← Chapters

သက်တံဓား သူတော်စင် မျိုးရိုးကို အထင် မသေး စေနဲ့။

Vol. 140 Ch. 1957

သက်တံဓား သူတော်စင် မျိုးရိုးကို အထင် မသေး စေနဲ့။

Vol. 140 Ch. 1957

မရဏ ရောင်ဝါနှင့် ဘဝ ရောင်ဝါများ ပြင်းထန်စွာ ထိပ်တိုက်တွေ့ နေချိန်၌ လင်းယွန် ခန္ဓာ ကိုယ်အား မီးတောက်များ ဖုံးလွှမ်း သွားခဲ့သည်။

စွမ်းအင် နှစ်ခု ထိပ်တိုက် တွေ့ဆုံခြင်း အောက်တွင်၊ နဂါး မူလမှာ နိဗ္ဗာန် ရောင်ဝါ အဖြစ်၊ တဖြည်းဖြည်း ပြောင်းသွား၏။

ထိုဖြစ်စဉ်သည် နှစ်ရက်နှင့် နှစ်ည ကြာချေပြီ။ အတွင်း အင်္ဂါ များသည် အတိုင်း အတာ တစ်ခု အထိ၊ သက်ရောက်မှု ရှိလာ ခဲ့သည်။

နောက်ဆုံးတွင် မရဏ အဆင့်ကို ဖြတ်ကျော်ကာ၊ နိဗ္ဗာန် အဆင့်သို့ ရောက်ရှိ သွား တော့၏။

သည်အခိုက်တွင် လောက နိယာမ နယ်ပယ် အထွတ် အထိပ်သို့ ရောက်ရှိကာ၊ ဤလောက၏ ဘုရင် တစ်ပါး ဖြစ်လာခဲ့ ချေပြီ။

ပတ်ဝန်းကျင်မှ ဝိညာဉ် စွမ်းအင်များ အဆုံးမရှိ ဝင်ရောက် လာပြီး၊ အပ်စိုက်မှတ် များကို ဖြတ်သန်း သွားလာ တော့သည်။

အရိုးများ အက်ကွဲ ကုန် သော်လည်း၊ ကျေနပ်မှု အဟုန်မှာ၊ ခန္ဓာကိုယ် အနှံ့ ပျံ့ကား သွားသည်။ လုံးဝ ကွဲပြား​သော ခံစားမှု ဖြစ်၏။

မျက်လုံးများ ဖွင့်လိုက်သော အခါတွင်၊ သူ့ဒဏ်ရာများ ပြန်လည် ကောင်းမွန် လာပြီး အထွတ်အထိပ် ခွန်အားမျိုး ရရှိ လာ၏။

“ ဒါ ... နိဗ္ဗာန် အဆင့်လား ... ၊ ယဲ့ဖေးဖန်ကိုသာ ထပ်​ပြီး ရင်ဆိုင် ရရင်၊ လက် ဗလာ နဲ့တောင် ... ငါ သတ်နိုင်ပြီ။ ”

ခရမ်းရောင် နန်းတော် အတွင်းမှ နိဗ္ဗာန် ရောင်ဝါများ တဒုန်းဒုန်း မြည်ကာ သူ့ခန္ဓာ ကိုယ် ထောင့်တိုင်းကို၊ အတွေး တစ်ချက်ဖြင့် ပြည့်နှက် သွားစေသည်။

“ ကိုယ့်ကိုကိုယ် ထိန်းပါ၊ မင်းက အခု နည်းနည်းလေး ကြောက်စရာ ကောင်း လာပြီ။ ”

ယဲ့ကူဟန်မှ သတိ ဝင်ပေးသည်။ လင်းယွန်က ပြုံးပြီး ဖြန့်ကျက် ထားသော နိဗ္ဗာန် ရောင်ဝါကို ဆုတ်ခွာ စေလိုက်၏။

“ ကျေးဇူးတင် ပါတယ်၊ အစ်ကိုကြီး ... ။ ”

“ ငါတို့က မိသားစု ဝင်​တွေပဲ၊ မိသားစု ဝင်တွေ ဆိုမှတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်း ယဉ်ကျေး နေဖို့ မလို ပါဘူး၊ အခု ... မင်း ငါ့အပေါ် အမြင် ကြည်သွား ပြီလား။ ”

ယဲ့ကူဟန်က နတ်နဂါး သစ်သီး တစ်လုံးကို ကိုက်ကာ ပြုံးလိုက်သည်။

“ မဟုတ်ဘူး၊ ကြည်ပါတယ်။ ”

“ ဟား ဟား ဟား ... ၊ ရော့ ... တစ်လုံး ထပ်စား။ ”

ယဲ့ကူဟန်က နတ်နဂါး သစ်သီး တစ်လုံး ပေးအပ် လာသည်။

“ အစ်ကိုကြီး ... ၊ မင်းမှာ နတ်နဂါး သစ်သီး ဘယ်နှစ်လုံးတောင် ရှိနေ တာလဲ။ ”

“ တစ်ပင် လုံးပဲ ... ၊ ဟား ဟား ဟား ... ။ ”

ထိုအဖြေကြောင့် လင်းယွန်မှာ ချွေးပျံ သွားသည်။ သူတော်စင် ဘုရင် တစ်ပါးသည် အရသာ ခံရန် အတွက်၊ တစ်ပင်လုံး ခိုးခူးခဲ့ သည်ကို၊ မယုံနိုင် သေးချေ။

တောင်​အောက်ကို ငုံ့ကြည့် လိုက်ရာ၊ ငွေလမင်း ဝံပုလွေ အပါအဝင်၊ ဝံပုလွေတိုင်း ပျောက်ကွယ် သွား​ပြီ ဖြစ်သည်။

ဝံပုလွေ ခေါင်းဆောင် အကြောင်း၊ သိချင်စိတ် ပြင်းပြ လာသဖြင့်၊ ယဲ့ကူဟန်အား မေးစမ်း ကြည့်လိုက် မိသည်။

“ သူတော်စင် လမ်းကို ... ၊ တရားဝင် ခြေချသွား နိုင်တယ်၊ အမည်ခံ သူတော်စင်မှာ အဆင့် ကိုးဆင့် ရှိပြီး၊ ယေဘုယျ အားဖြင့် အဆင့်​ကြီး သုံးဆင့်နဲ့ ပြောနိုင်တယ်၊ ...

... မိုးပြာ မူလ အဆင့် ... ၊ မရဏ မူလ အဆင့်နဲ့၊ ကောင်းကင် မူလ အဆင့် ဆိုတာပဲ၊ သူတော်စင် ရောင်ဝါက အဆင့် အလိုက် ပြောင်းလဲ သွားမယ်၊ ...

... ကောင်းကင် မူလ အဆင့် ရောက်ရင် မွေးရာပါ မြင့်မြတ်သော မီးလျှံ တောက်လောင် လာပြီး၊ သူတော်စင် ရောင်ဝါက ရွှေရောင် ပြောင်းကုန်မယ်။ ”

“ မွေးရာပါ မြင့်မြတ်သော မီးလျှံ ဆိုတာက ဘာလဲ။ ”

လင်းယွန်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ မွေးရာပါ မြင့်မြတ်သော မီးလျှံ ... ဆိုတာက၊ သူတော်စင် မူလပဲ ... ၊ ဒီသူတော်စင် မူလကို မပြောင်း နိုင်ရင်၊ အမည်ခံ သူတော်စင် ဘ၀နဲ့၊ တစ်သက်လုံး နေရ လိမ့်မယ်၊ ...

... အဲဒီ မီးလျှံက ဓား အပါအဝင် သိုင်း ရည်ရွယ်ချက် တိုင်းကို၊ လောင်ကျွမ်း ဖျက်ဆီး နိုင်တယ်။ ”

ထိုစကားကို ကြားသောအခါ လင်းယွန်က သက်ပြင်း တစ်ချက် ချပြီး၊

“ ဒါက သူတော်စင် တစ်ပါးရဲ့ စစ်မှန်တဲ့ ခွန်အား​ပေါ့ ... သွားရမယ့် လမ်းက အရှည်ကြီး ပါလား။ ”

“ သူတော်စင် လမ်းက မလွယ်ကူ သလို နိဗ္ဗာန် အဆင့် ကလည်း ခက်ခဲ ပါတယ်၊ နိဗ္ဗာန် ရောင်ဝါ တစ်ကြိမ် ... အသွင် ကူးပြောင်းတိုင်း၊ သေခြင်း တရားနဲ့ ... မင်း တစ်ကြိမ်၊ ...

... ရင်ဆိုင် ရလိမ့်မယ်၊ အမှား လုပ်မိရင် အသက် ဆုံးရှုံး နိုင်တယ်၊ ဒါပေမယ့် ... အသွင် ကူးပြောင်းမှု တိုင်းက၊ သူတော်စင် လမ်းနဲ့ နီးကပ် စေလိမ့်မယ်၊ ...

... ဒီ​ဖြစ်စဉ်ကို ဖော်ပြဖို့ ... ၊ စကားလုံး မရှိဘူး ... ၊ ကိုယ်တိုင် ခံစား ကြည့်ရမှ သိလိမ့် မယ်၊ တစ်ခု သိထား ရမှာက နိဗ္ဗာန် ရောင်ဝါ ဆိုတာ၊ ...

... သူတော်စင် ရောင်ဝါ မဟုတ်ဘူး၊ အသွင် ကူးပြောင်းမှု ပြီးမြောက်ဖို့ အရင်း အမြစ် များစွာ လိုအပ်တယ်၊ ပြီးတော့ ပြောင်းလဲမှု တိုင်းက အသစ် စတင်ခြင်း ဖြစ်လို့၊ ...

... အခက် အခဲတွေ တိုးလာ လိမ့်မယ်၊ အရင်းမြစ်တွေ အပြင် သတ္တိနဲ့ ... အရည်အချင်း ရှိဖို့ လိုတယ်၊ ပထမ အသွင် ပြောင်းမှု တေွမှာ အဆင်ပြေ နိုင်သေး ပေမယ့်၊ စတုတ္ထ အကြိမ် ပြောင်းလဲမှု အပြီးမှာ၊ ကွဲပြား သွားတယ်၊ ...

... အမည်ခံ သူတော်စင် ဆိုတာ၊ အနှစ် တစ်ထောင်ကျော် သက်တမ်းကို ပိုင်ဆိုင် ကြတဲ့၊ ဒီလောကရဲ့ တန်ခိုးရှင် တစ်ပိုင်းပဲ။ ”

ယဲ့ကူဟန်မှ ရှည်လျားစွာ ရှင်းပြသည်။

“ ငွေလမင်း ဝံပုလွေ ခေါင်းဆောင်က၊ အမည်ခံ သူတော်စင်ရဲ့ ဘယ်အဆင့် မှာလဲ။ ”

လင်းယွန်က တွေးဆ ဟန်ဖြင့် မေးလိုက်သည်။

“ မရှိ ဘူး ... သူက သူတော်စင် ရောင်ဝါကို၊ အသွင် မပြောင်း နိုင်ဘူး၊ ဒါကြောင့် သူ့ရောင်ဝါ က အရောင် အဆင်း ကင်းစင်ပြီး၊ ကြမ်းတမ်း နေတာ၊ ဒါကလည်း ...

... သူ့မှာ ကျင့်ကြံမှု နည်းစနစ် မရှိလို့ သူတော်စင် ရောင်ဝါရဲ့ စစ်မှန်တဲ့ စွမ်းအားကို မသန့်စင် နိုင်တာပါ။ ”

နိဗ္ဗာန် အဆင့်သို့ ရောက်ပြီး နောက်၌ပင် ခရီးမှာ ဝေး​နေ သေးသော ကြောင့်၊ လင်းယွန်မှ တိတ်ဆိတ် သွား၏။

“ မင်း ဘဝကို လောင်းကြေး ထပ်ဖို့၊ ဆန္ဒ မရှိရင် ... ၊ အမည်ခံ သူတော်စင် တွေကို နှိမ့်ချ မကြည့်နဲ့၊ အုပ်စိုးရှင် သူတော်စင် ရတနာမျိုး ရှိရင်တောင် ... မင်း သတိ ထားရမယ်၊ ...

... ဓား နှလုံးသားကို ... ၊ နားလည် စေချင်တာ ကြောင့်သာ၊ ငါက မင်းကို အခုလို လုပ်ခဲ့တာ၊ မင်းကိုယ်မင်း အမည်ခံ သူတော်စင် တွေကို တိုက်နိုင်ပြီ မထင်နဲ့။ ”

“ ဟုတ်ကဲ့ ... နားလည် ပါပြီ။ ”

လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။

“ မဟုတ်ဘူး ... မင်း နားမလည် ပါဘူး၊ အခုဆိုရင် ယဲ့မိသားစုက မင်းကို ပစ်မှတ် ထား နေပြီ၊ ငါက မင်းကို အမြဲ ကာကွယ် မပေး နိုင်ဘူး၊ ဒါကြောင့် အမည်ခံ သူတော်စင် သားရဲနဲ့ ... ရင်ဆိုင်ခိုင်း လိုက်တာ၊ ...

... မင်း ... နိဗ္ဗာန် အဆင့်ကို ... မြန်မြန် ရောက်ဖို့ လိုတယ်၊ အချိန်က ... ဘယ်သူ့ ကိုမှ မစောင့်ဘူး၊ လာမယ့် ရွှေခေတ်မှာ၊ ...

... သက်တံဓား သူတော်စင်ရဲ့ မျိုးရိုးက စိတ်ပျက် စရာ ကောင်း​နေလို့ မရဘူး ... ၊ မင်း တောက်ပ နေဖို့ ... မျှော်လင့် ပါတယ်။ ”

နှစ်ယောက်သား အကြည့်ခြင်း ဖလှယ် လိုက်ကြသည်။ မရဏ မိုးကြိုး တောင်ထိပ်သို့ ပြန်ရောက်သော အခါ၊ တစ်ရက် အနား ယူပြီး ငရဲသစ်ခွ ရင်ပြင်ထံ သွားရန် ပြင်လိုက်၏။

လမ်းတွင် ထူးဆန်းသော အကြည့် များဖြင့် သူ့ကို လှည့်ကြည့် လာကြသည့် လူ များစွာကို သတိ ပြုမိသည်။

အဆုံးတွင် နေမင်း အသူရာ သူတော်စင် သခင်အား ပါးရိုက် ခဲ့သော ဖြစ်စဉ်မှာ၊ ဂိုဏ်း အတွင်း ပျံ့နှံ့ သွားခဲ့ပြီ ဖြစ်သည်။

ယဲ့-ဘိုးဘေး သည်ပင် ရူးသွပ် သွားပြီး၊ လင်းယွန်အား မျိုးနွယ် စုမှ နှင်ထုတ်ကြောင်း ကြေညာ ခဲ့သည်။

ကျန် သူတော်စင် (၁၀)ပါး မှလည်း၊ ဤလုပ်ရပ် အပေါ် သည်းမခံနိုင် ကြောင်းနှင့် သင်ခန်းစာ တစ်ခု သင်ပေးမည် ဖြစ်ကြောင်း ကြေငြာ ခဲ့သည်။

ကျန်းယွီကို စော်ကားခြင်း၊ သန့်ရှင်းသော သမီးတော် နှစ်ပါးနှင့် ရှုပ်ထွေးသော ဇာတ်လမ်း ရှိခြင်း စသည် တို့သည်၊ ယဲ့-မိသားစုအား စော်ကား ခြင်းလောက် အပြစ် မကြီးချေ။

ယဲ့-မိသားစုသည် ဂိုဏ်းရှိ မျိုးနွယ်စုကြီး လေးခု အနက်မှ တစ်ခု ဖြစ်သည်။ ထို့ကြောင့် အတိုင်း အတာ တစ်ခုအထိ၊ ၎င်းတို့၏ ဆန္ဒကို၊ ဂိုဏ်းမှ အလေးထား ရ၏။

ဆိုလို သည်မှာ ယဲ့ဘိုးဘေး၏ ဆန္ဒသည် ကောင်းကင် တာအို ဂိုဏ်း၏ အမိန့် တစ်စိတ် တစ်ပိုင်း ဖြစ်ချေပြီ။

“ ယဲ့ ချင်း ရှန် ... ။ ”

ခရမ်းရောင် ဝတ်ထားသော ဓားသမား လူငယ် တစ်ယောက် လျှောက်လှမ်း လာ၏။

“ ငါ ... မင်းနဲ့ သိလို့လား။ ”

ထိုသူအား မသိ သဖြင့် လင်းယွန်မှ ပြန်မေး လိုက်သည်။

“ ကောင်းကင် တာအို ဂိုဏ်းမှာ၊ မင်းကို မသိတဲ့ လူ မရှိဘူး၊ မင်း နာမည်က အရှေ့ဘက် ပျက်စီး မြေကို ... ပျံ့နှံ့ နေ​ပြီ။ ”

ခရမ်းရောင် ဝတ် ဓားသမား လူငယ်က ပြုံးကာ ပြန်ဖြေ၏။

“ ငါ့နာမည် ယွမ်ချန် ... ၊ မင်းလိုပဲ ... ၊ ကောင်းကင်ဘုံ ကျောက်စိမ်းဓား သူတော်စင် ဆီက သင်ယူဖို့ ငရဲ သစ်ခွ ရင်ပြင်ကို သွားနေ တာ၊ ငါက အောက်ကိုးပါး တောင်ထိပ် ကပဲ။ ”

လင်းယွန်က ပြုံးလိုက်၏။ ဂိုဏ်းတွင် နန်းတော် နှစ်လုံး၊ ​ခြံဝင်း သုံးခုနှင့် တောင်ထိပ် တစ်ရာ့ရှစ်လုံး ရှိသည်။

နန်းတော် နှစ်လုံးမှာ၊ ရာထူး ဂုဏ်သိက္ခာ အမြင့်ဆုံး ဖြစ်​ပြီး၊ ခြံဝင်းသုံးခု သည်လည်း မနိမ့် ကျချေ။ ကိုယ်ပိုင် အမေွများ ရှိသည်။

ခြံဝင်းသခင် များမှာ မဟာ သူတော်စင်၊ ဓားသူတော်စင် သို့မဟုတ် ကောင်းကင် အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင်များ ဖြစ်​၏။

သူတို့၏ ရာထူးသည်၊ နန်းတော် နှစ်လုံးထက် မနိမ့်ကျ သောကြောင့်၊ တပည့်များ သည်လည်း မာနကြီး ချေပြီ။

တောင်ထိပ် များတွင်မူ၊ အမြင့်ဆုံး တောင်ထိပ် ကိုးလုံးသည် အသန်မာဆုံး ဖြစ်ပြီး၊ အထက် ကိုးပါး တောင်ထိပ်ဟု သိမ်းကျုံး ခေါ်ဝေါ် ကြသည်။

၎င်းတို့၏ ခွန်အားမှာ အ​​ခြား​သော တောင်ထိပ် များနှင့် သိသိ သာသာ ကွာခြားချေ ၏။ အောက်ဆုံး တောင်ထိပ် များကို အောက် ကိုးပါးဟု ခေါ်ကြသည်။

ဂိုဏ်းတွင် ၎င်းတို့နှင့် ပတ်သတ်သော တိကျသည့်၊ အဆင့်မျိုး မရှိ သဖြင့်၊ ဤအမည် ကို လူတိုင်းမှ ပေးထားခြင်း ဖြစ်၏။

“ ဘယ်မှာ ဟောပြောပွဲ လုပ်မှာလဲ။ ”

လင်းယွန်က မေးသည်။

“ ကျောက်စိမ်းဓား သူတော်စင်ရဲ့ ... ၊ နေအိမ် ဖြစ်တဲ့ နေလ ကျောက်စိမ်း နန်းတော်မှာ။ ”

ယွမ်ချန်မှ စိတ်လှုပ်ရှား စွာဖြင့်၊ ဖြေကြား လာလေသည်။

***

All Chapters