← Chapters

အပိုင်း(၁၀၄၈)

Vol. 75 Ch. 1048

အပိုင်း(၁၀၄၈)

Vol. 75 Ch. 1048

ကျောက်ချန်က အလင်းလွှာတွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဒုက္ခရောက်နေ‌သော မျက်နှာထားဖြင့် ပြောသည်။

သူက သင်္ချိုင်းအင်မော်တယ်မြို့၏ အကြီးအကဲတစ်ယောက်ဖြစ်ပြီး သန်းချီသော အင်မော်တယ်ကျောက်တုံးများကို ရှာဖွေနိုင်သည်။ ဖူယွီအင်မော်တယ်ကမ္ဘာတွင် အင်အားစုတိုင်းက သူ့ကို သခင်လေးကျောက်ဟု ခေါ်ဆိုပြီး ဦးစားပေးကြသည်။

ယခုအချိန်တွင် သူက မိန်းကလေးနှစ်ယောက်ကို ကူညီပြီး ခံတပ်တစ်ခုကို စီမံပေးရတော့မည်။

ဟန်မူယဲ့က အလင်းလွှာမှတစ်ဆင့် ဤနေရာတွင်ရှိသော အရာရာတိုင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

ဟွမ်ကျစ်ဟူက အနိမ့်ဆုံးအဆင့်မှ စတင်လိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။

ဟွမ်ကျစ်ဟူက ကြွယ်ဝသည်။ သူမ၏ ရတနာများသည် သာမန် ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှင့် ယှဉ်နိုင်သည်။

လွန်ခဲ့သောနှစ်များတွင် သူပေးခဲ့သော လက်ဆောင်များက အင်မော်တယ်ကျောက်တုံး သန်းထောင်ချီ၍ တန်ဖိုးရှိသည်။

“ကောင်းကင်တစ်သောင်းမြို့ရဲ့ ပထမအလွှာက လေ့ကျင့်ဖို့အတွက် နေရာကောင်းပဲ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“မင်းတို့ တစ်ခုခုလိုရင် ငါ့ကို လာရှာနိုင်တယ်”

“ငါက တတိယအလွှာရဲ့ ကွမ်ယွမ်လမ်းက တိမ်တိုက်နဂါးစံအိမ်မှာ ရှိနေတယ်”

ဟန်မူယဲ့က တောင်တန်းခံတပ်စီးပွားရေးကို ထောက်ပံ့ပေးလိမ့်မည်ဟု ကျောက်ချန်က ထင်မထားခဲ့ပေ။ သူက ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။

အလင်းလွှာ ပျောက်ကွယ်သွားသောအခါတွင် သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး ထွက်သွားသည်။

ရင်ပြင်တွင်ရှိသော ကျင့်ကြံသူများကို လူစုခွဲလိုက်သည်။ ဖီးနစ်တောအုပ်ခံတပ်၏ ခေါင်းဆောင်ဟောင်း ပိုင်ရှစ်သာ ကျန်ခဲ့သည်။

“ဒီခံတပ်မှာ ကျင့်ကြံသူ ၃၈၅ယောက် ရှိတယ်။ ၂၅ယောက်က ကောင်းကင်အင်မော်တယ်တွေပဲ။ ကျွန်တော်နဲ့ ဦးလေးချူယွမ်က လေဟာနယ်သန့်စင်ခြင်းအဆင့်မှာ ရှိတယ်”

“ဦးလေးချူယွမ်က ကျင့်ကြံသူအယောက်နှစ်ဆယ်ကို ဦး‌ဆောင်ပြီး တာဝန်နဲ့ ထွက်သွားတယ်။ သူက ပြန်မလာသေးဘူး”

“ခံတပ်ရဲ့ အရင်းအမြစ်တွေက ....”

ပိုင်ရှစ်က ရှက်သွားပြီး သိုလှောင်အိတ်တစ်လုံးကို ထုတ်ပေးသည်။

“ဒီမှာ အရင်းအမြစ်တွေ သိပ်မရှိဘူး”

လူတိုင်းက ထိုအချက်ကို မြင်နိုင်သည်။

“သိုလှောင်ရုံထဲမှာ အများစုက အမှိုက်တွေပဲ”

ကျောက်ချန်၏စကားကြောင့် ပိုင်ရှစ်က ပိုရှက်သွားပြီး ရွှေမီးတောက်ကို လှည့်ကြည့်သည်။

ရွှေမီးတောက်က သူ့ကို နောက်လိုက်အဖြစ် လက်ခံခဲ့‌သောကြောင့် သူက အလွန်စိတ်လှုပ်ရှားနေသည်။

ရွှေမီးတောက်သည် ဖီးနစ်သွေးမျိုးဆက်ကို ပိုင်ဆိုင်သည်။

သူ့အနားတွင် ကျင့်ကြံလျှင်ပင် သူ့အတွက် အကျိုးရှိလိမ့်မည်။

ဟွမ်ကျစ်ဟူက ထိုအကြောင်းကို ဂရုမစိုက်ပဲ ကျောက်ချန်ကို ကြည့်သည်။

“ဦးလေးကျောက်၊ ဒီကျင့်ကြံသူတွေကို စာရင်းသွင်းပြီး ချပ်ဝတ်နဲ့လက်နက်တွေ ထောက်ပံ့ပေးလိုက်ပါ”

“ဒဏ်ရာရနေတဲ့လူတွေအတွက် ဆေးလုံးပေးလိုက်ပါ”

“သုံးရက်အတွင်း သူတို့ကို လေ့ကျင့်ပေးမယ်”

ယွင်သွမ့်က နားထင်ကိုနှိပ်လိုက်ပြီး ရေရွတ်သည်။

“အရှုံးပေါ်တော့မယ့် စီးပွားရေးလုပ်ငန်းနဲ့ တူတယ်”

ကျင့်ကြံသူသုံးရာကျော်အတွက် ချပ်ဝတ်နှင့် လက်နက်များအပြင် ဆေးလုံးများကို ထောက်ပံ့ပေးမည်ဖြစ်သောကြောင့် ကုန်ကျစရိတ်များလိမ့်မည်။

သူတို့က ခံတပ်ကို သိမ်းယူလိုက်သော်လည်း အကျိုးအမြတ်မရပဲ အရင်းအမြစ်များကို အသုံးပြုရမည်။ ယွင်သွမ့်၏အမြင်တွင် ဆုံးရှုံးမှု ဖြစ်သည်။

“အမှန်အတိုင်းပြောရရင် အကုန်လုံးက အမှိုက်တွေမဟုတ်ပါဘူး။ ကောင်းကင်တစ်သောင်းချောက်နက်ကနေ ယူလာတဲ့ ပစ္စည်းတွေက အသုံးဝင်တယ်”

ကျောက်ချန်က ပြုံးလိုက်ပြီး ပြောသည်။

“ငါက ပစ္စည်းတွေကို စစ်ဆေးပြီး အပေါ်အလွှာတွေမှာ ရောင်းချဖို့ ကြိုးစားလိုက်မယ်”

သူက ပစ္စည်းများကို စစ်ဆေးကြည့်နေသောအချိန်တွင် သံချေးတက်နေသော ဓားနှင့် ချပ်ဝတ်များကို မြင်ခဲ့ရသည်။

သို့သော် ဟန်မူယဲ့က ထိုပစ္စည်းများကို စုဆောင်းနေသည်။

ထို့ကြောင့် တတိယအလွှာတွင်ရှိသော တိမ်တိုက်နဂါးစံအိမ်သို့ ပေးပို့ရန် သဘောတူခဲ့သည်။

ထို့ကြောင့် သူက တခြားအလွှာများသို့ သွားလိမ့်မည်ဟု ဟွမ်ကျစ်ဟူတို့ကို ပြောခဲ့သည်။

“ဦး‌လေးကျောက်က ချမ်းသာခြင်းနတ်ဘုရားဆိုတာကို ကျွန်မတို့အားလုံး သိပါတယ်”

ဟွမ်ကျစ်ဟူက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“စိတ်မပူပါနဲ့။ သုံးလအတွင်းမှာ ဖီးနစ်တောအုပ်ခံတပ်က ပြောင်းလဲသွားစေရမယ်”

သူမက ယုံကြည်ချက်ရှိစွာ လက်ကို ဝှေ့ယမ်းသည်။

ရွှေမီးတောက်နှင့် တခြားလူများက အပြုံးတစ်ခုနှင့်အတူ ထောက်ခံပေးရန်သာ တတ်နိုင်ကြသည်။

ဟွမ်ကျစ်ဟူ ကျေနပ်နေလျှင် အဆင်ပြေသည်။

ဟန်မူယဲ့က ဟွမ်ကျစ်ဟူ၏အကြောင်းကို ဂရုမစိုက်တော့ပေ။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် ရှိနေသောကြောင့် ပြဿနာများ ဖြစ်မလာနိုင်ပေ။

သူက တိမ်တိုက်နဂါးစံအိမ်ကိုလည်း စိုးရိမ်ရန် မလိုပေ။

တိမ်တိုက်နဂါးစံအိမ်၏ ပထမထပ်နှင့် ဒုတိယထပ်တွင်ရှိသော အရောင်းအဝယ်လုပ်ငန်းများကို ဟူကျိရန်က ကိုင်တွယ်လိမ့်မည်။

သူက အတွေ့အကြုံရှိပြီး ဆိုင်ကို နှစ်ပေါင်းများစွာကြာအောင် ဦးစီးလာခဲ့သည်။

တတိယထပ်တွင် ပိုင်စုကျန်း၊ ကျန့်တနျိုနှင့် ရှောက်ထျန်းရီတို့က ဓားများကို သီးသန့်ရောင်းချသည်။

လင်းရှန်နှင့်လုကောက တတိယထပ်နှင့် စတုတ္ထထပ်ကို စောင့်ကြပ်နေသည်။ လျှိုဟုန်နှင့် ကောင်းချန်ကုန်းက ဓားများကို အကဲဖြတ်ရန် တာဝန်ယူထားသည်။

အံ့ဖွယ်ကိုးပါးဓားစံအိမ်တွင် ဟန်မူယဲ့မှလွဲ၍ ကောင်းချန်ကုန်းနှင့် လျှိုဟုန်တို့ကသာ ဓားများကို အကဲဖြတ်ပေးနိုင်သည်။

လျှိုဟုန်၏ ကျင့်ကြံဆင့်က အနည်းငယ် အားနည်းသော်လည်း အမြင်အာရုံကောင်းမွန်ပြီး ဓားအကဲဖြတ်ရာတွင် ပါရမီရှိသည်။

ကောင်းချန်ကုန်းက ဟန်မူယဲ့နှင့် ရှားပါးစွာ လိုက်လာခဲ့သည်။ သူက ဓားတာအိုတွင် အဆင့်တက်သွားပြီး အလွန်တန်ဖိုးရှိသော ဓားများမှလွဲ၍ တခြားဓားများကို အကဲဖြတ်ပေးနိုင်သည်။

စတုတ္ထထပ်တွင် ဆေးလုံးများကို ရောင်းချသည်။

အဆင့်နိမ့်ဆေးလုံးများ မရှိပေ။

အနည်းဆုံး အင်မော်တယ်အဆင့် ဆေးလုံးများကိုသာ ရောင်းချသည်။

ကုသ‌ဆေးနှင့် အင်မော်တယ်ချီ ဆေးလုံးများအပြင် သွေးချီနှင့် နတ်စွမ်းအားကို စုစည်းပေးနိုင်သော ဆေးလုံးများလည်း ရှိနေသည်။

ဆေးလုံးအများစုသည် သေဆုံးခြင်းစွမ်းအားကို ခုခံနိုင်ကြသည်။

ဟန်မူယဲ့၏ အကူအညီဖြင့် မူဝမ်နှင့် ယွင်ကျင်းသည် ကောင်းကင်တစ်သောင်းချောက်နက်တွင် ဆယ်ရက်ကြာအောင်နေနိုင်သော ဆေးလုံးများကို သန့်စင်ခဲ့သည်။

ထိုဆေးလုံးတစ်လုံးကို ထိပ်တန်းအဆင့်ဝိညာဉ်ရတနာနှင့် လဲလှယ်နိုင်သည်။

မူဝမ်က တိတ်ဆိတ်နေသော သေဆုံးခြင်းစွမ်းအားကို ကိုင်တွယ်ရန် ဆုံးဖြတ်ထားသည်။ ထိုစွမ်းအားက စည်းမျဉ်းနှင့်ပတ်သတ်နေပြီး အာခီမီတစ်ခုတည်းဖြင့် ဖြေရှင်းရန် မဖြစ်နိုင်ကြောင်း သူမက သိထားသည်။

ဟန်မူယဲ့က ထိုအကြောင်းကို သိနေသော်လည်း သူမကို မတားဆီးခဲ့ပေ။

မူဝမ်က ဆေးလုံးသန့်စင်ခြင်းတွင် ပျော်ရွှင်နေသည်။

ပဥ္စမထပ်သည် ဟန်မူယဲ့အတွက် ဖြစ်သည်။

ရက်အနည်းငယ်အတွင်း၌ တိမ်တိုက်နဂါးစံအိမ်၏ စီးပွားရေးက သိသိသာသာ တိုးတက်လာသည်။

လူအများအပြားက ဓားနှင့်ဆေးလုံးများအတွက် တိတ်ဆိတ်စွာ ရောက်လာကြသည်။

တိမ်တိုက်နဂါးစံအိမ်၏ အပြင်ဘက်တွင် စုကျယ်က အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် တာအိုတန်ခိုးရှင်တစ်ဦးကို အဖော်လုပ်ပေးနေသည်။

“တိမ်တိုက်နဂါးစံအိမ်၊ အဲဒီအမှတ်အသားက ကောင်းကင်တစ်သောင်းမြို့ အင်မော်တယ်သခင်ချန်ယွမ်ရဲ့ အမှတ်အသားပဲ”

တာအိုတန်ခိုးရှင်က ပဥ္စမထပ်တွင်ရှိသော စွမ်းအင်အလင်းကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“အင်မော်တယ်ဘုရင်ရဲ့ တပည့်လား”

စုကျယ်က ကြောင်အသွားပြီး တီးတိုးပြောသည်။

“သူတို့က အခုမှရောက်လာဆိုတော့ အင်မော်တယ်ဘုရင်ရဲ့ တပည့်တွေနဲ့ မပတ်သတ်လောက်ပါဘူး”

သူ့ရှေ့တွင်ရှိသော တာအိုတန်ခိုးရှင်က ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဇောင်ယန် ဖြစ်သည်။

စုကျယ်က ညကောင်းကင်မျှော်စင်သို့ ပြန်ရောက်လာပြီး ဟန်မူယဲ့နှင့် ဆုံတွေ့ခဲ့သောအကြောင်းကို သတင်းပို့လိုက်သည်။ ထို့နောက် ကောင်းကင်ချောက်နက်ပုလဲ သုံးဆယ်ဖြင့် လဲလှယ်ခဲ့သော ဆေးလုံးများကိုလည်း ပေးလိုက်သည်။

ဇောင်ယန်က ညကောင်းကင်မျှော်စင်၏ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ခန္ဓာတည်ငြိမ်ခြင်းဆေးလုံးများအတွက် ရောက်လာခဲ့သည်။

စုကျယ်၏စကားအရ ဟန်မူယဲ့နှင့် တခြားလူများသည် ကောင်းကင်တစ်သောင်းမြို့တွင် ဆွေမျိုးနှင့် အသိမိတ်ဆွေများ မရှိကြပေ။ ထို့ကြောင့် ညကောင်းကင်မျှော်စင်သို့ ဆွဲခေါ်နိုင်လိမ့်မည်။

“ငါတို့က ခြေတစ်လှမ်းနောက်ကျသွားတာ ဖြစ်လိမ့်မယ်”

ဇောင်ယန်က ခေါင်းခါလိုက်ပြီး နောင်တများနှင့်အတူ ပြောသည်။

သူက နောက်ကျသွားသည်။

ဟန်မူယဲ့နှင့် တခြားလူများက ခန္ဓာတည်ငြိမ်ခြင်းဆေးလုံး၏ အကူအညီဖြင့် တိမ်တိုက်နဂါးစံအိမ်တွင် ရင်းနှီးမြှုပ်နှံလိုက်ခြင်း ဖြစ်နိုင်သည်။

စုကျယ်က ကြောင်အသွားပြီး ခေါင်းညိတ်သည်။

ထိုသို့ ဖြစ်နိုင်သည်။

သူတို့နှစ်ယောက်က တိမ်တိုက်နဂါးစံအိမ်ဆီသို့ လျှောက်သွားလိုက်သည်။ ဝန်ထမ်းများက သူတို့ကို ကြိုဆိုခဲ့သည်။

“ဟန်မူယဲ့လား”

သူတို့နှစ်ယောက်က ဟန်မူယဲ့ကိုရှာနေကြောင်း ပြောလိုက်‌သောအခါတွင် ဆိုင်ဝန်ထမ်းက နားမလည်နိုင်ဖြစ်သွားသည်။

“တိမ်တိုက်နဂါးစံအိမ်မှာ အဲဒီနာမည်ကို မကြားဖူးပါဘူး”

“မကြားဖူးဘူးလား”

ဇောင်ယန်က မျက်မှောင်ကြုတ်သည်။

“တာအိုရောင်းရန်ဟန်က တိမ်တိုက်နဂါးစံအိမ်မှာ ရှိနေတယ်လို့ စာပို့ခဲ့တယ်”

စုကျယ်က သံသယများနှင့် ပြောသည်။

“အိုး ဟုတ်တယ်။ အရင်ရက်မှာ တိမ်တိုက်နဂါးစံအိမ်ကို တာဝန်ခံအသစ် ရောက်လာတယ်။ ခင်ဗျားတို့ရှာနေတဲ့လူက သူနဲ့အတူ ပါလာတာဖြစ်လိမ့်မယ်”

ဝန်ထမ်းက စုကျယ်၏စကားကို ကြားလိုက်ရသောအခါတွင် လျင်မြန်စွာ ပြောသည်။

သူက တစ်ဖက်သို့လှည့်သွားပြီး စကားအနည်းငယ် ပြောသည်။ ခဏအကြာတွင် ဟူကျိရန်ထွက်လာသည်။

သူတို့နှစ်ယောက်က ဟန်မူယဲ့ကိုရှာနေကြောင်း ကြားလိုက်ရသောအခါတွင် ဟူကျိရန်က အကဲခတ်ကြည့်သည်။ သူတို့၏ဝတ်စုံတွင်ရှိသော အမှတ်အသားကို မြင်လိုက်ရသည်။

“ညကောင်းကင်မျှော်စင်ရဲ့ အကြီးအကဲဇောင်ပါလား။ ကျွန်တော်က တိမ်တိုက်နဂါးစံအိမ်ရဲ့ ဆိုင်ရှင် ဟူကျိရန်ပါ”

ဟူကျိရန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ နှုတ်ဆက်သည်။

ဇောင်ယန်နှင့် စုကျယ်ကလည်း လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ပြန်လည်နှုတ်ဆက်လိုက်သည်။

တိမ်တိုက်နဂါးစံအိမ်၏ နောက်ကွယ်တွင် အင်မော်တယ်ဘုရင်၏ တပည့်တစ်ယောက် ရှိနေသည်။ အဆင့်နိမ့်တပည့်တစ်ယောက် ဖြစ်နေလျှင်ပင် အင်မော်တယ်ဘုရင်နှင့် သက်ဆိုင်နေသည်။

ထို့ကြောင့် ကောင်းကင်တစ်သောင်းမြို့တွင် ရှိနေသ၍ ယဉ်ကျေးပေးရမည်။

“တာအိုရောင်းရင်းဟန်က ဒီမှာလား”

စုကျယ်က မေးသည်။

“ဟုတ်ပါတယ်”

ဟူကျိရန်က စုကျယ်ကို ကြည့်လိုက်သည်။

“ကျွန်တော်က ခင်ဗျားတို့နှစ်ယောက်ကို ခေါ်သွားပါ့မယ်”

သူက စကားပြောလိုက်ပြီး အထဲသို့ ဝင်သွားသည်။

ဟန်မူယဲ့က အမှန်တကယ်ပင် တိမ်တိုက်နဂါးစံအိမ်၌ ရှိနေသည်။

စုကျယ်က စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

ဟန်မူယဲ့ကို ရှာတွေ့သ၍ သူ့စကားက အမှန်ဖြစ်ကြောင်း သက်သေပြနိုင်မည်။

ဇောင်ယန်က တိမ်တိုက်နဂါးစံအိမ်၏ ပတ်ဝန်းကျင်ကို ထူးဆန်းစွာ ကြည့်နေသည်။

တိမ်တိုက်နဂါးစံအိမ်၏ စီးပွားရေးက ပိုမိုကောင်းမွန်လာပုံပေါ်သည်။

သူတို့က တတိယထပ်သို့ ရောက်လာသောအခါတွင် မျက်နှာထားပြောင်းလဲသွားသည်။

ဓားရှည်ကိုင်ထားသော ဓားကျင့်ကြံသူများက တတိယထပ်တွင် စောင့်ဆိုင်းနေကြသည်။

‘ဒါက ဘာအတွက်လဲ’

သူတို့က တွေးမိသည်။

“တာအိုရောင်းရင်းဟန်က ဒီမှာလား”

ဟန်မူယဲ့တို့က ဓားကျင့်ကြံသူများဖြစ်ကြောင်း စုကျယ်က သတိရသွားသည်။

‘ဟန်မူယဲ့က တိမ်တိုက်နဂါးစံအိမ်မှာ အလုပ်ရသွားတာလား’

ဟူကျိရန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“ဒီအထပ်ကို လျှိုဟုန်နဲ့ တခြားတာအိုရောင်းရင်းတွေက တာဝန်ယူထားကြတယ်”

All Chapters