← Chapters

အပိုင်း(၁၀၄၅)

Vol. 75 Ch. 1045

အပိုင်း(၁၀၄၅)

Vol. 75 Ch. 1045

‌လေ့ကျင့်ရေးမှူးလင်းနှင့် လုကောတို့ လှုပ်ရှားလိုက်သောအခါ အံ့ဖွယ်ကိုးပါးဓားစံအိမ်၏ တခြားလူများကလည်း ဓားထုတ်၍ ပျံသန်းလာကြသည်။

အံ့ဖွယ်ကိုးပါးဓားစံအိမ်၏ လူများက ကျင့်ကြံဆင့်တွင် လိုအပ်ချက်မရှိကြပေ။

သူတို့က အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင် နှစ်ပေါင်းနှစ်ထောင်နေထိုင်ပြီး ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်လာကြသည်။

ထို့နောက် ဝိညာဉ်ကမ္ဘာတွင် ဆယ်စုနှစ်အချို့ နေထိုင်ပြီး ဖူယွီအင်မော်တယ်ကမ္ဘာတွင် နှစ်တစ်ရာ နေထိုင်ခဲ့သည်။ သူတို့က ကြိုးကြိုးစားစားကျင့်ကြံပြီး ပါရမီနည်းသော လျှိုဟုန်နှင့် ပိုင်စုကျန်းတို့ကပင် ကောင်းကင်အင်မော်တယ်များ ဖြစ်လာကြသည်။

သူတို့ထဲတွင်ရှိသော အသန်မာဆုံးလူက လေဟာနယ်သန့်စင်ခြင်းအဆင့်တွင်ရှိသော ကောင်းချန်ကုန်းနှင့် လင်းရှန်တို့ ဖြစ်ကြသည်။

ယခုအချိန်တွင် သူတို့အားလုံးက လှုပ်ရှားပြီး တိုက်ခိုက်နေကြသည်။

ဟန်မူယဲ့က သင်္ဘောပျံပေါ်တွင် ရှိနေပြီး ဝင်မပါခဲ့ပေ။

ကပ်ဘေးစားသုံးသူနှင့် တခြားသားရဲများကို သူက စိတ်မဝင်စားပေ။

သူက နတ်အာရုံကို ဖြန့်ထုတ်ပြီး အာရုံခံကြည့်လိုက်သည်။

အင်မော်တယ်ကျင့်ကြံသူများသည် လေဟာနယ်ထဲတွင် ပုန်းအောင်းနေကြသည်။ နတ်ဘုရားကလန်သားများလည်း ပါဝင်သည်။

ပျက်စီးခြင်းနယ်မြေသည် အမှန်တကယ်ပင် လူအမျိုးမျိုးနှင့် ပြည့်နှက်နေသည်။

“ဘုန်း”

မြားတစ်စင်းပေါ်ထွက်လာပြီး သင်္ဘောပျံ၏ရှေ့တွင်ရှိသော သားရဲများအားလုံးကို သတ်ဖြတ်လိုက်သည်။

ရှန့်လင်းရွှမ်းက လေးကိုင်းကို ဖြည်းဖြည်းချင်းသိမ်းလိုက်ပြီး နောက်ဆုတ်သည်။

သွေးစက်ကျချောက်ကမ်းပါးကို စောင့်ကြပ်နေသော ကျွမ်းကျင်သူနှစ်ယောက်တွင် တစ်ယောက်က တိတ်ဆိတ်စွာထွက်လာပြီး ဟန်မူယဲ့နှင့်အတူ ကောင်းကင်တစ်သောင်းချောက်နက်သို့ ရောက်နေသည်။ ထိုအကြောင်းကို တခြားလူများက မသိကြပေ။

ရှန့်လင်းရွှမ်းက ဟန်မူယဲ့၏ မျိုးဆက်တစ်ယောက် ဖြစ်သော်လည်း ရုပ်သေးရုပ်၏ အကူအညီကြောင့် အလွန်အားကောင်းသည်။

သူက အင်မော်တယ်သခင်တစ်ပါးနှင့် ရင်မဆိုင်ရသ၍ အားလုံးကို ဖြေရှင်းနိုင်သည်။

ထို့အပြင် ရုပ်သေးရုပ်၏စွမ်းအားက ကောင်းကင်တစ်သောင်းချောက်နက်တွင် ဖိနှိပ်မခံရပေ။

“သွားကြစို့”

ဟန်မူယဲ့က လက်မြှောက်ပြီး သားရဲများ၏သွေးကို ယူသည်။

လင်းရှန်နှင့် တခြားလူများက သင်္ဘောပျံပေါ်သို့ ပြန်ရောက်လာကြသည်။

တိုက်ပွဲကို စောင့်ကြည့်နေသော ကျင့်ကြံသူများက လူစုခွဲလိုက်ကြသည်။

အခွင့်ကောင်းယူရန် ကြံစည်နေသော ကျင့်ကြံသူများက နောင်တရသွားကြသည်။ တချို့က ဟန်မူယဲ့တို့ကို ထူးခြားသည်ဟု ထင်သောကြောင့် အနည်းငယ် အာရုံစိုက်ထားကြသည်။

သင်္ဘောပျံက ရှေ့ဆက်လာပြီး လမ်းတစ်လျှောက်တွင် သားရဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုသားရဲများအားလုံးသည် တိတ်ဆိတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားပြီး ကောင်းကင်တစ်သောင်းချောက်နက်တွင် လွတ်လပ်စွာ ရွေ့လျားနိုင်ကြသည်။

သူတို့က ရှေ့ဆက်သွားလေ တိတ်ဆိတ်ခြင်းစွမ်းအားက ပြင်းထန်လေ ဖြစ်သည်။

ရက်တစ်ရာအကြာတွင် သင်္ဘောပျံကို အစိမ်းရောင်အလွှာတစ်ခုက ဖုံးအုပ်ထားခဲ့သည်။

ဟန်မူယဲ့က စည်းမျဉ်းများကို ထိန်းချုပ်ထား‌သောကြောင့် လူတိုင်းကို ကာကွယ်ပေးနိုင်ခဲ့သည်။

ယခုအချိန်တွင် သူတို့ရင်ဆိုင်ရသော သားရဲများက အလွန်အားကောင်းကြသည်။

တချို့သားရဲများကို ရှန့်လင်းရွှမ်းကပင် တိုက်ရိုက် အနိုင်မရခဲ့ပေ။

ဟန်မူယဲ့က မကြာခဏ လှုပ်ရှားပေးခဲ့ရသည်။

“အစ်ကိုဟန်၊ ဒီဆေးလုံးက အသုံးဝင်လား ကြည့်လိုက်ပါအုံး”

သင်္ဘောပျံ၏ ကုန်းပတ်ပေါ်တွင် မူဝမ်က ဖြူဖျော့နေသော မျက်နှာဖြင့် သန့်စင်ထားသော ဆေးလုံးများကို ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။

သူမက ယခင်ရက်များတွင် သားရဲများ၏သွေးနှင့် ဝိညာဉ်ဆေးပင်များကိုရောစပ်ပြီး ဆေးလုံးသန့်စင်ခဲ့သည်။

ဆေးလုံးများ၏အဆင့်ကို မကြည့်လျှင်ပင် ထိုဆေးလုံးများက ကောင်းကင်တစ်သောင်းချောက်နက်၏ တိတ်ဆိတ်ခြင်းစွမ်းအားအနည်းငယ်ကို သယ်ဆောင်ထားသည်။

ထိုစွမ်းအားကို အသုံးပြုပြီး သူတို့က ပြင်ပစွမ်းအင်များ၏ ခန္ဓာကိုယ်ထိခိုက်မှုကို ကာကွယ်နိုင်လိမ့်မည်။

ဟန်မူယဲ့က မီးခိုးရောင်ဆေးလုံးတစ်လုံးကို ယူပြီး အင်မော်တယ်စွမ်းအင် ထည့်သွင်းလိုက်သည်။ ထိုဆေးလုံးက မီးခိုး‌ရောင်အလင်းလွှာအဖြစ် ပြောင်းလဲပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသည်။

သူက သင်္ဘောပျံ၏ အပြင်ဘက်သို့ ထွက်သွားပြီး တိတ်ဆိတ်ခြင်းစွမ်းအား၏ တိုက်စားမှုကို ခံစားကြည့်သည်။

“ဒီဆေးလုံးက သုံးရက်ခံတယ်။ တကယ်ရှားပါးတယ်”

ဟန်မူယဲ့က စစ်ဆေးကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

သုံးရက်ခံနိုင်ကြောင်း ကြားရသောအခါတွင် မူဝမ်က စိတ်ပျက်သွားပုံပေါ်သည်။

“ညီမမူ၊ သုံးရက်ခံနိုင်တဲ့ ဆေးလုံးက ဒီမှာ ဘယ်လောက်တန်ဖိုးရှိလဲ သိလား”

ဟန်မူယဲ့က မူဝမ်ကိုကြည့်လိုက်ပြီး ပြောသည်။

မူဝမ်က ခေါင်းခါသည်။

သူမက မသိပေ။

“မိုင်တစ်သိန်းအကွာမှာ ကောင်းကင်တစ်သောင်းချောက်နက်ရဲ့ တစ်ခုတည်းသောမြို့ဖြစ်တဲ့ ကောင်းကင်တစ်သောင်းမြို့ ရှိတယ်”

“အဲဒီမှာ တစ်ရက်ခံနိုင်တဲ့ ဆေးလုံးက အင်မော်တယ်ကျောက်တုံးတစ်သိန်း တန်ဖိုးရှိတယ်”

“သုံးရက်ခံနိုင်တဲ့ ဆေးလုံးက တန်ဖိုးသုံးဆ တက်သွားတာမဟုတ်ဘူး”

“အဆသုံးဆယ် တက်သွားတာပဲ”

ကောင်းကင်တစ်သောင်းချောက်နက်သည် ပျက်စီးခြင်းနယ်မြေ ဖြစ်သည်။

သို့သော် ကမ္ဘာအသီးသီးကို အခွင့်အရေးပေးနိုင်သော နေရာတစ်ခုလည်း ဖြစ်သည်။

ကောင်းကင်တစ်သောင်းချောက်နက်၏ အောက်ခြေတွင် မရေမတွက်နိုင်သော ရှေးခေတ်ကျင့်ကြံသူများ၏ အမွေအနှစ်များ ရှိနေသည်။

ကပ်ဘေးတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ဤနေရာတွင် ကျဆုံးသွားပြီး ရတနာများကို ချန်ရစ်ခဲ့သည်။

ကောင်းကင်တစ်သောင်းချောက်နက်သို့ ရောက်လာသော လူတိုင်းက ရှေးခေတ်ကျွမ်းကျင်သူများ၏ အမွေအနှစ်ကို ရှာဖွေနေကြသည်။

သို့သော် ဤနေရာတွင်ရှိသော လေထုသည် သေဆုံးခြင်းအငွေ့အသက်နှင့် ပြည့်နှက်နေသည်။ ထိုအငွေ့အသက်ကို ခုခံနိုင်သော ဆေးလုံးနှင့် ရတနာများကို ပိုင်ဆိုင်ထားမှသာ ဤနေရာတွင် ရှာဖွေနိုင်သည်။

“ကောင်းကင်တစ်သောင်းမြို့ကို အင်မော်တယ်ဘုရင်ချန်ယွမ်လို့ခေါ်တဲ့ ကျွမ်းကျင်သူတစ်ယောက်က တည်ဆောက်ထားတာပဲ။ သူက ဒီနေရာကို လွှမ်းမိုးထားတယ်”

ဟန်မူယဲ့က ရှေ့သို့ကြည့်လိုက်ပြီး တီးတိုးပြောသည်။

အကယ်၍ သူက ဓား၏မှတ်ဉာဏ်များကို မမြင်ခဲ့လျှင် အင်မော်တယ်ဘုရင်ချန်ယွမ်ကို လေးစားမိလိမ့်မည်။

သို့သော် နတ်ဘုရားကမ္ဘာ၏ ဂိုဏ်းတစ်ဂိုဏ်းက ဤနေရာကို စောင့်ကြပ်ရန်အတွက် အင်မော်တယ်ဘုရင်ချန်ယွမ်ကို အမိန့်ပေးခဲ့သည်။

စောင့်ကြပ်ခြင်းဟူသည် ကောင်းကင်တစ်သောင်းချောက်နက်၏ ရတနာများကို လုယူခြင်း ဖြစ်သည်။

ယခင်က ကောင်းကင်တိုင်းတာခြင်းပေတံအတွက် ဓားအင်မော်တယ်ချူးကျန်းယန်ကို တိုက်ခိုက်ရာတွင် သူလည်း ပါဝင်ခဲ့သည်။

သန့်စင်ထားသော ဆေးလုံးများက အလွန်တန်ဖိုးရှိနေမည်ဟု ထင်မထားသောကြောင့် မူဝမ်က ချက်ချင်း ပြုံးလိုက်သည်။

“သွားကြစို့။ ဆေးလုံးတွေကို ထပ်ပြီး သန့်စင်ရအောင်”

သူမက ယွင်ကျင်း၏လက်ကိုဆွဲပြီး လှည့်ထွက်သွားသည်။

သူတို့နှစ်ယောက်က စိတ်လှုပ်ရှားနေပြီး ဆေးလုံးသန့်စင်ရန် ကြိုးစားလိုက်ကြသည်။

ဆေးလုံးတစ်လုံးသည် အင်မော်တယ်ကျောက်တုံးသန်းချီ၍ တန်ဖိုးရှိသည်။

ဟန်မူယဲ့က ဆေးလုံးမသန့်စင်ပဲ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ဤနေရာတွင် သင်္ဘောပျံအနည်းငယ်သာ ရှိသည်။

သင်္ဘောပျံရှိလျှင်ပင် အလွန်လျင်မြန်စွာ သွားလာပြီး အကာအကွယ်အလွှာကို ထုတ်ဖော်ထားသည်။

သူ၏အမြင်အရ ပတ်ဝန်းကျင်တွင် စည်းမျဉ်းစွမ်းအား အနည်းငယ်သာ ရှိသည်။ အများစုသည် ရှားပါးရတနာများ၏ စွမ်းအား ဖြစ်သည်။

ဟန်မူယဲ့က သင်္ဘောပျံ၏ အလင်းလွှာကို တိတ်ဆိတ်စွာ လျော့ချလိုက်ပြီး တခြားသင်္ဘောပျံများနှင့် ဆင်တူအောင် ပြုလုပ်ခဲ့သည်။

သူက လက်မြှောက်ပြီး ဓားတိုတချို့ကို ထုတ်ယူသည်။ ထို့နောက် စည်းမျဉ်းစွမ်းအားကို ထည့်သွင်းလိုက်သည်။

ထိုဓားတိုများက ချက်ချင်းသံချေးတက်သွားပြီး ယိုယွင်းသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ထိုအငွေ့အသက်က ကောင်းကင်တစ်သောင်းချောက်နက်၏ စွမ်းအားကို ခုခံထားနိုင်သည်။

စည်းမျဉ်းစွမ်းအားကသာ စည်းမျဉ်းစွမ်းအားကို ခုခံနိုင်မည်။

ဟန်မူယဲ့က ဓားတိုများကို လုကောတို့ဆီသို့ ပေးလိုက်ပြီး သင်္ဘောအခန်းထဲသို့ ဝင်သွားသည်။ အလင်းလွှာတစ်ခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို ပိတ်ဆို့လိုက်သည်။

ထို့နောက် သံချေးတက်‌နေသော အစိမ်းပုပ်ရောင်ဓားတစ်လက် ပေါ်လာသည်။

ထိုဓားကို အံ့ဖွယ်ကိုးပါးဓားစံအိမ်တွင် ပိုင်စုကျန်းက လဲလှယ်ထားခဲ့သည်။

ထိုဓားကို ကောင်းကင်တစ်သောင်းချောက်နက်၏ အောက်ခြေတွင် ဓားကျင့်ကြံသူတစ်ယောက်က ရှာတွေ့ခဲ့သည်။ ထိုဓားကို နှစ်သောင်းချီကြာအောင် ပျိုးထောင်ပေးပြီး နောက်ဆုံးတွင် အင်မော်တယ်ကမ္ဘာ၌ ကျဆုံးသွားသည်။ ထို့နောက် ဟန်မူယဲ့၏လက်ထဲသို့ ရောက်လာသည်။

ဟန်မူယဲ့က ထိုဓားမှတစ်ဆင့် ကောင်းကင်တစ်သောင်းချောက်နက်၏ အချက်အလက်များကို သိခဲ့ရသည်။

တခြားလျှို့ဝှက်ချက်များလည်း ရှိနေသည်။

ရှေးခေတ်၏ မရေမတွက်နိုင်သော ကျွမ်းကျင်သူများက ဤနေရာတွင် ကျဆုံးသွားခဲ့ကြသည်။ သူတို့၏ စွမ်းအားနှင့် အကြွင်းအကျန်စိတ်ဆန္ဒသည် ကောင်းကင်တစ်သောင်းချောက်နက်တွင် ပုံရိပ်ယောင်ကမ္ဘာများကို ဖြစ်ပေါ်လာစေသည်။

အပြင်လူများက ဤနေရာတွင် အသိစိတ်ကို လွယ်ကူစွာ ပျောက်ဆုံးသွားနိုင်သည်။

သို့သော် ဤနေရာတွင် လေ့ကျင့်နိုင်လျှင် ရှေးခေတ်ကျွမ်းကျင်သူများ၏ အမွေအနှစ်ကို ရရှိလိမ့်မည်။

ဟန်မူယဲ့က လင်းရှန်နှင့် တခြားလူများကို အခွင့်အရေးရနိုင်သည်ဟု ခံစားရသောကြောင့် ခေါ်လာခဲ့သည်။

သူ့ရှေ့တွင် အလင်းလွှာတစ်ခု ပေါ်ထွက်လာပြီး ယွင်သွမ့်နှင့် ဟွမ်ကျစ်ဟူကို ဖော်ပြသည်။

ကျောက်ချန်က ကြိုတင်ပြင်ဆင်ထားသည်။

သူ့လက်ထဲတွင်ရှိသော ရတနာများသည် ကောင်းကင်တစ်သောင်းချောက်နက်၏ စွမ်းအားကို ခုခံနိုင်သည်။

ရွှေမီးတောက်၏ ပြန်လည်မွေးဖွားခြင်းမီးတောက်နှင့် အံ့ဖွယ်ကောင်းကင်နတ်ဘုရားမီးတောက်ကလည်း သေဆုံးခြင်းစွမ်းအားကို ခုခံနိုင်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က အတားအဆီးမရှိပဲ ပတ်ဝန်းကျင်တွင် သွားလာနိုင်သည်။

သူတို့၏ နည်းလမ်းသည် ကောင်းကင်တစ်သောင်းချောက်နက်သို့ ရောက်လာသော ကျင့်ကြံသူအများစုထက် သာလွန်သည်။

သုံးရက်အကြာတွင် ဟန်မူယဲ့က သီးသန့်ကျင့်ကြံရာမှ ထွက်လာသည်။

အဘယ်ကြောင့်ဆိုသော် ရွှေအင်မော်တယ်တစ်ယောက်က သူတို့၏ သင်္ဘောပေါ်သို့ အလည်လာခဲ့သည်။

အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက် ကြင်နာတတ်သော မျက်နှာထားကို ပိုင်ဆိုင်ထားသည်။

ရွှေအင်မော်တယ်စုကျယ်က ကောင်းကင်တစ်သောင်းမြို့သို့ လမ်းကြုံလိုက်ရန် တောင်းဆိုခဲ့သည်။ သူ၏ အကာအကွယ်ရတနာက အားကုန်သွားခဲ့သည်။

ဟန်မူယဲ့က မငြင်းခဲ့ပေ။ သို့သော် ကောင်းကင်တစ်သောင်းချောက်နက်နှင့် မြို့တော်အကြောင်းကို အသေးစိတ်ရှင်းပြရန် တောင်းဆိုခဲ့သည်။

“တာအိုရောင်းရင်းဟန်၊ ကောင်းကင်တစ်သောင်းမြို့အထိ လိုက်ပို့နိုင်ရင် ငါက အကုန်လုံး ပြောပြမှာပေါ့”

စုကျယ်က ကုန်းပတ်ပေါ်သို့ ရောက်လာပြီး အပြုံးတစ်ခုနှင့်အတူ လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် နှုတ်ဆက်သည်။

သူက ကုန်းပတ်ပေါ်တွင်ရှိသော လူတိုင်းကို ကြည့်လိုက်ပြီး ဟန်မူယဲ့ကို ဆက်ကြည့်သည်။

ထိုလူများကြားတွင် ဟန်မူယဲ့၏ ကျင့်ကြံဆင့်ကသာ သူနှင့် ယှဉ်နိုင်သည်။ ကျန်လူများအားလုံးက ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိကြသည်။

ရုပ်သေးရုပ်နှင့် ရှန့်လင်းရွှမ်းက တခြားလူများထက် အနည်းငယ် ပိုမိုသန်မာသည်ဟုသာ ထင်ရသည်။

စုကျယ်က ကောင်းကင်တစ်သောင်းမြို့တွင် နှစ်ပေါင်းတစ်သိန်း နေထိုင်ခဲ့ပြီး သတင်းအမျိုးမျိုးကို သိနေသည်။

“ကောင်းကင်တစ်သောင်းမြို့က ပြင်ပလောကနဲ့ မတူဘူး”

စုကျယ်က ကုန်းပတ်ပေါ်တွင်ထိုင်နေပြီး ဟန်မူယဲ့နှင့် တခြားလူများ ယူလာသော ဝိညာဉ်သစ်သီးကို အရသာခံကြည့်ပြီး ပြုံးလိုက်သည်။

မရေမတွက်နိုင်သော စွန့်စားသူများသည် ကောင်းကင်တစ်သောင်းမြို့တွင် စုစည်းနေကြသည်။

အများစုက ဤနေရာတွင် နှစ်ပေါင်းတစ်သိန်းကျော် နေထိုင်ခဲ့ကြသည်။

ထူးဆန်းသော တချို့လူအိုကြီးများက နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိနေခဲ့ကြသည်။

ကောင်းကင်တစ်သောင်းမြို့တွင် ခွန်အားသည် အရေးအကြီးဆုံး ဖြစ်သည်။

နတ်ဘုရားကလန်သားဖြစ်စေ၊ အင်မော်တယ်ကျင့်ကြံသူဖြစ်စေ၊ မိစ္ဆာဖြစ်စေ လုံလောက်သောခွန်အားရှိလျှင် သက်တောင့်သက်သာ နေထိုင်နိုင်သည်။

လုံလောက်အောင် မသန်မာသောလူများက ကောင်းကင်တစ်သောင်းမြို့၏ တခြားအဖွဲ့အစည်းများကို မှီခိုရသည်။

မြို့ထဲတွင်ရှိသော တချို့အင်အားစုများက အတော်လေး ခွန်အားကောင်းသည်။

ကောင်းကင်တစ်သောင်းမြို့၌ တစ်ခါတလေတွင် ခွန်အားသည် အရေအတွက်နှင့် တူညီသည်။

“ကောင်းကင်တစ်သောင်းမြို့မှာ တာအိုရောင်းရင်းဟန်ရဲ့ အကြီးအကဲနဲ့ ဆွေမျိုးတွေ ရှိနေတာလား”

စုကျယ်က ဟန်မူယဲ့ကို ကြည့်သည်။

ကောင်းကင်တစ်သောင်းချောက်နက်တွင် သွားလာနိုင်သော သင်္ဘောပျံတစ်စင်းကို ပိုင်ဆိုင်ထားသောကြောင့် ဟန်မူယဲ့၏ နောက်ခံက ထူးခြားရမည်။

သာမန်ရွှေအင်မော်တယ်တစ်ယောက်က ထိုနည်းလမ်းမျိုးကို မပိုင်ဆိုင်နိုင်ပေ။

All Chapters