အပိုင်း(၁၀၅၀)
Vol. 75 Ch. 1050
ဟန်မူယဲ့၏ရှေ့တွင် အချက်အလက်များ ပေါ်လာသည်။
ကောင်းကင်တစ်သောင်းမြို့၏ အင်အားစုများက ထုတ်ပြန်သော စစ်ဆင်ရေးများ ဖြစ်သည်။
တချို့ကို ကိုယ်တိုင်ပြုလုပ်ပြီး တချို့ကတော့ လူတစ်ယောက်၏ ဦးဆောင်မှုအောက်တွင် ရှိသည်။
မြို့ထဲတွင် ရင်ပြင်အများအပြားရှိပြီး အချက်အလက်များကို ကြည့်နိုင်သည်။
“ဝီ”
ရွှေရောင်အင်းကွက်တစ်ခုသည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာသည်။
သူက လက်မြှောက်ပြီး အင်းကွက်ကို ဖမ်းလိုက်သည်။
“သခင်လေးဟန်၊ နောက်ငါးရက်ကြာရင် ကောင်းကင်တစ်သောင်းချောက်နက်ကိုသွားဖို့ စိတ်ဝင်စားလား”
“သေဆုံးခြင်းစွမ်းအားကို ဆယ်ရက်ကြာအောင် ခုခံနိုင်မယ့် ပစ္စည်းတွေကို ပြင်ဆင်ထားပါ”
ထိုသတင်းကို တိမ်တိုက်နဂါးစံအိမ်၏ ပိုင်ရှင်ဟောင်း ဟူယွင်လုံက ပေးပို့ခဲ့သည်။
‘ကောင်းကင်တစ်သောင်းချောက်နက်ကို သွားရမှာလား’
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်မြှောက်သည်။ ရွှေအလင်းများ ဖြတ်ပြေးသွားပြီး စာကို တုံ့ပြန်လိုက်သည်။
မြို့ထဲတွင်ရှိသော ခြံဝိုင်းတွင် ဟူယွင်လုံက လက်မြှောက်ပြီး ရွှေအလင်းကို ဖမ်းဆုပ်သည်။
“သူက သဘောတူလိုက်တယ်”
ဟူယွင်လုံ၏စကားကို ကြားလိုက်ရသောအခါတွင် အစိမ်းရောင်ပိုးထည်ဝတ်စုံနှင့် ရွှေသရဖူကို ဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်က ခေါင်းညိတ်လျက် ပြောသည်။
“ယန်တင်းထျန်က စတုတ္ထအလွှာကို လွှမ်းမိုးနိုင်တယ်လို့ သတင်းတွေထွက်နေတယ်။ ဒီဟန်မူယဲ့ကို အရင်ဆုံး စမ်းသပ်ကြည့်ကြတာပေါ့”
“မင်းပြောတဲ့အတိုင်းဆိုရင် ဟန်မူယဲ့မှာ အရည်အချင်းရှိတယ်။ တကယ်လို့ သူက အောင်မြင်သွားရင် ငါတို့ကို စတုတ္ထအလွှာဆီ ပို့ပေးနိုင်လောက်တယ်”
ရွှေရောင်ချပ်ဝတ်နှင့် လူသန်ကြီးတစ်ယောက်က ပြောလိုက်သည်။
“စတုတ္ထအလွှာ”
ဟူယွင်လုံ၏ မျက်လုံးများက တောက်ပလာသည်။
“ငါတို့က စတုတ္ထအလွှာကို ဝင်ရောက်နိုင်ရင် အင်မော်တယ်ဘုရင်ရဲ့ အစစ်အမှန်တပည့်တွေ ဖြစ်လာနိုင်တယ်”
“စတုတ္ထအလွှာရဲ့ အင်အားစုလေးတစ်ခု ဖြစ်နေရင်တောင် တတိယအလွှာထက် အများကြီးပိုသာတယ်”
....
ချောင်ရှောင်ဝူနှင့် ချောင်ရှောင်လျူက ကောင်းကင်တစ်သောင်းမြို့၏ ပထမအလွှာတွင် မွေးဖွားလာခဲ့သည်။ သူတို့က တစ်သက်လုံး ဤနေရာတွင် နေခဲ့ကြသည်။
ကောင်းကင်တစ်သောင်းမြို့တွင် မွေးဖွားလာသော လူအများအပြား ရှိသည်။
အထူးသဖြင့် ကျင့်ကြံဆင့်မမြင့်သော ပထမအလွှာနှင့် ဒုတိယအလွှာတွင် ပိုများသည်။
သူတို့နှစ်ယောက်လုံးက ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေကြသည်။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် ခံတပ်ခေါင်းဆောင်အသစ်က ကျင့်ကြံဆင့်တိုးမြှင့်ရန် ဆေးလုံးများကို ပေးအပ်ခဲ့သည်။
ယခုအချိန်တွင် သူတို့က သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်သွားသည်။
တစ်နည်းပြောရလျှင် သူတို့က လူသားအင်မော်တယ်အဆင့်သို့ စတင်ဝင်ရောက်လာသည်။
သူတို၏ ကျင့်ကြံဆင့်က မမြင့်မားသော်လည်း အဆင့်အနိမ့်ဆုံးအပိုင်းကို ကျော်လွန်လာခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ယောက်လုံးက အလွန်ကျေးဇူးတင်နေကြသည်။
“အစ်ကိုငါး၊ သားသတ်သမားကျောက်က ကျွန်တော်တို့ကို ဆင့်ခေါ်နေတယ်။ ချပ်ဝတ်တွေထုတ်ပေးမယ်လို့ ပြောတယ်”
ချောင်ရှောင်လျူက တဲအိမ်ဆီသို့ စိတ်လှုပ်ရှားစွာပြေးလာပြီး ကျင့်ကြံရာမှ ထွက်လာသော ချောင်ရှောင်ဝူကို မြင်လိုက်ရသောအခါတွင် အော်ပြောလိုက်သည်။
ချပ်ဝတ်များထုတ်ပေးမည်ဟု ကြားလိုက်ရသောအခါတွင် ချောင်ရှောင်ဝူ၏မျက်နှာက တောက်ပသွားသည်။
ခေါင်းဆောင်ကျစ်ဟူက လွန်ခဲ့သောရက်များတွင် သူတို့ကို လေ့ကျင့်ပေးနေပြီး ချပ်ဝတ်နှင့်လက်နက်များ ထုတ်ပေးမည်ဟု ပြောခဲ့သည်။
အဆင့်မြင့်မှော်ရတနာများ မဖြစ်နိုင်သော်လည်း လူတိုင်းတွင် ချပ်ဝတ်များရှိနေလျှင် ဖီးနစ်တောအုပ်ခံတပ်၏ ခွန်အားကို မြှင့်တင်ပေးနိုင်လိမ့်မည်။
သူတို့က အသစ်တည်ဆောက်ထားသော လေ့ကျင့်ရေးကွင်းသို့ ရောက်လာသောအခါတွင် ညီညာစွာရှိနေသော ကျင့်ကြံသူများကို မြင်လိုက်ရသည်။
ထိုအရာသည် ဟွမ်ကျစ်ဟူ၏ လေ့ကျင့်ရေးရလဒ် ဖြစ်သည်။
ထိုလူများက အနည်းဆုံး ဝင်္ကပါကို ဖန်တီးထားနိုင်ကြသည်။
“အစ်ကိုယန်၊ ကျွန်တော်တို့ အဆင့်မြင့်မှော်ရတနာကို ရနိုင်မယ်လို့ ထင်လား”
ထိုကျင့်ကြံသူ၏နာမည်က ကုန်းစွန်းယန်ကျင်းဖြစ်ပြီး လူတိုင်းက သူ့ကို အစ်ကိုယန်ဟု ခေါ်ကြသည်။
သူက နတ်ဘုရားဘုရင်အဆင့်တွင် ရှိနေပြီး တပ်ဖွဲ့တစ်ခုကို ဦးဆောင်ထားသည်။
“ငါ့ကို တပ်ဖွဲ့ခေါင်းဆောင်လို့ခေါ်”
ကုန်းစွန်းယန်ကျင်းက လေးနက်စွာ ပြောသည်။ ထို့နောက် မျှော်လင့်နေသောမျက်နှာထားဖြင့် ရှေ့သို့ ကြည့်သည်။
“အဆင့်မြင့်မှော်ရတနာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်”
“ငါတို့အဖွဲ့က အဆင့်မြင့်မှော်ရတနာကို ရနိုင်ရင် ကောင်းကင်ချောက်နက်ထဲမှာ ပိုပြီး လုံခြုံလိမ့်မယ်”
ကုန်းစွန်းယန်ကျင်း၏စကားကြောင့် ကျန်အဖွဲ့သားများက ခေါင်းညိတ်လိုက်ကြသည်။
ကောင်းကင်တစ်သောင်းမြို့တွင် အရင်းအမြစ်များ ကြွယ်ဝသည်။
သို့သော် ပထမအလွှာနှင့် ဒုတိယအလွှာသည် ဆင်းရဲသည်။
ပထမအလွှာတွင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်သည် ကျွမ်းကျင်သူ ဖြစ်သည်။ အဆင့်နိမ့် မှော်ဝင်ပစ္စည်းသည် နယ်မြေတစ်ခုကို ဖိနှိပ်နိုင်သည်။
ဒုတိယအလွှာတွင်လည်း လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ အနည်းငယ်သာရှိသည်။
“တပ်ဖွဲ့ခေါင်းဆောင်တွေအားလုံး ရှေ့တက်လာပြီး ချပ်ဝတ်နဲ့လက်နက်ကို လာယူပါ”
ခံတပ်ခေါင်းဆောင်ဟောင်း ပိုင်ရှစ်က ပြောလိုက်သည်။
ယခုအချိန်တွင် ပိုင်ရှစ်က အဖြူအနက်ချပ်ဝတ်ကို ဝတ်ဆင်ပြီး လှံတစ်ချောင်းကိုင်ထားသည်။ သူက လွှမ်းမိုးနိုင်စွမ်းရှိပုံပေါ်သည်။
ကုန်းစွန်းယန်ကျင်းက အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး ရှေ့တက်သွားသည်။
ခဏအကြာတွင် သူက သိုလှောင်အိတ်တစ်လုံးနှင့်အတူ ပြန်ရောက်လာသည်။
“ခေါင်းဆောင် မဟုတ်ဘူး စစ်သူကြီးပိုင်က ပြောလိုက်တယ်။ ငါတို့က လက်နက်တွေနဲ့ အသားကျသွားရင် မြို့ကနေထွက်မယ်တဲ့”
“ခေါင်းဆောင်ကျစ်ဟူက တာဝန်တစ်ခု လက်ခံထားတယ်။ တိုက်ပွဲကိုအသုံးပြုပြီး စစ်သည်တွေကို လေ့ကျင့်ပေးမယ်တဲ့”
ကုန်းစွန်းယန်ကျင်းက စိုးရိမ်နေသောမျက်နှာထားဖြင့် တီးတိုးပြောသည်။
သူ့စကားကြောင့် လူတိုင်းက ကြောင်အသွားသည်။
ဖီးနစ်တောအုပ်ခံတပ်သည် တခြားလူများ၏ တာဝန်ကို ကူညီပြီး စစ်မြေပြင်ကို ရှင်းလင်းရန်သာ လုပ်ဆောင်ခဲ့သည်။
သူတို၏ ခွန်အားနှင့် တာဝန်တစ်ခုလက်ခံပြီး မြို့ပြင်သို့ ထွက်သွားလျှင် ဒုက္ခရောက်လိမ့်မည်။
လူတစ်ထောင်ကျော်ရှိသော ခံတပ်များကသာ မြို့အပြင်ဘက်တွင် တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည်။
“ငါသိနေတယ်။ ဆေးလုံးတွေနဲ့ လက်နက်တွေပေးတယ်။ ဘာမှကောင်းတာမရှိဘူး။ သူတို့က ငါတို့ကို ဆွဲဆောင်နေတာပဲ”
အရပ်ရှည်ပြီး ပိန်ပါးသော ကျင့်ကြံသူတစ်ယောက်က လက်သီးဆုပ်ထားပြီး ပြောသည်။
ချောင်ရှောင်ဝူနှင့် ချောင်ရှောင်လျူက တစ်ယောက်ကိုတစ်ယောက် စိုးရိမ်စွာ ကြည့်သည်။
“သွားကြစို့။ ခေါင်းဆောင်က လက်နက်တွေကို သန့်စင်ထားဖို့ ပြောလိုက်တယ်”
ကုန်းစွန်းယန်ကျင်းက တီးတိုးပြောလိုက်ပြီး တခြားလူများကို တဲအိမ်သို့ ပြန်ခေါ်သွားသည်။
သူတို့က စုစည်းလိုက်ပြီး သိုလှောင်အိတ်ကို ဖွင့်သည်။
နာမည်ရေးထားသော နှစ်ပေသေတ္တာငါးလုံး ထွက်လာသည်။
‘ဒါက ဘာလဲ’
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ကိုယ်ပိုင်နာမည်ရေးထားသော သေတ္တာများကို ယူလိုက်ကြသည်။
“အိုး ....”
“ဟူး ....”
ချောင်ရှောင်ဝူက အသံပြုမိသည်။
သူက သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါတွင် အနက်ရောင်ချပ်ဝတ်တစ်ခု၊ ခေါက်ထားသော လှံတစ်လက်၊ လေးကိုင်းတစ်ခု၊ မြားဆယ်ချောင်း၊ ဒူးလေးတစ်လက်၊ မြားတိုခြောက်ချောင်းကို မြင်ရသည်။
ဓားရှည်တစ်လက်၊ ဓားတိုတစ်လက်၊ နာမည်ပြားတစ်ခုနှင့် စာရေးထားသော ကျောက်စိမ်းပုလင်းငါးခုလည်း ရှိနေသည်။
ကုသဆေး၊ တိုက်ခိုက်နိုင်စွမ်းကို ယာယီတိုးမြှင့်ပေးနိုင်သောဆေး၊ သွေးချီကို အားဖြည့်ပေးနိုင်သောဆေး ....
“ကျွန်တော်က လှံပညာရပ်မှာ ကျွမ်းကျင်တယ်လို့ ပြောခဲ့တာ”
သူက တီးတိုးပြောလိုက်ပြီး ခေါက်ထားသော လှံရှည်ကို ကြည့်သည်။
သူနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသော ချောင်ရှောင်လျူက ပုဆိန်တစ်လက်ကို မြင်လိုက်ရသည်။
ကုန်းစွန်းယန်ကျင်း၏ သေတ္တာထဲတွင် အမျိုးမျိုးသော ကျောက်စိမ်းပြားများ ရှိနေသည်။
“ဝင်္ကပါ၊ ဆက်သွယ်ရေး၊ နေရာချထားရေး၊ ခုခံကာကွယ်ရေး .... ဒီကျောက်စိမ်းပြားတွေက ဈေးကြီးလောက်တယ်”
ကုန်းစွန်းယန်ကျင်းက ကျောက်စိမ်းပြားများကို သိမ်းလိုက်ပြီး အနက်ရောင်ချပ်ဝတ်ကို ထုတ်ယူ၍ အင်မော်တယ်စွမ်းအင်ကို ထည့်သွင်းသည်။
“ဘုန်း ....”
အားကောင်းသော စွမ်းအားတစ်ခု ပေါ်ထွက်လာသည့်အတွက် သူက မျက်လုံးပြူးသွားသည်။
“ဒါ .... ဒါက အဆင့်မြင့်ဝိညာဉ်ရတနာပဲ”
တခြားလူများ၏ ချပ်ဝတ်၊ လှံရှည်၊ ဓား၊ ဒူးလေးနှင့် တစ်ပေရှည်လျားသော ဓားတိုများကလည်း ဝိညာဉ်ရတနာများ ဖြစ်ကြသည်။
ထိုလက်နက်များက အလွန်တန်ဖိုးရှိသည်။
သေချာပျိုးထောင်ပေးလျှင် အသိစိတ်ရလာလိမ့်မည်။
ကောင်းကင်းတစ်သောင်းမြို့၏ ပထမအလွှာတွင် ထိုရတနာများကို လူတိုင်းက ရှာဖွေနေကြသည်။
သူတို့ငါးယောက်လုံးက ချပ်ဝတ်ကို ဝတ်ဆင်လိုက်ပြီး လက်နက်များကို ကိုင်ဆောင်လျက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာ ရယ်မောနေကြသည်။
“ဟားဟား၊ ချက်ချင်းသေသွားရင်တောင် ထိုက်တန်တယ်”
ချောင်ရှောင်လျူက ပြောလိုက်သည်။
သိပ်မဝေးသောနေရာတွင်လည်း တခြားလူများ၏ရယ်သံကို ကြားနိုင်သည်။
ချပ်ဝတ်အပြည့်အစုံမဟုတ်ပဲ လက်နက်တစ်ခုကပင် သူတို့ငါးယောက်လုံးကို ဝယ်ယူနိုင်သည်။
ကောင်းကင်တစ်သောင်းမြို့၏ ပထမအလွှာတွင် ကျင့်ကြံသူများ၏ အသက်သည် တန်ဖိုးမရှိပေ။
“မြန်မြန်လေး သန့်စင်လိုက်ကြ။ ငါတော့ မစောင့်နိုင်တော့ဘူး”
ကုန်းစွန်းယန်ကျင်းက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်ပြီး အင်မော်တယ်အလင်းကို ထုတ်လွှတ်သည်။
တခြားလူများကလည်း အကြည့်ချင်းဖလှယ်ပြီး လက်နက်များထဲသို့ အင်မော်တယ်စွမ်းအင်ကို ထည့်သွင်းလိုက်သည်။
သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အနည်းဆုံး အဆတစ်ရာခန့် တိုးလာလိမ့်မည်။
တစ်ရက်အကြာတွင် သာယာသော ခရာသံကို ကြားနိုင်သည်။
အနက်ရောင်ချပ်ဝတ်နှင့် ကျင့်ကြံသူများက လက်သီးဆုပ်ထားပြီး တဲအိမ်များထဲမှ ထွက်လာကြသည်။ သူတို့က လေ့ကျင့်ရေးကွင်းဆီသို့ သွားလိုက်ကြသည်။
သူတို့၏ မျက်လုံးများက တောက်ပနေပြီး တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေသည်။
“အဟမ်း၊ မင်းတို့အားလုံး ချပ်ဝတ်နဲ့လက်နက်တွေကို သိမ်းထားသင့်တယ်”
“မင်းတို့က တာဝန်သွားလုပ်မှာလား ဒါမှမဟုတ် ပြဿနာရှာမှာလား”
ကျောက်ချန်က နားထင်ကို ဖိထားပြီး စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
သူတို့က ရယ်မောလိုက်ကြသည်။
သူတို့အားလုံးက ချပ်ဝတ်နှင့် လက်နက်များကို နောက်ကျောတွင်သယ်ထားသော သေတ္တာထဲသို့ ပြန်သိမ်းလိုက်ကြသည်။
သူတို့က လက်နက်များကို သိမ်းလိုက်သော်လည်း အရှိန်အဝါက ပြောင်းလဲမသွားခဲ့ပေ။
သူတို့အားလုံးက စစ်ပွဲဝင်္ကပါ၏ အရှိန်အဟုန်ကို ထုတ်လွှတ်နေကြသည်။
“မဆိုးဘူး”
ဆံပင်စည်းထားသော အစိမ်းရောင်ဝတ်စုံနှင့် ယွင်သွမ့်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေနဲ့ မယှဉ်နိုင်သေးပေမဲ့ အခြေခံအုတ်မြစ်တချို့တော့ ရှိနေပြီ”
ဟွမ်ကျစ်ဟူ၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ပြောလိုက်သည်။
“သွားမယ်။ လေ့ကျင့်ပြီး တာဝန်လုပ်မယ်”
“အခု အပြင်ထွက်ကြမယ်”
ထိုသို့ဖြင့် သူမက ရှေ့မှဦးဆောင်ပြီး ဖီးနစ်တောအုပ်ခံတပ်မှ ထွက်သွားသည်။
နောက်ကျောတွင် သေတ္တာသယ်ထားသော ကျင့်ကြံသူများက သူမ၏နောက်မှ ညီညာစွာ လိုက်လာကြသည်။
မိုင်သုံးရာအကွာတွင်ရှိသော တောင်ကြားတစ်ခုတွင် ထောင်ချီသော ကျင့်ကြံသူများ စုစည်းနေကြသည်။
သူတို့ထဲတွင် အင်မော်တယ်များ၊ မိစ္ဆာများနှင့် နတ်ဘုရားများပင် ရှိကြသည်။
အသန်မာဆုံးဖြစ်သော လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် ရှေ့ဆုံးတွင် ရပ်နေကြသည်။
“ဖီးနစ်တောအုပ်ခံတပ်ရဲ့လူတွေ ရောက်လာကြပြီ”
ငွေရောင်ဝတ်စုံနှင့် မျက်လုံးတစ်ဖက်ကန်းနေသော အသက်သုံးဆယ်အရွယ်လူတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ဖီးနစ်တောအုပ်ခံတပ်ရဲ့ ပိုင်ရှစ်ကို မိန်းမတစ်ယောက်က အနိုင်ယူသွားတယ်တဲ့။ အခု အဲဒီမိန်းမက ခံတပ်ခေါင်းဆောင်ဖြစ်နေပြီ”
ထိုစကားကြောင့် လူတိုင်းက ရယ်လိုက်ကြသည်။