သန့်ရှင်းသော သမီးတော် ... ငါ့ကို အရင် ခွင့်ပြု ပါဦး။
Vol. 140 Ch. 1947
ပိုင်ရှုရင်မှ သူ့ကို မေးခွန်း ထုတ်ရန်၊ ဤနေရာသို့ ရောက်လာ ပုံရ သဖြင့်၊ အသက်ရှူ ကြပ် သွားသည်။
“ မင်းကို မတွေ့ ချင်လို့ ... မဟုတ် ပါဘူး၊ ငါ့မှာကိစ္စလေး ရှိလို့ ... ဒီနေ့ပဲ ခရီး ထွက်ဖို့ စီစဉ် နေတာပါ။ ”
“ စိတ်မဝင် စားဘူး ... ၊ ကဗျာ တစ်ပုဒ် ရွတ်ပါ၊ ဒါဆိုရင် ဒီနေ့ နင့်ကို လွှတ်လိုက်မယ်၊ မရွတ် နိုင်ရင် ကျန်းယွီကို လုပ်ကြံစာ ပို့တာ နင်လို့ ယူဆမိ လိမ့်မယ်။ ”
လင်းယွန်မှာ ပါးစပ် ဟောင်းလောင်း ဖြစ်သွား၏။ သူကဗျာ မရွတ်သည်နှင့်၊ ကျန်းယွီ ပြဿနာ မည်သို့မျှ သက်ဆိုင်ခြင်း မရှိချေ။ တမင် သက်သက် ညစ်နေခြင်း ဖြစ်၏။
ပိုင်ရှုရင် အတွက်မူ တခြား အတွေးများ ရှိခဲ့သည်။ ယဲ့ချင်းရှန် ကဗျာ များသည်၊ တခြား နေရာမှ ယူဆောင် လာသည်ဟု၊ ခံစား ရ၏။ ၎င်းမှ ရေးဖွဲ့ ထား သည်ဟု မထင်ချေ။
ရွေးချယ် စရာ မရှိတော့ သဖြင့်၊
“ စဉ်းစား လိုက်ဦးမယ်။ ”
-ဟု လင်းယွန်မှ ပြန်ပြော လိုက်ရသည်။
“ ရတယ် ... ငါ အလျင် မလိုဘူး၊ စောင့်နိုင်တယ်။ ”
ပိုင်ရှုရင်က လက်ဖက်ရည် တစ်ခွက် ငှဲ့သောက်ကာ စိတ်ရှည် လက်ရှည် စောင့်နေ၏။ သူမ အမူအရာသည် တည်ငြိမ် နေပြီး ရေနွေး ခွက်မော့ကာ မျက်နှာ ကွယ်သွား ချိန်၌ ရုတ်တရက် ပြုံးမိ သွားသည် ။
သည်မလာခင် ယဲ့ချင်းရှန်သည်၊ သူမ အတွက် ခက်ခဲ စေမည့် အရာများ လုပ်နိုင် မည်ဟု တွေးကာ စိတ်ပူ နေခဲ့သည်။
တကယ်တမ်း တွင်မူ ကြေငြာချက်ကို ဖောက်ဖျက် ထားသော သူမ ကပင်၊ ၎င်းအား အခက် တွေ့အောင် လုပ်နိုင် ခဲ့သည်။
ရေနွေးခွက် ကွယ်ထား သော်လည်း သူမ အပြုံးကို လင်းယွန် မြင်သည်။ ထို အပြုံး သည် လှပ နေ၏။
ရေနွေး ခွက်ကို ပြန်ချလိုက် ချိန်တွင် လင်းယွန်မှ သူမအား စိုက်ကြည့် နေသည်ကို မြင်သော အခါ၊
“ နင့် ... မျက်လုံး တွေကို ဖောက်ထုတ် စေချင် လို့လား။ ”
-ဟု ပိုင်ရှုရင်မှ မေးမြန်း လိုက်သည်။
“ အစ်မ ပိုင် ...၊ မင်း ပြုံးရင် တကယ် လှတယ်။ ”
“ ဘာစကား ပြောလိုက် တာလဲ။ ”
ပိုင်ရှုရင်မှ မျက်မှောင်ကြုတ် သွား၏။ လင်းယွန်က ပြုံးပြီး ခေါင်းစဉ်ကို အမြန် ပြောင်း လိုက်ရသည်။
“ မင်းဟာ ကျောက်စိမ်းနဲ့ တူတယ် ... ၊ လေနဲ့အတူ ရနံ့တွေ ပျံ့လွင့် နေတဲ့၊ တောင်ပေါ် က သစ်ခွ ပန်းလေး တစ်ပွင့်ပဲ၊ ငါ့ရဲ့ အချစ်က ဆောင်းရာသီ မြစ် တစ်ဆင်းလို ... အဆုံးမဲ့ ပါတယ်။ ”
ဤသည်မှာ သူမအား ရည်ညွှန်းကာ ရွတ်ဆိုနေမှန်း ပိုင်ရှုရင် သိ၏။ အခက် အခဲများ ကြားမှ၊ အဆင် မပြေမှု များကို ဖြေလျှော့ရန် ကြိုးစား ခဲ့ခြင်းမျိုး ဖြစ်သည်။
အရေး အကြီး ဆုံးမှာ သူမကို ထိမိသော စာချိုး တစ်ခု ပါနေခြင်း ပေပင်။ ယဲ့ချင်းရှန်ကို ပြန်ကြည့် လိုက်သော အခါတွင်၊ သူမ နားလည်မှု လွဲနေ ခဲ့မှန်း နားလာ၏။
ထိုစဉ် လင်းယွန်က ကဗျာကို အဆုံးသတ် လိုက်သည်။
“ စစ်မှန်တဲ့ ... ချစ်ခြင်းက ငါတို့ နှစ်ယောက်ကို၊ တစ်သက်တာ ပေါင်းဖက်ခွင့် ပေးပါ လိမ့်မယ်။ ”
“ ယဲ့ချင်းရှန် ... နင်က ဒီလို တော့လည်း ထက်မြက် သားပဲ၊ ငါ ဒါကို တကယ် မသိ ခဲ့ဘူး၊ ကျန်းယွီ အတွက် ကဗျာ ကိုလည်း နင်ပဲ ရေးခဲ့ ပုံရတယ်။ ”
သူမ စကားကြောင့်၊ လင်းယွန်က သူ့ကိုယ်သူ တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစား လိုက်ရသည်။
“ ဒါပေမယ့် ... ။ ”
ရုတ်တရက် ပိုင်ရှုရင် လေသံက အပြစ် မကင်းသည့် အသွင် ပေါက်လာပြီး၊
“ နင် ... ငါ့ကို အာရုံစိုက် မနေ ပါနဲ့၊ ငါ့နှလုံးသား မှာလည်း ... နင့်လိုပဲ ပိုင်ရှင် ရှိနေ ပြီ။ ”
-ဟု ဖွင့်ပြော လာတော့သည်။
“ ငါ့ ကဗျာ ထဲက လူက ... မင်း ဆိုတာ သေချာ လို့လား။ ”
လင်းယွန်မှ နှာခေါင်းကို ပွတ်လျက် ပြန်လည် မေးမြန်း လည်သည်။ ထိုမေးခွန်းမှာ၊ ရှက်ရွံ့ နေခြင်း ဖြစ်မည်ဟု ယူဆ လိုက်ပြီး၊ ပိုင်ရှုရင်က ပြုံး၏။
“ ဒါဆို အကောင်းဆုံး ပါပဲ။ ”
“ အစ်မပိုင် ... မင်းကို လွမ်းအောင် လုပ်နိုင်တဲ့ လူက ဘယ်သူလဲ ဆိုတာ၊ ငါ အရမ်း သိချင် မိတယ်၊ မင်း ရင်ထဲမှာ တစ်ယောက် ယောက် ရှိနေ တာက၊ မယုံနိုင် စရာပဲ၊ ငါတစ်ခါမှ မကြား ဖူးဘူး ... ။ ”
ဤသည်မှာ အမှန် ဖြစ်၏။ ပိုင်ရှုရင်သည် နတ်နဂါး အင်ပါယာ၏ မှူးမတ် အနွယ်တော် များ အပါအဝင်၊ ဉာဏ်ကြီးရှင် များစွာကို ငြင်းပယ် ခဲ့သည်။
“ ဒီအကြောင်း အရာကို ... ၊ နင် မကြားဖူးတာ သဘာဝ ပါပဲ၊ ဒါကို အခြားလူ တစ်ယောက်နဲ့ ပြောဖူးတာ ဆိုလို့၊ ငါ့အတွက် ပထမဆုံး အကြိမ်ပဲ၊ သူ့ကို ငါလည်း၊ ...
... တစ်ခါပဲ တွေ့ဖူး ခဲ့တယ်၊ ဒါပေမယ့် ကောင်းကင် တာအို ဂိုဏ်းမှာ ... ငါ့ကို လာရှာ မယ်လို့ ... သူ ပြောခဲ့တယ်။ ”
သူမ စကားကြောင့် လင်းယွန်က စိတ်ရှုပ် သွားသည်။
“ ထူးဆန်း နေလို့လား ... ၊ တစ်စုံ တစ်ယောက် အပေါ်၊ သဘောကျ တာက အပြစ် မရှိဖူးလို့ ... ငရဲ သစ်ခွ ရင်ပြင်မှာ၊ နင် ပြောခဲ့ တာကို မှတ်မိ သေးလား၊ ဟုတ်တယ်၊ ...
... တစ်ယောက် ယောက်က တခြား တစ်ယောက် ယောက်ကို ... ၊ ဖျပ်ခနဲ မြင်ရုံလေး နဲ့တောင် သဘောကျဖို့၊ လုံလောက် ပါတယ်။ ”
ထိုစဉ်က သရုပ်ဆောင် ပြောခြင်း မျှသာ ဖြစ်ကြောင်း၊ လင်းယွန်မှ သူ့ကိုယ်သူ အသိဆုံး ဖြစ်သည်။
ထို့ကြောင့် ပိုင်ရှုရင် သဘောကျ ခဲ့သော ထိုသူသည် စိတ်မချ ရကြောင်း နားလည် လိုက် တော့၏။
“ ဒါဆို ... သူ ဘာလို့ မလာ တာလဲ။ ”
လင်းယွန် မေးခွန်းကြောင့် ပိုင်ရှုရင် အကြည့်များ မှိန်ဖျော့ သွားပြီး၊
“ မသိဘူး ... ၊ ဒါပေမယ့် သူ့လို လူက ... သူ့ ကတိကို လိုက်နာ မှာပါ။ ”
စကား ပြောနေစဉ် သူမနှင့် ထိုလူ၏ တေွ့ဆုံခန်းကို ပြန်လည် တွေးတော နေချေပြီ။ ထိုကြောင့် သူမ အကြည့်များ တောက်ပ လာ၏။
အဆိုပါ အမူ အရာကြောင့်၊ ထိုသူသည် အမှန်ပင် လူယုတ်မာ တစ်ယောက် ဖြစ်ရမည် ဟု လင်းယွန်မှ ထပ်လောင်း အတည်ပြု လိုက်သည်။
“ နင့်ကို ... အထင်လွဲ ခဲ့တဲ့ အတွက်၊ တောင်းပန် ပါတယ်၊ တကယ်တော့ ... နင်က အချစ်ကို အလေး အနက်ထားတဲ့ လူပဲ ... ၊ အဲဒါက ငါနဲ့ တူတယ်၊ နင်နဲ့ ...
... ဝမ်မူယန် ပတ်သတ်မှုကို ... ၊ ငါ ဂရု မစိုက်ဘူး၊ ဒါက ငါနဲ့ ဘာမှ မဆိုင်သလို ... နင့် အပေါ် ငါနားလည်မှု လွဲနေ ခဲ့တာ ကိုပါ၊ နားလည် လာတယ်။ ”
ပိုင်ရှုရင်၏ ရိုးရိုး သားသား တောင်းပန် စကားကြောင့် လင်းယွန်မှာ စိတ် မသက် မသာ ဖြစ်လာပြီး၊
“ မိန်းကလေး ပိုင် ... ၊ မင်းက အရမ်း လေးနက် လွန်းနေပြီ၊ မင်း တောင်းပန် တာကို ငါ လက်မခံ ပါရ စေနဲ့ ... ။ ”
အစ ပိုင်းတွင် နာမ်စားကို၊ ယဲ့ချင်းရှန်ဟု သုံးချင် သော်လည်း၊ ‘ငါ’ အဖြစ်သာ အသုံးပြု လိုက်သည်။
“ အဆင်ပြေ ပါတယ်၊ ငါ နင့်ကို ပြောစရာ ရှိတယ်။ ”
“ ကျေးဇူးပြုပြီး ပြောပါ ... ။ ”
“ ခုနစ်ရက် နေရင် ... ငရဲ သစ်ခွ ရင်ပြင်ကို လာဖို့ ... ငါ့ဆရာက ဖိတ်ကြားခိုင်း လိုက်တယ်၊ နင့်အပြင် ကောင်းကင် တာအို ဂိုဏ်းထဲက ထက်မြက်တဲ့ ဓားသမား အားလုံးကို၊ ဆရာ ကိုယ်တိုင် လမ်းညွှန် ပေးမို့ပဲ။ ”
“ ကောင်းပြီ ... စိတ်ချ နေပါ။ ”
လင်းယွန်က ပြုံးကာ ခေါင်းညိတ် လိုက်သည်။
“ ဒါပေမယ့် ... ။ ”
သို့သော် ပိုင်ရှုရင်မှာ ခေတ္တမျှ ချီတုံ ချတုံ ဖြစ်သွားပြီး၊
“ ဆရာက ... သူ ဖိတ်ကြား တာမျိုး မဟုတ်ဘဲ၊ ငါ ဖိတ်ကြားတဲ့ ပုံစံမျိုး ဖြစ်စေချင် နေတယ်။ ”
-ဟု ရှင်းပြ လိုက်သည်။
“ နားလည် ပါပြီ .. ၊ မူလ နဂါး မဟာ သူတော်စင် မေးရင် ... ဒီကိစ္စကို ငါ ဖြေရှင်း လိုက်ပါ့မယ်။ ”
“ ဒါ အကောင်းဆုံးပဲ။ ”
ပိုင်ရှုရင်က သက်တောင့် သက်သာနှင့် ပြုံးပြ လာသည်။ အဆုံးတွင် သူမ ဆရာ ပေးအပ်သော တာဝန်ကို ပြီးမြောက် ခဲ့ချေပြီ။
“ ဂျူနီယာ ယဲ့ ... ၊ ဓား ညီလာခံကို ကြားဖူးလား။ ”
“ အင်း ... ကြားဖူးတယ်။ ”
ထိုအမည်ကို ကြားရုံသာ မက၊ သူကိုယ် တိုင်ပင် တက်ရောက် ခဲ့ဖူး၏။ သို့သော် ထိုစဉ်က ဌာနခွဲမှ ကျင်းပသော အသေးစား ညီလာခံ မျှသာ ဖြစ်သည်။
ဓားစံအိမ် ကြီးမှ ကျင်းပမည် ညီလာခံ သာလျှင်၊ ဓားသမားတိုင်း အတွက် ကြီးကျယ် ခမ်းနားသော ပွဲ ဖြစ်၏။
“ ကောင်းကင် တာအို ဂိုဏ်းက ပါဝင် မို့လား။ ”
“ အရင် တုန်းက မတက်ခဲ့ ပေမယ့် ဒီတစ်ခါတော့ ငါ့ဆရာက အလေး အနက် ထား လာတယ်၊ ဒါကြောင့် ... ဂိုဏ်းပြင်ပ ရောက် နေတဲ့ သူတော်စင် တပည့် ... ဓားသမား တိုင်းကို ပြန်ခေါ် ထားတယ်။ ”
“ ဓားညီလာခံကို အမည်ခံ သူတော်စင် နယ်ပယ် အောက်က ... ဘယ်သူ မဆို ပါဝင်နိုင် တယ်လို့ ကြားတယ် ဟုတ်လား၊ ဒါဆို ငါက ဘာများ အရေးပါ ဦးမှာလဲ။ ”
လင်းယွန်မှ ပြုံးပြီး မေးလာသဖြင့် ပိုင်ရှုရင်က အားနာစွာ ပြန်ပြုံး ပြ လာသည်။
“ ငါ့ ဆရာက ... လာခိုင်းတဲ့ အတွက်၊ အကြောင်း ပြချက် ရှိမှာပါ ... ၊ ဓားညီလာခံ တက်ရောက် ခွင့်မရ ရင်တောင်၊ ငါ့ ဆရာရဲ့ လမ်းညွှန်မှုကို ရမှာမို့၊ နင် မနစ်နာ ပါဘူး။ ”
“ ကောင်းပြီ ... အဲဒီနေ့ တွေ့မယ်။ ”
လင်းယွန်က သဘောတူ လိုက်သည်။
“ အစ်ကိုကြီး ... ။ ”
ရုတ်တရက် ချန်ဖန် တစ်ယောက် ထိတ်လန့်စွာဖြင့် ခြံဝင်းထဲ ပြေးဝင် လာပြန်၏။
“ အစ်ကိုကြီး ... ယဲ့ဖေးဖန် လာတယ်။ ”
“ သူက ... အရှုံး သမား တစ်ယောက်ပဲ၊ မင်းဘာလို့ ဒီလောက် ထိတ်လန့် နေရ တာလဲ။ ”
လင်းယွန်မှ ပြန်မေး လိုက်သည်။
“ မတူဘူး ... ၊ သူနဲ့ အတူ အမည်ခံ သူတော်စင် နှစ်ပါးနဲ့ သူတော်စင် အကြီးအကဲ တစ်ပါး ပါလာတယ်၊ သူတို့ အားလုံးက ယဲ့-မိသားစု ကပဲ။
“ ယဲ့-မိသားစု လား ... ။ ”
လင်းယွန် မျက်ဝန်းများ မှေးဆင်း သွားသည်။ သူ တွက်ဆ ထားသော နေ့သည် စောပြီး ရောက်လာပြီ ဖြစ်၏။
ရုတ်ချည်း သန်မာ လာခြင်းကြောင့်၊ ၎င်းတို့အား သံသယ ဝင်စေ သည်မှာ သဘာဝ ကျလေသည်။
“ သန့်ရှင်းသော သမီးတော် ... ၊ ငါ့ကို အရင် ခွင့်ပြု ပါဦး။ ”
ထိတ်လန့်ခြင်း မရှိဘဲ၊ တည်ငြိမ်သော အသွင်ဖြင့်၊ ချန်ဖန်အား လမ်းပြရန် လင်းယွန်မှ လက်ဝှေ့ ယမ်းပြ လိုက် တော့သည်။
***