← Chapters

တစ်သားတည်း ... ။

Vol. 140 Ch. 1954

တစ်သားတည်း ... ။

Vol. 140 Ch. 1954

လင်းယွန်နှင့် ပေတစ်ရာ အကွာတွင်၊ သွေးများ ပေကျံ နေသော ဝံပုလွေ အလောင်း ကောင်များ ဖုံးလွှမ်း နေသည်။ ၎င်းတို့မှာ ဝမ်းဗိုက်များ အခွဲ ခံထား ရပြီး၊ အတွင်း အင်္ဂါများ လျှံထွက် နေ၏။

ထိုအချိန်တွင် သူတော်စင် ရောင်ဝါဖြင့် ဖန်တီးထားသော ဝံပုလွေ လက်သည်း ကြီးက၊ ကောင်းကင်မှ ဆင်းသက် လာလေရာ၊ မြေပြင် အနှံ့ အက်ကြောင်းများ ဖြစ်ပေါ် လာသည်။

ဤသည်မှာ သူတော်စင် ရောင်ဝါ၏ တန်ခိုး ပေပင်။ မည်သည့် ကျင့်ကြံမှု နည်းစနစ် ကိုမျှ၊ မသုံး ထားသော အရိုင်း သက်သက် လက်သည်း ကုပ်ချက် ဖြစ်၏။ သို့သော်မှ လင်းယွန်အား ထိတ်လန့်အောင် စွမ်းဆောင် နိုင်သည်။

“ ရွှပ် ... ။ ”

နတ်ဘုရား ပုံရိပ်ယောင် ဓားဖြင့်၊ တောက်ထုတ် လိုက်ရာ၊ ဓားအလင်းက ဝံပုလွေ လက်သည်းကို ထိုးဖောက် ပစ်တော့သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

လက်နှစ်ဖက်ကို ဆန့်ထုတ်လျက်၊ လင်းယွန်မှ နောက်သို့ ပြန်၍ ဆုတ်ခွာ လိုက်၏။ သင်ခန်းစာ ရရှိထား သဖြင့်၊ သူတော်စင် ရောင်ဝါအား သတိ ထားရ ပေမည်။

သူ့ လက်သည်း ရိပ်ကြီး ဖျက်ဆီး ခံရ ပြီးနောက်၊ ငွေလမင်း ဝံပုလွေ ခေါင်းဆောင်က ကောင်းကင်မှ ဆင်းသက် လာ၏။ ဒဏ်ရာ များမှ အပြည့်အဝ ပြန်လည် ကောင်းမွန် နေချေပြီ။

“ ငါ့ရဲ့ သူတော်စင် ရောင်ဝါက အဆင် ပြေတယ် မဟုတ်လား။ ”

ဝံပုလွေ ခေါင်းဆောင်က လင်းယွန်ကို ကြည့်ကာ မေး၏။ သူတော်စင် ရောင်ဝါများ လင်းယွန်၏ ခန္ဓာကိုယ် အတွင်း၌၊ ရှိနေ သည်ကို၊ သူ ခံစား နိုင်သည်။

“ မင်း ရော ... ၊ ဓား ရည်ရွယ်ချက်ကို ကိုင်တွယ် ဖြေရှင်းဖို့ ... မစွမ်းဘူး မဟုတ်လား။ ”

“ ဟမ့် ... ၊ ငါ မင်းကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး။ ဒီကနေ့ လပြည့် နေ့ပဲ။ ”

ငွေလမင်း ဝံပုလွေ ခေါင်းဆောင်က၊ သူတော်စင် ရောင်ဝါကို ပြင်းစွာ ထုတ်ဖော် လိုက် လေသည်။

၎င်းသည် သွေးသား စွမ်းအင်ကို လောင်ကျွမ်း စေကာ၊ တိုက်ပွဲဝင် စွမ်းအား အပေါ်၊ မြှင့်တင် နိုင်ပေ၏။

“ ဝှစ် ... ။ ”

အလင်းတန်း အလား လင်းယွန် ရှေ့ ရောက်ရှိ သွားသည်။ သို့သော် ထုံစံ အတိုင်း ပန်း သင်္ချိုင်းမှ ဟန့်တား လာ၏။

ကောင်းကင်ကြီး ရုတ်တရက် မှောင်လျက် ပိုစုန်းကြူးများ ထွက်ပေါ်လာသည်။ ဤသည်မှာ ပိုးစုန်းကြူး နတ်ဓား ဖြစ်၏။

“ ဝူး ... ။ ”

ငွေလမင်း ဝံပုလွေ ခေါင်းဆောင်က လှောင်ပြောင် လိုက်သည်။ ယခု တစ်ကြိမ်တွင်၊ သတိ ကြီးစွာဖြင့်၊ ဖြစ်စဉ် အားလုံးကို ဖျက်ဆီး ပစ်ပြီး၊ ဓားကို ဖမ်းဆီး၏။

“ ဒါမျိုး နောက်တစ်ကြိမ် ထပ်ရ မယ်လို့ မင်းထင်လား၊ တခြား ဘာတွေများ မင်း လုပ်နိုင် သေးလဲ ကြည့်ရအောင်။ ”

ငွေလမင်း ဝံပုလွေ ခေါင်းဆောင်၏၊ ကြောက်မက်ဖွယ် အငွေ့ အသက် များက လှိုင်း အသွင် ပျံ့ကား လာသည်။

တိုက်ပွဲ အနားရှိ မြင့်မားသော သစ်ပင် ကြီးများ ချက်ချင်း အမှုန့် ဖြစ်ကုန်၏။ လင်းယွန် သည်ပင် ထိုက်သင့်သော သက်ရောက်မှုကို ခံစား လိုက်ရသည်။

သို့သော် ခြေလှမ်း တစ်ဝက် ခန့်သာ နောက်ဆုတ် သဖြင့်၊ ငွေလမင်း ဝံပုလွေ ကြီးမှာ အံ့အားသင့် သွားသည်။

တွန့်ဆုတ် မနေတော့ဘဲ၊ လင်းယွန်နှင့် ပေတစ်ရာ အတွင်း လှမ်းဝင် လိုက်၏။ ချက်ချင်း ဆိုသလိုပင် ကြီးမားသော ဖိအား တစ်ခု ကျဆင်း လာသည်။

“ ဘာဖြစ် တာလဲ ... ။ ”

ရုတ်တရက် လှုပ်ရှားမှုများ နှေးကွေး သွားသဖြင့်၊ ထိတ်လန့် နေစဉ်၊ မိုးပြာ နဂါးကြီး ပေါ်လာသည်။

“ ထွက် သွား ... ။ ”

“ ခရစ် ... ။ ”

ငွေလမင်း ဝံပုလွေက ဟိန်းဟောက်လျက်၊ လက်သည်းဖြင့် လှမ်းကုပ် ပစ်၏။ နဂါး ပေါ်တွင် အက်ကွဲ ကြောင်းများ ပေါ်လာကာ၊ လွင့်စဉ် သွားသည်။

ထို့ကြောင့် ခြေတစ်လှမ်း တည်းဖြင့် လင်းယွန် အနား၊ လွတ်လွတ် ကျွတ်ကျွတ် ရောက်ရှိ သွား၏။

လင်းယွန်က ငွေလမင်း ဝံပုလွေ၏ အားနည်းချက် တစ်ခုကို မြင်လိုက် လေသည်။ ထို့ကြောင့် မိုးကြိုး လိပ်နက် သံကြိုး ထုတ်ရန် စိတ်ကူး မိသော်လည်း၊ ပယ်ချ လိုက်၏။

ယင်းအစား နဂါးပြာ တံဆိပ်၊ ရွေနဂါး တံဆိပ်၊ ငွေနဂါး တံဆိပ်နှင့်၊ အုပ်စိုးရှင် နဂါး တံဆိပ်အား ဖွဲ့စည်း တော့သည်။

ကျောက်စိမ်းပြာနှင့် ခရမ်း-ရွှေရောင် နဂါးရူရ်များ ပေါင်းစပ် သွားပြီး၊ လင်းယွန်၏ ရောင်ဝါ တိုးလျက်၊ ဝံပုလွေ ရောင်ဝါအား ထိပ်တိုက် ရင်ဆိုင် ၏။

“ ဝုန်း ... ။ ”

အဓိပတိ နဂါး လက်သီးနှင့် ဝံပုလွေ လက်သည်းတို့ ထိပ်တိုက် တွေ့ဆုံသော အခါ၊ ပေါက်ကွဲ သံများ ညံကုန်၏။

လင်းယွန်က အနည်းငယ် မျှသာ နောက်ဆုတ် လိုက်ရ သော်လည်း၊ ဝံပုလွေမှာ လွင့်စဉ် သွားသည်။

“ ဝှစ် ... ။ ”

ယင်းက ဝံပုလွေကို ဒေါသ ထွက်စေ၏။ သူတော်စင် ရောင်ဝါ ပါဝင်သော လက်သည်း ကုပ်ချက် အသီးသီးကို၊ အဝေးမှ ပစ်လွှတ်ကာ ထပ်မံ ဝင်ရောက် လာပြန်သည်။

ဓားနယ်မြေ အတွင်း ဖြစ်သဖြင့်၊ ဝင်လာသော တိုက်ခိုက်မှု များကို လင်းယွန်မှ ကောင်းစွာ ရှောင်တိမ်း နိုင်သည်။

မူလက လျင်မြန် လွန်းသော တိုက်ခိုက်မှု များသည် ပေတစ်ရာ အတွင်း ဝင်လာမိ ချိန်၌၊ နှေးကွေး သွား ကုန်၏။

ဤသို့ဖြင့် လှုပ်ရှားမှု တစ်ရာကျော် ဖလှယ်လိုက် ကြသည်။ လင်းယွန်မှ မိုးပြာ နဂါး နတ်ခန္ဓာကို ထုတ်ဖော် ထားသော်လည်း၊ ဒဏ်ရာများ ဖုံးလွှမ်း နေ၏။

ဤမျှ ခေါင်းမာကာ သတ်ရ ခက်သော လင်းယွန်ကြောင့် ငွေလမင်း ဝံပုလွေ ကြီးမှာ၊ ပို၍-ပို၍ ဒေါသ ထွက်လာသည်။

“ ဝံပုလွေကြီး ... မင်းမှာ ရှိတာ ဒါ အကုန်လား၊ အစွမ်းကုန် မထုတ်ရင် ... လပြည့် ပြီးတာတောင်၊ မင်း ငါ့ကို ဖမ်းမိမှာ မဟုတ်ဘူး။ ”

လင်းယွန်၏ ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်နေပြီး၊ အဖြူရောင် အဝတ် အစား၌ သွေး များ စွန်းထင်း နေတော့၏။

အမှန်တွင် သူသည်လည်း၊ နတ်ခန္ဓာ၏ အချိန်ကုန် တော့မည် ဖြစ်သည်။ ထိုအချိန်တွင် ဓားနယ်မြေ ရှိသော်မှ၊ နတ်ခန္ဓာ မရှိ သဖြင့်၊ လွယ်လွယ် အသတ်ခံ ရနိုင်မည်။

သို့သော် အစ်ကိုကြီးမှ ရပ်ကြည့် နေမည် မဟုတ်သောကြောင့် စိုးထိတ်ခြင်း မရှိချေ။ ယခု အချိန်၌ မိုးပြာ နဂါး ဓား နှလုံးသားအား အပြီး သတ်ရန်၊ ချို့ယွင်းချက် တစ်ခုသာ လိုတော့သည်။

ငွေလမင်း ဝံပုလွေက လမင်းကို မော့ကြည့်ကာ၊ စိုးရိမ် လာသည်။ တစ်ဖက်တွင် ယဲ့ကူဟန်မှာ ပြုံးရွှင် နေ၏။

“ မင်း သေချင် နေတာပဲ။ ”

အဆုံးတွင် ဝံပုလွေ အမွေး၌ ငွေရောင် ရူရ်များ တောက်လောင် လျက်၊ ဓားနယ်မြေ မတည် မငြိမ် ဖြစ်လာ ခဲ့သည်။

ဤမြင်ကွင်းကြောင့် လင်းယွန် ခမျာ၊ တုန်လှုပ် သွားသည်။ အစ်ကို ကြီးသည် သူ့အား သေစေချင် သည်လောဟု၊ ပထမဆုံး အကြိမ် အဖြစ်၊ သံသယ ဝင်လာ မိ၏။

တစ်ချိန်တည်း မှာပင် သူ့နယ်မြေ၏ ချို့ယွင်းချက်ကို ဖာထေးရန်၊ စတင် စဉ်းစား နေခဲ့သည်။

ကြယ်ဓားနှင့် နဂါး အရိုးကို ဖန်တီးကာ၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက် များဖြင့် ဖြည့် ထားပြီး ဖြစ်သည်။ မည်သည့် နေရာ၌ အားနည်းချက် ဖြစ်ပေါ် နေ သနည်း။

“ ခရစ် ... ။ ”

တွေးတော နေစဉ် နဂါးပြာ တံဆိပ်၊ ငွေနဂါး တံဆိပ်နှင့် ရွှေနဂါး တံဆိပ်များ ကွဲအက် သွားခဲ့ သည်။

“ ဝုန်း ... ။ ”

မိုးပြာ နဂါး နတ်ခန္ဓာ ပြိုပျက် သွားခဲ့ပြီး၊ မီတာ တစ်ထောင် အကွာသို့ လွင့်စဉ် သွားတော့ ၏။

သွေးများ စီးကျ လာပြီး၊ ခန္ဓာကိုယ် အတွင်းသို့၊ သူတော်စင် ရောင်ဝါများ တိုးဝင်လာ ခဲ့သည်။

“ မင်းမှာ ဘာရှိ သေးလဲ။ ”

ငွေလမင်း ဝံပုလွေက လင်းယွန်အား အေးစက်စွာ ကြည့်သည် ။

“ ဟမ့် ... ၊ မင်းမှာ တခြား နည်းလမ်းတွေ ရှိသေး လားလို့ ... ၊ ငါ မေးနေတယ်။ ”

ငွေလမင်း ဝံပုလွေက လက်သည်းကို ဖွင့်ကာ၊ လင်းယွန်၏ ခေါင်းအား လှမ်းကုပ် ခွဲ တော့၏။

ယင်းက သူနှင့် အမည်ခံ သူတော်စင် တို့ကြား ခြားနားချက်ကို ရှင်းရှင်း လင်းလင်း သိမြင် လာမိ စေသည်။

အသက် အန္တရာယ်နှင့် ရင်ဆိုင် နေရပြီ ဖြစ်ရာ၊ ဓား နယ်မြေသည် မည်သည့် နေရာ၌ အားနည်းချက် ဖြစ်ခဲ့ ရသည်ကို၊ တွက်ဆ နေမိသည်။

“ စိတ်ဝိညာဉ်နဲ့ ဓား ... တစ်သားတည်း ... ။ ”

ရုတ်တရက် တစ်စုံ တစ်ယောက်မှ ပြောကြားလိုက် သကဲ့သို့၊ ထိုးထွင်း သိမြင်မှု တစ်ခု ရရှိ လာတော့၏။

***

All Chapters