ဓားနယ်မြေ ကောက်ကြောင်း ... ။
Vol. 140 Ch. 1953
လင်းယွန်က လရောင် အောက်တွင် သူ့ဓားကို စီးနင်းလျက်၊ ပြန်လှည့် ကြည့်လိုက် သော အခါ၊ မိုင် (၁)ထောင် အကွာတွင် ကျန်ရစ် ခဲ့သော ဝံပုလွေ များကို၊ မှုန်ဝါးဝါး မြင်လိုက် ရလေသည်။
ဤကိစ္စအား လွယ်လွယ်နှင့် ဖြေရှင်း နိုင်မည် မဟုတ်ကြောင်း သူ သိသည်။ ငွေလမင်း ဝံပုလွေ အငွေ့ အသက်နှင့် လွတ်ရာသို့ အရောက်တွင်၊ ဓားပေါ်မှ ခုန်ဆင်း လိုက်၏။
“ ရွှပ် ... ။ ”
ပန်းသင်္ချိုင်းက ဘယ်လက်တွင် ကိုင် ထားသော ဓားအိမ်ထဲ ပြန်ဝင် လာ၏။ ဒဏ်ရာ များကို စစ်ဆေးပြီး သက်ပြင်းချ လိုက်သည်။
“ သူတော်စင် ရောင်ဝါကို ... ၊ ပယ်ထုတ်ဖို့ မလွယ်ဘူး။ ”
အရိုးများ ကွဲအက်ခြင်း၊ အတွင်း အင်္ဂါ များနှင့်၊ နဂါး သွေးလွှတ် ကြောများ အပါအဝင် ဒဏ်ရာများ အားလုံးကို၊ နဂါးပြာ အရိုးမှ ပြန်လည် ကုသ ပေးခဲ့သည်။
သို့သော် သူတော်စင် ရောင်ဝါအား ဖယ်ထုတ်ရန် ခက်ခဲ နေဆဲ ဖြစ်၏။ သူတော်စင် ရောင်ဝါ ဟူသည်၊ နိဗ္ဗာန် ရောင်ဝါမှ အသွင် ပြောင်းလာခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းသည် နိဗ္ဗာန် ရောင်ဝါထက် (၁၀)ဆ ပိုမို အားကောင်းချေ၏။ ဆိုလို သည်မှာ အမည်ခံ သူတော်စင် များသည် သူတော်စင် လမ်းကြောင်းပေါ် ရောက်ရှိပြီ ဖြစ်သည်။
နိဗ္ဗာန် အဆင့်သည် သန်မာ အားကောင်း လျှင်ပင်၊ သေမျိုး နယ်ပယ် အတွင်း ရှိနေသေး သည်။
ထို့ကြောင့် မရဏ အဆင့်၌ ရှိသော သူ့ အနေဖြင့်၊ ငွေလမင်း ဝံ့ပုလွေအား အနားကပ် မခံဘဲ၊ အဝေး မှသာ ရင်ဆိုင် ခဲ့ခြင်း ဖြစ်၏။
သို့တိုင် အကြိမ် ပေါင်းများစွာ ထိုးနှက်ခံ ရပြီးနောက်၊ သူတော်စင် ရောင်ဝါကို (၉)ကြိမ် တိုင်တိုင်၊ ထိုးသွင်းခြင်း ခံထား ရသေးသည်။
“ ဒီကောင်က သတိ ထားနေပြီ ဆိုတော့ ... ၊ သတ်ရ ခက်တော့ မှာပဲ။ ”
လင်းယွန်က ထိုင်ချ လိုက်ပြီး၊
“ ငါ့ကိုလည်း ... သူ လွယ်လွယ် မသတ် နိုင်သေး ပါဘူး။ ”
-ဟု သုံသပ် စကား ဆိုလိုက်သည်။
သူ၏ စီနီယာ အစ်ကိုသည် ရက်စက် သော်လည်း၊ သူသေ မည်ကို ရပ်ကြည့် နေမည် မဟုတ်ချေ။
“ သူတော်စင် ရောင်ဝါကို မြန်မြန် ဖယ်ထုတ်ကြည့် ရမယ်။ ”
မျက်လုံးများ မှိတ်လျက်၊ သူတော်စင် ရောင်ဝါကို နဂါး မူလဖြင့် တွန်းထုတ်ရန် ကြိုး စား မိသည်။
သို့သော် သူတော်စင် ရောင်ဝါ အနား မကပ်မီ၊ နဂါး မူလမှာ ပျက်စီးသွား တော့၏။ သို့တိုင် လုပ်ငန်းစဉ်ကို အကြိမ် များစွာ ထပ်ခါ-ထပ်ခါ ပြုလုပ် နေမိသည်။
သူတော်စင် ခန္ဓာ နှစ်ခုကို ပိုင်ဆိုင်ထား သောကြောင့်သာ၊ ဤသို့ လုပ်နိုင်ခြင်း ဖြစ်၏။ အခြားသူ တစ်ဦးဆိုက သေပြီး ဖြစ်ပေမည်။
ရွေးချယ်စရာ မရှိ တော့ဘဲ ကြယ်ဓားကို အသုံးပြု လိုက်ရသည်။ ဓားဝိညာဉ် အသက်ဝင် လာပြီး၊ ဓားရည်ရွယ်ချက် ပြည့်နှက် လာ၏။
သို့မှသာ သူတော်စင် ရောင်ဝါကို၊ ဟန့်တားနိုင် တော့သည်။ နှစ်ဦး နှစ်ဖက် ရှေ့ မတိုးသာ- နောက် မဆုတ်သာ ဖြစ်နေသည်။
အတင်း အကျပ် တွန်းဖယ်ရန် ကြိုးစား သော်၊ သူတော်စင် ရောင်ဝါက ပေါက်ကွဲ သွား ပေမည်။
“ ဒါ … သူတော်စင်ရဲ့ တန်ခိုးလား။ ”
မျက်လုံး ဖွင့်ပြီး ညည်းတွား လိုက်သည်။ နိဗ္ဗာန် အဆင့် ရောက်သော် ဤမျှ ကူကယ်ရာမဲ့ နေမည် မဟုတ်ချေ။
နဂါး မူလနှင့် သူတော်စင် ရောင်ဝါကြား ကွာခြားချက်မှာ သိသာ လွန်းသည်။ ကြယ်ဓားမှ ထိုရောင်ဝါကို ယာယီ ပိတ်ထား နိုင်၍သာ ကံကောင်း နေခြင်း ဖြစ်၏။
မျက်စိ ပြန်မှိတ်ပြီး အနန္တ ကြယ်တာရာ ကောင်းကင် ပညာရပ် အကြောင်း တွေးလိုက် မိသည်။
များမကြာခင် ခန္ဓာ ကိုယ်မှ ရွှေရောင် ကျမ်းစာများ ပျံထွက် လာပြီး၊ ရွှေရောင် အဆင်း သဏ္ဍာန်က သူ့ကို ဖုံးအုပ် လာသည်။
“ အမှိုက် ... ၊ မင်းတို့ အားလုံး အမှိုက်တွေ ချည်းပဲ၊ သူ့ကို ရအောင်ဖမ်း ငါကိုယ်တိုင် သူ့ကို သတ်မယ်။ ”
ငွေလမင်း ဝံပုလွေက အော်ငေါက် နေ၏။ ဝံပုလွေငယ် များမှာ ကြောက်ရွံ့ စွာဖြင့်၊ တောင် ကြားမှ ထွက်ခွာ သွားကုန်သည်။
အားလုံး ထွက်သွား ချိန်၌ ငွေလမင်း ဝံပုလွေမှာ မြေပြင်ပေါ် လှဲချ လိုက်သည်။ ၎င်း၏ လည်ပင်းမှ သွေးများ စီးကျ နေ၏။ အလွန် ရှက်စရာ ကောင်းချေပြီ။
ဘုရင် အဆင့် အမည်ခံ သူတော်စင် သားရဲ တစ်ကောင် အနေဖြင့်၊ မရဏ အဆင့် ဓားသမား တစ်ဦးကြောင့် အမှန်တကယ် ဒဏ်ရာ ရရှိခဲ့၏။
ခန္ဓာကိုယ် အတွင်း ကျန်ခဲ့သော ကြယ်ဓားသည် ကြီးစွာသော ဖျက်ဆီးသူ ဖြစ်သည်။
သူတော်စင် ရောင်ဝါ ဖြင့်ပင် ၎င်းကို ခေတ္တမျှသာ ချိုးနှိမ် ထားနိုင် ခဲ့၏။ အပြီးတိုင် မောင်းထုတ် လိုသော် ဒုက္ခ ဖြစ်ပေမည်။
ထို့ကြောင့် ထွက်ပြေး သွားသော လင်းယွန်ကို သူ ရပ်ကြည့် နေခဲ့ ရခြင်း ဖြစ် တော့၏။
“ မင်းကို ငါ တွေ့အောင် ရှာမယ် ဓားသမား ... ။ ”
လေးနာရီ ကြာပြီးနောက် လင်းယွန်မှ မျက်လုံးများ ဖွင့်ကြည့် လိုက်ရာ၊ ကြက်သွေး ရောင် မျက်ဝန်းများ ဝိုင်းအုံ နေသည်ကို မြင်လိုက် ရသည်။
မှော်သွေး သစ်စေ့သာ ခန္ဓာ ကိုယ်ထဲ ရှိနေပါက၊ ၎င်းဝံပုလွေ များမှ အနံ့ခံ လိုက်လာ နိုင်ပေမည်။
ထို့ကြောင့် ထွက်သွားရန် ကြံရွယ်လိုက်စဉ်၊ ရုတ်တရက် အတွေး ပေါက်လာသည်။ ဝံပုလွေ အုပ်စု အပေါ် အသုံး ချကာ၊ မိုးပြာ နဂါး ဓား နှလုံးသားကို ကျင့်ကြံ ရပေမည်။
“ အု ဝူး ... ။ ”
ထိုအတွေးနှင့်၊ ဝံပုလွေ တစ်ကောင်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်၏။ ၎င်းက အခြား ဝံပုလွေ များကို အော်ဟစ် အမိန့်ပေး လိုက်သည်။
သူ့ခန္ဓာကိုယ် အတွင်းရှိ သူတော်စင် ရောင်ဝါကို ကြယ်ဓားဖြင့် ထိန်းထား ရသဖြင့်၊ လင်းယွန်မှာ နဂါး မူလ နှင့်သာ ရင်ဆိုင် နိုင်ပေမည်။
ထို့ကြောင့် ဤဝံပုလွေကို သတ်ရန် မဖြစ် နိုင်သေးချေ။ သို့သော် စိတ်ပျက်ခြင်း မရှိဘဲ၊ ၎င်း တို့ထံသာ စိုက်ကြည့် နေမိသည်။
ဝံပုလွေ အုပ်စုသည် သူနှင့် မီတာ တစ်ထောင် အကွာတွင် ရပ်လျက်၊ ပိတ်ဆို့ လာ တော့၏။ မိုးပြာ နဂါး ဓားနှလုံးသားကို အသက် သွင်းလိုက်ရာ၊ ဓား ရည်ရွယ်ချက် တုန်ခါလာ ခဲ့သည်။
လင်းယွန် မျက်ဝန်းများ တောက်ပ လျက်၊ သူ့ကို ကြည့်နေသော ဝံပုလွေ များ၏၊ အားနည်း ချက် များကို၊ မြင်လာ တော့သည်။
တစ်ချက် ကြည့်လိုက် ရုံဖြင့် ၎င်းတို့၏ သေစေနိုင်သော အစိတ်အပိုင်း များကို အလွယ် တကူ မြင်ခြင်း ဖြစ်၏။
ငွေရောင် ဓားရောင်ခြည်များ မြေပြင်မှ ဖြာထွက် လာပြီး၊ ပေတစ်ရာ တိုင်အောင် ပျံ့နှံ့ သွားသည်။
“ အု ဝူး ... ။ ”
“ ဂျိန်း ... ။ ”
ယင်းက ဝင်လာသော ဝံပုလွေ များကို အဝေးသို့ တွန်းထုတ် ပစ်ခဲ့သည်။ ထိုပေတစ်ရာ အတွင်း၊ မိုးကြိုး မုန်တိုင်းများ စတင် ဖြစ်တည် လာတော့၏။ ယင်းက ကမ္ဘာသစ် တစ်ခု ဖြစ်တည် နေခြင်းနှင့် တူသည်။
“ ဒါ မိုးပြာ နဂါး ဓား နှလုံးသားပဲ ... ၊ ပေတစ်ရာ အပြင် ကနေ ဆိုရင်၊ အမည်ခံ သူတော်စင် ကတောင် ... ၊ ငါ့ကို ဖိအား ပေးနိုင်မှာ မဟုတ်ဘူး။ ”
ခုန်ပေါက် နေသော ဝံပုလွေ များကို ကြည့်ကာ တွေးတော နေမိသည်။ များမကြာမီ ဓားရောင်ဝါ၌ အက်ကြောင်းများ ပေါ်လာပြီး၊ ပေငါးဆယ်သို့ ဆုတ်ယုတ် လာ၏။
“ အ ... ။ ”
ထိုသက်ရောက် မှုကြောင့် နာကျင် စွာဖြင့်၊ တံဆိပ် တစ်ခုအား အတင်းအကြပ် ဖန်တီးလိုက် ရတော့သည်။
“ အားနည်းချက် တွေ့လား၊ ဟုတ်ပြီ၊ ဒီမှာ တွေ့ပြီ၊ နောက်တစ်နေရာ ... နေဦး ဒီနယ်မြေက မိုးပြာ နဂါး ဓားနှလုံးသား ဖြစ်လို့၊ မိုးပြာ နဂါး ဝိညာဉ် ကိုလည်း၊ ပိုင်ဆိုင် ထားမှာပဲ။ ”
ဓားနှလုံးသား၏ အားနည်းချက် အပေါ်၊ ဖျက်ဆီးနေသော ဝံပုလွေ များထံ လှမ်းကြည့်ပြီး ၎င်းအား နားလည် သဘော ပေါက်အောင် ဆင်ခြင် နေမိ၏။
“ ခရစ် ... ။ ”
အဆုံးတွင် ဓားနယ်မြေ ပြိုကွဲသွား သဖြင့်၊ ပန်းသင်္ချိုင်းက ပြေးထွက် သွားပြီး၊ ဝံပုလွေများ အားလုံးကို၊ တွန်းထုတ် ပစ်လိုက် ရသည်။
ထို့နောက် လင်းယွန်က ဓားနယ်မြေကို ဖန်တီးကာ၊ ၎င်းဝံပုလွေ များအား ဖျက်ဆီးခွင့် ပြုလိုက် ပြန်၏။
“ ဂျိန်း ... ။ ”
ငွေဓား ရောင်ခြည် အောက်၌ မိုးကြိုး မုန်တိုင်းများ ပေတစ်ရာ အတွင်း ပြည့်နှက်လာ ပြန်တော့သည်။
“ ဒါက မိုးပြာ နဂါး ဓားနှလုံးသား ဖြစ် တာကြောင့်၊ မိုးပြာ နဂါးကို သဘာဝ အတိုင်း အာရုံစိုက် ရမယ် ထင်တယ်။ ”
ကြယ်အလင်း များက၊ အနားတွင် မိုးပြာ နဂါး တစ်ကောင် ကဲ့သို့၊ လှည့်ပတ် လာလေ သည်။
“ ခရစ် ... ။ ”
မတည် ငြိမ်သော ဓားနယ်မြေသည် များ မကြာခင် ဖျက်ဆီး ခံလိုက် ရ၏။ ပန်းသင်္ချိုင်းမှ ဝံပုလွေ များကို မောင်းထုတ်ရန် ပြေးထွက် လာပြီး၊ နောက် တစ်ကြိမ် အချိန်ဆွဲ ပေး ထားသည်။
ဤနည်းဖြင့် ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံး လာ၏။ မျက်စိ တစ်မှိတ် အတွင်း (၂) ရက် ကုန်လွန် သွားသည်။
ဓားနယ်မြေမှာ ပို၍ ပြီးပြည့်စုံ လာ၏။ ၎င်းကို အသုံးပြုရန် ပိုမို လွယ်ကူ ချောမွေ့လာ ကာ၊ ဝံပုလွေများ အတွက် ချိုးဖျက်ရ ပို၍ ခက်ခဲလာ တော့၏။
သည့်စဉ် ဓားနယ်မြေ အတွင်း၊ နဂါး အရိုးစုကြီး ဖြစ်ပေါ် လာသည်။ ယင်းက သူ့အား စိတ်လှုပ်ရှား လာစေ၏။
“ ငါ သိပြီ ... ၊ နဂါး အရိုးစုနဲ့ ... ၊ နဂါး ဝိညာဉ်ကို ပေါင်းစည်း အသုံးချဖို့ ... ကြယ်ဓား အသုံးပြု ရမယ်။ ”
လက်ကို လှိုင်းအသွင် လှုပ်ရှား လိုက်သော အခါတွင်၊ မိုးကြိုး မုန်တိုင်း များက အရိုးစု ဆီသို့ တိုးဝင် သွားပြီး၊ အသက်ဓာတ်များ ပေးစွမ်း လာခဲ့၏။
မိုးပြာ နဂါး ရိုးစု ကြီးက တဖြည်းဖြည်း ရုပ်လုံးပေါ် လာပြီး၊ နယ်မြေ အတွင်း ဝင်ရောက် လာသော ဝံပုလွေ များကို၊ ဒဏ်ရာများ ပေးစွမ်း တော့သည်။
“ ဝူး ... ။ ”
နာကျင်စွာ အော်ဟစ် ငိုကြွေးလျက် ဝံပုလွေများ အားလုံး သွေးအလိမ်း လိမ်းဖြင့် မြေပြင်ပေါ် လဲကျ ကုန်၏။
ဤမြင်ကွင်းကို အဝေးမှ ကြည့်နေသော ယဲ့ကူဟန်က၊ သက်ပြင်းချ လိုက်သည်။
“ ဂျူနီယာ ညီလေးက ... တကယ့်ကို ဓားဘီလူး တစ်ကောင်ပဲ၊ ဘယ်လို များတောင် အစွမ်း ထက်လိုက်တဲ့၊ မိုးပြာ နဂါး ဓားနှလုံးလဲ၊ ဟမ့် ... ရောက်လာ ပြီလား၊ နောက်ဆုံးတော့ တိုက်ပွဲ စပြီပေါ့။ ”
လက်ထဲမှ သစ်သီး တစ်လုံးကို ဝါးလျက်၊ ယဲ့ကူဟန်မှ ရေရွတ် လိုက်သည်။ အဝေးမှ ပြေး လွှား လာနေသော ငွေလမင်း ဝံပုလွေကို၊ သူ မြင်လိုက် ရချေပြီ။
***