← Chapters

ရွှေခေတ် လာတော့မယ်။

Vol. 140 Ch. 1949

ရွှေခေတ် လာတော့မယ်။

Vol. 140 Ch. 1949

ယဲ့ဖေးဖန်မှာ ကြောက်ရွံ့မှုနှင့် ပဟေဠိများ ပြည့်နှက် လာပြီး၊ မြေပြင် ပေါ်တွင် ဒူးထောက် လျက် တုန်ယင် လာသည်။

ယဲ့ချင်းရှန်နှင့် ယဲ့ကူဟန် မည်သို့ ဆက်နွှယ် နေကြောင်း သူ မသိပေ။ ၎င်းသည် သက်တံဓား သူတော်စင်၏ တပည့်ကြီး ဖြစ်ပြီး၊ ငယ်ငယ် ရွယ်ရွယ်ဖြင့် ဓား သူတော်စင် ဖြစ်လာ၏။

ခွန်လွန် တခွင် ၌ပင်၊ သြဇာ အာဏာ ကြီးမားသူ တစ်ပါး ဖြစ်သည်။ ယဲ့-မိသားစု အမြင်တွင် ဧကရာဇ် ဖြစ်လာ နိုင်ပြီး၊ ရွှေခေတ် ပြန်ရောက် လာပါက၊ မိသားစု အတွက် အထောက် အပံ့ ရနိုင် ပေမည်။

လင်းယွန်က အသက်ရှူ ချောင် သွားသည်။ မဟုတ်သော် ဤကိစ္စကို မည်သို့ ဖြေရှင်း ရမည် အား၊ သူ မသိ တော့ချေ။

“ နေမင်း အသူရာ သူတော်စင် သခင် ... ။ ”

“ ဟုတ်ကဲ့ ... ကျွန်တော် ရှိပါတယ်။ ”

နေမင်း အသူရာ သူတော်စင် သခင်က တုန်လှုပ်သော လေသံဖြင့် ထူးကာ ချက်​ခြင်း ထရပ် လိုက် လေသည်။

“ မင်း ... ဘာလို့ ယဲ့ချင်းရှန်ကို နာကျင်အောင် လုပ်ရ တာလဲ၊ သူက မင်းရဲ့ မိသားစု ဝင်ပဲ မဟုတ် ဖူးလား။ ”

“ ဘိုးဘေးရဲ့ ညွှန်ကြားချက် အတိုင်း လိုက်နာ ရတာပါ၊ ဘိုးဘေးက သူ့ကို တွေ့ချင် နေပါတယ်။ ”

“ ဒါဆို ... ၊ ဒီလောက် အထိ၊ ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံဖို့ ... ‘လို’ လို့လား၊ မင်းက သူတော်စင် သခင်ပဲ၊ ဂရု မစိုက်ရင် သူ ဒဏ်ရာ ရသွား နိုင်တယ် ၊ ...

... နေမင်း အသူရာ သူတော်စင် ... ၊ မင်းက တကယ့် လူပဲ၊ သူတော်စင် နယ်ပယ် အောက်က လူတိုင်း ပုရွက်ဆိတ်တွေ တဲ့လား၊ ဒါဆို ...

... မင်းလို သူတော်စင် သခင် ကလည်း ငါ့မျက်လုံးထဲမှာ ဘာမှ မဟုတ် သေးဘူး၊ မရဏ မိုးကြိုး တောင်ထိပ် သခင် ... ၊ သူ့ကို ပါး နှစ်ချက် လောက် ... သွား ရိုက်ခဲ့ ... ။ ”

“ အသူရာ ဓား သူတော်စင် ... ၊ နောက် နေတာလား၊ သူတော်စင် နယ်ပယ် အောက်က လူတိုင်း၊ တကယ် ... ပုရွက်ဆိတ် တွေပါ၊ ကျွန်တော် ..

... သူတော်စင် ဖြစ်တဲ့ တစ်နေ့၊ နေမင်း အသူရာ သူတော်စင် သခင် ဆီကနေ လမ်းညွှန် မှုကို ... ရယူ လိုက်ပါ့မယ်။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ အဆင် မပြေစွာ ​ပြန်ပြော လိုက်၏။ သို့တိုင် သူ့မျက်ဝန်း ထဲရှိ၊ မာနနှင့် ဒေါသကို မြင်နိုင်သည်။

တစ်ဖက်တွင် တောင်ထိပ် သခင်၏ ပြန်လည် ဖြေကြား သံကြောင့်၊ နေမင်း အသူရာ သူတော်စင် သခင်မှာ၊ စိတ်သက်သာရာ ရသွားသည်။

သူတော်စင် ဘုရင်၏ ပါးရိုက်​ခြင်း ခံရ သည်မှာ ပြဿနာ မရှိခေျ။ အမည်ခံ သူတော်စင် တစ်ပါး ထံမှ ဆိုက ရှက်ဖွယ် ဖြစ်သည်။ ယင်းက သူ့အား သတ်ခြင်းထက် ဆိုးရွားသော အပြစ်ဒဏ် ဖြစ်၏။

“ မရဏ မိုးကြိုး တောင်ထိပ် သခင် သည်းခံ ပေးလို့ ကျေးဇူးတင် ပါတယ်၊ ဒီအတွက် မင်းကို လက်ဆောင်တွေ ပို့လိုက် ပါမယ်၊ ...

... အသူရာ ဓား သူတော်စင် ပြောတာ မှန်ပါတယ်၊ သူတော်စင် သခင် ဖြစ်ရင်တောင် သူတပါး အပေါ်၊ အနိုင် ကျင့်ခွင့် မရှိပါဘူး။ ”

“ မဟုတ်ဘူး ... ၊ တောင်ထိပ် သခင်က သည်းခံ ပေမယ့် ငါ မဟုတ်ဘူး၊ တောင်ထိပ် သခင် ကိုယ်စား ... မင်းကို ငါရိုက်မယ်။ ”

လင်းယွန်က ချက်ချင်း လှမ်းတက်လာ သဖြင့် နေမင်း အသူရာ သူတော်စင် သခင် ခမျာ ထိတ်လန့် သွားပြီး၊ နောက် တစ်လှမ်း ဆုတ်လိုက် မိ၏။

“ မင်း ... သတ္တိ ရှိလား ... ။ ”

“ ဘာလို့ ... မရှိ ရမှာလဲ။ ”

“ အသူရာ ဓားသူတော်စင် ... ။ ”

နေမင်း အသူရာ သူတော်စင် သခင်က သနားခံသော အကြည့်ဖြင့်၊ ယဲ့ကူဟန်အား ခေါ် လိုက်လေသည်။

“ မရဏ မိုးကြိုး တောင်ထိပ် သခင်က ခွင့်လွှတ် ရင်တောင် မင်းရဲ့ ကျင့်ကြံမှု အနှစ် တစ်ရာကို နှုတ်ယူဖို့ ... ငါ စဉ်းစား နေတာ၊ ဒါပေမယ့် အခု ယဲ့ချင်းရှန်က မင်းကို ...

... ပါးရိုက်မယ် ဆိုတော့ ငါ လွှတ်​ပေး လိုက်မယ်၊ ဒီအတွက် ... မင်း သူ့ကို​ တောင် ကျေးဇူးတင် သင့်တယ်။ ”

နေမင်း သူတော်စင် ဘုရင်မှာ၊ မျက်နှာ ပျက်ယွင်း သွားသည်။ ယင်းသည် တောင်ထိပ် သခင်မှ ပါးရိုက် ခြင်းထက် ပို၍ ရှက်စရာ ကောင်းချေ၏။

လင်းယွန် အတွက်မူ ရိုးရှင်း လှပေသည်။ မရဏ မိုးကြိုး တောင်ထိပ် သခင်မှာ၊ သူ့အပေါ် ကောင်း သဖြင့်၊ သူတော်စင် သခင် ဖြစ်လျှင်ပင် အနိုင် ကျင့်ခွင့် မပြု နိုင်ချေ။

“ ဖြန်း ... ။ ”

“ ဖြန်း ... ။ ”

ထို့ကြောင့် တုံ့ဆိုင်း မနေ တော့ဘဲ၊ ပါးနှစ်ချက် ရိုက်ချ လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွား၏။

ဤသည်မှာ ရဲရင့် လွန်းသည့် လုပ်ရပ် ဖြစ်သော ကြောင့်၊ ပိုင်ရှုရင်မှ အသက် အောင့် ထား လိုက်မိသည်။

သူတော်စင် ဘုရင်အား နောက်ခံ ရထား လျှင်ပင်၊ သူတော်စင် သခင် တစ်ပါးကို ပါးရိုက် ရန်၊ မည်သူမျှ သတ္တိ ရှိမည် မဟုတ်ချေ။

နေမင်း အသူရာ သူတော်စင် သခင်၏ မျက်နှာမှာ၊ မယုံကြည် နိုင်လောက် မည်းမှောင် သွားသည်။ ယဲ့ချင်းရှန်သည် တကယ်ပင် သူ့အား ပါးရိုက် လိုက်ချေ၏။

“ ဘိုးဘေးက ယဲ့ချင်းရှန်ကို ဘာကြောင့် တွေ့ချင် ရတာလဲ။ ”

ယဲ့ကူဟန်က တိတ်ဆိတ်မှုကို ဖြိုခွင်း လိုက်သည်။

“ ယဲ့ချင်းရှန်ရဲ့ ဓားရေး ... ဘယ်လောက် အထိ၊ ထက်လာလဲ ဆိုတာ ... သိချင် နေတာပါ၊ အသွင် ယူထားတဲ့ လူ တစ်ယောက် ဖြစ်နေ မှာကိုလည်း စိုးရိမ် နေပါတယ်။ ”

“ သူ့က အရိယာ ဓားသုတ္တန်ကို လေ့ကျင့် ထားတယ်၊ ဒါကြောင့် သူ့ တိုးတက်မှုက မြန်နေ တာပဲ။ ”

“ ယဲ့ချင်းရှန်က အရိယာ ဓားသုတ္တန် လေ့ကျင့် ထားတယ်၊ ဒါက သူ့ကို ဓားရေးတွေ ဘယ်သူ သင်ပေး နေတာလဲ ဆိုတာ သက်သေ ပဲ မဟုတ်လား၊ မေးစရာ ရှိရင် ငါ့ကို လာရှာဖို့ ... ဘိုးဘေးကို ပြန်ပြော လိုက် ... ။ ”

“ နားလည် ပါပြီ ... ။ ”

ယဲ့ကူဟန်က သက်ပြင်းချ လိုက်ပြီး၊

“ ကောင်းကင် တာအို ဂိုဏ်းက ... ၊ အစိတ် အပိုင်းလေး တစ်ခု သာသာပဲ ... ရှိပါ သေးတယ်၊ စည်းမျဉ်းတွေ ... ဉပဒေတွေ သုံးပြီး ... ၊ ယဲ့-မိသားစုက ကြားဝင်ဖို့ မစဉ်းစား ပါနဲ့၊ ...

... ယဲ့မိသားစုပဲ ဒုက္ခ ရောက်လိမ့်မယ်၊ အခုဆို သူက မူလ နဂါး မဟာ သူတော်စင်ရဲ့ တိုက်ရိုက် တပည့် ဖြစ်နေပြီ၊ မဟာ သူတော်စင် တစ်ပါးရဲ့ ဒေါသကို ... ဘိုးဘေးတောင် ခံနိုင်မှာ မဟုတ်ဘူး။ ”

နေမင်း အသူရာ သူတော်စင် သခင်က စကားမဆို ဝံ့တော့ဘဲ၊ ဦးညွှတ်လျက် ယဲ့ဖေးဖန် တို့အား ခေါ်ဆောင် သွားတော့၏။

“ တောင်ပန် ပါတယ်၊ ကျေးဇူးပြုပြီး ... ယဲ့-မိသားစုကို စိတ်ထဲ မထား ပါနဲ့။ ”

ယဲ့ကူဟန်က မရဏ မိုးကြိုး တောင်ထိပ် သခင်အား တောင်းပန် လိုက်သည်။ ထိုလုပ်ရပ် ကြောင့် တောင်ထိပ် သခင်မှာ ဝမ်းနည်း သွားပြီး၊

“ အသူရာ ဓားသူတော်စင် ... ၊ ဒီလောက် အထိ ... ယဉ်ကျေး နေစရာ မလို ပါဘူး။ ”

-ဟု ပြန်ပြော လိုက်၏။

“ ငါ သူ့ကို ခဏလောက် ခေါ်သွား ဦးမယ်။ ”

ယဲ့ကူဟန်က ပြုံးကာ လင်းယွန် ပခုံးကို လှမ်းကိုင် လိုက်သည်။

“ ကျေးဇူးပြုပြီး သွားပါ။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ခေါင်းညိမ့် လိုက်၏။

“ ယဲ့ချင်းရှန် ... ၊ နင့် ကတိကို မမေ့နဲ့။ ”

ယဲ့ကူဟန်နှင့် အတူ ပျံသန်း သွားသော လင်းယွန်အား ကြည့်ကာ၊ ပိုင်ရှုရင်မှ အော်ပြော လိုက်သည်။

“ မဆိုးဘူး ... ၊ ဒီကောင်မလေးတောင် မင်းအပေါ် ဂရုစိုက် လာပြီ။ ”

“ အစ်ကိုကြီး ... အထင် မလွဲ ပါနဲ့၊ ကျောက်စိမ်းဓား သူတော်စင်က ငါ့ကို သင်ကြား ပေးမို့၊ ဖိတ်ခိုင်း ခဲ့တာပါ။ ”

လင်းယွန်မှ ရှင်းပြ လိုက်၏။

“ ကျောက်စိမ်းဓား သူတော်စင်က ... ၊ မင်း ဘယ်သူလဲ ဆိုတာ ... မသိ သေးဖူးလား။ ”

“ ဟုတ်ကဲ့ ... ၊ မသိ သေးဖူးလို့ ... ထင်တာပဲ။ ”

“ အဲဒါ ... ပိုကောင်းတယ်၊ မဟုတ်ရင် မင်းဒုက္ခ ရောက်လိမ့်မယ်၊ ဟား ... ဟား ... ဟား ... ။ ”

ယဲ့ကူဟန်မှ သဘောကျစွာ ရယ်မော လိုက်တော့သည်။

“ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဇာတ်လမ်း တစ်ခုခု ရှိလို့လား။ ”

ကျောက်စိမ်းဓား သူတော်စင်နှင့် သက်တံဓား သူတော်စင် တို့ကြား ပတ်သတ်မှု ရှိရ မည်ဟု လင်းယွန် ထင်၏။

“ လွန်ခဲ့တဲ့ အတိတ်က ဇာတ်လမ်း တစ်ပုဒ်ပါ၊ ဒါကို ထားပါဦး ... ၊ မင်းက ဘယ်လို ဖြစ်ပြီး၊ မူလ နဂါး မဟာ သူတော်စင်ရဲ့ ...

... တပည့် ဖြစ်လာ ရတာလဲ၊ တစ်ချိန် တုန်းက ... ငါတို့ ဆရာက သူ့အပေါ် ... ဆိုးဆိုး ရွားရွား ပြုမူ ခဲ့ဖူးတယ်။ ”

“ ဒါက ဒီလို ... ။ ”

မူလ နဂါး မဟာ သူတော်စင်နှင့် သူ့ စကားဝိုင်းကို လင်းယွန်မှ ပြန်ပြော ပြလိုက် သည်။

အဆုံးတွင် သူ ဟူသည် သက်တံဓား သူတော်စင် တပည့် ဖြစ်သဖြင့်၊ အခြားသော သူတော်စင် တပါးအား ဆရာ အဖြစ် ခံယူရ သည်မှာ၊ ဆရာ သခင် အပေါ် စော်ကားရာ ရောက်ပေမည်။ ရှက်ဖွယ် ဖြစ်၏။

“ ကိစ္စ မရှိပါဘူး ... ၊ ငါတို့ ဆရာက ဒါကို တွက်ဆထား ပြီးသား ဖြစ်မှာပါ ... ၊ မဟုတ်ရင် မင်းကို ကောင်းကင် တာအို ဂိုဏ်းဆီ ဘာလို့ သွားခိုင်း နေမှာလဲ။ ”

သို့မှသာ လင်းယွန် တစ်ယောက် သက်ရှူ ချောင်သွားသည်။ အဆုံးတွင် မူလ နဂါး မဟာ သူတော်စင်နှင့် ပတ်သက်ပြီး၊ သူ့၌ ကောင်းမွန် သော အမြင် ရှိ၏။

“ ဒါနဲ့ အစ်ကိုကြီး ... ၊ ယဲ့-ဘိုးဘေးက ဘာလို့ ... ငါ့ကို ရုတ်တရက် အာရုံစိုက် လာရ တာလဲ။ ”

“ မင်းရဲ့ တည်ရှိမှုက သူ့ရဲ့ သားစဉ် မြေးဆက်တွေ အပေါ် ... ခြိမ်းခြောက် လာလို့ပဲ။ ”

ယဲ့ကူဟန်က သက်ပြင်းချကာ ပြန်ဖြေသည်။

“ သူ့မှာ ယဲ့ဖန်လို့ ခေါ်တဲ့ ... မြေး တစ်ယောက် ရှိတယ်၊ မိသားစုရဲ့ မျိုးဆက်သစ် ပါရမီရှင်ပဲ၊ တာအို ယန်နန်းတော်က သန့်ရှင်း သော သားတော်နဲ့ ... ယှဉ်နိုင်တယ်။ ”

“ အဟက် ... ဒါဆို သူက ငါ့ကို အရမ်း အထင်ကြီး နေတာပဲ။ ”

လင်းယွန်က လှောင်ပြုံး ပြုံး၏။ ယန် နန်းတော်မှ သားတော်နှင့် မဆုံဖူး သည့်တိုင်၊ ထိုသူ့ အကြောင်း၊ သူ ကြားဖူး ချေသည်။

အသက် နှစ်ဆယ်ဖြင့်၊ နိဗ္ဗာန်-နဝမ အဆင့်သို့ ရောက်ရှိ ခဲ့ပြီး၊ အရှေ့ဘက် ပျက်စီး မြေ၌၊ သြဇာ ညောင်းသူ တစ်ဦး ဖြစ်သည်။

နတ်ဖီးနစ် တောင်မှ မင်းသမီး နှင့်အတူ ပြိုင်ဘက်ကင်း ကြယ်နှစ်ဖော် အဖြစ်၊ လူ သိများ ချေ၏။

ယခု နှစ်တွင် အသက် နှစ်ဆယ့် ငါးနှစ် ပြည့်မည် ဖြစ်ပြီး၊ အမည်ခံ သူတော်စင် တစ်ပါး ဖြစ်ပြီဟု၊ ကောလာ ဟလများ ထွက်ပေါ် နေခဲ့သည်။

ယဲ့ဖန်သည် ထိုသို့ သန့်ရှင်းသော သားတော်နှင့် ယှဉ်နိုင် သဖြင့်၊ မည်မျှ သန်မာ မည်ကို၊ တွက်ဆ နိုင်၏။

“ မင်းက ... ယဲ့ချင်းရှန် မဟုတ်တာ ကောင်းပါတယ်၊ မင်းသာ ယဲ့ချင်းရှန် ဖြစ်မယ် ဆိုရင်၊ ဘိုးဘေးနဲ့ တွေ့တဲ့ အခါ ... ၊ မူလ နဂါး မဟာ သူတော်စင် ကတောင် ... ၊ ဘာမှ လုပ်ပေး နိုင်မှာ မဟုတ်ဘူး။ ”

“ အဲဒီလောက် တောင်လား။ ”

“ ဟုတ်တယ် ... ၊ ဒါမျိုးက မျိုးနွယ်စု ကြီးတွေမှာ ဖြစ်တတ်တဲ့ ... သဘော သဘာဝပဲ၊ ယဲ့ချင်းရှန် ဆိုတာ ... ကိုယ်လုပ်တော် တစ်ပါး ကနေ ဆင်းသက် လာတာ။ ”

ယဲ့ကူဟန်က ကောင်းကင်ကို မော့ကြည့်ပြီး၊

“ ငါ့ကိုလည်း ဌာနခွဲရဲ့ ကိုယ်လုပ်တော် တစ်ပါး ကနေ မွေးလာတာ၊ ဆရာသာ တပည့် အဖြစ် မခေါ်ယူ ခဲ့ဖူး ဆိုရင်၊ ... ။ ”

လင်းယွန်က ဇာတ်လမ်း တစ်ခု လုံးကို ချက်ချင်း နားလည် သွားသည်။ ယဲ့ကူဟန်သည် ဘဝတူ ဖြစ်သော ယဲ့ချင်းရှန် အပေါ်၊ စာနာ သနား ခဲ့ခြင်း ဖြစ်၏။

စိတ် ထိခိုက် နေသော အစ်ကိုကြီး အသွင်ကြောင့်၊ ဝမ်မူယန် အကြောင်း ခေါင်းစဉ် ပြောင်းလိုက် မိသည်။

“ ဘယ်လို ... ။ ”

ယဲ့ကူဟန်မှာ အံ့သြ သွား၏။ ယဲ့ချင်းရှန် ဖြစ်စဉ် နောက်၌ တစ်စုံ တစ်ယောက် ရှိနေလိမ့် မည်ဟု၊ သူ မထင် မိခဲ့ချေ။

“ ရူးရူး မိုက်မိုက် မလုပ်နဲ့၊ ဝမ် မိသားစုက ကောင်းကင် တာအို ဂိုဏ်းကို လွှမ်းမိုး ထားတာ ကြာပြီး၊ သတိ မထားရင် ... မင်း ဒုက္ခရောက် လိမ့်မယ်။ ”

ထိုစဉ် ယဲ့ကူဟန်က ရုတ်တရက် တစ်စုံ တစ်ရာကို တွေးမိ သွားပြီး၊ သက်ပြင်းချ လိုက် တော့သည်။

“ နဂါးပြာ မှတ်တမ်းက ... မကြာခင် ပေါ်လာ တော့မယ်၊ ဘယ်သူမှ ရှောင်လွှဲလို့ မရဘူး။ ”

အဆိုပါ အကြောင်း အရာကို၊ လင်းယွန် ထက် သူက ပိုသိ၏။ လာမည့် ရွှေခေတ်တွင် လွယ်မည် မဟုတ်ချေ။

“ နဂါးပြာ မှတ်တမ်းက ... အရေးကြီး လို့လား။ ”

မှတ်တမ်း တစ်ခုသည်၊ ဤမျှ ဖြစ်ရပ် ဆန်းများ ဖော်ဆောင် နိုင်မည်လော။ လင်းယွန် မှ နားမလည် နိုင်တော့ချေ။

ယဲ့ကူဟန်က ခေါင်းညိတ် လိုက်ပြီး၊

“ ခွန်လွန် တစ်ခုလုံး ကမောက် ကမ ဖြစ်သွား လိမ့်မယ်၊ မင်း အပါအဝင် ဘယ်သူမှ ရှောင်လို့ မရဘူး။ ”

-ဟု ပြန်ပြော လိုက်၏။

“ ငါတို့ ဆရာတောင် မလွတ် နိုင်ဘူး၊ ခေတ်သစ်ကို ဖန်တီးဖို့ ... ၊ ဧကရာဇ် သွေးကို ယဇ်ပူဇော် တာထက် ... ၊

... အဘယ် အရာ ကများ ... ၊ ပိုသင့်လျော် ပါဦး မလဲ၊ ဧကရီက ... ဒီအချိန်ကို အကြာကြီး စောင့်နေ ခဲ့တာ။ ”

ယဲ့ကူဟန် နှုတ်ခမ်းထောင့် တွန့်ခေါက် ကွေးညွှတ် သွားပြီး၊ လှောင်ပြောင် သရော်သော အကြည့်ဖြင့် အဝေးသို့ ငေးသည်။

သူ့မျက်ဝန်း များက အေးစက်လျက်၊ တိုက်ပွဲဝင် လိုသော ဆန္ဒ များဖြင့်၊ တောက်ပ လာ ချေပြီ။

အစ်ကိုကြီးသည် ဆရာနှင့် ပတ်သတ်သော တာဝန် တစ်ခုကို သွားရောက် ထမ်းဆောင်ခြင်း ဖြစ်ကြောင်း ပြောခဲ့ ဖူးသည်။ ထိုတာဝန်မှာ အောင်မြင်ပုံ မရချေ။

ယင်းကို မေးမြန်းရန် ပြင်လိုက်သော အခါတွင်၊ ယဲ့ကူဟန်က ပြုံးပြီး၊

“ ကြယ်ဓား ရည်ရွယ်ချက် ရပြီ ဆိုတော့ ဓားနှလုံးသားကို ... ဘယ်လို လေ့ကျင့် ရမလဲ ဆိုတာ ... ငါ သင်ပေးမယ်။ ”

-ဟု သူ့အား အာရုံပြောင်း လာတော့သည်။

***

All Chapters