မင်း ဘယ်ပြေးပြေး မလွတ် စေရဘူး။
Vol. 140 Ch. 1952
ပန်းသင်္ချိုင်းဓား ခမျာ၊ ငွေလမင်း ဝံပုလွေ လက်၌ ဖမ်းဆီးခြင်း ခံနေရပြီး၊ မည်မျှ ရုန်းကန် စေကာမူ၊ မလွတ်မြောက် နိုင်ခဲ့ချေ။
ဓားနှင့် ထိန်းချုပ်မှု ပြတ်တောက် သွား သဖြင့်၊ မိုးပြာ နဂါး ဓား နှလုံးသားက အန္တရာယ် အချက်ပေး သံများ၊ ပေးပို့လာ တော့သည်။
ထိုစဉ် ငွေလမင်း ဝံပုလွေမှ၊ ကျန်လက် တစ်ဖက်ကို ဖွင့်ကာ၊ သူ့အား နှစ်ခြမ်းခွဲ ပစ်ရန်၊ ကြိုးစား လာ၏။
သို့သော် သူ့ခန္ဓာ ကိုယ်အား ရစ်ပတ် ကာကွယ် ထားသည့် နဂါး နှစ်ကောင်မှ၊ အဆိုပါ လက်သည်းကို ပိတ်ဆို့ လိုက်လေသည်။
“ ဝုန်း ... ။ ”
ယင်းသည် အချိန် အနည်းငယ် မျှသာ ဖြစ်ပြီး၊ နဂါး နှစ်ကောင် ခမျာ ပေါက်ကွဲလျက် လင်းယွန် တစ်ယောက်၊ မီတာ တစ်ရာ အကွာသို့၊ ဆုတ်ခွာ သွားလိုက် ရ၏။
“ အရမ်း အန္တရာယ် များတယ်။ ”
တုန်လှုပ် ခြောက်ခြား စွာဖြင့် ဝံပုလွေ လက်သည်းထံ ပြန်ကြည့်ပြီး၊ နှုတ်ခမ်းမှ သွေး များကို သုတ်ယူ လိုက်သည်။
မိုးပြာ နဂါး ဓားနှလုံးသား မှသာ သတိ ပေးခြင်း မရှိက၊ သူ့ရင်ကို ခွဲသွား ပေလိမ့်မည်။ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် နှစ်ခု ရှိသော် မှ၊ တိုက်ခိုက်မှု တစ်ခု တည်းဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိ လာ၏။
“ ငါ့ရဲ့ မှော်သွေး သစ်သီးကို ... ၊ မင်းစားဝံ့တာ အံ့သြ စရာ မရှိတော့ ပါဘူး၊ မင်းက သန်မာ တာပဲ။ ”
ငွေလမင်း ဝံပုလွေက လင်းယွန်အား လူသေကောင်ကို ကြည့်နေရ သလိုမျိုး ချဉ်းကပ် လာတော့သည်။
အဘယ့်ကြောင့် ဆိုသော်၊ မရဏ အဆင့်မှ သားကောင်သည်၊ သူ့လက်၌ အသက် ရှင်သန် နိုင်စရာ အကြောင်း မရှိချေ။
ငွေလမင်း ဝံပုလွေ၏ လက်တစ်ဖက်က ပန်းသင်္ချိုင်း ဓားကို ဖမ်းချုပ်လျက်၊ ကောင်းကင် ပေါ် မော့ကြည့်ကာ၊
“ ဒါကို စိတ်မပူ ပါနဲ့ ... ၊ လပြည့်နေ့ ရောက်ဖို့ သုံးရက် လိုပါ သေးတယ်၊ အခု မင်းကို ငါ မသတ် သေးပါဘူး။ ”
-ဟု ပြောကြား လာခဲ့သည်။
ထို့နောက် ၎င်းကပင်၊ ပုရွက်ဆိတ်အား ဖမ်းဆီးနေ သကဲ့သို့၊ သူ့လက်ကို လင်းယွန်ထံ ဆန့်ထုတ် လိုက်တော့သည်။
လင်းယွန် ခမျာ ဒူးတစ်ဖက် ထောက်ကျ သွားပြီး၊ မျက်နှာ ဖြူဖျော့ ငြိမ်သက် နေ၏။ သူ့ နှလုံး ခုန်သံ ကိုပင်၊ သူ ပြန်ကြား နေရသည်။
“ ချွင် ချွင် ချွင် ... ။ ”
လက်သည်းက ဦးခေါင်းနှင့်၊ လေးပေ အကွာသို့ ရောက်သော အခါ၊ လင်းယွန် လက်မှ မိုးကြိုး လိပ်နက် သံကြိုးများ ပြေးထွက် လာခဲ့ သည်။
သံကြိုး ကိုးချောင်းက၊ ငွေလမင်း ဝံပုလွေ ကြီး၏ ညာလက်ကို လျင်မြန်စွာ ရစ်သိုင်းလျက်၊ အလင်း ကိုးသွယ် ပါသော မီးလျှံများ စတင် တောက်လောင် လာတော့သည်။
“ အု ဝူး ... ။ ”
ယင်းက အသားထဲ နစ်ဝင် သွားသဖြင့်၊ ငေွလမင်း ဝံပုလွေ ခမျာ၊ ချက်ချင်း ဟစ်အော် မြည်တမ်း ၏။
သံကြိုး ကိုးချောင်းက မြွေများ အလား လက်မောင်း တစ်လျှောက် တွားသွား တက်လာ လေသည်။ ဘယ်လက်ဖြင့် ပန်းသင်္ချိုင်း ဓားကို ဖမ်းထားရ သောကြောင့်၊ ၎င်းသံကြိုး များအား ဖယ်ရှားရန်၊ အခက် တွေ့လာသည်။
“ ဝူး ... ။ ”
မြွေကိုးကောင်က ဦးခေါင်းကို ဆတ်ခနဲ ကိုက်ချ လာသည်။ ငွေလမင်း ဝံပုလွေ ခမျာ မချိ မဆံ့ အော်သံ ပြုပြီး၊ ပန်းသင်္ချိုင်းအား လွှတ်ချ လိုက်ရ တော့၏။
“ ဓား ... ။ ”
လင်းယွန်မှ ပြန်လည် ခေါ်ယူ လိုက်သည်။ ဓားသည် သူ၏ ခန္ဓာကိုယ် အစိတ် အပိုင်း တစ်ခု နှင့် မခြားချေ။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ရန်သူမှ ဓားကိုင် လိုက်ချိန်တွင်၊ အသက် အန္တရာယ်ကို ခြိမ်းခြောက် လာသော ခံစားချက် ရလေရာ၊ ငွေလမင်း ဝံပုလွေမှ လက်သည်း ကုပ်ချက် ချန်ရစ်ပြီး၊ ချက်ချင်း ဆုတ်ခွာသည်။
“ ရွှပ် ... ။ ”
သို့တိုင် ဓားက လေဟုန် ခွင်းလျက်၊ သူ့နောက်သို့ လိုက်ပါ လာပြန်သည်။ အမည်ခံ သူတော်စင် တစ်ပါး ဖြစ်လျှင်ပင်၊ လည်ပင်း၌ ပြတ်ရှရာ တစ်ခု ဖြစ်ပေါ် လာစေ ခဲ့၏။
ဓားကို ပစ်လွှဲပြီး သည်နှင့်၊ လင်းယွန်မှ ခြေလှမ်း ဆယ်လှမ်း ဆုတ်ခွာလိုက် သော်လည်း ထိုကုပ်ချက် ထိမှန်၊ ခံခဲ့ရ သေးသည်။
ဝံပုလွေ လက်သည်းက သူ့ ရင်ဘတ်ပေါ် ပုတ်မိကာ၊ အရိုးများ အက်ကွဲလျက်၊ ပါးစပ်မှ သွေးများ စီးကျ လာ၏။
တစ်ဖက်တွင် ငေွလမင်း ဝံပုလွေမှာ၊ လည်ပင်းကို ကိုင်ပြီး၊ ပြင်းထန်သော ဒဏ်ရာ ဖြင့်၊ လင်းယွန်ကို ပြန်ကြည့် နေသည်။
ဝံပုလွေသည် သူ ထင်သလောက် ကြောက်စရာ ကောင်းပုံ မပေါ် သဖြင့် လင်းယွန် မှ အေးစက်စွာ ပြုံးလိုက်သည်။
“ ဖရူး ... ။ ”
အတောင် နှစ်ဆယ် နီးပါး ရှိသော သူတော်စင် ရူရ်များ လက်နေသည့် ရွှေကျီးကန်း တောင်ပံအား ဖွင့်ကာ၊ လေထု အလယ် ပျံတက် လိုက်၏။
ထို့နောက် မိုးပြာ နဂါး နေ-လ ထီးကို ထုတ်ယူလျက်၊ ဝံပုလွေထံ ငုံ့ကြည့် လိုက်သည်။ ဤထီးဖြင့် သူတော်စင် များအား၊ သတ်နိုင် ခဲ့ သော်လည်း၊ ဒုက္ခိတ ဖြစ်လု နီးပါး ပေးဆပ် လိုက်ရသည်။
ယခုမူ ဝံပုလွေသည် အမည်ခံ သူတော်စင် မျှသာ ဖြစ်သောကြောင့်၊ ဘုန်း ဝိညာဉ် တော်ကို အသက်သွင်း ရန်သာ လိုပေမည်။ တန်းဖိုး ပေးဆပ် စရာ မလို နိုင်ချေ။
“ အိုး ... မိုးပြာ နဂါး။ ”
ထီးမှာ ပွင့် မလာချေ။ ထက်ရှသော ဓားတစ်လက်မှ နေ-လ ထီးကို ချိတ်ပိတ် လိုက် သောကြောင့် ဖြစ်သည်။
ဤသည်မှာ ယဲ့ကူဟန်၏ ဓား ဖြစ်၏။ ထိုအချိန် အတွင်း မှာပင် ငွေလမင်း ဝံပုလွေက သူတော်စင် ရောင်ဝါအား ထုတ်လျက်၊ ပြေးဝင် လာတော့သည်။
“ ဝူး ... ။ ”
ဝင်လာသော တိုက်ခိုက်မှု များကို တားဆီးရန်၊ ရွှေတောင်ပံ များကို ခေါက်လျက်၊ အမြန် ကာကွယ် လိုက်ရသည်။
“ ဝုန်း ... ။ ”
သို့တိုင် မီတာ ရာဂဏန်း အကွာသို့၊ ဆုတ်ခွာလိုက် ရပြီး၊ အတောင်ပံ များကို ပြန်ဖွင့် လိုက်သော အခါတွင်၊ ပါးစပ်မှ သွေးများ စီးကျ လာခဲ့သည်။
အတောင်ပံ များကို ခန္ဓာကိုယ် ထဲသို့ ပြန်သိမ်းလျက် မြေပြင်ပေါ် ဆင်းသက်ကာ ချက်ချင်း ထိုင်ချ လိုက်သည်။ ထို့နောက် နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာ ရပ်အား ဖြန့်ကျက် မိ၏။
မျက်လုံးများ မှိတ်လျက် နဂါးပြာ အရိုးမှ လာသော စွမ်းအင်ကို ခန္ဓာကိုယ် အနှံ့ ပို့ဆောင် ပေးမိသည်။
တစ်ဖက်တွင် ငွေလမင်း ဝံပုလွေ သည်လည်း၊ ဤအခိုက် အတန့်ကို အခွင့် အရေး ယူကာ ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်သွား ခဲ့သည်။
အဘယ့်ကြောင့် ဆိုသော်၊ အစောပိုင် တိုက်ခိုက်မှု အတွင်း အားအင် အကုန် သုံးထား သဖြင့်၊ လည်ပင်းရှိ ပြတ်ရှရာ ထံမှ သွေးများ ပန်းထွက် လာသောကြောင့် ဖြစ်သည်။
“ အု ဝူး ... ။ ”
ထိုအချိန်တွင် ဝံပုလွေငယ် များက မျက်လုံးမှိတ် ထားသော လင်းယွန်ထံ ပြေးလွှား သွား ကြသည်။ သို့သော် ပန်းသင်္ချိုင်းက တုန်ခါ လှိုင်းများ ထုတ်လွှတ်ကာ၊ ၎င်းတို့အား ပြန်၍ တွန်းထုတ် လာလေသည်။
“ ဝူး ... ။ ”
အဆုံးတွင် ဝံပုလွေငယ် တစ်ကောင်မှာ၊ သည်းခံနိုင်စွမ်း ဆုံးရှုံး သွားပြီး၊ ရူးရူး မိုက်မိုက် ပြေးဝင် လိုက်တော့၏။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
သို့သော် လေထဲသို့ ခုန်လိုက်သည့် အခိုက်၊ ၎င်း၏ နဖူး၌ အပေါက် တစ်ခု ဖြစ်ပေါ် လာကာ၊ မြေပေါ် ပြန်လည် ပြုတ်ကျ လာသည်။
နောက်ထပ် ဝံပုလွေ အနည်းငယ် သည်လည်း၊ လင်းယွန် အသက်ကိုယူရန် တိုးဝင် လာ ကြရာ၊ ခြွင်းချက် မရှိ သေဆုံး ကုန်သည်။
ယင်းကြောင့် ကျန်ရှိ နေသော ဝံပုလွေ များက၊ မလှုပ်ရှား ဝံ့တော့ချေ။ ပန်းသင်္ချိုင်း ဓား သည်၊ လင်းယွန်အား ဗဟို ပြုလျက်၊ ဆယ်ပေ ပတ်လည်အား၊ ကန့်သတ် နယ်မြေ အဖြစ် ပြောင်းလဲ လိုက်ချေပြီ။
ဤအရာက ဝံပုလွေ များကို၊ ကြောက်လန့် သွားစေခဲ့သည်။ ထိုနည်းဖြင့်၊ ဓား တစ်လက်နှင့် ဝံပုလွေ တစ်အုပ်မှာ၊ မကြာ-မကြာ ဆိုသလို၊ တိုက်ပွဲများ ဖြစ်ပွား နေကြသည်။
“ ဝူး ... ။ ”
နောက်ဆုံးတွင် ငွေလမင်း ဝံပုလွေ ခေါင်းဆောင်က ဒေါသ အပြည့်နှင့် ဟိန်းသံကို ထုတ်လွှတ် လိုက်သည်။
ထိုဟိန်းဟောက် သံကြောင့် ဝံပုလွေများ အားလုံး တုန်ယင်လျက်၊ သတ္တိကို စုစည်းကာ၊ တဖန် ချဉ်းကပ် လာတော့၏။
ဤအခိုက်တွင် လင်းယွန် မျက်လုံးများ ပြန်ပွင့် လာပြီး၊ သူ့တင်ပါး အောက်၌ ငရဲပန်း တစ်ပွင့် ပေါ်လာသည်။
“ ရွှပ် ... ။ ”
ထိုင်လျက်ဖြင့် နတ်ဘုရား ပုံရိပ်ယောင် ဓားကို တောက်ထုတ် လိုက်သော အခါ၊ မရေ မတွက် နိုင်သော ပွင့်ချပ် များက၊ ဓားအဖြစ် ပြောင်းလဲ ပြေးထွက် သွား၏။
လေထဲ ပျံသန်း ကျွံဝင် လာသော ဝံပုလွေ များပေါ် ထိမှန်ကာ၊ အသတ် နှုတ်ယူ ပစ်တော့ ၏။ မတ်တပ် ထရပ် လိုက်ပြီး၊ ပန်းသင်္ချိုင်း ဓားပေါ် ခုန်တက်လျက်၊
“ သွား ရ အောင် ... ။ ”
-ဟု ပြောကြား လိုက်သည်။
“ မင်း ဘယ်သွားသွား ... ငါ့လက်က မလွတ်နိုင် ပါဘူး၊ ဘာတွေပဲ ဖြစ်လာ ဖြစ်လာ မင်းကို ငါ ရအောင် သတ်မယ်။ ”
ဒဏ်ရာများ ကုသ နေသော ငွေလမင်း ဝံပုလွေ၏ ကြုံးဝါးသံက လင်းယွန် နောက်သို့ လိုက်ပါ လာသည်။
များမကြာခင် ယဲ့ကူဟန်က နေလ ထီးကို ကိုင်ကာ လှည့်ပတ် ကစား နေသည်။ လင်းယွန် က ၎င်းအား ကြည့်လျက်၊ သူ့အစ်ကို ကြီးသည် သူ့အား သေစေချင် နေသည် လောဟု၊ စတင် တွေးတော လာမိသည်။
အစောပိုင်း အချိန်၌၊ နေ-လ ထီးအား ချိတ်ပိတ် ခဲ့ခြင်း မရှိသော်၊ ငွေလမင်း ဝံပုလွေမှာ သေဆုံးပြီး ဖြစ်ပေ လိမ့်မည်။
***