← Chapters

ကိုယ်စား သင်ကြား ပေးခြင်း။

Vol. 140 Ch. 1950

ကိုယ်စား သင်ကြား ပေးခြင်း။

Vol. 140 Ch. 1950

ဓားနှလုံးသား သင်ကြား ပေးတော့မည် ဖြစ်သဖြင့်၊ လင်းယွန် မျက်ဝန်းများ တောက်ပ လာသည်။

မိုးပြာ နဂါး ဓားနှလုံးသားသည် သန်မာပုံ ပေါက်သော်လည်း အသုံးပြုရန် နည်းလမ်းများ ရှာမတွေ့ချေ။ အန္တရာယ်နှင့် တိုက်ခိုက်မှု များ၏ အားနည်းချက်များ ကိုသာ မြင်နိုင်၏။

“ ညီလေး ... ၊ မင်းရဲ့ ကြယ်ဓား ရည်ရွယ်ချက်ကို ပြပါဦး၊ ဒါက ထူးဆန်းတယ်၊ မင်းမှာ ကြယ်ဓား ရှိတယ် ဆိုတာက လွဲ​ပြီး၊ ငါဘာကိုမှ မမြင် နိုင်ဘူး။ ”

သူတော်စင် ဘုရင် တစ်ပါးပင် မမြင်နိုင် သောကြောင့်၊ လင်းယွန်မှာ အံ့သြ သွားသည်။ သို့သော် မထူးဆန်းဟု ထင်၏။

အတွေး တစ်ချက်ဖြင့် ​​ကြယ်ဓားကို လွှတ်လိုက်သည်။ ချက်ချင်းပင် လင်းယွန် ခန္ဓာ အတွင်း ဓားရောင်ခြည် များဖြင့်၊ ဖုံးလွှမ်း သွား၏။

ဆံပင် များက ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါကြောင့် တဖျပ်ဖျပ် လွင့်လာသည်။

“ အလယ် အလတ် ကျွမ်းကျင်မှု။ ”

ယဲ့ကူဟန်မှ အံ့သြ သွား၏။ လင်းယွန်၏ ဓားတာအိုသည် သူ့ထက် သာလွန် သဖြင့် အခွင့် အရေး ရပါက၊ ကြယ်ဓားအား ဆုပ်ကိုင် နိုင်မည်ကို သူ သိသည်။

သို့သော် ခန့်မှန်းချက် အရ ကနဦး ကျွမ်းကျင်မှု အဆင့်သာ ဖြစ်သည်။ ကြယ်ဓား ဟူသည် အလွယ် တကူ နားလည် နိုင်​​သော အရာမျိုး မဟုတ်​ချေ။

“ ကံကောင်း ခဲ့တာပါ ... ။ ”

လင်းယွန်က ပြုံးပြီး ကောင်းကင် သန့်စင်ခြင်း တောင်တက် ခရီး၏ အတွေ့အကြုံ များကို၊ မျှဝေ လိုက်သည်။

“ ကောင်းတယ် ... ၊ မင်း အတွက် ဓားဧကရာဇ် ဆေးလုံးနဲ့၊ ဓားဧကရာဇ် ဆေးပင် အချို့ကို ... ငါ ပြင်ဆင် လာခဲ့ ပေမယ့် ... အခု သူတို့ကို မလိုတော့ဘူး။ ”

“ မဟုတ်ဘူး၊ သူတို့ကို လိုချင်တယ်၊ ကြယ်ဓားက လေ့ကျင့်ဖို့ ခက်ခဲ လွန်းတယ်၊ ဘဝ သုံးပါး ဘုံမှာ (၆)လ ... ကျင့်ကြံ တာတောင် ဘာမှ တိုးတက် မလာဘူး။ ”

လင်းယွန်မှ ချက်ချင်း ပြောလိုက်သည်။ ကောင်းကင် တိမ်လွှာ သစ်သီးများ မပါသော်၊ သူ့ဓားမှာ တိုးတက်မှု မရှိတော့ချေ။

“ ဟား ... ဟား ... ဟား ... ၊ အလုပ် မဖြစ်ဘူး၊ ဒါက အလယ် အလတ် ကျွမ်းကျင်မှု မရောက်ခင် ထိသာ ... အကျိုး သက်ရောက် နိုင်တာ ... အခု မင်းက ဒီထက် ပိုပြီး အစွမ်း ထက်တဲ့ အရာတွေ လိုအပ် လိမ့်မယ်၊ ...

... မင်းကို ကြယ်ဓား ရည်ရွယ်ချက်ကို လေ့ကျင့်နည်း အရင် သင်ပေးမယ်၊ ဒါက ငါတို့ ဆရာ အစွမ်း အထက်ဆုံး လျှို့ဝှက် နည်းစနစ်ပဲ၊ ဆရာ့ ကိုယ်စား ငါ သင်ပေးမယ်၊ ...

... ငါတို့က သက်တံဓား သူတော်စင် ... တပည့် မဟုတ်တဲ့၊ အပြင် လူတွေကို သင်ပေးလို့ မရဘူး။ ”

“ ဟုတ်ကဲ့ ... နားလည် ပါပြီ။ ”

လင်းယွန်မှ ခေါင်းညိတ်သည်။

“ ဒီလျှို့ဝှက် နည်းပညာကို၊ အနန္တ ကြယ်တာရာ ကောင်းကင်​ ကြီးလို့ ခေါ်တယ်၊ သူ့ကို လေ့ကျင့်ရင် ... ၊ မင်းရဲ့ ကြယ်ဓားက ပိုမို သန့်စင် လာမယ်၊ ကြယ် စွမ်းအင် ကိုလည်း စုပ်ယူလာ နိုင်မယ်။ ”

ယဲ့ကူဟန်က ထိုင်ချ လိုက်ပြီး လင်းယွန် နဖူးအား ပုတ်လိုက်၏။ အချက် အလက် များစွာ စိတ်ဝိညာဉ်ထဲ စိမ့်ဝင် လာသည်။

ထိုအချက် အလက်ကို မှတ်သားရန် လင်းယွန် တစ်ယောက် မျက်လုံးများ အမြန် မှိတ်ချ လိုက်ရသည်။

အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက်ခန့် အကြာတွင်၊ လင်းယွန် မျက်လုံးများ ပြန်ပွင့်လာ တော့၏။

“ ကောင်းပြီ ... ၊ ဒါက အန္တရာယ် အရမ်းကြီးလို့ မင်းရဲ့ ပထမဆုံး အကြိမ်မှာ၊ ငါ လမ်းပြ ပေးမယ်၊ နောင် ... မင်းကိုယ် မင်းပဲ အားကိုး ရမယ်၊ လာ ... ၊ ငါနဲ့ အတူ တံဆိပ် ဖွဲ့စည်းပါ။ ”

လင်းယွန်က ခေါင်းညိတ် ပြပြီး၊ သူ့ လက်ဟန်ကို ပြောင်းလိုက်၏။ နှစ်ဦး စလုံးက ဓား ရည်ရွယ်ချက် ထုတ်ဖော် လိုက်သည်။

ယဲ့ကူဟန် နောက်တွင်၊ ထောင် ဂဏန်းခန့် ရှိသော ရွှေကြယ်များ လောင်ကျွမ်း လာသည်ကို မြင်လိုက် ရ၏။

ဆန့်ကျင်ဘက် အနေ​ဖြင့်၊ လင်းယွန်တွင် ကြယ် တစ်ပွင့်သာ ရှိသည်။ နှိုင်းယှဉ်မှု ပြုရန်ပင် အဆင့် မမီချေ။

“ ဟား ဟား ဟား ... လာ သွားကြ ရအောင်။ ”

ကြယ်ပေါင်း ထောင်ဂဏန်း ခန့်က၊ လင်းယွန်၏ တစ်ပွင့် တည်းသော ကြယ်ကို ဝိုင်းရံလျက်၊ ကောင်းကင် (၃၆) လွှာအား ဖြတ် ကာ၊ စကြဝဠာ ကြီးဆီ ခေါ်ဆောင် သွား၏။

​ကြယ်တာရာများ အပါ အဝင်၊ ကြီးကျယ် ခမ်းနားသော နေမင်းကြီးနှင့် လမင်း တို့အား မြင်လာ ရသည်။

ထိုစဉ် လင်းယွန်၏ ကြယ်သည် မတည် မငြိမ် ဖြစ်လာကာ၊ အမြင် အာရုံမှာ မိုင်ထောင် ဂဏန်း အထိ၊ ပြန်ဆုတ် လာသည်။.

ထို့ကြောင့် ယဲ့ကူဟန်၏ ကြယ်များက လင်းယွန်၏ တစ်ပွင့် တည်းသော ကြယ်အပေါ်၊ အလင်းများ ဝိုင်းအုံ ပေးပို့ လာကြသည်။

“ မကြောက်နဲ့ မင်းရဲ့ ဓားဝိညာဉ်ကို ခေါ်လိုက်။ ”

လင်းယွန် နှလုံးသားမှာ၊ တဖြည်းဖြည်း ငြိမ်သက် သွား၏။ ၎င်းကို အကြိမ်ကြိမ် ကြိုးစား ပြီး ခေါ်လိုက် သော်လည်း၊ ဓားဝိညာဉ်က ထွက် မလာချေ။

ယင်းက သူ့အား စိုးရိမ်စိတ် ဝင်လာ စေသည်။ သူ အရမ်း နုံအလွန်း နေသည်လော ဟု၊ တွေးမိ လာ၏။

တစ်ချိန်တည်း မှာပင် အမြင် အာရုံ သည်လည်း၊ ဆုတ်ယုတ် လာပြီး ကြောက်လန့် တကြား ​ဖြစ်လာ မိတော့၏။

ဤစကြာဝဠာကြီး အတွင်း ကြယ် တစ်ပွင့်သည် အရေး မပါချေ။ အစ်ကို ကြီး၏ ကြယ်တာရာ များကြောင့်သာ၊ စကြာဝဠာ ကြီးအား ခံစားခွင့် ရခြင်း ဖြစ်သည်။

“ မကြောက်နဲ့ ... ၊ မင်းကို ငါ အလင်းပြ ပေးမယ်၊ ကြည့်စမ်း စကြာဝဠာ ကြီးက ဘယ် လောက် လှလိုက်လဲ။ ”

ယဲ့ကူဟန်ကို ကိုယ်စား ပြု​ပေးသော၊ ဓားဝိညာဉ် ထွက်ပေါ် လာပြီး၊ လင်းယွန်အား နှစ်သိမ့် လေသည်။

၎င်းသည် ထူးခြားသော ဆီမီး တိုင်ကို ကိုင်ဆောင် ထားသည့် ရွှေဓား ဝိညာဉ် ဖြစ်၏။ ဆီမီးတိုင် ပေါ်တွင် သူ​တော်စင် ရူရ်များ ရေးထွင်း ထားချေပြီ။

ထိုဆီမီး ရောင်ခြည်က၊ လင်းယွန်၏ အမြင် အာရုံကို ပြန်လည် ရရှိ လာစေသည်။ မှောင်မိုက် လွန်းသော စကြာဝဠာ အတွင်း၊ နွေးထွေးမှု ပေးသဖြင့်၊ လင်းယွန်၏ ကြောက်စိတ်များ ပျက်ပြယ် ကုန်သည်။

“ မလောနဲ့ ... ၊ မအောင်မြင် ရင်တောင် မင်းရဲ့ ကြယ်ဓား ပျောက်သွားမှာ မဟုတ်ဘူး။ ”

ယဲ့ကူဟန်၏ ရွှေလူသားက ပြုံးကာ ရှင်းပြသည်။ ယင်းကြောင့် လင်းယွန် ခမျာ စိတ် သက်သာရာ ရသွား တော့၏။

ကျရှုံး ချိန်တိုင်း၊ ရွှေလူသားက အလင်း ပေးသည်။ အကြိမ်ပေါင်း တစ်ရာကျော် ကြိုးစား ပြီးနောက်၊ လင်းယွန် ​ကြယ်​ပေါ်၌ ရွှေလူသား တစ်ယောက် ရုတ်တရက် ထွက်ပေါ် လာ၏။

ဤအခိုက်တွင် စကြာဝဠာ ကြီး၊ မည်မျှ ခမ်းနားကြောင်း၊ မျက်မြင် တွေ့ရှိ လာတော့ သည်။

“ အောင်မြင်ပြီ ... ၊ အစ်ကိုကြီး မင်း လက်ထဲက ဘာလဲ။ ”

လင်းယွန်က မျက်နှာ ချင်းဆိုင် အရပ်ရှိ ​ရွှေလူသား ကိုင်ဆောင် ထားသော ဆီမီး တိုင်ကို မေးခြင်း ဖြစ်သည်။

ဤဆီမီး တိုင်သည် ထူးခြား လှပြီး၊ သူတော်စင် ရူရ်များ လောင်ကျွမ်း နေသည်ဟု ခံစား ရ၏။

“ ဒါက ... ၊ ငါတို့ ဆရာ ပေးထားတဲ့ နတ်ဘုရား သွေးဆောင်ခြင်း ဖယောင်း တိုင်ပဲ၊ သူ့ကို နတ်သွေးနဲ့ သန့်စင် ထားပြီး၊ ငါ့ကို သင်ကြားပေး ခဲ့တဲ့ အချိန်တုန်း ကလည်း၊ ...

... ဆရာက ဒါကို အသုံးပြု ခဲ့တယ် ... ၊ ကောင်းပြီ ... ၊ ငါတို့ အာရုံစိုက် ရအောင်၊ ဆရာ အောက်ကနေ ကြည့်နေတယ်။ ”

“ ဘယ်လို ... ။ ”

လင်းယွန်က စိတ်လှုပ်ရှား သွားသည်။

“ နတ်ဘုရား သွေးဆောင်ခြင်း ဖယောင်း တိုင်ကို၊ မီးညှိ ထားရင် ဆရာ သိတယ်၊ ဒီထဲမှာ နတ်သွေး အပြင် ... ဆရာရဲ့ နှလုံး သွေးလည်း ပါတယ်။ ”

လင်းယွန် မျက်နှာ ပြောင်းလဲ သွားပြီး၊ ကောင်းကင် (၃၆)လွှာကို ဖြတ်ကာ၊ ဓားဂိုဏ်း အား ရှာဖွေ တော့၏။

မြေပြင်ရှိ ဓားဂိုဏ်း၏ သူတော်စင် တောင်တန်း ပေါ်တွင်၊ အဘိုးအို တစ်ယောက်က ကောင်းကင်ပေါ် မော့ကြည့် နေ၏။

သူ့ရှေ့ တွင်လည်း၊ နတ်ဘုရား သွေးဆောင်ခြင်း ဖယောင်းတိုင် တစ်တိုင် ထွန်းညှိ ထားသည်။

မီးညွှန့် များက လေထဲ တဖျပ်ဖျပ် ခတ်ကာ၊ အရည်ပျော် ကျနေ၏။ ဤသည်မှာ သူ့သွေးများ အရည်ပျော် နေ​ခြင်း ဖြစ်သည်။

ဆိုလို သည်မှာ သူ့သက်တမ်း လောင်ကျွမ်းခြင်း ဖြစ်၏။ သို့သော် ကောင်းကင် ပေါ်၊ နွေးထွေးစွာ မော့ကြည့် နေခဲ့သည်။

အဘိုးအိုက ဖယောင်းတိုင် မီးညွှန့်ကို လက်ညှိုးဖြင့် ညှစ်ကာ၊ ​ငြိမ်းသတ် လျက်မှ ပြုံး ပြီး၊

“ ငါ ရှိသေးတယ်။ ”

-ဟု ပြောလိုက် တော့၏။

“ အာရုံစိုက် ... ။ ”

ယဲ့ကူဟန်က လင်းယွန်၏ ရွှေလူသား ဦးခေါင်းကို ခပ်ဆတ်ဆတ်​လေး ပုတ်ချ လိုက် လေသည်။

“ အ ... ။ ”

ရွှေလူသားက နာကျင်မှုကြောင့်၊ ခေါင်းကို ပွတ်ကာ အာရုံ ပြန်စိုက်၏။ အနန္တ ကြယ်တာရာ ကောင်းကင် ပညာ ရပ်ကို ရွတ်ဆိုစဉ်၊ ဖယောင်း တိုင် မီး၏ အလင်း ရောင်မှာ၊ မိုင်ပေါင်း များစွာ ထိတိုင် လင်းလာသည်။

ထို့ကြောင့် အမြင် အာရုံ ပွင့်လာပြီး၊ ကြယ်ပေါင်း များစွာကို၊ မြင်လာရ တော့၏ ။ ထိုအချိန်တွင် ယဲ့ကူဟန်မှာ အတွေးထဲ နစ်မျောသွား လေသည်။

အပြုံးများ ပျောက်ကွယ်ကာ၊ ခေါင်း ငိုက်စိုက် ကျသွား၏။ ကြယ်ဓား အပေါ် အာရုံ စိုက်နေသော လင်းယွန်မှ ထိုအချင်း အရာကို သတိ မထားမိ လိုက်ချေ။

နှစ်ရက် အကြာတွင် လင်းယွန်၏ ကြယ်သည်၊ သေးငယ်သော ဓားတစ်လက် အဖြစ် ပြောင်းလဲ လာသည်။

၎င်းက ခဏကြာ ပျံဝဲ ပြီးနောက်၊ ဓား ပင်လယ်ထဲ ကြယ်အဖြစ် ပြန်ရောက် လာ၏။ တိုးတက်မှု အနည်းငယ် မျှသာ ​ဖြစ်သော်လည်း၊ ကျင့်​ကြံချိန် ခြောက်လနှင့် ညီမျှသည်။

“ ဘယ်လို ခံစား ရလဲ။ ”

ယဲ့ကူဟန်မှ ပြုံးကာ မေးသည်။ လင်းယွင်က ခေါင်းညိတ် လိုက်၏။

“ ဒါ ... မင်းအတွက် အစပဲ ရှိသေးတယ် ... ၊ အနန္တ ကြယ်တာရာ ကောင်းကင် ပညာ ရပ်မှာ ဓားနှလုံးသား လေ့ကျင့် နည်းကို ဝှက်ထား တယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်က ခေါင်းညိမ့်ကာ၊ စူးစမ်းရန် ပြင်လိုက်သည်။

“ အလျင် မလိုနဲ့ ... ၊ ငါ မင်းကို လိုက်ပို့ ပေးစရာ နေရာ တစ်ခု ရှိတယ်။ ”

နှစ်ယောက်သား ပျံသန်း လိုက်ကြပြီး၊ မျက်စိတစ်မှိတ် အတွင်း တောင်တန်း တစ်ခုပေါ် ဆင်းသက် လိုက်သည်။

“ ဒီမှာ ခဏ စောင့်ပါ ... ။ ”

ယဲ့ကူဟန်က လျင်မြန်စွာ ထွက်ခွာ သွားပြီး၊ ကြက်သွေးရောင် သစ်သီး တစ်လုံး ကိုင်ဆောင် လျက်၊ ချက်ချင်း ပြန်ရောက် လာ၏။

“ ရော့ ... ၊ စားကြည့် ... ။ ”

လင်းယွန်မှ စားလိုက်သော အခါ၊ သွေး ပွက်ပွက်ဆူ လာပြီး၊ ကျင့်ကြံမှု မြင့်တက် လာ တော့၏။ ၎င်းသစ်သီးသည် အနည်းဆုံး နှစ် (၅၀၀၀) သက်တမ်း ရှိနိုင်မည်။

“ ဘယ်လို နေလဲ ... ။ ”

“ ချိုတယ် ... ။ ”

လင်းယွန်က ပြန်ဖြေပြီး အစေ့အား ထွေးထုတ်ရန် ပြင်လိုက်ရာ၊ ယဲ့ကူဟန်မှ လက်ဖြင့် လှမ်းပုတ် လိုက်၏။

ထို့ကြောင့် အစေ့မှာ လည်မျိုထဲ တန်းဝင် သွားသည်။

“ အစ်ကိုကြီး ... ဒါ ။ ”

“ ဒီနယ်မြေမှာ ... အမည်ခံ သူတော်စင် သားရဲ ​တစ်ကောင် ရှိတယ်၊ သူက ဒီသစ်သီးကို စားဖို့၊ နှစ်ပေါင်း ရာနဲ့ချီ ... စောင့်နေ ခဲ့တာ ... ၊ အခု မင်းက စားလိုက်တော့ ... သူ ဘာဖြစ် သွားမယ် ထင်လဲ။ ”

သူ့အား အရူး လုပ်ခဲ့ကြောင်း သိလိုက် ရသဖြင့်၊ လင်းယွန် မျက်နှာ ပြောင်းသွား တော့ သည်။

“ သွား ... သူနဲ့ သွား ကစားလိုက်၊ မင်းရဲ့ ဓားနှလုံးသား အနည်းနဲ့ အများတော့ တိုးတက် လာမှာပါ။ ”

“ အစ်ကိုကြီး၊ မင်း ... ။ ”

“ ဝှစ် ... ။ ”

လင်းယွန် စကား မဆုံးခင်၊ ယဲ့ကူဟန်က သူ့အား ကိုင်မြှောက်ပြီး၊ လွှင့်ပစ် လိုက်တော့၏။ မြေပြင်ပေါ် ဆင်းသက် လိုက်ချိန်၌၊ ထိုအမည်ခံ သူတော်စင် သားရဲ၏၊ တွင်းထဲသို့ ရောက်နေ​ကြောင်း၊ သိရှိ လိုက်ရ လေသည်။

***

All Chapters