နိဗ္ဗာန် အဆင့်သို့ တက်ရောက်ခြင်း။
Vol. 140 Ch. 1956
လင်းယွန်က ယဲ့ကူဟန် ဘေးနားတွင် ထိုင်ကာ၊ ဝံပုလွေ များ၏ လပြည့်ည ပူဇော်ပွဲကို ကြည့်ရှု နေသည်။
“ ကောင်းပြီ ... ဒေါသ မထွက်နဲ့၊ လာ ဒီမှာ သစ်သီး တစ်လုံးစား။ ”
ယဲ့ကူဟန်မှ ပြုံးပြီး၊ သစ်သီး တစ်လုံး ထုတ်ကာ အင်္ကျီနှင့် သုတ်လျက် ပေးလာ၏။ လမ်းတစ်လျှောက်လုံး မည်သည့် စကားမျှ မဆိုဘဲ၊ လင်းယွန်က အံကြိတ် ထားသည်။
သို့တိုင် ယဲ့ကူဟန် လက်မှ သစ်သီးကို ယူကာ၊
“ ဒီသစ်သီး မှာရော ထူးဆန်းတာ တစ်ခုမှ မရှိဘူး မဟုတ်လား။ ”
-ဟု သတိ ကြီးစွာ ပြန်မေး လိုက်သည်။
တစ်ကြိမ် ဖမ်းမိသော် အဆင်ပြေ၏။ နှစ်ကြိမ် ဆိုက ရှက်စရာ ကောင်းချေပြီ။ သူ့ စကားကြောင့် ယဲ့ကူဟန်မှ ပြုံးပြီး၊
“ ဒါက နတ်နဂါး သစ်သီးပဲ၊ နတ်နဂါး အင်ပါယာရဲ့ ဥယျာဉ် ထဲမှာ စိုက်ပျိုး ထားတဲ့၊ မက်မွန်သီးတွေ၊ မကြာ-မကြာ ... ငါ သွားခူး နေကြ ... ။ ”
“ ဒါဆို ... ခိုးလာ တာပေါ့ ... ။ ”
လင်းယွန်မှ စိတ်သက်သာ ရာရ သွားပြီး နတ်နဂါး သစ်သီးကို ကိုက်စား လိုက်တော့ သည်။
“ ဟဲဟဲ ... ခူးလာ တာပါ ... ၊ ခိုးတာ မဟုတ်ဘူး၊ သူတော်စင် ဘုရင် တစ်ပါး လုပ် ဆောင် ခဲ့တဲ့ အရာကို၊ ခိုးတယ်လို့ ဘယ်သူက ခေါင်းစဉ် တပ်ရဲ မှာလဲ၊ ပြီးတော့ ဒီကောင် တွေက တကယ် ချိုတယ်။ ”
“ ဒါ ... သူတော်စင် သစ်သီး မဟုတ်ဘူး။ ”
ကိုက်ဝါး နေလျက်မှ လင်းယွန်မှ အံ့သြသော လေသံဖြင့် ပြောကြား လိုက်သည်။
“ ဘယ်လိုလုပ် ... သူတော်စင် သစ်သီး ဖြစ်နိုင် မှာတုန်း၊ သာမန် ဝိညာဉ်ရေး သစ်သီးပါ၊ သူတော်စင် သစ်သီး ဆိုရင်၊ အနည်းဆုံး အနှစ် တစ်ထောင် ကျော်မှ ရမယ်။ ”
ထို့နောက် နေ-လ ထီးအား လင်းယွန်ထံ ပြန်လည် ပေးအပ် လာသည်။ လင်းယွန်က ယူ လိုက်ပြီး၊
“ အစ်ကိုကြီး ... ၊ ငါ ဒီဝံပုလွေကို သတ်နိုင်ပါ့ မလား။ ”
-ဟု မေးလိုက်သည်။
“ သတ်နိုင် မှာပါ ... ၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရထား တာပဲ၊ နောက် တစ်ကြိမ်ဆို သူ ခံနိုင်ရည် ရှိမယ် မထင်ဘူး။ ”
ယဲ့ကူဟန်မှ ရှင်းပြသည်။
“ သူတော်စင် နယ်ပယ် ... မရောက် သေးပေမယ့်၊ သူ့ရဲ့ အသွေး အသား ထဲမှာ အမွေ အချို့ ရှိတယ်၊ ဒါကြောင့် သူတော်စင် ရောင်ဝါကို၊ သူ သုံးတဲ့ နည်းက ကြမ်းတယ်။ ”
“ မျိုးဆက်သွေး ဆက်ခံ ထားတာလား။ ”
လင်းယွန်၏ မျက်ဝန်း၌ သံသယ များဖြင့် တုန်လှုပ် သွားလေသည်။ ယဲ့ကူဟန်က အဝေးမှ ငွေလမင်း ဝံပုလွေထံ ကြည့်ကာ၊
“ ဒီကောင်တွေ ဘဝက ... သနားဖို့ ကောင်းတယ်၊ လမ်းလွဲ ကျင့်ကြံသူ တစ်ဦး ဆို ရင်တောင်၊ ကျင့်ကြံမှု နည်းစနစ်ကို၊ ဝယ်ယူ နိုင်သေးတယ်၊ ...
... သူတို့လို ကောင်းကင် နတ်ဆိုး ကုန်းမြေကြီးကို မဆုတ်ခွာပဲ ကျန်ခဲ့တဲ့၊ သားရဲ တွေ အတွက်၊ သင့်လျော်တဲ့ နည်းစနစ်မျိုး ... ရဖို့၊ ခဲယဉ်းတယ်။ ”
“ ဒီလိုမျိုး ရှိတယ်လား။ ”
လင်းယွန် အံ့သြသော လေသံဖြင့် မေးလိုက်သည်။
“ ကောင်းကင် နတ်ဆိုး သားရဲ တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က ခွန်လွန်မှာ အသန် မာဆုံး၊ မြင့်မြတ်တဲ့ သားရဲ တွေပဲ၊ ...
... ဒါပေမယ့် နှစ်ပေါင်း သုံးထောင်ကျော် သွားပြီ ဆိုတော့၊ ကောင်းကင် နတ်ဆိုး ကုန်မြေ ကြီးလည်း ... ဖွံ့ဖြိုး လာလောက် ပါပြီ၊ အခုဆို သူတို့က နတ်နဂါး အင်ပါယာ အပေါ်၊ ခြိမ်းခြောက် လာနေပြီ။ ”
“ အု ... ဝူး ... ။ ”
ထိုအချိန်တွင် ဝံပုလွေ တစ်ကောင်က လမင်းထံ မော့ကြည့်ကာ၊ သံရှည်ဆွဲ အူသံပြု လာ၏။
လင်းယွန်မှ လှမ်းကြည့် လိုက်ရာ၊ ယစ် ပလ္လင်၌ ကြမ်းကြုတ်သော အငွေ့ အသက်များ လွှမ်းခြုံ လာသည်ကို၊ တွေ့လိုက် ရသည်။
ဝံပုလွေ များစွာက ၎င်းတို့၏ လက်ကောက်ဝတ် သွေးကြော များကို လှီးဖြတ် လျက်၊ သွေးများ သွန်းလောင်း ကြ၏။
“ ဘာတွေ လုပ်နေ ကြတာလဲ။ ”
လင်းယွန်မှ စိတ်ဝင်စား သွားသည်။
“ ဝံပုလွေ နတ်ဘုရား ... ၊ ဒါမှ မဟုတ် ဝံပုလွေ မိသားစုရဲ့ နတ်ဘုရားတွေ အတွက် ယစ်ပူဇော် နေတာ။ ”
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ နတ်ဘုရားတွေ သေသွားပြီ မဟုတ် ဖူးလား။ ”
လင်းယွန်မှ အံ့သြသော လေသံဖြင့် မေးလိုက်သည်။
“ မင်းက နတ်ဘုရား တွေကို စော်ကား နေတာပဲ၊ နတ်ဘုရားတွေ ဆိုတာ ... သတ်ဖို့ ခဲယဉ်းပြီး၊ သေခဲ့ ရင်တောင်၊ သူတို့ရဲ့ အပိုင်း အစတွေ ကျန်ရစ် ခဲ့သေးတယ်။ ”
ထို့နောက် ယဲ့ကူဟန်က ပြုံးကာ၊
“ ဒီပူဇော်ပွဲက ... ၊ သူတို့ရဲ့ ငွေလမင်း ဝံပုလွေ မျိုးဆက်ရဲ့ အသွေး အသား တွေကို နိုးထ လာစေတယ်။ ”
-ဟု ဆိုလျက် လင်းယွန်ထံ ပြုံးပြီး လှည့်ကြည့်သည်။
“ အဲဒီ အချိန် ရောက်ရင် ... ၊ မင်းရဲ့ ဓားရေးနဲ့ ... သူ့ကို အနိုင်ကျင့် လို့ရ တော့မှာ မဟုတ်ဘူး။ ”
“ သူတို့ သွေးသားတွေ နိုးထ လာရင် ဘာဖြစ် မလဲ။ ”
“ အဓိပ္ပါယ် မရှိ ပေမယ့်၊ နိုးထတဲ့ အကောင်ရေ များလာရင်၊ ဒီကမ္ဘာ ကြီးမှာ ချန်ထား ခဲ့တဲ့ ... သူတို့ ဘိုးဘေး နတ်ဘုရား တွေရဲ့၊ အစိတ် အပိုင်း တွေက၊ ...
... တုံ့ပြန် လာလိမ့်မယ် ... ၊ အချိန်တွေ ကြာလာ တာနဲ့ အမျှ၊ အဲဒီ နတ်ဘုရား တွေက ပြန်ရှင် လာဖို့ ... ၊ အခွင့် အရေး ရကြတယ်၊ ...
... ဒါပေမယ့် လွယ်တော့ မလွယ်ဘူး၊ နတ်ဘုရား နယ်ပယ်က အလှမ်းဝေး လွန်းတယ်၊ ငါ့စကား တွေက အတိအကျ ... မဟုတ် သလို သူတို့ အသက် ပြန်ရှင်လာ ရင်လည်း၊ ခွန်အား အပြည့် ရှိမှာ မဟုတ်ဘူး။ ”
လင်းယွန်က ငြိမ်သက် သွားတော့သည်။ လက်ထဲမှ နတ်နဂါး သစ်သီး ကုန်သွားသော အခါ၊ ယဲ့ကူဟန်က၊
“ မိုးပြာ နဂါး ဓားနှလုံးသား တံဆိပ်ကို သင်ပေးဖို့ အချိန်တန်ပြီ၊ အနန္တ ကြယ်တာရာ တံဆိပ်နဲ့ ... အရင် စကြ ရအောင်။ ”
-ဟု ဆိုကာ၊ တံဆိပ် တစ်ခုကို ဖန်တီးပြ လာ၏။
ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များ အားလုံးကို စုပ်ယူရန်၊ ဓား နှလုံးသား တုန်ခါ လာတော့သည်။
“ ဒါက အနန္တ ကြယ်တာရာ တံဆိပ်ပဲ၊ စိတ်ဝိညာဉ်နဲ့ ဓားကို ပေါင်းစည်းဖို့ ဒီနည်းလမ်း သုံးနိုင်တယ်၊ ဒါက ... မင်းရဲ့ ကြီးထွားမှု ကိုလည်း၊ မြှင့်တင်ပေး နိုင်တယ်။ ”
ထိုအကြောင်းကို လင်းယွန်မှ သိပြီး ဖြစ်သည်။ သို့သော် စနစ်တကျ သိရှိ ခြင်းမျိုး မဟုတ်ချေ။ အကြိမ်ကြိမ် ကြိုးစား ပြီးနောက် တံဆိပ်အား ဖွဲ့စည်း လာနိုင်၏။
“ မရိုးရှင်း ဖူးလား။ ”
ယဲ့ကူဟန်မှ ပြုံးလိုက်သည်။ လင်းယွန်က နားလည် လာ၏။ အစ်ကိုကြီးသည် သင်ကြားမှု မစခင် သူ့အား လက်တွေ့ တိုက်ပွဲ ဝင်စေ ခဲ့ခြင်း ဖြစ်သည်။
မဟုတ်သော် ၎င်းကို နားလည်ရန် အချိန် အတော် ကြာမည် ဖြစ်သည်။
“ ဒါက ကောင်းကင်သို့ ပျံသန်းခြင်း တံဆိပ်ပဲ၊ မင်းရဲ့ ဓားနှလုံးသားကို ထုတ်လွှတ် လိုက်တဲ့ အချိန်က တိုက်ပွဲဝင် ပုံစံမျိုးပဲ ...
... အဲဒီ တုန်းက ... ၊ မင်းရဲ့ နည်းလမ်း တွေက ကြမ်းလွန်းတော့၊ နဂါး မူလနဲ့ သွေးသား စွမ်းအင်တွေ အားလုံး ကုန်ခဲ့ ရတယ်၊ ဒါကြောင့် ရန်သူက ဒဏ်ရာ ရပေမယ့်၊ မင်းလည်း အကူ အညီမဲ့ သွားခဲ့တယ်၊ ...
... အခု ဒီကောင်းကင်သို့ ပျံသန်းခြင်း တံဆိပ်က စွမ်းအင် စုဆောင်းဖို့ ... ကူညီပေး လိမ့်မယ်၊ အနည်း ဆုံးတော့ မင်း အစောပိုင်း တိုက်ပွဲ မှာလို၊ သူ့ကို လွှတ်ပြီးရင် ... မင်း စွမ်းအားမဲ့ တော့မှာ မဟုတ်ဘူး ...
... ဒါက ဓားသမားရဲ့ ကြောက်စရာ အကောင်းဆုံး နည်းလမ်းပဲ၊ အနာဂတ်မှာ ဓား နယ်မြေကို ဆုပ်ကိုင် ပြီးရင်၊ ဒီတံဆိပ်၊ ...
... ထုတ်လိုက် တာနဲ့၊ ... မင်း အထက် နယ်ပယ် တစ်ခုကို ကျော်လွန်ပြီး ခြိမ်းခြောက် နိုင်တယ်။ ”
ဤအရာသည် အစွမ်း ထက်သော ဝှက်ဖဲ ဖြစ်လာမည် ဖြစ်သောကြောင့် လင်းယွန်မှ ပြုံး လိုက် သည်။
“ ဓားနယ်မြေက ... တခြား သိုင်းနယ်မြေ တွေနဲ့ ဘာကွာလဲ။ ”
လင်းယွန်မှ မေး၏။
“ ကွာတယ် ... ၊ ဓား နယ်မြေက ကောင်းကင်ကို အံတုပြီး၊ တခြား နယ်မြေတွေ ဆိုတာက၊ ကောင်းကင်ရဲ့ အလိုတော် အတိုင်း ဖြစ်တည် ရတယ်။ ”
“ အု ဝူး ... ။ ”
ထိုအချိန်တွင် ငွေလမင်း ဝံပုလွေက ဟိန်းဟောက်ပြီး၊ လင်းယွန်နှင့် ယဲ့ကူဟန် ရှိရာ အရပ်ထံ မော့ကြည့်၏။
ကောင်းကင် ပျံသန်းခြင်း တံဆိပ်အား၊ အာရုံခံ မိသဖြင့်၊ သူက ဝံပုလွေငယ် များကို အခမ်း အနား ခဏရပ်စေ ခဲ့သည်။
“ ကြည့်ရတာ ငါတို့ကို ကြောက်နေ ပုံပဲ၊ အခုပဲ စလိုက် ရအောင်၊ နိဗ္ဗာန် အဆင့် တက်ဖို့ အခွင့်အရေး ယူရမယ်။ ”
လင်းယွန်၏ အုတ်မြစ် အရ၊ နိဗ္ဗာန် အဆင့်သို့ ချိုးဖျက်ရန်၊ ခဲယဉ်းကြောင်း သတိ ထား မိသည်။ အခွင့် အရေး သာ မရှိက အချိန်များစွာ ကုန်ဆုံး နိုင်ပေ၏။
ယဇ်ပလ္လင်မှ ငွေရောင် အလင်း တစ်စ ကောင်းကင်ပေါ် တက်လာ သဖြင့်၊ ငွေလမင်း ဝံပုလွေက အခမ်း အနားကို ပြန်စသည်။
ငွေရောင် အလင်းများက မိုင်တစ်ရာ အကွာထိတိုင် လွှမ်းခြုံ လာ၏။ ဝံပုလွေ များမှာ မြေပြင်ပေါ် ဝပ်တွား လိုက်ကြပြီး၊ ခေါင်းဆောင် မှ ယဇ်ပလ္လင်ပေါ် ခုန်တက် ထိုင်တော့သည်။
ငွေရောင် အလင်း တန်းနှင့် ထိမိ ချိန်၌ သွေးသား စွမ်းအင်များ လောင်ကျွမ်း သွားသည် ကို၊ သိလိုက် ရသဖြင့်၊ လင်းယွန် တစ်ယောက် အံ့အားသင့် သွားသည်။
သူ စားထားသော မှော်သွေး သစ်သီး၏ အာနိသင်မှာ တစ်စုံ တစ်ရာ ဆွဲဆောင်ခံ နေရ သကဲ့သို့၊ အပ်စိုက်မှတ် များကို ဖြတ်သန်း လာခဲ့၏။
ထို့နောက်တွင် မီးတောက်များ ဖုံးလွှမ်း နေသော မရဏ ရောင်ဝါ များက၊ ခရမ်းရောင် နန်းတော်၌ စုရုံး ရောက်ရှိ လာသည်။
မီးတောက်များ အောက်တွင်၊ သစ်သီးမှ လာသော ဘဝ ရောင်ဝါ၊ မရဏ ရောင်ဝါနှင့် နဂါး မူလတို့ ပေါင်းစည်း ကုန်သည်။
ယင်းက လင်းယွန် မျက်နှာကို သဘာဝ အတိုင်း ရွှင်မြူး လာစေ၏။ ပျော်ရွှင်မှု အပြည့် နှင့်၊ ယဲ့ကူဟန်အား လှည့်ကြည့် လိုက်သည်။
“ မင်း ငါ့ကို ချစ်တယ်လို့ ... ပြောမှာတော့ မဟုတ်ဖူး မဟုတ်လား။ ”
ထိုအကြည့်ကြောင့် ယဲ့ကူဟန်မှ နူးညံ့သော အပြုံးဖြင့် ပြန်လည် နောက်ပြောင် လိုက်တော့ သည်။
***