← Chapters

အစစ်အမှန်အင်းဆက်နတ်ဆိုး

Vol. 38 Ch. 527

အစစ်အမှန်အင်းဆက်နတ်ဆိုး

Vol. 38 Ch. 527

ကျင့်ကြံသူမင်သာ ကြောက်ရွှံ့သွားတာ မဟုတ်ပေ။ အဘိုးအိုနှင့် ကြမ်းကြုတ်သည့်ဟန်နှင့်သူတို့ပါ စိုးရိမ်ပူပန်တကြီး ဖြစ်သွားကြသည်။ သူတို့သည် ထိုစကားများက သူတို့ရှေ့မှ လူငယ်ကို ဒေါသ ထွက်သွားစေလား၊ မစေလားကို မသိနိုင်သည် မဟုတ်လား။ ထိုလူငယ်သည် အင်းဆက်နတ်ဆိုး ဟုတ်၊ မဟုတ်မှာလည်း မသေချာလှချေ။

“စိတ်ဝင်စားစရာပဲ။ ဒီအင်းဆက်နတ်ဆိုးဟာ အတော်လေးကို အမည်ဆိုးနဲ့ ကျော်ကြားတဲ့သူပဲ။ ရောင်းရင်းတို့အနေနဲ့ သူ့ရဲ့ ပုံပန်းသွင်ပြင် ဒါမှမဟုတ် သူ အသုံးပြုတဲ့ အင်းဆက် အမျိုးအစားတွေကိုကော သိထားကြလား...”

ဟန်လိသည် ဒေါသ မထွက်ရုံသာမက ထိုအစား ပြုံးပင် ပြုံးလိုက်သေးသည်။

“ကျင့်ကြံသူမင်က ခပ်တိုးတိုး ရေရွတ်၏။ သူက ဘယ်လိုပုံစံ ရှိလဲဆိုတာကတော့။ ကျုပ် အရင်က လုံးဝ မကြားမိဖူးဘူး။ သူ့ရုပ်သွင်ဟာ အ‌တော်လေးကို သာမန်ဆန်တဲ့ပုံ ရပါတယ်။ သူ ထိန်းချုပ်တဲ့ အင်းဆက်တွေကတော့ ရွှေနဲ့ငွေရောင်ပါ...”

ထိုသို့ ပြောချိန်၌ ကျင့်ကြံသူမင်သည် ထအော်မပြောမိဘဲ မနေနိုင် ဖြစ်သွားရသည်

“အယ်...ရောင်းရင်း ထိန်ချုပ်နိုင်တာက သုံးရောင်စုံပိုးတောင်မာအင်းဆက်တွေမလား။ ဒါ့ကြောင့် ရောင်းရင်းဟာ အင်းဆက်နတ်ဆိုး မဟုတ်တာ အမှန်ပါပဲ...”

အခြားနှစ်ယောက်သည် ရုတ်တရက် ဤအကြောင်းကို ပြန်စဉ်းစားမိပြီး သူတို့သည် စိတ်အားတက်ကြွလာမိသည်။

ထိုသူသာ အင်းဆက်နတ်ဆိုး မဟုတ်နေခဲ့လျှင် သူတို့အဖို့ အသက်ရှင်နိုင်ခြေ ပိုများသွားပြီ မဟုတ်လား။

သည့်နောက်မှာ ဟန်လိသည် အတွေးနစ်လျက် ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။ ခဏအကြာတွင် သူက ခေါင်းပြန်ငုံ့ကာ ပြောသည်။

“ဒီအမှန်တရားကို ပြောပြလို့ ကျုပ်က ရောင်းရင်းတို့ကို ကျေးဇူးတင်ပါတယ်။ ကျုပ်မှာ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ ဒီမှာ ထပ်မနေနိုင်တော့ဘူး။ ဒါပေမဲ့လည်း ရောင်းရင်းတို့ဟာ ဒီနေ့ ကျုပ်တို့ကြား တွေ့ဆုံမှုကို နှုတ်လုံပါစေလို့တော့ ကျုပ် မျှော်လင့်ထားတယ်။ ကျုပ်ဟာ လိုက်လံခံနေရတဲ့ အင်းဆက်နတ်ဆိုးနဲ့ လူမှားတာမျိုး မခံချင်ဘူး။ ရောင်းရင်းတို့ သဘောပေါက်ဖို့ မျှော်လင့်ပါတယ်...”

ဟန်လိ၏ စကားများကြောင့် ထိုသုံးယောက်သည် ကျေနပ်ပျော်ရွှင်သွားကြသည်။

သူ့စိတ်ထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ အဘိုးအိုက ပြောလာသည်။

“ဒါက သဘာဝပါပဲ။ ကျုပ်တို့ သေချာပေါက် နှုတ်လုံပါ့မယ်။ ရောင်းရင်းအတွက် ဘာပြဿနာမှ မဖြစ်စေရပါဘူး။ ပြီးတော့ ကျုပ်တို့ ညီအစ်ကိုတွေလည်း ခုပဲ ထွက်သွားပါတော့မယ်...”

ဟန်လိသည် ပြုံးယောင်သမ်းပြီး ခေါင်းညိတ်သည်။ သူတို့သုံးယောက်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းကို ဖုံးကွယ်ထားပြီး ဟန်လိကို ချက်ခြင်း ဂါဝရပြု နှုတ်ဆက်ကြသည်။ ထို့နောက်တွင် သူတို့သည် ထရပ်ကာ အဝေးသို့ ပျံသန်းသွားကြတော့သည်။

ခဏအကြာတွင် ကျွန်း၏ အခြားဘက်ခြမ်းပေါ်၌ သူတို့သုံးယောက်သည် သူတို့၏ တပည့်များကို ခေါ်ကာ သည်ကျွန်းထံမှ အလျင်အမြန် ထွက်သွားကြသည်။

အချိန်မည်မျှကြာမှန်း မသိရပြီးနောက်မှာ ဟန်လိသည် ထရပ်ပြီး ထိုသူများ ပျံသန်းသွာတာကို ကြည့်နေသည်။ သူတို့ ပျောက်ကွယ်သွားပြီးနောက်မှာ သူသည် ရုတ်တရက် မျက်စိမျက်နှာ ပျက်၏။

ထိုကျင့်ကြံသူအုပ်စုကို ရှင်းထုတ်ပစ်ဖို့သည် လွယ်ကူလှသော်လည်း သူသည် သူတို့ကို တိုက်ခိုက်ရန် စိတ်ကူး မရှိပေ။ တကယ်တော့ သူက သွေးဆာနေသူ မဟုတ်ပေ။ ထို့အပြင် သူရှိနေသော နေရာအကြောင်း သတင်းထွက်တာ၊ မထွက်တာက သိပ်ကွာခြားချက် ရှိမနေပေ။

သည်နေရာမှာ သူ့လှိုဏ်ဂူနေအိမ်နှင့် အလွန်ဝေးကွာလှ၏။ သူသာ မြူကျွန်း၏ အနီးအနားတွင် သည်သုံးယောက်ကို တွေ့ရလျှင် သူတို့ကို ကျိန်းသေပေါက် အလွတ်ပေးမည် မဟုတ်ပေ။ ထို့အပြင် သူ့၌ မြူကျွန်းပေါ်ရှိ လှိုဏ်ဂူထံ အလျင်အမြန် ပြန်ပြီး အနည်းဆုံး နှစ်သုံးဆယ်လောက် တံခါးပိတ်ကျင့်ကြံရန် အစီအစဉ်လည်း ရှိနေသည်။ သူသည် သူ့နောက်သို့ လူအများ လိုက်လံနေစဉ် ပြင်ပပင်လယ်များ၌ အချိန်ဖြုန်းချင်စိတ် ရှိမနေချေ။

လူအများသည် သူ့ကို အင်းဆက်နတ်ဆိုးဟူသည့် အမည်ဆိုးကို ပေးခဲ့သည့်ပုံ ရ၏။

ထိုစဉ်တုန်းက ဟန်လိသည် ကူရာကယ်ရာမဲ့သည့် အခြေအနေသို့ ရောက်ခဲ့ပြီး ကျောက်စိမ်းတိမ်ဂိုဏ်းမှ ကျင့်ကြံသူများကို သတ်နိုင်ရန် သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ထုတ်လွှတ်ခဲ့ရပေသည်။ သို့သော် သူသည် အခြားသူများ၏ ရတနာများကို လုယူရန်အတွက် သတ်ခဲ့တာ မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူ့ကို အသရေ ဖျက်တာ ထင်ရှားသည်။ သည့်အတွက် ဟန်လိမှာ ဒေါသ အကြီးအကျယ် မထွက်သော်ငြား စိတ်အနှောက်အယှက်များစွာ ဖြစ်မိသည်။

နည်းနည်းပါးပါး ထပ်စဉ်းစားကြည့်ပြီးနောက်မှာ ပြင်ပကြယ်ပင်လယ်များ၌ ထိုသို့ သူ့အပေါ် လုပ်နိုင်ခြေ အများဆုံးမှာ သူ၏ တစ်ခုတည်းသော ရန်သူ ဖြစ်သည့် ကျောက်စိမ်းတိမ်ဂိုဏ်းသာ ဖြစ်ပေလိမ့်မည်။

ထိုစဉ်တုန်းက ဟန်လိသည် အဆင့်မြင့်နတ်ဆိုးသားရဲများ၏ ရန်ကို ကြောက်နေသဖြင့် ပြင်ပကြယ်ပင်လယ်များ၏ အဝေးအနက်ပိုင်းဆီ မသွားခဲ့သေးပေ။ သူက သက်တံမြက်ကို အသုံးပြု၍သာ သားရဲများကို မျှားခေါ်ပြီး သူတို့ကို သတ်၍ သူတို့၏ အမြုတေများကို ရယူခဲ့သည်။ ဤသို့ဖြင့် သူသည် အဆင့်ခုနစ်သားရဲတစ်ကောင်ကို မျှားခေါ်နိုင်ခဲ့သည်။ ထိုအချိန်မှာပင် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူကိုးယောက်ကလည်း သူ့ထံ ပြေးဝင်လာခဲ့ချေသည်။ ထိုသူတို့က သူတို့ကိုယ်သူတို့ ကျောက်စိမ်းတိမ်ဂိုဏ်းမှဟု မော်မော်ကြွားကြွား ထုတ်ပြောလာပြီး ဟန်လိကို သတ်၍ ရတနာကို ရယူရန် ကြိုးပမ်းခဲ့ကြသည်။ ထိုအခါ ဟန်လိသည် သူတို့ကို သတ်ရန်၊ သူ့ကိုယ်သူ ကာကွယ်ရန် ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ထုတ်လွှတ်တိုက်ခိုက်ရန်သာ တတ်နိုင်တော့သည်။

သူသည် သူတို့ထဲမှ အများစုကို သတ်နိုင်ခဲ့သော်လည်း သူတို့ထဲ၌ အစွမ်းထက်ရတနာတစ်ခု ပိုင်ဆိုင်ထားပြီး အစွမ်းထက်လှသော အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးကျင့်ကြံသူတစ်ယောက်ပါ ပါနေလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ ဤသို့ဖြင့် ထိုသူသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများထံမှ လွတ်မြောက်သွားနိုင်ခဲ့သည်။

ဟန်လိသည် ကျောက်စိမ်းတိမ်ဂိုဏ်းသည် အံ့ဖွယ်နက်ရှိုင်းကျွန်း၏ အင်အားစုကြီးများထဲမှ တစ်ခု ဖြစ်ကြောင်း သိ၍ သူသည် သူ့အား လာရှာမည့် ရန်သူများကို ရှောင်နိုင်ရန် အဝေးပင်လယ်ပြင်ထံသို့ အန္တရာယ်ရှိသည့်ကြားကနေ စွံစွံစားစား သွားခဲ့ပေသည်။

ဟန်လိသည် အ‌တော်လေး ကံကောင်းသည်ဟု ပြောနိုင်၏။ သူသည် အဝေးပင်လယ်ပြင်၌ နှစ်အတော်ကြာနေခဲ့သော်လည်း အဆင့်ရှစ်သားရဲများ သို့မဟုတ် ထိုထက် ပိုအဆင့်မြင့်သော သားရဲများကို မတွေ့ကြုံခဲ့ရပေ။ အဆိုးဆုံး သူ ကြုံခဲ့ရသည့် အန္တရာယ်တစ်ခုသာ ရှိခဲ့သည်။ ၎မှာ အဆင့်ခုနစ်သားရဲများကို တစ်ပြိုင်နက်တည်း စွဲဆောင်မိခဲ့တာ ဖြစ်သည်။ ထိုအခြေအနေသည် ဟန်လိအတွက် ဆိုးဆိုးဝါးဝါး ဖြစ်သွားစေခဲ့သော်လည်း ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ထုတ်လွှတ်၊ သူ၏ မှော်ရတနာများကိုလည်း ထုတ်သုံးကာ ထိုပြဿနာကို ဒုက္ခသိပ်မများဘဲ ဖြေရှင်းနိုင်ခဲ့ပေသည်။

လွန်ခဲ့သောနှစ်များတုန်းက အမဲလိုက်ခဲ့ရာ၌ သူသည် အဆင့်ခုနစ်နှင့် အဆင့်ခြောက်သားရဲများ၏ အမြုတေ ရာချီကို ရခဲ့ပေသည်။ ၎င်းအရေအတွက်မှာ သူ့အတွက် ဆေးဖော်စပ်ရန် လုံလောက်တာထက် ပိုသည်။ ထို့အပြင် သူသည် နတ်ဆိုးသားရဲ အစိတ်အပိုင်းများစွာကိုလည်း စုဆောင်းနိုင်ခဲ့၏။ ဟန်လိသည် သူ မျှော်လင့်ထားသည့်အတိုင်း အဆုံးသပ်ခဲ့သဖြင့် သူ့လှိုဏ်ဂူနေအိမ်ထံ ပြန်လာနေခဲ့တာ ဖြစ်၏။

သို့ရာတွင် သူသည် နက်ရှိုင်းပင်လယ်ထံ ပြန်ရောက်လာချိန်၌ ဖြတ်သွားနေရင်း လင်းလက်မှန်သားရဲကို မထင်မှတ်ဘဲ တွေ့ခဲ့ရသည်။ ဟန်လိသည် ၎င်းကို လွှတ်ပေးရန် စိတ်ကူးမရှိဘဲ ထောင်ချောက်ဆင်ခဲ့သည်။ သို့ရာတွင် သူသည် ထိုအဖြစ်က အမြုတေဖွဲ့စည်းခြင်း အဘိုးအိုနှင့် သူ့အဖော်နှစ်ယောက်ကို ရောက်လာစေခဲ့သည်။ သူတို့သည် သူ့ကို ကြောက်လန့်တကြားဖြင့် အင်းဆက်နတ်ဆိုးဟုပင် ခေါ်ဝေါ်သုံးစွဲခဲ့သည်။

ထိုအခြေအနေက ဟန်လိ၏ စိတ်အခြေအနေကို ဆိုးဝါးသွားစေ၏။ ကျောက်စိမ်းတိမ်ဂိုဏ်းသည် သူ့ကို ရှာနိုင်စွမ်း မရှိသည့်အခါ အင်းဆက်များနှင့် မိုးပြာဓားအုပ်ကို ထိန်းချုပ်သည့် သူ့ပုံစံကို အသုံးပြုကာ အင်းဆက်နတ်ဆိုး ဟူသည် သတင်းစကားများကို ဖြန့်ခဲ့ကြပုံ ပေါ်သည်။

သူတို့က သူ့နာမည်ကို ဖျက်စီးရန်၊ ပြင်ပကြယ်ပင်လယ်ပြင်၌ သူ့ကို မဖြစ်မနေ ထွက်ပေါ်လာစေရန် ရည်ရွယ်ခဲ့တာ သိသာသည်။ သူတို့ကိုယ်တိုင် အခြားကျင့်ကြံသူများ၏ ရတနာများကို ရယူပြီး သူ့အပေါ် လွှဲချခဲ့တာ ဖြစ်သည်။ ဤသည်မှာ ထိုသူတို့က ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်သည့် သဘောမျိုးပင်။

အင်းဆက်များကို ထိန်းချုပ်ရာ၌ ကျွမ်းကျင်သည့် အဆင့်မြင့်ကျင့်ကြံသူများကို ရှာနိုင်ဖို့မှာ မခက်ခဲလှပေ။ ရွှေဝါးမြိုခြင်းပိုးတောင်မာများ၌ အလားတူသော ပျံသန်းနိုင်သည့် အင်းဆက်များကို ရှာတွေ့နိုင်ဖို့မှာလည်း အထူးတလည် မခက်ခဲချေ။ သို့သော် ကျောက်စိမ်းတိမ်ဂိုဏ်းသည် မည်သည့်အတွက်ကြောင့် အတုအယောင်လုပ်သူများကို ရွှေနှင့်ငွေရောင်အင်းဆက်များကို အသုံးပြုစေခဲ့ရသနည်း။ သူက ကျောက်စိမ်းတိမ်ဂိုဏ်းမှ သူများကို သတ်ရန် သူ၏ အနက်ရောင် ရွှေဝါးမြိုခြင်း ပိုးတောင်မာများကိုသာ အသုံးပြုခဲ့သည်။ ထိုပိုးတောင်မာများထံမှ လွတ်မြောက်သွားခဲ့သော ကျင့်ကြံသူမှာလည်း သူ့ပိုးတောင်မာများ၏ အရောင်နှင့် ပတ်သက်ပြီး မှားစရာ မရှိပေ။ သို့ရာတွင် ရွှေဝါးမြိုခြင်း ပိုးတောင်မာများထံ၌ အရောင် ပြောင်းလဲမှုသည် သူ ပြင်ပကြယ်ပင်လယ်များထံသို့ ရောက်လာပြီးမှသာ ဖြစ်ပွားခဲ့သော တစ်စုံတစ်ခု ဖြစ်လေ၏။

ကောင်းကင်လေဟာနယ်ခန်းမမှ မွန်းစတားအိုကြီးများသည် သည်အထိ သူ့နောက်သို့ လိုက်လံလာကြတာများလား။

ဟန်လိသည် ထိုအကြောင်းကို သေချာစဉ်းစားနေချိန်၌ သူ့စိတ်နှလုံးမှာ တုန်ယင်သွားမိသည်။ သူ၏ အသားအရေမှာလည်း ဖြူရော်မိသည်။ သူ့အထင်သာ မှန်ခဲ့လျှင် အခြေအနေသည် ကောင်းဖို့ လုံးဝ မဖြစ်နိုင်တော့ချေ။ နောက်ထပ် သည်မှာ ရပ်နေပြီး တစ်ကိုယ်တည်း တည်ငြိမ်စွာ ရေရွတ်နေပြီးနောက်မှာ ဟန်လိသည် ရုတ်တရက် သူ့ခြေကို စောင့်ကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ခဏအကြာတွင် သူသည် မိုးပြာအလင်းတန်းအဖြစ် ကောင်းကင်ထက်သို့ ဖြတ်သန်းသွားပြီး သူ့နေအိမ်လှိုဏ်ဂူရှိရာ မြူကြားရှိ ကျွန်းငယ်ထံ တန်းတန်းမတ်မတ် ဦးတည်လေ၏။

ပျံသန်းနေရင်း ဟန်လိ၏ ပါးစပ်ထောင့်တွင် အေးစက်စက် လှောင်ပြုံး တွဲခိုနေ၏။

အခု သူသည် နားလည်သွားခဲ့ပေပြီ။ အခု သူသည် ကျောက်စိမ်းတိမ်ဂိုဏ်း သို့မဟုတ် စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များနှင့် သူ့အပေါ် အမည်ဖျက်ထားသည့် အင်းဆက်နတ်ဆိုး တို့အပေါ်၌ များများစားစား စဉ်းစားနေရန် မလိုတော့ချေ။ အကြောင်းမှာ အံ့ဖွယ်နက်ရှိုင်းကျွန်း၏ ထူးခြားသော အခြေအနေတစ်ခု ဖြစ်လာခြင်းကြောင့် သူ၏ မူလအစီအစဉ် ဖြစ်သော တံခါးပိတ်ကျင့်ကြံမည့် အစီအစဉ်သည် အခုအခါ၌ ပို၍ အကျိုးများနိုင်မည်သာ။ ထိုသို့ တံခါးပိတ် ကျင့်ကြံခြင်းဖြင့် သူသည် ပြင်ပကြယ်ပင်လယ်များ၌ ဖြစ်လာတော့မည့် အန္တရာယ်များနှင့် အလစ်အငိုက် တိုက်ခိုက်လာနိုင်မည့်အပေါ် ရှောင်ရှားနိုင်မည် ဖြစ်၏။

သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာပြီးနောက်မှာ သူ့၏ အမည်ဆိုးသည် ကျန်ရှိနေသေးလျှင်ပင် မည်သူကများ သူ့ကို လာထိပါးဝံ့မည်နည်း။ ကျင့်ကြံခြင်းလောက၌ ခွန်အားသည်သာ အကျယ်လောင်ဆုံး စကားသံ မဟုတ်လား။

ထိုအတွေးဖြင့် ဟန်လိသည် တွေဝေမနေတော့ဘဲ သူ့လမ်းကိုယ်သူ ဆက်၏။

အခုချိန်၌ ကျောက်နက်မြို့ရှိ လျှို့ဝှက်အခန်းတစ်ခုတွင် လူနှစ်ယောက် စကားပြောနေကြသည်။ သူတို့၏ အသွင်ဟန်ပန်များက ဆန်းကြယ်၏။

“အစ်ကိုချီ...သုံးနှစ်တောင် ရှိလာခဲ့ပြီ။ ခင်ဗျားရဲ့ နည်းလမ်းတွေက အလုပ် မဖြစ်ခဲ့ဘူး။ အဲ့ကောင်ကို မျှားခေါ်ဖို့ ကျုပ် နောက်ထပ် ရှစ်နှစ်လောက် မစောင့်နိုင်တော့ဘူး...”

ထိုအသံပိုင်ရှင်၏ လေသံ၌ စိတ်မရှည်မှု အထင်သား ပါဝင်နေ၏။

“ရောင်းရင်းဝူ...ဒီကိစ္စမှာ ခင်ဗျား လောလို့ မရဘူး။ ဒီနေ့ပြီးရင် ခင်ဗျားအနေနဲ့ ကျောက်နက်မြို့ရဲ့ နေရာစုံထောင့်စုံကို ခင်ဗျားရဲ့ စိတ်ဝိညာဉ်အာရုံနဲ့ မစစ်ဆေးကြည့်ဘူးလား။ သူက ရုပ်ဖျက်ပြီး မြို့ထဲမှာသာ တကယ်ပေါ်လာခဲ့ရင်တောင် အစ်ကိုဝူရဲ့ မျက်လုံးအောက်ကနေ ဘယ်လွတ်နိုင်မလဲ...”

အခြားတစ်ယောက်က ကြမ်းရှရှလေသံဖြင့် ထိုသို့ ပြောသည်။

အရင်ဆုံး စကားပြောလာသူမှာ အံ့အားသင့်ဖွယ်ကောင်းစွာပင် နှစ်များစွာ ပျောက်နေသော ကျိနစ်ယင် ဖြစ်နေသည်။ သူသည် မျက်နှာမသာမယာဖြင့် သက်လတ်ပိုင်းလူတစ်ယောက်နှင့် ပြောနေသည်။ သူသည် မကျေမနပ် ဖြစ်နေပုံ ပေါ်၏။

“ဟား...အစ်ကိုချီက အဲ့ကောင်လေးကို ပုံဖျက်ဖို့အတွက် ခင်ဗျားရဲ့ တပည့်တွေ စေလွှတ်ခဲ့တဲ့ နည်းလမ်းမှာ အခြား ရည်ရွယ်ချက်ကော ပါတယ်မလား။ အစ်ကိုချီစိတ်ထဲမှာ ကျုပ်ကို ဖုံးကွယ်ထားတဲ့ အခြား ရည်ရွယ်ခက် မရှိနေဘူးလား။ အမြုတေဖွဲ့စည်းခြင်းအစောပိုင်း ကျင့်ကြံသူတစ်ယောက်ကို ခင်ဗျားရဲ့ ကျောက်စိမ်းတိမ်ဂိုဏ်းလို ဂိုဏ်းကြီးက ခုလောက်ထိ ရှာရခက်နေတယ်ဆိုတာ ကျုပ်ဖြင့် မယုံကြည်နိုင်ဘူး...”

ကျိနစ်ယင်သည် စိတ်ကသိကအောက်ဖြစ်စွာ ပြောလာသည်။

“ဟူး...အစ်ကိုဝူက ကျုပ်ကို အထင်မှားနေပြီ။ ကျုပ်တို့ချင်း သိလာတာ တစ်နှစ်၊ နှစ်နှစ်လည်း မဟုတ်ဘူး။ ကျုပ်က ဘယ်လိုလုပ် အဲ့လိုမျိုး လုပ်ပါ့မလဲ။ ဒါ့အပြင် ကျုပ်တို့ဂိုဏ်းဟာ အဲ့ကောင်နဲ့ ရန်ငြိုးနက်ရှိုင်းတယ်။ ကျုပ်တို့ သူ့ကို ရှာဖို့ ကြိုးစားတဲ့အရာမှာ လုံးဝ မရပ်တန့်ခဲ့ဘူး...”

ထိုသို့ ပြန်ပြောလာသူမှာ သက်လတ်ပိုင်းအရွယ် တာအိုရသေ့တစ်ယောက်ပင်။ သူသည် အဖြူရောင်ကြိုးကြာ ထိုးထားသော ဝတ်ရုံတစ်ခုကို ဝတ်ထား၏။ သူ့မျက်နှာထက်၌ အဖြူရောင်ကျောက်ပေါက်မာဖြူများ ရှိနေ၏။ ထို့‌နောက်တွင် သူက တစ်စုံတစ်ုခကို တွေးမိပြီး ပြောလာသည်။

“ဒါပေမဲ့လည်း...ရောင်းရင်းဝူ...ကျုပ်တော့ အတော်လေး သိချင်မိတယ်။ အဲ့ကောင်လေးဟာ ကောင်းကင်ကြယ်မြို့ထဲ စွန့်စွန့်စားစား ခိုးဝင်ပြီး ဒီအထိ ဘာလို့ တည်နေရာရွှေ့ပြောင်းခဲ့ရတာလဲ။ ရောင်းရင်းဝူက ခင်ဗျားရဲ့ မြေးက သူ့ကြောင့် သေဆုံးသွားခဲ့တယ်ဆိုတဲ့ ဆင်ခြေကိုပဲ အမြဲ အသုံးပြုခဲ့တယ်။ ဒါပေမဲ့လို့ ကျုပ်တော့ အဲ့အပေါ်မှာ အတော်လေး သံသယဝင်နေခဲ့တယ်...”

All Chapters