← Chapters

အပိုင်း(၁၀၄၃)

Vol. 75 Ch. 1043

အပိုင်း(၁၀၄၃)

Vol. 75 Ch. 1043

“လုယန်အင်မော်တယ်တိုင်းပြည်လား”

ယွင်သွမ့်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ငါတို့ တစ်ခါမှမကြားဖူးဘူး”

“ထွက်သွားစမ်း”

ဟွမ်ကျစ်ဟူ၏အသံက အေးစက်နေသည်။

စွန်းကျိ၏မျက်နှာထားက မည်းမှောင်သွားသည်။ သူက စကားပြောတော့မည့်အချိန်တွင် သူ့ဘေးတွင်ရှိသော အကြီးအကဲက ရှေ့တက်လာသည်။

“အရှင့်သား၊ သတိထားပါ”

ထိုလူက လက်သီးချက်ကို ထုတ်ဖော်သည်။

“ခလွမ်”

ဓားပျံတစ်ချောင်းက လွင့်ထွက်သွားသည်။

သူမပျော်နိုင်ခင် မီးတောက်တစ်ခု ကျဆင်းလာသည်။

ထိုမီးတောက်က အလွန်ပြင်းထန်ပြီး သူတို့ကို တုန်ခါသွားစေသည်။

“တာအိုရောင်းရင်း၊ ဘာဖြစ်လို့ ဒီလိုလုပ်နေတာလဲ”

အသံတစ်သံ ပေါ်ထွက်လာပြီး အစိမ်းရောင်လက်ပုံရိပ်က မီးတောက်များကို တားဆီးသည်။

“ဘန်း”

မီးတောက်က လက်ပုံရိပ်နှင့် ထိတွေ့သွားသည်။ မီးတောက်များက ပြိုကွဲသွားပြီး လက်ပုံရိပ်က ပျောက်ကွယ်သွားသည်။

အဝါရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က သင်္ဘောပျံ၏ထိပ်တွင် ပေါ်လာပြီး အနက်ရောင်ဝတ်စုံနှင့် ရွှေမီးတောက်ကို လေးနက်စွာ ကြည့်သည်။

“တာအိုရောင်းရင်း၊ လူငယ်တွေက ဒီအတိုင်း စနောက်နေတာပါ။ ဘာဖြစ်လို့ အရမ်းကြမ်းတမ်းနေတာလဲ”

ထိုတာအိုတန်ခိုးရှင်က ရွှေအင်မော်တယ်အဆင့် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သူက ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။

အင်မော်တယ်ကမ္ဘာအများစုတွင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများက လွှမ်းမိုးနိုင်ကြသည်။

ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူနှင့် အင်မော်တယ်သခင်များက သိပ်ပြီး မလှုပ်ရှားကြပေ။

အလွန်နည်းပါးသော အင်မော်တယ်သခင်နှင့် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများကသာ တခြားလူများ၏ ကိုယ်ရံတော်အဖြစ် ဆောင်ရွက်ပေးကြသည်။

သူတို့က ဂုဏ်သိက္ခာကြီးမားသည်။

“လူငယ်တဲ့လား”

“သူက ငါ့အစ်မကြီးပဲ”

‘အစ်မကြီး’

တာအိုတန်ခိုးရှင်က ကြောင်အသွားသည်။

“ခလွမ်”

ဟွမ်ကျစ်ဟူက ဓားဆွဲထုတ်သည်။

ယွင်သွမ့်ကလည်း ဓားဖြင့် တိုက်ခိုက်လိုက်သည်။

သူတို့နှစ်ယောက်က ပျံသန်းသွားပြီး ဓားအလင်းဖြင့် အကြီးအကဲများကို တားဆီးလိုက်သည်။

ဓားအလင်းသည် သွယ်ယှက်နေပြီး အကြီးအကဲများကို အမှန်တကယ်ပင် ဖိနှိပ်ထားနိုင်သည်။

ထိုနည်းလမ်းကြောင့် ကုန်းပတ်ပေါ်တွင်ရှိနေသော စွန်းကျိက ဆွဲဆောင်ခံလိုက်ရသည်။

“ဦးလေး၊ ကျွန်တော် လိုချင်တယ်”

သူက လက်သီးဆုပ်ထားပြီး ဟွမ်ကျစ်ဟူနှင့် ယွင်သွမ့်ကို စိုက်ကြည့်နေသည်။

သူတို့နှစ်ယောက်၏ သူရဲကောင်းဆန်သောပုံစံက အလွန်လှပသည်။

အဝါရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က မျက်မှောင်ကြုတ်သည်။

“ဦးလေး၊ ကျွန်တော်ပြောနေတာ မကြားဘူးလား”

စွန်းကျိက အော်ဟစ်လိုက်သည်။

အဝါရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ရွှေမီးတောက်ကို မော့ကြည့်သည်။

“တာအိုရောင်းရင်း၊ ငါတို့မိသားစုရဲ့ မင်းသားက ထူးခြားတဲ့အဆင့်အတန်းကို ပိုင်ဆိုင်ထားတယ်။ အနာဂတ်မှာ သူက လုယန်အင်မော်တယ်တိုင်းပြည်ရဲ့ လေးစားအခံရဆုံးလူ ဖြစ်လာလိမ့်မယ်”

ရွှေမီးတောက်က လုယန်အင်မော်တယ်တိုင်းပြည်၏အကြောင်းကို မသိသောကြောင့် တာအိုတန်ခိုးရှင်က ပြောပြလိုက်သည်။

“ကျောက်ယန်အင်မော်တယ်ကမ္ဘာကို လုယန်အင်မော်တယ်တိုင်းပြည်က အုပ်ချုပ်ထားတယ်”

အင်မော်တယ်ကမ္ဘာ၏ အသန်မာဆုံးတိုင်းပြည် ....

ထိုမင်းသားသည် အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်နိုင်လိမ့်မည်။

အမှန်တကယ်ပင် ထူးခြားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။

“ကျောက်ယန်အင်မော်တယ်ကမ္ဘာလား”

ရွှေမီးတောက်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ခေါင်းညိတ်သည်။

“ငါမှတ်ထားလိုက်မယ်”

ရွှေရောင်မီးတောက်များသည် သူ့ခန္ဓာကိုယ်တွင် စုစည်းလာသည်။

အင်မော်တယ်ကမ္ဘာဖြစ်စေ အင်မော်တယ်တိုင်းပြည်ဖြစ်စေ ဟွမ်ကျစ်ဟူကို ထိရဲ‌သောလူများက ပျက်စီးခြင်းနှင့် ကြုံတွေ့ရမည်။

မွေးစားအဖေက သူမကို အလွန်ဂရုစိုက်သည်။

ဟန်မူယဲ့၏ နည်းလမ်းနှင့် အဆုံးမရှိ‌သော ပြန်လည်မွေးဖွားခြင်းမှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသောကြောင့် ရွှေမီးတောက်က ဟန်မူယဲ့၏ စွမ်းအားကို သေချာသိနေသည်။

‘အင်‌မော်တယ်တိုင်းပြည်လား’

‘အင်မော်တယ်ကမ္ဘာလား’

‘အရေးမပါဘူး’

“အစ်ကိုဟန်၊ ကျွန်မတို့ ဝင်မပါတော့ဘူးလား’

မူဝမ်က အလင်းလွှာတွင်ရှိသော တိုက်ပွဲကို ကြည့်လိုက်ပြီး စိုးရိမ်နေသည်။

ဟန်မူယဲ့က ခေါင်းခါပြီး လက်မြှောက်သည်။ အလင်းလွှာ၏ မြင်ကွင်းက ပြောင်းလဲသွားသည်။

အလွန်ကြီးမားသော စစ်သင်္ဘောတစ်စင်းကို မြင်လိုက်ရသည်။

ထိုစစ်သင်္ဘောသည် ပေတစ်သောင်းခန့် ကြီးမားသည်။

ရာချီနေသော ရွက်တိုင်များက ပေတစ်ထောင်မြင့်မားသည်။

စစ်သင်္ဘောတစ်ခုလုံးသည် နတ်စွမ်းအား၊ အင်မော်တယ်စွမ်းအားနှင့် နေစွမ်းအားတို့ ရောယှက်နေသောကြောင့် ရွှေအလင်းကို ထုတ်လွှတ်ပေးသည်။

စစ်သင်္ဘောတွင် မီးတောက်များနှင့် တောက်ပနေသော နေတစ်စင်း၏အမှတ်အသား ရှိသည်။

ရွှေမီးတောက်က မီးတောက်များကို ထုတ်လွှတ်လိုက်သောအချိန်တွင် လူတချို့က စစ်သင်္ဘောထဲမှ ထွက်လာကြသည်။

“ဟမ့်၊ ကျောက်ယန်အင်မော်တယ်ကမ္ဘာက လူငယ်တွေကိုတောင် အနိုင်ကျင့်နေပြီလား။ တကယ့်ကို အရှက်မရှိတာပဲ”

အသံတစ်သံ ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော ရွှေအလင်းများသည် နေအလင်းရောင်ကဲ့သို့ ပတ်ဝန်းကျင်ကို အလင်းပေးလိုက်သည်။

ထိုအလင်းက ကျောက်ယန်အင်မော်တယ်ကမ္ဘာ၏ သင်္ဘောပျံများအားလုံးကို လွှမ်းခြုံထားသည်။

ရွှေမီးတောက်၏ဘေးတွင်ရှိသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပသွားသည်။

ယွင်သွမ့်နှင့် ဟွမ်ကျစ်ဟူတို့က နောက်ဆုတ်ပြီး ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်သည်။

ကျောက်ချန်က ရုပ်သေးရုပ်ကို လှည့်ကြည့်သည်။

အာကာသထဲတွင် ရွှေရောင်ဝတ်စုံနှင့် အရပ်ရှည်သော ကျင့်ကြံသူတစ်ယောက်က ရှေ့သို့ တစ်လှမ်းတိုးပြီး ခမ်းနားသော ဓားဆန္ဒကို ထုတ်လွှတ်သည်။

“ကောင်းကင်နီအင်မော်တယ်ကမ္ဘာရဲ့ လူတွေပဲ”

သင်္ဘောပျံတွင်ရှိနေသော လူတစ်ယောက်က ထိတ်လန့်စွာရေရွတ်သည်။

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က သင်္ဘောပျံပေါ်မှ ထွက်လာပြီး စိုးရိမ်မှုများဖြင့် တစ်ဖက်လူကို လေးနက်စွာကြည့်သည်။

“တာအိုရောင်းရင်း၊ ငါတို့က ကျောက်ယန်အင်မော်တယ်ကမ္ဘာရဲ့ လုယန်ဂိုဏ်းကပါ။ ငါတို့က ကောင်းကင်နီအင်မော်တယ်ကမ္ဘာနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းခဲ့ပါတယ်”

လူအိုကြီးက ဦးညွတ်လိုက်ပြီး ညင်သာစွာပြောသည်။

သူ့စကားကို ကြားရသောအခါတွင် အရပ်ရှည်သောလူ၏ မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပသွားသည်။

“ကျောက်ယန်အင်မော်တယ်ကမ္ဘာက ငါတို့ ကောင်းကင်နီအင်မော်တယ်ကမ္ဘာနဲ့ ဆက်ဆံရေးကောင်းတယ်တဲ့လား”

“အဲဒါဆို ငါ့ကို မမှတ်မိဘူးလား”

ထိုစကားများကြောင့် လူအိုကြီးက ထိတ်လန့်သွားသည်။ သူက အရပ်ရှည်သောလူကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ယန်တင်းထျန်”

“မီးတောက်နီဓားဂိုဏ်းရဲ့ခေါင်းဆောင် ယန်တင်းထျန်ပဲ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် အရပ်ရှည်သောလူက ရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

“မင်းက ငါ့နာမည်ကို သိတယ်ဆိုမှတော့ ငါ့စည်းကမ်းကိုလည်း သိမှာပေါ့”

ထိုစကားကြောင့် မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီး၏ မျက်နှာထားက ဆိုးဝါးသွားသည်။

“မကောင်းမှုကို မုန်းတီးတဲ့ ယန်တင်းထျန်၊ ငါတို့က ....”

သူ့စကားမဆုံးခင် ယန်တင်းထျန်က စိုက်ကြည့်လိုက်သည်။

လူအိုကြီးက ခေါင်းခါလိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။

“ငါတို့ မှားသွားတယ်”

“ဒါက အင်မော်တယ်ကျောက်တုံး သန်းရှစ်ဆယ်ပါ”

သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး အင်မော်တယ်ကျောက်တုံးများကို ဆင့်ခေါ်သည်။

စစ်သင်္ဘော၏ ပြန့်ကျဲနေသော ရွှေအလင်းသည် ကျောက်ယန်အင်မော်တယ်ကမ္ဘာ၏ သင်္ဘောပျံများအားလုံးကို ဆွဲယူသွားသည်။

သူတို့က သင်္ဘောပျံများမရှိလျှင် အလွန်နှေးကွေးသွားလိမ့်မည်။

သင်္ဘောပျံပေါ်တွင် ရတနာအမျိုးမျိုးလည်း ရှိနေသေးသည်။

ယန်တင်းထျန်က နှာမှုတ်သည်။ သူက ဟွမ်ကျစ်ဟူတို့၏ သင်္ဘောပျံကို လှမ်းကြည့်သည်။

“ဒီအင်မော်တယ်ကျောက်တုံးတွေကို ယူလိုက်ပါ”

သူက ဟွမ်ကျစ်ဟူနှင့်ယွင်သွမ့်ကို ကြည့်လိုက်ပြီး ကျောက်ချန်နှင့် ရွှေမီးတောက်ကို ဆက်ကြည့်သည်။

“မင်းတို့ရဲ့ခွန်အားနဲ့ ကောင်းကင်တစ်သောင်းချောက်နက်ကို လာရဲတယ်လား”

ထိုစကားကြောင့် ကျောက်ချန်က တစ်ကိုယ်လုံး တုန်ခါသွားသည်။

သူက တစ်ဖက်သို့ လှည့်ကြည့်သောအခါ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်‌သေးရုပ်ကို မမြင်ရတော့ပေ။

ရွှေမီးတောက်က မျက်မှောင်ကြုတ်လိုက်ပြီး မီးတောက်များကို ထုတ်လွှတ်သည်။

“ဖီးနစ်ငှက်လား”

ယန်တင်းထျန်၏မျက်လုံးများက တောက်ပသွားပြီး သင်္ဘောပျံ၏ကုန်းပတ်ပေါ်သို့ ရောက်လာသည်။

“ငါက မင်းရဲ့ ပြန်လည်မွေးဖွားခြင်းမီးတောက်ကို ဝယ်ချင်တယ်။ ဈေးပြောလိုက်ပါ”

‘ဈေးပြောရမှာလား’

ရွှေမီးတောက်၏မျက်နှာက တောင့်တင်းသွားသည်။

ကျောက်ချန်၏ မျက်လုံးများက တောက်ပသွားပြီး အပြုံးတစ်ခုနှင့်အတူ ရှေ့တက်လာသည်။

“အကြီးအကဲ၊ ဆွေးနွေးကြည့်ရအောင်လေ”

ကျောက်ချန်နှင့် ယန်တင်းထျန်၏ ဆွေးနွေးမှုက ချောမွေ့နေသည်။

အလင်းလွှာကိုကြည့်နေသော ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

သူက ကောင်းကင်နီအင်မော်တယ်ကမ္ဘာ၏ ယန်တင်းထျန်ကို သိနေသည်။

သူက ထိုလူ၏ လောင်ကျွမ်းနေမင်းဓားကို လဲလှယ်ခဲ့ဖူးသည်။

ယန်တင်းထျန်က ကမ္ဘာတစ်ခုကို အသုံးပြုပြီး ထိပ်တန်းအဆင့်ရတနာကို သန့်စင်ရန် ကြိုးစားနေသည်။

ကောင်းကင်နေမင်းဓား ဖြစ်သည်။

အောင်မြင်သွားပြီလား သူမသိပေ။

“မင်းရဲ့ ဓားနည်းစနစ်က မဆိုးပေမဲ့ ကောင်းကင်တစ်သောင်းချောက်နက်ကို ဝင်ရောက်ဖို့ မလုံလောက်သေးဘူး”

“ငါကလည်း ကောင်းကင်တစ်သောင်းချောက်နက်ကို သွားမလို့ပဲ။ မင်းတို့ အန္တရာယ်နဲ့တွေ့လာရင် ဒီပစ္စည်းကိုသုံးပြီး အကူအညီတောင်းလို့ရတယ်”

ယန်တင်းထျန်က သင်္ဘောပျံပေါ်မှ ထွက်သွားသောအခါတွင် ရွှေရောင်ဓားတစ်လက်ကို ထုတ်ယူပြီး ဟွမ်ကျစ်ဟူနှင့် ယွင်သွမ့်ကို ကြည့်လိုက်သည်။

ရွှေမီးတောက်အတွက် သူပေးခဲ့သော ဈေးနှုန်းကလည်း သင့်တော်သည်။

ကျောက်ချန်က အဆက်အသွယ်လုပ်ရန် ရည်ရွယ်ချက်ရှိသောကြောင့် အမြတ်သိပ်မတင်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူ၏မီးတောက် မဟုတ်ပဲ ရွှေမီးတောက်၏မီးတောက် ဖြစ်သည်။

ယန်တင်းထျန် ပျံသန်းသွားသောအခါ ကျောက်ချန်က ဟွမ်ကျစ်ဟူနှင့် ယွင်သွမ့်ကို ကြည့်လိုက်သည်။

“မင်းတို့ ကြားတယ်မဟုတ်လား။ ကောင်းကင်တစ်သောင်းခြောက်နက်က အန္တရာယ်များတယ်”

ဟွမ်ကျစ်ဟူနှင့် ယွင်သွမ့်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

အားကောင်းသောကျင့်ကြံသူတစ်ဦးက သတိပေးသွားခဲ့သည်။ သူတို့၏ အစီအစဉ်ကို ပြန်လည်ပြင်ဆင်ရန် လိုအပ်လာသည်။

“အဲဒါဆိုရင်လည်း ကောင်းကင်တစ်သောင်းမြို့ကို အရင်သွားကြတာပေါ့။ ကျွန်မတို့ ပြီးမှ တခြားကိစ္စတွေကို စီစဉ်ရမယ်”

ယွင်သွမ့်က အာကာသကို ကြည့်လိုက်ပြီး ပြောသည်။

ခဏအကြာတွင် သင်္ဘောပျံက ဆက်လက်ပျံသန်းလာခဲ့သည်။ သို့သော် အမြန်နှုန်း လျော့ကျသွားသည်။

All Chapters