ဓား သူတော်စင်။
Vol. 140 Ch. 1948
“ အဆင်ပြေ ပါတယ်၊ ငါ နင်နဲ့ အတူ လိုက်ခဲ့မယ်။ ”
ပိုင်ရှုရင်က ထလိုက် လာလေသည်။ လင်းယွန်မှ ပြုံးလိုက်၏။ ပိုင်ရှုရင် စေတနာကို သူ မငြင်း လိုချေ။
“ ဘယ်မှာလဲ ... ။ ”
“ တောင်ခြေမှာ ... တောင်ထိပ် သခင်က တားထားပြီး၊ အစ်ကို ကြီးကို အကြောင်း ကြား ခိုင်းလိုက်တယ်၊ အစ်ကိုကြီး ... မတွေ့ ချင်ရင်၊ ငါ သူတို့ကို မူလ နဂါး မဟာ သူတော်စင် နေအိမ်ဆီ ... ခေါ်သွား ပေးရမလား။ ”
“ ... ထားလိုက်၊ လာ သွားကြ ရအောင်။ ”
လင်းယွန်မှ ပြုံးကာ ခေါင်းညိမ့် လိုက်တော့သည်။ ပိုင်ရှုရင်က လင်းယွန်အား တစ်ချက် ကြည့်၏။
ကောင်းကင် တာအို ဂိုဏ်းတွင်၊ မျိုးနွယ်စု လေးစု ရှိပြီး၊ ဂိုဏ်းအတွင်း၌ အားကောင်းသည့် အင်အားစုများ ဖြစ်သည်။
နှစ်ထောင်ပေါင်း များစွာတည်း ကပင်၊ ဂိုဏ်းအတွင်း၌ လုံးလုံး လျားလျား စိမ့်ဝင် နေခဲ့ ကြသည်။
ဂိုဏ်းချုပ် မရှိ ချိန်မှ စကာ၊ ဓားကိုင်သူ နှစ်ယောက် ကလည်း၊ ဤကိစ္စများ အပေါ် လျစ်လျူရှု ထားခဲ့သည်။
ဤယဲ့ချင်းရှန်သည် မိသားစု အတွင်း၌၊ ကောင်းမွန်စွာ ဆက်ဆံ ခံရခြင်း မရှိကြောင်း၊ သူမ ကြားသိ ထား၏။
တောင်ခြေသို့ ရောက်သော အခါ၊ တောင်ထိပ် သခင်မှ ၎င်းတို့အား ဟန့်တား ထား သည်ကို တွေ့လိုက် ရသည်။
ယဲ့ဖေးဖန် နောက်နားတွင်၊ အမည်ခံ သူတော်စင် နှစ်ပါးနှင့် သူတော်စင် သခင် တစ်ပါး ပါရှိ၏။
“ တောင်ထိပ် သခင် ... ။ ”
လင်းယွန်က နှုတ်ဆက် လိုက်သည်။ တောင်ထိပ် သခင်မှ လိုက်လာသော လင်းယွန် ကို ကြည့်ကာ၊ စိတ်ပျက် သွားပြီး၊
“ ယဲ့ချင်းရှန် ... နောက်ဆုံးတော့ မင်း ထွက်လာပြီ။ ”
-ဟု မသက်မသာ နှုတ်ဆက် လိုက်သည်။
“ မင်္ဂလာပါ ... ။ ”
လင်းယွန်က ထိုလူ သုံးယောက်ကို မသိသောကြောင့် ပေါ့ပေါ့ တန်တန်ပင် တစ်ချက် ကြည့်ပြီး နှုတ်ဆက်၏။
ယင်းက သူတော်စင် အကြီးအကဲ တစ်ဦး ဖြစ်သည့် သူတော်စင် သခင်အား စိတ်မချမ်း မသာ ဖြစ်သွား စေသည်။
သူက မျက်ခုံးပင့်ကာ၊
“ ယဲ့ချင်းရှန် မိသားစုရဲ့ အကြီးအကဲ တစ်ယောက်ကို တွေ့ရင် ဒူးထောက် ရမယ် ဆိုတာ မင်း မသိတော့ ဖူးလား၊ မင်းက ပိုပို ရိုင်းစိုင်း လာတာပဲ။ ”
-ဟု အပြစ်တင် လိုက်၏။
“ ပြောစရာ ရှိတာ ပြောပါ၊ ငါ အလုပ် ရှုပ်နေတယ်။ ”
လင်းယွန်က ခပ်မာမာ တုန့်ပြန်သည်။
“ ဘိုးဘေးက မင်းကို တွေ့ချင် နေတယ်၊ ငါတို့နဲ့ လိုက်ခဲ့ပါ။ ”
ယဲ့ဖေးဖန်မှ မကျေ မနပ်ဖြင့် ဝင်ပြော လာ၏။
“ ဟုတ်လား ... ။ ”
ထိုဘိုးဘေး ဆိုသူသည် လက်တစ်ထောင် သူတော်စင် ဘုရင် အဖိုးအို ဖြစ်၏။ ကောင်းကင် တာအို ဂိုဏ်း အတွင်း ယဲ့-မိသားစု၏ ဝါစဉ် အကြီးဆုံး ပုဂ္ဂိုလ် ပေပင်။
ထို့ကြောင့့် ယဲ့မိသားစု၏ ဘိုးဘေး တစ်ပိုင်းဟု သတ်မှတ် နိုင်၏။ ယဲ့ဖေးဖန် အဆို အရ၊ ၎င်းမှ လင်းယွန်အား သံသယဝင် နေကြောင်း မြင်သာသည်။
“ မင်း ... ဘယ်လို သတ္တိ ရှိလဲ၊ ဘိုးဘေးက မင်းကို တွေ့ချင် နေတာ၊ အလေး အနက် မထား ဖူးလား၊ ဒီ-အဆင့် ချန်ပီယံ ဖြစ်လာ ထဲက၊ ဘိုးဘေးဆီ မင်း ...
... လည်ပတ် သင့်တယ်၊ အခုတော့ ဘိုးဘေးက မင်းကို ဖိတ်တာတောင် ... ရိုင်းပျ နေ လိုက်တာ။ ”
“ ဘာအတွက် ... ငါက သူ့ကို လေးစား ရမှာလဲ၊ ငါမှာ တွေ့ဖို့ ဆန္ဒ မရှိဘူး၊ ငါ ... မအား ဖူးလို့ ... ပြန်ပြော လိုက်။ ”
လင်းယွန် စကားကြောင့် မရဏ မိုးကြိုး တောင်ထိပ်၏ တပည့်များ အပါအဝင်၊ လူတိုင်း မျက်နှာ ပြောင်းကုန်၏။
“ မင်းမှာ ရွေးချယ်ခွင့် ရှိတယ်လို့ ထင်နေလား ... ဟမ့် ။ ”
ယဲ့ဖေးဖန်က ဟစ်အော် လိုက်ပြီး ချက်ချင်း ဆိုသလို သူ့ ရောင်ဝါအား ထုတ်လွှတ် လိုက်၏။ ယခင် ပြိုင်ပွဲ၌ ရှုံးနိမ့်မှုကို မယုံနိုင် သေးချေ။
နိဗ္ဗာန်-စတုတ္ထ အဆင့် ခွန်အားကို အပြည့်အဝ ထုတ်နိုင်သော်၊ တစ်ဖက် လူအား အနိုင်ယူ နိုင်မည်ဟု ယုံကြည် နေမိ၏။
ထို့ကြောင့် ဤရက်များ အတွင်း၊ ပြင်းပြင်း ထန်ထန် လေ့ကျင့်ကာ၊ နိဗ္ဗာန် ရောင်ဝါကို ပို၍ သိပ်သည်း စေခဲ့သည်။
ယဲ့ချင်းရှန် ဓားမဆွဲ သ၍၊ အနိုင် ယူနိုင် မည်ဟု ယုံကြည်၏။ ၎င်းဓားဆွဲသော် အမည်ခံ သူတော်စင် နှစ်ပါးနှင့် သူတော်စင် သခင်မှ၊ ရပ်ကြည့် နေမည် မဟုတ်ချေ။
ထိုအချိန်တွင် မရဏ မိုးကြိုး တောင်ထိပ် သခင်မှာ ရပ်ကြည့် နေရုံသာ တတ်နိုင် ပေမည်။ ဤသည်မှာ မိသားစု အတွင်းရေး ဖြစ်သော ကြောင့်၊ ဝင်ရောက် စွက်ဖက်ခွင့် မရှိချေ။
ဘိုးဘေးထံ ခေါ်သွား နိုင်က၊ မူလ နဂါး မဟာ သူတော်စင်၏ တိုက်ရိုက် တပည့် ဖြစ် လျှင်ပင်၊ သတ်ပစ် နိုင်ပြီ ဖြစ်သည်။
“ ဝှစ် ဝှစ် ဝှစ် ... ။ ”
လက်ဖဝါး သုံးချက်ကို တွန်းထုတ် လိုက်သည်။ လေထဲတွင် မီးတောင် ပေါက်ကွဲ သွား သကဲ့သို့ အက်ကွဲမှုများ ပေါ်လာ၏။
လင်းယွန်က ယဲ့ချင်းရှန်အား သူ့အနား ကပ်ခွင့် မပြုဘဲ၊ နောက်ပြန် ဆုတ်လိုက်သည်။
“ ယဲ့ချင်းရှန် ... မင်းရဲ့ ဓား ဘယ်မှာလဲ၊ ဟား ဟား ဟား ... ။ ”
ယဲ့ဖေးဖန်က ရယ်မော လှောင်ပြောင် လိုက်သည်။ တစ်ဖက် လူအား ဓားဆွဲထုတ် စေလို၏။ သို့သော် လင်းယွန်က မဆွဲဘဲ သူ့ လက်ဖဝါးကို ပြန်၍ တွန်းထုတ်သည်။
သူ့ဓားကို မဆွဲ သလို၊ ဓား ရည်ရွယ်ချက် လည်း မလွှတ်ချေ။ သူ့လက်ဖဝါးကို တွန်းထုတ် လိုက်ရုံသာ ဖြစ်သည်။
“ ဖပ် ... ။ ”
“ ဝေါ့ ... ။ ”
လက်ဝါး နှစ်ဖက် ထိသော အခါတွင် ယဲ့ဖေးဖန် တစ်ယောက် ပါးစပ်မှ သွေးများ အန်ထွက် လာ၏။
လဝက် အတွင်း ယဲ့ချင်းရှန်သည် မရဏ သတ္တမမြောက် အဆင့်သို့ ရောက်ရှိ သွားသည် ကို၊ တွေ့ရှိ လိုက်ရသည်။
အဆင့် တိုက်ပွဲတွင်၊ ယဲ့ချင်းရှန် ကျင့်ကြံ မှုမှာ၊ မရဏ-ပဉ္စမ အဆင့် တွင်သာ ရှိသေး၏။ လဝက်အတွင်း အဆင့်ငယ် နှစ်ခုကို ဆက်တိုက် ချိုးဖြတ် သွားခြင်း ဖြစ်သည်။
ထို့ထက် ပို၍ တုန်လှုပ် စေသည့် အရာမှာ၊ နိဗ္ဗာန်-စတုတ္ထ အဆင့်၌ ရှိသော ယဲ့ဖေးဖန်းအား ထိုခွန်အား သက်သက်ဖြင့်၊ ဒဏ်ရာ ပေးနိုင် ခဲ့ခြင်း ဖြစ်သည်။
အဆင့် သတ်မှတ်ချက် တိုက်ပွဲ တစ်လျှောက် ကောင်းကင် အမိုး ဓားနှင့် ဓားရေး ပညာရပ်များ အပေါ်သာ အားကိုး ခဲ့၏။
ယဲ့ဖေးဖန် လွင့်စဉ်လာ သဖြင့်၊ အမည်ခံ သူတော်စင် တစ်ပါးမှ ဖမ်းယူ လိုက်ရလေသည်။
“ ငါ ... မင်းကို ... ၊ အခွင့်အရေး ပေးခဲ့ ပြီးပါပြီ၊ ဒါပေမယ့် ... မင်းက အမှိုက် တစ်စပဲ။ ”
“ မင်းက ယဲ့ချင်းရှန် မဟုတ်ဘူး၊ မင်း ဘယ်သူလဲ။ ”
ယဲ့ဖေးဖန်မှ လက်ညှိုး ထိုးလျက်၊ အော်ငေါက် လိုက်၏။ သို့သော် လင်းယွန်က ပြုံးရုံသာ ပြုံးပြီး၊ အမည်ခံ သူတော်စင်နှင့် သူတော်စင် သခင်ထံ လှည့်ကြည့်ကာ၊
“ မင်းတို့ရော အတူတူ ပဲလား။ ”
-ဟု ရင့်သီးစွာ မေးလိုက်သည်။
“ ဘိုးဘေးနဲ့ လိုက်တွေ့ပါ ... ၊ ပြီးရင် အားလုံး ရှင်း သွားလိမ့်မယ်။ ”
ယဲ့-မိသားစု၏ အမည်ခံ သူတော်စင် တစ်ပါးက လင်းယွန်ကို ဖမ်းယူ လိုသော ဆန္ဒ ဖြင့်၊ လှမ်းထွက် လာခဲ့သည်။
သို့သော် သူ အနား မကပ် နိုင်ခင် မှာပင်၊ အဖြူဝတ် ပုံရိပ် တစ်ရိပ်က လမ်းတွင် ဝင်ရပ် သည်။
ယင်းမှာ ပိုင်ရှုရင် ဖြစ်သဖြင့် လူတိုင်းကို ထိတ်လန့် သွား၏။ ရွှေနှင့် ငွေရောင် အလင်း များ ဖြာလျက်၊ နိဗ္ဗာန်-နဝမ အဆင့် ရောင်ဝါ အား ထုတ်လွှတ် ထားသည်။
ယင်းကြောင့် ယဲ့မိသားစု၏ အမည်ခံ သူတော်စင်မှာ မျက်နှာ ပြောင်းသွားပြီး အမြန် ပြန်ဆုတ် လိုက်ရသည်။ ထို့နောက် သူတော်စင် သခင်ထံ လှည့်ကြည့်ကာ၊
“ နေမင်း အသူရာ သူတော်စင် သခင်။ ”
-ဟု ခေါ်လိုက်သည်။
ထိုမြင်ကွင်းကြောင့် မရဏ မိုးကြိုး တောင်ထိပ် သခင်မှာ စိတ်လှုပ်ရှား လာသည်။ ဤလူများကို သူ သည်လည်း မတား နိုင်ချေ။
ယဲ့-မိသားစု ဘိုးဘေး သည်သာ၊ ယဲ့ချင်းရှန်အား ဖမ်းဆီးရန် စိတ်ပိုင်းဖြတ် ထား သော်၊ မူလ နဂါး မဟာ သူတော်စင် သည်ပင် ရပ်ကြည့် နေရ ပေမည်။
ယဲ့-မိသားစုသည် ကောင်းကင် တာအို ဂိုဏ်း၌ နက်ရှိုင်းစွာ အမြစ် တွယ်နေပြီ ဖြစ်၏။ အမြင်တွင် မဟာ သူတော်စင် မရှိ သော်လည်း၊ အမှောင် ထဲမှ ပုန်းကွယ် စောင့်ရှောက် နေ မည်ကို၊ စိုးရိမ် ကြသည်။
“ ပိုင်-မိသားစုက ... ၊ ငါတို့ ယဲ့-မိသားစုရဲ့ အရေး ကိစ္စ တွေကို ဝင်ရောက် စွက်ဖက် ချင်နေ တာလား။ ”
နေမင်း အသူရာ သူတော်စင် သခင်မှ မေး၏။
“ ငါ မဝံ ပါဘူး၊ ဒါပေမယ့် ... (၇)နေရင် ငရဲသစ်ခွ ရင်ပြင်ကို လာမယ်လို့ .. သူ ကတိပေး ထားတယ်၊ ဒါကြောင့် သူ ဒဏ်ရာ ရလို့ မလာ နိုင်ရင်၊ ငါ့ဆရာ စိတ်ဆိုး လိမ့်မယ်။ ”
“ မိန်းကလေး ပိုင် ကျောက်စိမ်းဓား သူတော်စင်တောင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဝင်ပြောလို့ မရပါဘူး၊ ယဲ့ချင်းရှန် ... မင်း ငါတို့နဲ့ လိုက်လာပါ၊ ဒီကိစ္စမှာ တခြား ဘယ်သူ့ကိုမှ မပါဝင် စေချင်ဘူး။ ”
လင်းယွန်က သက်ပြင်း တစ်ချက်ချ လိုက်ပြီး၊
“ မိန်းကလေး ပိုင်၊ ဒါက ငါ့ရဲ့ အရေး ကိစ္စမို့ ငါကိုယ်တိုင်ပဲ ကိုင်တွယ် ပါရစေ။ ”
-ဟုဆိုကာ ပိုင်ရှုရင်အား ဖယ်လျက် ရှေ့လှမ်းတက် လိုက်သည်။
သို့သော် လိုက်သွားရန် ရည်ရွယ်ချက် မရှိချေ။ ထို့ကြောင့် နေမင်း အသူရာ သူတော်စင် သခင်မှာ၊ မျက်မှောင် ကျုံ့ သွားသည်။
“ ယဲ့ချင်းရှန် ... သူတော်စင် တစ်ပါးကို ခုခံချင် နေတာလား၊ မင်း သေချင် နေတာပဲ။ ”
“ သူတော်စင် သခင် ... ၊ စိတ်အေးအေး ထားပါ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ဝင်ရောက် သတိပေး လာသည်။
“ မင်းနဲ့ ဘာဆိုင်လဲ ... ။ ”
ပိုင်ရှုရင်အား သတိထား ဆက်ဆံ ရ သော်လည်း၊ မရဏ မိုးကြိုး တောင်ထိပ် သခင် မပါခေျ။ ထို့ကြောင့် သူ့ လက်ဖဝါးကို ချက်ချင်း တွန်းထုတ် ပစ်လိုက်သည်။
“ ဝှစ် ... ။ ”
ယင်းကြောင့် မရဏ မိုးကြိုး တောင်ထိပ် သခင် ခမျာ သွေးတစ်လုတ် အန်သွား ရတော့ သည်။
“ တောင်ထိပ် သခင် ... ။ ”
အရှိန်ဖြင့် လွင့်စဉ်လျက်၊ ခြံတံခါးနှင့် ရိုက်မိကာ၊ နံရိုးကျိုး သွားသည်။ မရဏ မိုးကြိုး တောင်ထိပ်၏ တပည့်များက အလျင် အမြန် ပြေးသွားပြီး၊ ဖေးမ လိုက် ကြ၏။
သို့သော် လင်းယွန်က သူတို့ထက် ပိုမြန် ချေ၏။ တောင်ထိပ် သခင် အနားသို့၊ ချက်ချင်း ရွေ့လျား သွားပြီး၊ ဖမ်းယူ ပေးလိုက်သည်။
“ ခွေးအိုကြီး ... မင်းလို သူတော်စင် သခင် တစ်ပါးက၊ အမည်ခံ သူတော်စင်ကို ... ရိုက်နှက် ရဲလား၊ ရှက်ရ ကောင်းမှန်း မသိ ဖူးလား။ ”
ယဲ့ချင်းရှန်အား ဤမျှ ရဲရင့်လိမ့် မည်ဟု မမျှော်လင့် ထားသောကြောင့်၊ ဘေးမှ ရပ်ကြည့် နေသည့် ပိုင်ရှုရင်ပင်၊ အံ့အားသင့် သွား၏။
“ သူတော်စင် နယ်ပယ် အောက်က ... လူတိုင်း ပုရွက်ဆိတ်ပါ၊ ငါ သူ့ကို ရိုက်လို့ မကေျ မနပ် ဖြစ်နေ လားလို့ ... မေးကြည့် လိုက်ပါဦး၊ ဟား ဟား ဟား ... ။ ”
ယဲ့-မိသားစု၏ သူတော်စင် သခင်မှ လှောင်ပြောင် ရယ်မော လိုက်၏။ မရဏ မိုးကြိုး တောင်ထိပ် သခင်က လျင်မြန်စွာ ခေါင်းညိတ်ပြီး၊
“ ကျွန်တော် မဖြစ်ဝံ့ ပါဘူး။ ”
-ဟု အမြန် ဖြေကြား လာသည်။
“ တောင်ထိပ် သခင် ... ။ ”
လင်းယွန်က ဒေါသကို မထိန်းနိုင် တော့ဘဲ အော်လိုက်သည်။ တောင်ထိပ် သခင်မှ မိုက်ရူး ရဲ ဆန်သော အလုပ်မျိုး မလုပ် စေရန်၊ သူ့လက်ကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင် ထား၏။
“ ဟား ဟား ဟား ... ကြည့်ရတာ၊ ငါ့ရဲ့ ယဲ့မိသားစုက သူတော်စင် ရှေ့မှာတောင် အရမ်း ရိုင်းပျတဲ့ ပါရမီရှင် တစ်ယောက်ကို မွေးထုတ် ပေးလိုက် မိပုံ ပါပဲ။ ”
နေမင်း အသူရာ သူတော်စင် သခင်က သူ့လက်ကို ဝှေ့ယမ်း လိုကတော့၏။ ပိုင်ရှုရင်မှ လွဲပြီး၊ သူ့ရှေ့တွင် ရပ်နေသော လူတိုင်း၊ အဝေး သို့ လွင့်ပျံ သွားကုန်သည်။
“ ငါနဲ့ လိုက်ခဲ့ ... ။ ”
ထို့နောက် လင်းယွန်ထံ လက်ဖြင့် ဖမ်းဆုပ်လိုက် တော့၏။ သို့သော် လင်းယွန်အား စွမ်းအား တစ်ခုက၊ ရုတ်တရက် တွန်းပစ်လိုက် သဖြင့်၊ နေမင်း အသူရာ သူတော်စင် သခင်၏ ဖမ်းဆီး ခြင်းမှ ကင်းလွတ် သွားသည်။
“ ဟမ့် ... ။ ”
နေမင်း အသူရာ သူတော်စင် သခင်မှ ဟောက်သံ ပြုလျက်၊ ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်သည်။
“ ဟား ဟား ဟား၊ ကောင်လေး ချင်းယန်၊ မင်းသူ့ကို ထိခိုက်အောင် လုပ်ခွင့် ... ငါ မပေး နိုင်ဘူး။ ”
ထိုစဉ် ရင်းနှီး နေသော ရယ်မောသံ ထွက်ပေါ် သဖြင့်၊ နေမင်း အသူရာ သူတော်စင် သခင်မှာ၊ မျက်နှာ ပျက်သွားပြီး၊ တစ်လှမ်း ပြန်ဆုတ်လျက် မော့ကြည့် လိုက်သည်။
“ ဖြောင်း ... ။ ”
သို့သော် မအောင် မြင်ချေ။ ပါးရိုက် သံနှင့် အတူ ချာခနဲ လည်ထွက် သွားကာ၊ အဝေးသို့ လွင့်စဉ် သွားတော့၏။
“ သူတော်စင် နယ်ပယ် အောက်က ... ၊ လူတိုင်း ပုရွက်ဆိတ် တွေလား၊ တကယ်တော့ သူတော်စင် သခင် ဆိုတာ ကလည်း ငါ့ရှေ့မှာ ပုရွက်ဆိတ် ဆိုတာ မင်း သိသင့်တယ်။ ”
“ ဖြောင်း ... ။ ”
နေမင်း အသူရာ သူတော်စင် သခင် ခမျာ ပါးထပ်ရိုက် ခံလိုက်ရ သည်။ မြေပြင်ပေါ် လဲကျ သွားပြီး၊ ပြန် မထဝံ တော့ချေ။
“ အသူရာ ဓားသူတော်စင်ကို နှုတ်ခွန်း ဆက်ပါတယ်။ ”
အသံ ရှင်အား မြင်ချိန်၌၊ အမည်ခံ သူတော်စင် နှစ်ပါးနှင့် ယဲ့ဖေးဖန်က လျင်မြန်စွာ ဒူးထောက် လိုက်သည်။
၎င်းသည် သက်တံဓား သူတော်စင်၏ တပည့်ကြီး ဖြစ်ပြီး ကျောက်စိမ်ဓား သူတော်စင် မှပင်၊ ဤလူ အပေါ် မကြာ-မကြာ ချီးမွမ်းခမ်း ဖွင့်တတ် ပေသည်။
***