← Chapters

အပိုင်း(၁၀၄၂)

Vol. 75 Ch. 1042

အပိုင်း(၁၀၄၂)

Vol. 75 Ch. 1042

ဂိုဏ်းများက တာအိုဂိုဏ်း၏ နယ်မြေကို ခွဲယူလိုက်သော်လည်း အကျိုးအမြတ်ကို အပြည့်အဝ မခံစားနိုင်ကြပေ။

အင်အားစုအသီးသီး၏ ကျွမ်းကျင်သူများက ပွင့်လင်းစွာ မတိုက်ခိုက်သော်လည်း မျိုးဆက်သစ်တပည့်များက ဆက်တိုက် တိုက်ခိုက်နေကြသည်။

ထိုအရာသည် တပည့်များကို လေ့ကျင့်ပေး‌သော နည်းလမ်းတစ်ခု ဖြစ်သည်။ အင်အားစုများသည် ရွှေအင်မော်တယ်များကို မလှုပ်ရှားစေသော်လည်း ရွှေအင်မော်တယ်အဆင့်အောက်တွင်ရှိသော ကျင့်ကြံသူများက တိုက်ခိုက်နေကြသည်။

နှစ်တစ်ရာအတွင်း၌ ဖူယွီအင်မော်တယ်ကမ္ဘာသည် လက်ရွေးစင်လူငယ်များကို မွေးထုတ်ပေးခဲ့သည်။

အင်အားစုကြီးများ၏ အစီအစဉ်အရ ထိုလူများသည် နှစ်တစ်ရာအကြာတွင် ကျင်းပမည့် လက်ရွေးစင်စည်းဝေးပွဲတွင် ပါဝင်လိမ့်မည်။

ဖူယွီအင်မော်တယ်ကမ္ဘာ၏ မျိုးဆက်သစ်များကြားတွင် လွှမ်းမိုးနိုင်စွမ်းရှိသော လူများကို ယွင်လန်အင်မော်တယ်စာရင်းတွင် ကြည့်နိုင်သည်။

ယွင်လန်မြို့သခင် ယွင်လန်ဓားအင်မော်တယ်က ဂိုဏ်းအသီးသီး၏ လူငယ်များကို အားပေးရန်အတွက် ယွင်လန်အင်မော်တယ်စာရင်းကို ပြုလုပ်ခဲ့သည်။ ကောင်းကင်အင်မော်တယ်အဆင့်နှင့် ရွှေအင်မော်တယ်အဆင့်အတွက် စာရင်းနှစ်ခု ခွဲထားသည်။

ရွှေအင်မော်တယ်စာရင်းတွင် ပါဝင်သောလူများက နာမည်ကြီးကျွမ်းကျင်သူများ ဖြစ်ကြသည်။

ကောင်းကင်အင်မော်တယ်စာရင်းသည် မကြာခဏ ပြောင်းလဲနေတတ်သည်။

အင်မော်တယ်စာရင်းတွင် ပါဝင်သောလူများက ယွင်လန်မြို့၏ ရတနာတစ်ခုကို ရရှိနိုင်သည်။

အင်မော်တယ်စာရင်းတွင် ဆယ်နှစ်ကြာအောင် နေနိုင်လျှင် ယွင်လန်မြို့မှတစ်ဆင့် အင်မော်တယ်ကမ္ဘာ၏ အပြင်ဘက်တွင် တိုက်ခိုက်ပြီး လေ့ကျင့်နိုင်သည်။ ရတနာတစ်ခုကိုလည်း ရရှိလိမ့်မည်။

ယွင်လန်ဓားအင်မော်တယ်က ဖူယွီအင်မော်တယ်ကမ္ဘာတွင် အချမ်းသာဆုံးလူ ဖြစ်သောကြောင့် ရတနာများနှင့်ပတ်သတ်ပြီး အမြဲရက်ရောသည်။

ရွှေအင်မော်တယ်စာရင်း၏ နံပတ်တစ် သွေးစစ်ပွဲဂိုဏ်း၏ ကျောက်ယွီက သင်္ချိုင်းအင်မော်တယ်မြို့တွင် အင်မော်တယ်ရတနာလှံတစ်စင်းကို လဲလှယ်ခဲ့ပြီး တိုက်ခိုက်နိုင်စွမ်း နှစ်ဆတိုးလာသည်ဟု ပြောကြသည်။

ကောင်းကင်အင်မော်တယ်စာရင်းတွင် ဓားဂိုဏ်း၏ တပည့်များနှင့် သင်္ချိုင်းအင်မော်တယ်မြို့နှင့် နီးစပ်သော လူများက နာမည်ကြီးကြသည်။

ထိုလူများထဲတွင် ယွင်လန်ဓားအင်မော်တယ်၏ မွေးစားသမီး၊ ရွှေမီးတောက်မိစ္ဆာဘုရင်၏အစ်မ ဟွမ်ကျစ်ဟူက နံပတ်တစ်နေရာတွင် ခိုင်မာစွာ ရှိနေသည်။

ရွှေမီးတောက်မိစ္ဆာဘုရင်၏ စကားအရ ဟွမ်ကျစ်ဟူကို စိန်ခေါ်ခြင်းသည် သူ့ကို စိန်ခေါ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်တွင် ဟွမ်ကျစ်ဟူက လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ခါစဖြစ်ပြီး စိန်ခေါ်ပွဲတွင် ရှုံးနိမ့်လုနီးပါး ဖြစ်သွားခဲ့သည်။

ထို့နောက် သွေးစက်ကျချောက်ကမ်းပါးကို စောင့်ကြပ်နေသော ကောင်းကင်အင်မော်တယ်စာရင်း၏ နံပတ်နှစ် ဟန်ချီနှင့် နံပတ်သုံး ရှန့်လင်းရွှမ်းတို့က ဖူယွီအင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်လာပြီး ကောင်းကင်စာရင်းနှစ်ခုလုံးကို လွှမ်းမိုးခဲ့သည်။

ထိုအချိန်မှစ၍ ဟွမ်ကျစ်ဟူကို စိန်ခေါ်ချင်သောလူများက ဟန်ချီနှင့် ရှန့်လင်းရွှမ်းက အရင်စိန်ခေါ်ရန် လိုအပ်လာသည်။

မည်သူက ထိုသို့ လုပ်နိုင်မည်နည်း။

နွယ်ပင်လီယွင်ကန်း၏ ပြောစကားအရ ဟန်ချီနှင့် ရှန့်လင်းရွှမ်းတို့သည် သွေးစက်ကျချောက်ကမ်းပါးတွင် အင်မော်တယ်သခင်များကိုပင် သတ်ဖြတ်ဖူးကြသည်။

ကောင်းကင်အင်မော်တယ်စာရင်း၏ ထိပ်ဆုံးသုံးနေရာကို မပြောင်းလဲနိုင်သော်လည်း တခြားနေရာများကို ပြောင်းလဲနိုင်သည်။

တောင်တန်းဓားဟု လူသိများသော ဓားဂိုဏ်း၏ ကျန်းထျန်းခန်းဆောင်မှ ကျန့်ယွမ်ကျိသည် ကောင်းကင်အင်မော်တယ်စာရင်း၏ နံပတ်တစ်ဆယ်တွင် ရှိနေသည်။

သွေးစစ်ပွဲဂိုဏ်းမှ လက်ရွေးစင်နှစ်ယောက်သည် သူ့အပေါ်တွင် ရှိသည်။

ထိပ်ဆုံးဆယ်ယောက်ထဲတွင် အသင်္ချေအင်မော်တယ်အလံကို ကိုင်ဆောင်ထားသော တာအိုဂိုဏ်းမှ အင်မော်တယ်သခင်ဝမ်ကျန်း၏တပည့် တာအိုတန်ခိုးရှင်ချန်ဟယ်တစ်ယောက်လည်း ရှိသည်။

ကျန်ရှိနေသော လူများထဲတွင် ကောင်းကင်အလင်းဂိုဏ်း၏ ကောင်းကင်မိစ္ဆာကျူးယွဲ့၊ သံမဏိချပ်ဝတ်ဂိုဏ်း၏ လေပြင်းနှင့်မိုးကြိုး သူတော်စင်များသည်လည်း ထိပ်ဆုံးဆယ်ယောက်ထဲတွင် ပါဝင်ကြသည်။

လက်ရွေးစင်စည်းဝေးပွဲမတိုင်ခင် နှစ်ပေါင်းတစ်ရာခန့် လိုသေးသည်။ ဂိုဏ်းအသီးသီး၏ တပည့်များအားလုံးက ခွန်အားတိုးမြှင့်ရန် အစွမ်းကုန်ကြိုးစားနေကြသည်။

သင်္ချိုင်းအင်မော်တယ်မြို့တွင် ယွင်သွမ့်နှင့် ဟွမ်ကျစ်ဟူက ကျောက်ချန်ကို တားဆီးလိုက်သည်။

ကျောက်ချန်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ခါးသီးသောမျက်နှာထားဖြင့် ပြောသည်။

“သခင်မလေးတို့၊ ငါက အစ်ကိုကြီးဘယ်သွားတာလဲ တကယ်မသိဘူး”

သူက သင်္ချိုင်းအင်မော်တယ်မြို့၏ အဓိကခန်းဆောင်ကို ညွှန်ပြလိုက်ပြီး တီးတိုးပြောသည်။

“သခင်နွယ်စိမ်းကို သွားမေးကြည့်ပါ့လား”

သို့သော် သူက ထိုသို့ပြောလေ သူ့ရှေ့တွင်ရှိသော မိန်းကလေးနှစ်ယောက် ပိုမယုံလေ ဖြစ်နေသည်။

ဟွမ်ကျစ်ဟူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဓားရိုးပေါ်တွင် လက်တင်သည်။

သူမ၏နောက်တွင် ယွင်သွမ့်က ချောင်းဟန့်လိုက်သည်။

ဟွမ်ကျစ်ဟူ၏ တင်းမာသောမျက်နှာထားက ပြေလျော့သွားပြီး အပြုံးတစ်ခုကို ညှစ်ထုတ်သည်။

“ဦးလေးကျော် .... သမီးက ....”

ကျောက်ချန်က တုန်ခါသွားသည်။

“မလုပ်နဲ့။ မင်းတို့က အစ်ကိုကြီးသွားတဲ့နေရာကို တကယ်မလိုက်နိုင်ဘူး”

သူက ထွက်သွားရန်ပြင်လိုက်သော်လည်း ယွင်သွမ့်က သူ့လက်ကို ဆွဲထားလိုက်သည်။

“ဦးလေးကျောက် ....”

ယွင်သွမ့်၏အပြုံးက ပိုမိုနက်ရှိုင်းလာသည်။

ကျောက်ချန်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး လက်မြှောက်၍ နဖူးကိုရိုက်သည်။

“အစ်ကိုကြီးက ကမ္ဘာတွေအားလုံးရဲ့ တားမြစ်နယ်မြေဖြစ်တဲ့ ကောင်းကင်တစ်‌သောင်းချောက်နက်ကို သွားမလို့ ပြင်နေတာ”

“အင်မော်တယ်သခင်အဆင့်အောက်မှာ ရှိနေတဲ့လူတွေက အဲဒီနေရာကို မသွားနိုင်ဘူး”

‘ကောင်းကင်တစ်သောင်းချောက်နက်လား’

ယွင်သွမ့်နှင့် ဟွမ်ကျစ်ဟူက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ဟမ့်၊ ဦးလေးကျောက်က လိမ်ပြောနေတာပဲ။ ကျွန်မတို့က ဘာဖြစ်လို့ မသွားနိုင်ရမှာလဲ”

ယွင်သွမ့်က နှာမှုတ်သည်။

“ဟုတ်တယ်။ မွေးစားအဖေက အံ့ဖွယ်ကိုးပါးဓားစံအိမ်ကိုလည်း ယူသွားတယ်။ ဓားစံအိမ်ထဲမှာရှိတဲ့ ဆိုင်ရှင်ပိုင်နဲ့ တခြားလူတွေက ကောင်းကင်အင်မော်တယ်အဆင့်မှာပဲ ရှိသေးတာ”

ဟွမ်ကျစ်ဟူက တီးတိုးပြောသည်။

မွေးစားအဖေက အံ့ဖွယ်ကိုးပါးဓားစံအိမ်ကို ယူမသွားလျှင် ဟွမ်ကျစ်ဟူက တခြားအ‌တွေး ရှိလာမည်မဟုတ်ပေ။

“အစ်ကိုကြီးက သူတို့ကို ကာကွယ်ပေးနေလို့လေ။ အစ်ကိုကြီးက ဘယ်သူမလို့လဲ”

ကျောက်ချန်က ခေါင်းမော့လိုက်ပြီး ဂုဏ်ယူစွာပြောသည်။

သို့သော် သူက ထိုသို့ပြောလိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။

“မင်းတို့၊ မင်းတို့က အဲဒီကို သွားချင်တာလား”

သူက ဟွမ်ကျစ်ဟူနှင့် ယွင်သွမ့်၏မျက်နှာထားကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“မင်းတို့ အဲဒီကိုသွားချင်ရင် အကူအညီခေါ်သွားရမယ်”

ရွှေမီးတောက်မိစ္ဆာဘုရင် ....

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ် ....

ရွှေမီးတောက်က ကောင်းကင်တစ်သောင်းချောက်နက်ကို သွားရန်အတွက် ဟွမ်ကျစ်ဟူ၏ ခေါ်ဆိုမှုကို မငြင်းခဲ့ပေ။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို အကူအညီတောင်းရန် အနည်းငယ် ခက်ခဲသည်။ နောက်ဆုံးတွင် ယွင်သွမ့်က ရှုဝေကို တောင်းပန်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို ဆင့်ခေါ်ခဲ့သည်။

“မွေးစားအဖေက အပြင်ထွက်သွားတဲ့အချိန်တိုင်းမှာ ကျင့်ကြံဆင့်တိုးတက်မလာရင် ရတနာတွေ ရလာလိမ့်မယ်”

သင်္ဘောပျံပေါ်တွင် ဟွမ်ကျစ်ဟူက တီးတိုးပြောသည်။

တင်ပျဉ်ခွေထိုင်နေသော ရွှေမီးတောက်က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်သည်။

တစ်ဖက်တွင်ထိုင်နေသော ယွင်သွမ့်ကလည်း ထောက်ခံလိုက်သည်။

ကျောက်ချန်ကတော့ ပတ်ဝန်းကျင်ကို သတိထားပြီး ကြည့်နေသည်။

သူက နောက်ဆုံးအချိန်တွင် ကပ်ပါလာခဲ့သည်။

သူက အကြီးအကဲတစ်ယောက်အနေဖြင့် ဟွမ်ကျစ်ဟူနှင့် တခြားမျိုးဆက်သစ်များကို စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု ပြောခဲ့သည်။

သို့သော် သူ၏ ကျင့်ကြံဆင့်က ဟွမ်ကျစ်ဟူနှင့် မယှဉ်နိုင်ပေ။

သင်္ဘောပျံပေါ်တွင် တိတ်ဆိတ်နေသောလူက အနက်ရောင်ရုပ်သေးရုပ်သာ ဖြစ်သည်။

ယခုအချိန်တွင် သင်္ချိုင်းအင်မော်တယ်မြို့က ငြိမ်းချမ်းနေပြီး ရုပ်သေးရုပ်က လှုပ်ရှားရန် မလိုတော့ပေ။

ကောင်းကင်ပြောင်းလဲခြင်းစံအိမ်ကို အသုံးပြု၍ ရရှိလာသော အကျိုးအမြတ်များသည် သင်္ချိုင်းအင်မော်တယ်မြို့၏ ခုခံမှုကို လုံလောက်စွာ ထောက်ပံ့ပေးနိုင်သည်။

ထိုအချိန်၌ တခြားသင်္ဘောပျံတစ်စင်းတွင်ရှိနေသော ယွင်ကျင်းက ဟန်မူယဲ့ကို စိုးရိမ်စွာ ကြည့်နေသည်။

“အစ်ကိုဟန်၊ ယွင်သွမ့်နဲ့ တခြားလူတွေ အဆင်ပြေပါ့မလား”

မူဝမ်ကလည်း ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ဟန်မူယဲ့၏ ကျင့်ကြံဆင့်ဖြင့် နောက်မှလိုက်လာသော ဟွမ်ကျစ်ဟူနှင့် တခြားလူများကို သိနိုင်သည်။

“ကောင်းကင်တစ်သောင်းချောက်နက်က အန္တရာယ်များတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခွန်အားက လုံလောက်ပါတယ်။ ကျောက်ချန်မှာ ရတနာတွေအများကြီးရှိတယ်”

အလင်းလွှာတွင် ဟွမ်ကျစ်ဟူ၏သင်္ဘောပျံကို ပြသနေသည်။

“စိတ်မပူပါနဲ့။ ရွှေမီးတောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း အင်မော်တယ်သခင်အဆင့်ကို ရောက်နေပြီ”

“နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်လည်း ရှိတယ်”

ထိုရုပ်သေးရုပ်က အင်မော်တယ်သခင်များကို ဖိနှိပ်နိုင်သည်။

ထို့အပြင် ဟန်မူယဲ့နှင့် တိုက်ရိုက်ဆက်သွယ်နိုင်သည်။

တစ်နည်းပြောရလျှင် ယခုအချိန်တွင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ဟန်မူယဲ့၏ကိုယ်ပွားနှင့် ဆင်တူသည်။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်၏ ကောင်းကင်တိုင်းတာခြင်းပေတံကို ရှာဖွေရန်အတွက် ကောင်းကင်တစ်သောင်းချောက်နက်သို့ ထွက်လာခဲ့သည်။

အင်မော်တယ်သခင်ကျန်းယန်က ကောင်းကင်တိုင်းတာခြင်းပေတံကို ကောင်းကင်တစ်သောင်းချောက်နက်တွင် ဖွက်ထားခဲ့သည်။

ထိုရတနာသည် လောက၏အတားအဆီကို ချိုးဖျက်နိုင်သည်။

အစပိုင်းတွင် ဟန်မူယဲ့က ကောင်းကင်အလင်းဂိုဏ်း၏ လျှို့ဝှက်နယ်မြေသို့သွားရန် စီစဉ်ခဲ့သည်။

သို့သော် လျှို့ဝှက်နယ်မြေက ချိပ်ပိတ်ခံထားရပြီး ကောင်းကင်အလင်းဂိုဏ်း၏ လူများပင် အလိုရှိတိုင်း မဝင်ရောက်နိုင်ပေ။ လျှို့ဝှက်နယ်မြေကိုဖွင့်ရန်အတွက် နှစ်တစ်ထောင် ကြာမြင့်လိမ့်မည်။

ထို့ကြောင့် အတားအဆီးကို ချိုးဖျက်နိုင်သော ရတနာတစ်ခု လိုအပ်သည်။

ဟန်မူယဲ့က ကောင်းကင်တိုင်းတာခြင်းပေတံကို တွေးမိသွားသည်။ ထိုပေတံနှင့်ဆိုလျှင် ကောင်းကင်အလင်းဂိုဏ်း၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ပြီး ‌ခွေသားရဲနှင့် ဆုံတွေ့နိုင်မည်။

“ကျစ်ဟူနဲ့ တခြားလူတွေကို ပစ်မှတ်ထားနေတာပဲ”

မူဝမ်က စိုးရီမ်စွာ ပြောလိုက်သည်။

အလင်းလွှာတွင် ဟွမ်ကျစ်ဟူတို့၏ သင်္ဘောပျံရှေ့၌ တခြားသင်္ဘောပျံများ ဆင်းသက်လာကြသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

သို့သော် သူက မလှုပ်ရှားပေ။

ထိုသင်္ဘောပျံပေါ်တွင်ရှိသော ကျင့်ကြံသူများက မသန်မာပေ။ ဟွမ်ကျစ်ဟူတို့က ရင်ဆိုင်နိုင်လိမ့်မည်။

“ဘုန်း”

ဓားပျံတစ်လက် ပေါ်ထွက်လာပြီး ဟွမ်ကျစ်ဟူတို့၏သင်္ဘောကို တားဆီးသည်။

ဟွမ်ကျစ်ဟူ၊ ယွင်သွမ့်နှင့် တခြားလူများက ပျံသန်းထွက်လာကြသည်။ သူတို့က လမ်းပိတ်ထားသော သင်္ဘောပျံကို ကြည့်သည်။

သင်္ဘောပျံပေါ်တွင် အင်မော်တယ်ကျင့်ကြံသူများ ရှိနေကြသည်။

ရှေ့ဆုံးတွင်ရှိနေသော လူတချို့၏အရှိန်အဝါက သိပ်သည်းနေသည်။

“တာအိုရောင်းရင်းတို့၊ ကံကြမ္မာကြောင့် ငါတို့က ဆုံတွေ့ခဲ့ရတယ်။ ပစ္စည်းကောင်းတွေရှိရင် ငါတို့နဲ့ ဝေမျှလိုက်ပါ”

ကုန်းပတ်ပေါ်တွင် အစိမ်းရောင်ချပ်ဝတ်နှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

သူ့ဘေးတွင် ကျောက်စိမ်းသရဖူနှင့် လူငယ်လေးတစ်ယောက် ရှိနေသည်။ သူက ဝတ်စုံရှည်နှင့်ယွင်သွမ့်ကိုကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။

“တတိယဦးလေးပြောတာ မှန်တယ်။ ငါတို့က ကံကြမ္မာကြောင့် ဆုံတွေ့ရတာပဲ”

လူငယ်က လက်မြှောက်ပြီး ပြောသည်။

“ငါက လုယန်အင်မော်တယ်တိုင်းပြည်နဲ့ ကျောက်ယန်အင်မော်တယ်ကမ္ဘာက မှူးမတ်ယွဲ့ရဲ့ အမွေဆက်ခံသူ စွန်းကျိပဲ”

သူက ပြုံးလိုက်ပြီး ထူးခြားသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သို့သော် သူက ကောင်းကင်အင်မော်တယ်အဆင့်သို့ မရောက်သေးပေ။

သူ့ဘေးတွင် ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူများ မရှိခဲ့လျှင် သင်္ဘောပျံကိုပင် ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

စွန်းကျိ၏စကားကြောင့် ဘေးတွင်ရှိသော လူများက ပြုံးလိုက်ကြသည်။ ထို့နောက် အင်မော်တယ်အလင်းကို ထုတ်လွှတ်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်စွမ်းအားကို ‌ဖော်ပြသည်။

ကျင့်ကြံခြင်းလောကတွင် ခွန်အားသည် အရေးအကြီးဆုံး ဖြစ်သည်။

လေဟာနယ်သန့်စင်ခြင်းအဆင့်သည် အသန်မာဆုံးမဟုတ်သော်လည်း ကျွမ်းကျင်သူအဖြစ် ယူဆနိုင်သည်။

ထို့အပြင် တခြားသင်္ဘောပျံများလည်း ရှိနေသည်။

ဦးနှောက်ရှိလျှင် အပြုံးတစ်ခုနှင့်အတူ အရှံးပေးလိုက်သင့်သည်။

နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့်ကိစ္စသည် မင်းသား၏ စိတ်ကျေနပ်မှုအပေါ်တွင် မူတည်နေသည်။ ထိုသို့မဟုတ်လျှင် အာကာသထဲတွင် အဆက်မပြတ်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်။

All Chapters