ဒီတစ်ကြိမ်တော့ ... ငါ မင်းကို လွှတ်ပေး လိုက်မယ်။
Vol. 140 Ch. 1958
နေလ ကျောက်စိမ်း နန်းတော် အတွင်း၌ ကျောက်တိုင် များစွာ စိုက်ထူလျက်၊ သူတော်စင် ရောင်ဝါ များဖြင့်၊ ပြည့်နှက် နေသည်။
ယွမ်ချန်က သူ့ကို ဦးဆောင် လာခဲ့သည်။ နန်းတော်၏ အဆုံးတွင် ပြာလဲ့လဲ့ ကျောက်တုံး စင်မြင့်ကြီး တစ်ခု ရှိ၏။
ထိုစင်မြင့် နောက်တွင် ကျောက်နံရံကြီး တစ်ချပ် ရှိကာ၊ လှပသော မြစ် တစ်စင်း ရစ်ခွေ စီးဆင်း နေသည့်ပုံ၊ ပန်းချီကားချပ် ရေးဆွဲ ထား၏။
သူတို့ နှစ်ဦး ရောက်သော အခါတွင် ဓားသမား အများ အပြား စုရုံးနေပြီး ဖြစ်သည်။ အရေ အတွက်မှာ မျှော်လင့်ထား သည်ထက် ပိုမို များပြား သဖြင့် လင်းယွန်မှ အံ့အားသင့် သွားသည်။
ကောင်းကင် တာအို ဂိုဏ်းသည် ဓားကို အဓိက မထား သော်လည်း၊ ဓားသမား အများ အပြား ရှိကြပြီး၊ အများ စုမှာ နိဗ္ဗာန် အဆင့် နှောင်းပိုင်း ဖြစ်သည်။
အနိမ့်ဆုံး လူပင် နိဗ္ဗာန်-စတုတ္ထ အဆင့် ဖြစ်၏။ ပါရမီရှင် များမှာ ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမ အဆင့်တွင် ရှိသည်။
ယွမ်ချန် သည်ပင် နိဗ္ဗာန်-စတုတ္ထမြောက် အသွင် ကူးပြောင်းမှုတွင် ရှိနေ၏။ ထူးခြားချက် အနေဖြင့် အများစုသည်၊ ကောင်းကင် အမိုးဓား ကို ဆုပ်ကိုင် ထားနိုင် ကြသည်။
ခန့်မှန်းခြေ လူနှစ်ရာ နီးပါး ရှိသည်။ အရှေ့ဘက် ပျက်စီးမြေ၏ အသန်မာ ဆုံးသော ဂိုဏ်းကြီး၏ အခြေခံအုတ်မြစ် ဖြစ်သည်။
“ အသန်မာဆုံး ဓားသမား ... လေးယောက် က လွဲရင်၊ အရည် အချင်း ပြည့်မီတဲ့ သူတော်စင် တပည့်တိုင်း ရောက်နေ ကြပြီ။ ”
ယွမ်ချန်မှ ရှင်းပြသည်။
“ အသန်မာဆုံး ဓားသမား လေးယောက်က ဘယ်သူ တွေလဲ။ ”
လင်းယွန်က စိတ်ဝင်စား သွားသည်။
“ သူတော်စင် တပည့်ဟောင်း တွေပါ ... ၊ သူတို့ အကြောင်း သိပ် မသိဘူး၊ နိဗ္ဗာန်-အဋ္ဌမ မြောက် အသွင်ပြောင်းမှု နယ်ပယ်မှာ ရှိတယ် ဆိုတာ ကိုတော့ သိတယ်၊ သူတို့က အမည်ခံ ကြယ်ဓားကို ဆုပ်ကိုင် ထားနိုင်တယ်၊ ...
... ဂိုဏ်းရဲ့ အသန်မာဆုံး ဓားသမား ဘွဲ့ကို လိုချင် ကြတာကြောင့်၊ ကြယ်ဓား ရဖို့ ခရီးကြမ်း နှင်နေ ကြတယ်။ ”
“ သူတို့ ထဲမှာ ... ပိုင်ရှုရင် ပါလား။ ”
“ မပါဘူး ... ၊ အဲဒီ တုန်းက သူမက အရမ်းငယ် သေးတယ်၊ သူမ နိဗ္ဗာန် အဆင့် မရောက်ခင် တည်းက ... အသန်မာဆုံး ဓားသမား လေးယောက်ကို၊ သတ်မှတ်ပြီး သားပဲ။ ”
နှစ်ယောက်သား စကားစမြည်ပြောလျက် ထိုင်ရန် နေရာ ရှာလိုက် ကြသည်။ ကွင်းပြင်မှာ ကျယ်ပြော လှသည်မို့၊ အစွန်ဆုံး နေရာကို ရွေးကာ ထိုင်ချ လိုက်သည်။
သူတော်စင် တပည့် အများ စုက၊ လင်းယွန်ကို သတိထား မိပြီး လေသံ လှည့် ကြည့်လာ ကြသည်။
ဤနေရာရှိ လူတိုင်းသည်၊ ထျန်း-အဆင် ပြိုင်ပွဲဝင်များ ဖြစ်သဖြင့်၊ ဒီ-အဆင့် ချန်ပီယံဖြစ် သော်မှ၊ အထင် ကြီးခြင်း မရှိ ကြချေ။
“ ယဲ့ချင်းရှန် ... မင်း တကယ် လာရဲလား။ ”
ယွမ်ချန်နှင့် စကား စမြည် ပြောရန် ပြင်ဆင်နေသော လင်းယွန်က ထိုအသံကြောင့် လှည့်ကြည့် လိုက်မိသည်။
တာအို ယန် နန်းတော်၏ အပြာရောင် ဝတ်စုံကို ဆင်မြန်းထားသော ဓားသမား လူငယ် တစ်ယောက်က၊ သူ့အား အေးစက်စွာ ကြည့် လာ၏။
“ သူက ယန်နန်းတော်ရဲ့ ... ၊ သူတော်စင် တပည့် ရီရှင်းပဲ၊ နိဗ္ဗာန်-ပဉ္စမ အသွင် ကူးပြောင်း ရေး နယ်ပယ်မှာ ရှိတယ်။ ”
ယွမ်ချန်မှ တိုးတိုးလေး မိတ်ဆက် ပေးလာ၏။ ဤနေရာရှိ လူတိုင်း ယဲ့ချင်းရှန်အား မနှစ်သက် ကြောင်း သူ သိ၏။ အဆိုးဆုံးမှာ ယဲ့ မိသားစု ဖြစ်သည်။
ယဲ့ချင်းရှန်မှ နေမင်း အသူရာ သူတော်စင် သခင်ကို၊ ပါးရိုက် လိုက်ခြင်းသည်၊ သူတို့ အပေါ် အရှက် ခွဲခြင်း မည်ပေသည်။
“ ငါက ဘာလို့ ... ဒီကို မလာရဲ မှာလဲ။ ”
လင်းယွန်က မကြောက်မရွံ့ ပြန်မေး လိုက်သည်။
“ မင်းက စီနီယာ တွေကို ... မလေးစားဘူး၊ ယဲ့-မိသားစုမှာ မင်းကို ဘယ်သူမှ မယှဉ် နိုင်ဘူး ထင်နေ တာလား။ ”
ယဲ့ရှင်းက အေးစက်စွာ မေးမြန်း လာ၏။
လင်းယွန် တစ်ယောက် မျက်လုံးများ မှေးစင်း သွားသည်။ အစ်ကိုကြီး ယဲ့ကူဟန် ပြောသည့် စကားမှာ မမှားချေ။
ယဲ့-မိသားစုသည် အမှန်ပင် ဒုက္ခပေး ချေ၏။ သူသည် ယဲ့ချင်းရှန် ဖြစ်လျှင်ပင်၊ ၎င်းတို့ အပေါ် မည်သည့် အမှားမျှ မလုပ် ထားချေ။
“ အစ်ကို ယဲ့ ... ၊ စိတ်အေးအေး ထားပါ၊ ဒါက ကျောက်စိမ်းဓား သူတော်စင်ရဲ့ ... နေလ ကျောက်စိမ်း နန်းတော်ပဲ။ ”
ယွမ်ချန်က ဝင်ရောက် ဖျောင်းဖျ လာသည်။
“ မင်းကိုယ်မင်း ဘယ်သူများ ထင်နေလဲ၊ အောက်ကိုးပါး တောင်ထိပ်ရဲ့ ... အမှိုက် တစ်စ ကများ ငါ့ယဲ့-မိသားစု အရေးမှာ ဝင်ပြော ဝံ့ သလား။ ”
ယဲ့ရှင်းက ယွမ်ချန်အား အထင်သေးစွာ ကြည့်ပြီး ပြောလိုက်သည်။ ကျောက်စိမ်းဓား သူတော်စင်သည် အောက်ကိုးပါး တောင်ထိပ်မှ တစ်စုံ တစ်ဦးကို ဖိတ်ခေါ်ခဲ့ သည်လော။
မလိုအပ်ဟု သူ ထင်၏။ ဤလူ၌ အလား အလာ မည်မျှ ရှိမည်ကို၊ သူပင် ဟောကိန်း ထုတ် နိုင်သည်။
၎င်းတို့မှာ ဂိုဏ်း၏ အရင်းအမြစ် များကို ဖြုန်းတီးနေသော ပုရွက်ဆိတ် များသာ ဖြစ်၏။
“ အောက်ကိုးပါး တောင်ထိပ် ကသာ ယဲ့ချင်းရှန်လို ... လူမိုက်မျိုးနဲ့ မိတ်ဖွဲ့ လိုစိတ် ရှိလိမ့်မယ်။ ”
ယဲ့ရှင်း သာမက အခြားသော တပည့်များ ကလည်း၊ ယွမ်ချန်အပေါ် အထင်အမြင် သေးစွာ လှောင်ပြောင် စော်ကားလာ ကြ၏။
ယွမ်ချန်၏ အကြည့်တွင် ဒေါသ အငွေ့ အသက်များ ထင်ဟပ် လာကာ၊ အဆင် မပြေ ဖြစ်လာ ခဲ့သည်။ သို့သော် အဆုံးတွင် သည်းခံ ရန်သာ တတ်နိုင် ပေ၏။
“ ထွက်သွား ... ယဲ့ချင်းရှန်က ယဲ့ မိသားစု ဝင်ပဲ၊ သူ့ကို ... ငါက သင်ခန်းစာ တစ်ခု သင်ပေး နေတာ၊ မင်းနဲ့ မဆိုင်ဘူး။ ”
ယဲ့ရှင်းက ယွမ်ချန်ရှေ့ ရွေ့လျား လာပြီး လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။ လက်ဖဝါးမှာ ရက်စက် လှ၏။
နိဗ္ဗာန်-ဆဠမမြောက် အသွင် ကူးပြောင်းမှု ခွန်အားကို၊ အပြည့်အဝ ထုတ်ဖော် ထားသည်။ ဤအရာက ယွမ်ချန်ကို သဘာဝ အတိုင်း အံ့အားသင့် သွားစေသည်။ သို့သော် လင်းယွန်မှ သူ့ရှေ့ ဝင်ရပ် လာ၏။
ယဲ့ရှင်းမှ နိဗ္ဗာန် ရောင်ဝါ (၅၀%)ကို အသုံး ပြုကာ၊ တစ္ဆေ ဝိညာဉ် ကျင့်ကြံမှု ပညာ ရပ်အား အသက်သွင်း ထားသည်။
လင်းယွန် အတွက်မူ ခေါင်းညိတ်ပြီး၊
“ ယဲ့-မိသားစုမှာ တကယ် ဘယ်သူမှ မရှိတော့ ပုံပဲ ... ၊ မင်းလည်း ... ယဲ့ဖေးဖန်ထက် သာလွန်တဲ့ လူတော့ မဟုတ် ပါဘူး။ ”
-ဟု မှတ်ချက် ပေးလိုက် တော့သည်။
ရုတ်တရက် သူ့ထံမှ နိဗ္ဗာန် ရောင်ဝါများ ထွက်လာ သဖြင့်၊ လူတိုင်းက မယုံကြည် နိုင်စွာ ကြည့်လာ ကုန်ကြသည်။
သူတို့သာ အမှတ် မမှားသော်၊ လွန်ခဲ့သော (၁၅)ရက်က ဤယဲ့ချင်းရှန်သည်၊ မရဏ-ပဉ္စမ မြောက် အဆင့် တွင်သာ ရှိသေးသည်။
ထို့ကြောင့် အသန်မာဆုံး လူငယ်များက ခေါင်းထောင် ကြည့်လာသည်။ သူတို့ ကြည့်မိ ချိန်၌၊ ယဲ့ချင်းရှန်၏ နိဗ္ဗာန် ရောင်ဝါက၊ ယဲ့ရှင်း ရောင်ဝါကို ပိတ်ဆို့ လိုက်ချိန် ဖြစ်သည်။
ယဲ့ရှင်းက နောက် တစ်လှမ်း ပြန်ဆုတ်ကာ လှောင်ပြုံးဖြင့်၊
“ မင်း လှုပ်ရှား ပြီးလား ... ၊ အဲဒါ ကောင်းတယ်၊ မဟုတ်ရင် ငါ့မှာ အကြောင်း ပြချက် ရှာနေ ရဦးမယ်၊ ဒီနေ့ မင်းကို ငါ ပါးရိုက်ပြီး သင်ပေး စရာ ရှိတယ်။ ”
ယဲ့ရှင်း၏ စကား အသုံး အနှုန်းသည် ရိုင်းစိုင်းပြီး၊ သူ့လေသံ၌ ယုံကြည်မှု အပြည့် ရှိနေ ချေပြီ။
“ ယဲ့ရှင်း... ၊ ယဲ့ချင်းရှန်ကို ငရဲ သစ်ခွ ခြံဝင်းရဲ့ သန့်ရှင်းသော သမီးတော်က ဖိတ်ကြား ထားတာ၊ မင်းရဲ့ မိသားစု အရေးက ဒီမှာ အရေး မပါဘူး။ ”
ငရဲ သစ်ခွ ခြံဝင်း၏ တပည့် တစ်ယောက် ဖြစ်သော ဝမ်ယွဲ့မှ ဝင်ရောက် အော်ငေါက် လာ လေသည်။
“ ဟား ... ဟား ... ဟား ... ၊ ဒီကောင်က အရှက် မရှိတဲ့ အမှိုက် တစ်စပဲ၊ ငရဲ သစ်ခွ ခြံဝင်း ရဲ့ ... သမီးတော်က ကွဲပြားစွာ ကြည့်မယ်လို့၊ ငါ မယုံဘူး။ ”
သူ့ခန္ဓာကိုယ် အတွင်း ပေါက်ကွဲ လာနေသော နိဗ္ဗာန် ရောင်ဝါအား စုစည်းလျက် ယဲ့ရှင်းက ရယ်မော လိုက်သည်။
“ ရပ် စမ်း ... ။ ”
ထိုအချိန်တွင် ရေခဲ တမျှ အေးစက်သော အသံ တစ်သံ ထွက်ပေါ် လာ၏။ ကြောက်မက် ဖွယ် အငွေ့ အသက် များက၊ လူတိုင်း အပေါ် သိုင်းခြုံ လာသည်ဟု၊ ခံစား လိုက်ရသည်။
“ သန့်ရှင်းသော သမီးတော် ... ။ ”
ပိုင်ရှုရင်အား မြင်ချိန်၌ ယဲ့ရှင်းမှာ ဝမ်းသာ သွားသည်။ ဤသည်မှာ သူ့အတွက် ထင်ပေါ်ရန် အခွင့် အရေး ဖြစ်ချေ၏။
“ ဖပ် ... ။ ”
သို့သော် သူ လှုပ်ရှား တော့မည့် အချိန်တွင် လက်ဖဝါး တစ်ဖက်က၊ ရင်ဘတ်ပေါ် ကျရောက် လာတော့သည်။
“ အွတ် ... ။ ”
ပြင်းထန် လွန်းသော အရှိန်ကြောင့် ကျောက်တိုင်ကြီး တစ်တိုင်ထံ လွင့်စဉ် ထိမှန် သွားပြီး၊ သွေးများ ပါးစပ်မှ စီးကျလျက် ပြုတ်ကျ သွားတော့သည်။
ယဲ့ချင်းရှန်၏ လက်ဖဝါးသည် ဤမျှ ထိတ်လန့်ဖွယ် ကောင်းနေ လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားချေ။ ထို့ကြောင့် တိတ်ဆိတ် သွားကြသည်။
“ ယဲ့ချင်းရှန် ... ၊ မင်း ငါ့ကို ခိုးကြောင် ခိုးဝှက် တိုက်ခိုက်ဖို့ ... ဘယ်လို တောင် သတ္တိ ရှိလိုက်လဲ။ ”
ယဲ့ရှင်းက ကုန်းရုန်း ထကာ၊ အော်ငေါက် လိုက်၏။ အကြောင်း ရင်းကို မမြင်နိုင် ခဲ့သော တပည့် အချို့ ကလည်း၊ သူ့ စကားကို ယုံပြီး၊ အထင်အမြင် သေးစွာဖြင့် လင်းယွန်ထံ ကြည့်လိုက် ကြသည်။
“ သူက ... အရင်လို အရှက်မဲ့ နေတုန်းပဲ။ ”
“ နိဗ္ဗာန် အဆင့် ရောက်ပြီး တာတောင် မပြောင်း လဲသေးဘူး၊ ရွံစရာ ကောင်း လိုက်တာ၊ တကွက်မှ လေးစားစရာ မရှိဘူး။ ”
“ ဟုတ်တယ် ... ၊ သန့်ရှင်းသော သမီးတော်က ကူညီ ပေးနေ တာကို၊ သူမို့ အခွင့် အရေး ယူပြီး၊ ယဲ့ရှင်းကို တိုက်ဝံ့တယ်။ ”
ပတ်ဝန်းကျင်မှ လှောင်ပြောင် သံများ ဆူညံလာဖြင့် ယွမ်ချန် တစ်ယောက် တုန်လှုပ် သွားသည်။
အမှန်တွင် ယဲ့ရှင်းမှ တိုက်ခိုက်ရန် ကြံရွယ်နေစဉ်၊ ယဲ့ချင်းရှန်မှ လက်ဦးမှု ရယူ လိုက်ခြင်း ဖြစ်သည်ကို သူ သိ၏။
ပိုင်ရှုရင်က မျက်ခုံးပင့် လိုက်သည်။ သူမ နှလုံးသားက ယဲ့ချင်းရှန် ဟူသည်၊ ထိုသို့သော လူမျိုး မဟုတ်ကြောင်း ပြောနေ၏။
လွန်ခဲ့သည့် ခုနစ်ရက်က ၎င်းနှင့် စကား စမြည် ပြောကြည့်စဉ်၊ သူမအား ခက်ခဲသော အရာများ၊ မလုပ် ခဲ့ချေ။
“ ယဲ့ချင်းရှန် ... ငါ နင့်ကို ယုံတယ်၊ နင့်ရဲ့ ဒီလုပ်ရပ် အတွက် ဘာလို့ ... မရှင်းပြ ရတာလဲ။ ”
“ ဘာလို့ ရှင်းပြ ရမှာလဲ ... ၊ ငါ့ကို ယုံကြည်တဲ့ လူတွေက ယုံကို ယုံတယ်၊ မယုံတဲ့ လူတွေ ကသာ ... ငါ ဘာပြောပြော ယုံမှာ မဟုတ်ဘူး။ ”
“ ဒီလောက် လူတွေ အများကြီးက ... အရှက်မဲ့တဲ့ လူလို့ နင့်ကို ခေါ်နေ တာတောင်... ဂရု မစိုက် ဖူးလား။ ”
ပိုင်ရှုရင်က မျက်ခုံးပင့်ကာ မကျေ မနပ် ဖြစ်လာတော့၏။ လင်းယွန်မှ သူမအား ပြန်မော့ ကြည့်ပြီး၊
“ ဒါက ... မင်းနဲ့ ဘာဆိုင်လို့လဲ။ ”
-ဟု ပြန်မေး လိုက်တော့သည်။
“ သန့်ရှင်းသော သမီးတော် ... ၊ သူ့လို လူယုတ်မာ အတွက် လေကုန်ခံ မနေ ပါနဲ့၊ မင်း အစား ... သူ့ကို ငါ ...
... သင်ခန်းစာ ပေးလိုက် ပါ့မယ် ... ၊ ဒီတစ်ကြိမ် သူ ... ခိုးကြောင် ခိုးဝှက် တိုက်ခိုက် နိုင်ဦး မလား ကြည့်ရအောင်။ ”
ယဲ့ရှင်းမှ သွေးထိုး လှုံ့ဆော် လိုက်၏။ အစောပိုင်း၌ သူငိုက်မိ သွားခြင်း ကြောင့်သာ ဖြစ်မည်ဟု၊ ထင်ခဲ့သည်။
လင်းယွန်က အထင်အမြင် သေးခြင်း များဖြင့် ပြည့်နှက်စွာ၊ ယဲ့ရှင်းအား ကြည့်နေ မိသည်။
“ ယဲ့ရှင်း ... ပြန်လာပါ၊ သန့်ရှင်းသော သမီးတော်ကို ... လေးလေး စားစား ဆက်ဆံပါ။ ”
ရုတ်တရက် ဩဇာသံ ပြည့်ဝ နေသော အသံတစ်သံ ထွက်ပေါ် လာ၏။ ယန်နန်းတော် အဖွဲ့မှ လူငယ် တစ်ဦးက လှမ်းပြောခြင်း ဖြစ်သည်။
သူ့တွင် အစွမ်းထက်သော ကျင့်ကြံမှု ရှိပြီး၊ လေသံ၌ ဂုဏ်ယူမှု အပြည့် ရှိချေ၏။ အမည်မှာ ယဲ့ချင်းဟုန် ဖြစ်လေသည်။
“ အစ်ကို ချင်းဟုန် ပြောနေ မှတော့ ... ၊ မင်းကို ငါ လွှတ်ပေး လိုက်မယ်။ ”
ယဲ့ရှင်းက ရွေးချယ် စရာ မရှိသည့် အသွင် မျိုးဖြင့် ပြောကာ၊ လှည့်ထွက် သွားလေသည်။
***