စွာ ကျဆုံးသွားသည်။

“မင်းတို့ ဘာစောင့်နေတာလဲ”

သွေးမြစ်အင်မော်တယ်ဘုရင်က အော်ပြောသည်။

“သတ်”

အင်မော်တယ်သခင်ပိုင်ကြွယ်နှင့် အင်မော်တယ်သခင်ထန်စီက လက်မြှောက်သည်။ နတ်ဘုရားအလင်းတန်းများသည် ရုပ်သေးရုပ်နှစ်ရုပ်အပေါ်သို့ ကျရောက်သွားသည်။

ဝင်္ကပါ၏ထောက်ပံ့မှု ပြတ်တောက်သွားသောကြောင့် ရုပ်သေးရုပ်နှစ်ရုပ်က လွင့်စင်သွားခဲ့သည်။

ကျန်းကွမ်ယွမ်နှင့် တခြားလူများက အကောင်းဆုံးကြိုးစားနေလျှင်ပင် အချိန်တစ်ခုအတွင်း ရှုံးနိမ့်သွားရလိမ့်မည်။

သွေးမြစ်အင်မော်တယ်ဘုရင်က ခပ်ဟဟရယ်လိုက်ပြီး တောင်ထိပ်တွင်ရှိသော ဝင်္ကပါ၏ဗဟိုချက်သို့ ပြေးဝင်လာသည်။

သို့သော် သူက ကြောင်အသွားသည်။

“မင်းပဲ”

သူ့ရှေ့တွင် ဟန်မူယဲ့က အကောင်းအတိုင်း မတ်တပ်ရပ်နေသည်။

“အကြီးအကဲ၊ ကျွန်တော်က နဂါးမိကျောင်းရဲ့အရှိန်အဝါကြောင့် ဝါးမြိုခံလိုက်ရတယ်လို့ ထင်နေတာလား”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

သူက အရှိန်အဝါကို မထုတ်လွှတ်ပဲ တည်ငြိမ်အေးဆေးစွာ ရှိနေသည်။

သွေးမြစ်အင်မော်တယ်ဘုရင်က သူ့ကိုကြည့်လိုက်ပြီး ရယ်သည်။

“ဟားဟား၊ ကောင်းတယ်။ မင်းက ထူးခြားတဲ့ကံကောင်းခြင်းနဲ့ လူတစ်ယောက်ပဲ။ မင်းက ရှေးခေတ်မိစ္ဆာကြီးကိုတောင် တားဆီးနိုင်တယ်”

“အခု ငါ့နောက်ကို လိုက်လို့ရပြီ”

သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ရွှေအလင်းဖြင့် ဟန်မူယဲ့ကို လွှမ်းခြုံသည်။

ထို့နောက် ဟန်မူယဲ့၏ ခေါင်းပေါ်တွင် ရွှေကြာပန်းတစ်ခု ပေါ်ထွက်လာသည်။

ရွှေကြာပန်းက တောက်ပနေပြီး သွေးမြစ်အင်မော်တယ်ဘုရင်ဆီသို့ ပျံသန်းသွားသည်။

သို့သော် သုံးပေအကွာတွင် ရွှေကြာပန်းက ရပ်တန့်နေပြီး ရှေ့ဆက်မသွားတော့ပေ။

သွေးမြစ်အင်မော်တယ်ဘုရင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

“မင်း၊ ဒီကပ်ဘေးရွှေကြာပန်းက ....”

သူက ရွှေကြာပန်းကို မထိန်းချုပ်နိုင်တော့ပေ။

‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

သူ့ရှေ့တွင်ရှိသော လူငယ်ကို ရွှေကြာပန်းအသုံးပြုပြီး ကျင့်ကြံဆင့် တိုးမြှင့်ပေးခဲ့သည်။

“အကြီးအကဲ၊ ကျွန်တော်က ရွှေကြာပန်းကိုအားကိုးပြီး ရွှေအင်မော်တယ်အဆင့်ကို ရောက်လာတဲ့အတွက် ရွှေကြာပန်းက ကျွန်တော့်ကျင့်ကြံဆင့်ကို ထိန်းချုပ်ထားမယ်လို့ ထင်နေတာလား”

ဟန်မူယဲ့က သွေးမြစ်အင်မော်တယ်ဘုရင်ကို ပေါ့ပါးစွာ ကြည့်သည်။

“ရွှေကြာပန်းထဲမှာ ချန်ထားခဲ့တဲ့ စွမ်းအင်က ကျွန်တော့်ဝိညာဉ်ကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေတာလား”

ဟန်မူယဲ့၏ ခေါင်းပေါ်တွင် အစိမ်းရောင်ဓားတစ်လက် ပေါ်လာသည်။

မူလဝိညာဉ်ဓား ....

ထိုဓားကို မြင်လိုက်ရသောအခါတွင် သွေးမြစ်အင်မော်တယ်ဘုရင်က အံ့အားသင့်သွားပြန်သည်။

“မူလဝိညာဉ်ဓားကို ဖန်တီးနိုင်တဲ့လူက အစစ်အမှန် ဓားအင်မော်တယ်ပဲ”

“ဒီလောကမှာ မင်းလိုမျိုး ပြတ်သားတဲ့လူတွေ သိပ်မရှိဘူး”

သူက နှာမှုတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ကောင်လေး၊ ငါက မင်းကို တကယ်လေးစားတယ်။ အခုအချိန်ကစပြီး ငါ့နောက်ကို လိုက်ခဲ့ပါ”

ဟန်မူယဲ့က သူ့ကိုကြည့်လိုက်ပြီး ရယ်သည်။

“ဘုန်း”

ဝင်္ကပါဗဟိုချက်၏အပြင်ဘက်တွင် ဟိန်းဟောက်သံ ပေါ်ထွက်လာသည်။

“အညံ့ခံလိုက်ရင် ငါက မင်းကို ကူညီပေးနိုင်တယ်”

သူက ဟန်မူယဲ့၏နောက်သို့ ကြည့်နေသည်။

ထိုနေရာတွင် ဝင်္ကပါဗဟိုချက် ရှိသည်။

သူက ထိုနေရာကို ထိန်းချုပ်ထားလျှင် ဝင်္ကပါတစ်ခုလုံးကို ထိန်းချုပ်နိုင်လိမ့်မည်။

ထိုအချိန်တွင် ဝင်္ကပါ၏ချုပ်နှောင်မှုမှ လွတ်မြောက်ပြီး အင်မော်တယ်ဘုရင်တစ်ပါး၏ တိုက်ခိုက်နိုင်စွမ်းကို ပြန်လည်ပိုင်ဆိုင်လိမ့်မည်။

“အကြီးအကဲ၊ စိုးရိမ်နေစရာမလိုပါဘူး”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး လက်မြှောက်သည်။

သူ့နောက်တွင်ရှိသော ဝင်္ကပါဗဟိုချက်သည် ရွှေအလင်းဖြင့် တောက်ပလာသည်။

အဆုံးမရှိသော သွေးအလင်းများ ပေါ်ထွက်လာသည်။

ချက်ချင်းဆိုသလိုပင် လောကတစ်ခုလုံးသည် သွေးအငွေ့အသက်ဖြင့် ပြည့်နှက်သွားပြန်သည်။

သွေးအငွေ့အသက်သည် လူတိုင်းကို လွှမ်းခြုံသွားသည်။

ထိုအငွေ့အသက်သည် ယခင်ထက် အဆပေါင်းတစ်ထောင်ခန့် ပိုမိုသန်မာလာသည်။

နတ်ဘုရားကလန်၏ စစ်သည်များက ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ပဲ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်။

ပေါင်ထောင်ချီလေးသော ဖိအားကြောင့် သူတို့၏ခန္ဓာကိုယ်က ပျက်စီးသွားသည်။

ထိုအရာသည် မဟာဝင်္ကပါ၏စွမ်းအား ဖြစ်သည်။

“သွေးမြစ်အင်မော်တယ်ဘုရင်၊ ခင်ဗျားက လှည့်စားနေတာပဲ”

အင်မော်တယ်သခင်ပိုင်ကြွယ်က နောက်ဆုတ်ပြီး အံကြိတ်လျက် အော်ပြောသည်။

သူတို့က အသက်ရှူကြိမ်တစ်ရာဟု သဘောတူထားသော်လည်း အသက်ရှူကြိမ်သုံးဆယ်အတွင်း၌ ဝင်္ကပါက ပြန်လည်ဖြစ်တည်လာသည်။

ထို့အပြင် ယခင်ထက် ပိုမိုအားကောင်းလာသည်။

အင်မော်တယ်သခင်ဖြစ်နေသော သူတို့ကလည်း ဖိနှိပ်ခံလိုက်ရသည်။

“ရွှပ်”

ရွှေရောင်မြားတစ်စင်းက အင်မော်တယ်သခင်ပိုင်ကြွယ်ဆီသို့ ရောက်လာသည်။

တောက်ပနေသော မြား၏စွမ်းအားသည် ဝင်္ကပါ၏ ဖိနှိပ်မှုကို မခံစားရပေ။

ဝင်္ကပါကြောင့် ပိုမိုအားကောင်းလာသည်။

“ဘုန်း”

မြားချက်ကြောင့် အင်မော်တယ်သခင်ပိုင်ကြွယ်က လွင့်ထွက်သွားသည်။

ထိုမြား၏နောက်တွင် ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲနိုင်သော ဓားမော့တစ်လက် ပါလာသည်။

ဓားမော့သည် ရေပြင်ညီအတိုင်း ခုတ်ချလိုက်ပြီး နတ်ဘုရားကလန်၏ မရေမတွက်နိုင်သော စစ်သည်များကို လွင့်ထွက်သွားစေသည်။

သွေးစက်ကျ‌ချောက်ကမ်းပါးတွင် ရုပ်သေးရုပ်နှစ်ရုပ်က သတ်ဖြတ်နေခဲ့သည်။

“မင်းက ဝင်္ကပါကို ထိန်းချုပ်လိုက်တာလား”

သွေးမြစ်အင်မော်တယ်ဘုရင်က မျက်မှောင်ကြုတ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။

သူက လက်‌မြှောက်ပြီး ဟန်မူယဲ့၏ပခုံးကို ဆုပ်ကိုင်သည်။

ဟန်မူယဲ့၏ပုံရိပ်က လှုပ်ရှားသွားသော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။

သွေးမြစ်အင်မော်တယ်ဘုရင်က ဟန်မူယဲ့၏ပခုံးကို ဆုပ်ကိုင်ထားပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ကောင်လေး၊ စည်းမျဉ်းရဲ့ရှေ့မှာ အရာအားလုံးက အသုံးမဝင်ဘူး။ မင်းက အဲဒါကို နားလည်သင့်တယ်”

“ဒီလောကမှာ စည်းမျဉ်းကပဲ စည်းမျဉ်းကို ဖိနှိပ်နိုင်တယ်”

သွေးမြစ်အင်မော်တယ်ဘုရင်က ကျေနပ်စွာရယ်လိုက်ပြီး အစိမ်းရောင်အလင်းကို ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းသည်။

သို့သော် သူက ကြောင်အသွားသည်။

ဖိနှိပ်ခံထားရသော ဟန်မူယဲ့က ဖြည်းဖြည်းချင်း ခေါင်းမော့သည်။ အဖြူအနက်အလင်းသည် သူ့မျက်လုံးထဲတွင် လှည့်ပတ်နေသည်။

All Chapters