← Chapters

ဓားသမား အင်အားစု ... လေးစု။

Vol. 140 Ch. 1959

ဓားသမား အင်အားစု ... လေးစု။

Vol. 140 Ch. 1959

“ ကိုယ့်ကိုကိုယ် ကံကောင်း တယ်လို့ မှတ်ယူပါ၊ သန့်​ရှင်း​သော သမီးတော် အတွက်​မှ မဟုတ်​ရင်​ မင်းတို့လို အမှိုက်​တွေ အတွက်၊ လွယ်လွယ် လွှတ်ထားမှာ မဟုတ်ဘူး။ ”

ယဲ့ရှင်းက ယဲ့ချင်းဟုန် စကားကို နားထောင်ကာ၊ လင်းယွန်အား ခြိမ်းခြောက် လျက် ထွက်ခွာသွား တော့သည်။

ထိုအချိန်တွင် ဝမ်ယွဲ့၊ ချန်ကျန့်နှင့် အိုယန်ဟဲမှာ လေးနက်သော အတွေးထဲ နစ်မျော သွားတော့၏။

ပိုင်ရှုရင်သည် ယဲ့ချင်းရှန်အား ကူညီရန် ကြိုးစား နေသည်။ ၎င်းတို့ကြား ဆက်ဆံရေး ပြောင်းလဲ သွားပုံ ရ၏။

သို့သော် လင်းယွန်မှ ပိုင်ရှုရင်အား၊ သူမနှင့် မသက်ဆိုင်ဟု ပြောနေ လေရာ၊ အေးစက်သော အမူအရာဖြင့်၊ ထွက်ခွာ သွားတော့သည်။

“ အစ်ကို ယဲ့ ... သန့်ရှင်းသော သမီးတော် စိတ်ဆိုး သွားပုံ ရတယ်။ ”

ယွမ်ချန်မှ တိုးတိုးလေး ပြောသည်။

“ ငါ သိတယ်။ ”

လင်းယွန်မှ ခေါင်းညိတ်၏။

“ သန့်ရှင်းသော သမီးတော်က မင်းကို ကူညီဖို့ ကြိုးစား နေတာကို၊ မထီမဲ့မြင် လုပ် လိုက် တာပဲ၊ ဒါက သူမရဲ့ ဂုဏ်သိက္ခာ အတွက်လည်း ပါတယ်။ ”

ဤတစ်ကြိမ်တွင် လင်းယွန်မှ မျက်နှာ ပြောင်းသွား သော်လည်း၊ တုန့်ပြန် စကား မဆို တော့ချေ။

ကျောက်စိမ်း နေ-လ နန်းတော်သို့၊ သူတော်စင် တပည့်များ ထပ်မံ ရောက်ရှိ လာ ခဲ့၏။

ရောက်လာ သူတိုင်း၏ အဆင့်ကို ယွမ်ချန်မှ ရှင်းပြ ခဲ့သည်။ ဓားသမား များကို (၄)ဖွဲ့ ခွဲခြား ထား၏။

ပထမ တစ်ဖွဲ့ကို ယင်နန်းတော်၏ ရှောင်ကျန့်ယန်မှ ဦးဆောင်သည်။ ထိုလူသည် မျိုးနွယ်စု လေးခုမှ မဟုတ် သော်လည်း ရှေးဟောင်း သူတော်စင် မိသားစုမှ ဖြစ်၏။

ဓားတာအို၌ ထူးခြားသော စွမ်းရည်ဖြင့် မွေးဖွားလာ ခဲ့သည်။ ယင်-ဓားသုတ္တန်၊ မြင့်မြတ် သော ယင်-ကျမ်းအား လေ့ကျင့် ထား၏။

ယင်-ဓားသုတ္တန်သည် တစ္ဆေ ဝိညာဉ် ပညာရပ် ဖြစ်သည်။ မြင့်မြတ်သော ယင်ကျမ်းမှ ဆင်းသက် လာသောကြောင့်၊ ၎င်းသာ အမည်ခံ သူတော်စင် နယ်ပယ်သို့ ရောက်ရှိသော်၊ နဂါး ဝိညာဉ် ပညာရပ် အဆင့်သို့ မြှင့်တင် နိုင်၏။

ထို့ကြောင့် ၎င်းအား၊ ယင်-နန်းတော်၏ သန့်ရှင်းသော သမီးတော် ဝမ်မူယန်နှင့် သင့် လျော်သူ အဖြစ် သတ်မှတ် ကြသည်။

သူ့အနားတွင် ဝမ်-မိသားစု ဝင်များ ရှိပြီး၊ အစောပိုင်းက ယဲ့ချင်းရှန်အား လှောင်ပြောင် သူ များသည်၊ ၎င်း၏ နောက်လိုက်များ ဖြစ်၏။

ဒုတိယ အဖွဲ့မှာ တာအို ယန်-နန်းတော် ယဲ့ချင်းဟုန်မှ ဦးဆောင်သော ဓားသမား အဖွဲ့ ဖြစ်သည်။

သူ့နောက်ခံသည် ရှောင်ကျန့်ယန်နှင့် ဆင်တူပြီး၊ တာအို ယန်-ဓားသုတ္တန်ကို လေ့ကျင့် ထား၏။ ကျင့်ကြံမှုမှာ နိဗ္ဗာန်-သတ္တမ မြောက် အသွင် ကူးပြောင်းမှုတွင် ဖြစ်သည်။

သူ့အဆင့် အတန်းသည် ယဲ့မိသားစုတွင် ဒုတိယ လိုက်၏။ ယဲ့ဖန်မှာ ပထမ ဖြစ်သည်။ ဓားသမား တစ်ယောက် အတွက်၊ ဓားသုတ္တန် သည် ဓားရေးထက် ပို အရေးကြီး ချေ၏။

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းနှင့် အရိယာ ဓားသုတ္တန် တို့၏ ကျေးဇူးတော်ကြောင့် လင်းယွန် တစ်ယောက် ဓားရေး ထက်လာခြင်း ဖြစ်သည်။

ဓား သုတ္တန်သည် ဓားပညာ၏ အခြေခံ အုတ်မြစ် ပေပင်။ ဤဓားသုတ္တန် နှစ်ပါး ကိုသာ လေ့ကျင့် ထားခြင်း မရှိက၊ သူ့ဓား ထက်ရှ လာမည် မဟုတ်ချေ။

ရှောင်ကျန့်ယန်နှင့် ယဲ့ချင်းဟုန်မှာ အားနည်းသူများ မဟုတ်ကြောင်း ယွမ်ချန်မှ လင်းယွန်အား သတိ ပေးလာ၏။

ယဲ့ရှင်းကို လင်းယွန်မှ အလစ် အငိုက် တိုက်ခိုက်ခြင်း မဟုတ်ကြောင်း၊ သူ အသိဆုံး ဖြစ်သည်။

ယဲ့ရှင်းမှ ခိုးဝင် တိုက်ရန် ကြံရွယ်စဉ် ယဲ့ချင်းရှန်မှ လက်ဦးမှ ရယူ လိုက်ခြင်း ဖြစ်၏။ ဝမ်ယွဲ့၊ ချန်ကျန့်နှင့် အခြား သူများ မှာလည်း၊ ထိုအရာ အပေါ်၊ သံသယ ဝင်ရုံ မျှသာ ရှိသော်လည်း၊ သူက သေချာသည်။

ထို့ကြောင့် ယဲ့ချင်းရှန်အား ရိုသေ လေးစားမှုများ ဖြစ်ပွား လာရသည်။ တတိယ အဖွဲ့မှာ၊ ငရဲ သစ်ခွ ဓားသုတ္တန်ကို လေ့ကျင့် ထားသော၊ ပိုင်ယိဟွာ ဖြစ်၏။

၎င်းက ငရဲ သစ်ခွမှ တပည့် များကို ဦးဆောင်သည်။ သူတို့ အဖွဲ့သည် ယင်နန်းတော် ၊ ယန်-နန်းတော် တို့နှင့် ယှဉ်က၊ ပို၍ စည်းလုံး ချေပြီ။

နောက်ဆုံး အုပ်စုမှာ အထက် ကိုးပါး တောင်ထိပ်ကို ဦးဆောင်သူ ကျန်းခွိုက် ဖြစ်၏။ သို့သော် သူ့တွင် အမွေခံ ကျင့်ကြံမှု နည်းစနစ် မရှိ သဖြင့်၊ မည်သည့် အရာကို ကျင့်ကြံ ထားမှန်း ယွန်ချန် မသိချေ။

သေချာ သည်မှာ ၎င်း၏ ကျင့်ကြံမှုသည် အမြင့်ဆုံး ဖြစ်၏။ နိဗ္ဗာန်-အဋ္ဌမမြောက် အသွင် ကူးပြောင်း မှုသို့၊ ချိုးဖျက် နိုင်ချေ များသည်။

ယဲ့ချင်းဟုန်၊ ရှောင်ကျန့်ယန်နှင့် ပိုင်ယိဟွာတို့နှင့် ယှဉ်သော်၊ ထိုကျန်းခွိုက်မှာ အနည်းငယ် နိမ့်ကျကြောင်း လင်းယွန်မှ မြင်သည်။

ကျန်း-မိသားစုသည် ကောင်းကင် တာအို ဂိုဏ်း၌ မျိုးနွယ်စုကြီး လေးခုထက် အားနည်း ချေ၏။

သမိုင်းကြောင်း ခိုင်ခိုင် မာမာ ရှိသော၊ ဓားသုတ္တန် များ၏ အလား အလာကို၊ အချိန်ယူ တူးဖော် နိုင်သည်။ ဤနည်းဖြင့် ဓားသုတ္တန် အဆင့် သည်းလည်း တိုးလာ နိုင်၏။

ထို့ကြောင့် ဓားသုတ္တန် ကောင်းကောင်း မရှိသော ကျန်းခွိုက် အားနည်းသည်မှာ သဘာဝ ပေပင်။

“ သူတို့တွေ အပြင် ... ၊ သတ္တမမြောက် အသွင် ကူးပြောင်းမှု နယ်ပယ်က လူအချို့လည်း ရှိသေးတယ်၊ သူတို့က ဘယ်အဖွဲ့ နဲ့မှ မပူးပေါင်း ခဲ့ဘူး။ ”

ထိုသူ များကို လင်းယွန်မှ သတိထား မိသည်။ ၎င်းတို့ အားလုံးမှ မာန ကြီးစွာဖြင့်၊ သူ့ထံ ကြည့်နေ ကြ၏။

ယဲ့ရှင်းက ယဲ့ချင်းဟုန် အနား တိုးကပ်ကာ၊

“ အစ်ကို ချင်းဟုန် ... ဘာလို့ ငါ့ကို တား ရတာလဲ၊ ဒါ သန့်ရှင်းသော သမီးတော် ရှေ့မှာ မျက်နှာ ရမဲ့ ... အလုပ်ပဲ မဟုတ်လား။ ”

-ဟု မေးလိုက်သည်။

ချင်းဟုန်က မျက်လုံး မှိတ်ကာ၊ တရား ထိုင်ရုံနေ၏။ စကား ပြန် မဖြေချေ။ သဘာဝ အားဖြင့် ဒေါသကြောင့်၊ ယဲ့ရှင်းအား စကား ပြောချင် စိတ် ကုန်ခမ်း သွားခြင်း ဖြစ်သည်။

သူ့ဘေးမှ ယဲ့ယန်ပေက၊

“ ယဲ့ရှင်း ... ၊ ယဲ့ချင်းရှန်က မင်းကို အလစ်ဝင် တိုက်တယ် ဆိုတာ တကယ် သေချာ လို့လား။ ”

-ဟု ဝင်မေး လာ၏။

“ အစ်ကိုကြီး ယန်ပေ ... ၊ ငါ ... ။ ”

“ ဘာလဲ ... ၊ မင်းက သတိ လက်လွတ် ဖြစ်နေလို့ ‘လို့’ ပြောချင် တာလား၊ မင်း သတိ ထားနေ ရင်တောင်၊ သူ့ကို လှုပ်ရှားမှု တစ်ရာ အတွင်း၊ ချိုးနှိမ် နိုင်မှာ၊ ...

... မဟုတ်ဘူး၊ အဲဒီ အချိန် ... လူပြက် တစ်ယောက်လို ဖြစ်နေမဲ့ ... မင်းကို ငါတို့ ကြည့် နေရ မှာလား။ ”

ယဲ့ယန်ပေ စကား အပေါ်၊ မကျေ မနပ်ဖြစ်ကာ၊ ယဲ့ရှင်း တစ်ယောက် မျက်နှာ နီမြန်း သွားသည်။

သို့သော် ယဲ့ယန်ပေကို ကြောက်သဖြင့်၊ စကား အများကြီး မပြော ရဲခဲ့ချေ။ သည့်အပြင် ယဲ့ချင်းဟုန် ဒေါသ ဖြစ်မည်ကို ကြောက်ရ၏။

အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက် ကြာသော်၊ ကောင်းကင်ဘုံ ကျောက်စိမ်းဓား သူတော်စင် ရောက်ရှိ လာသည်။

“ ဝှစ် ... ။ ”

သူမက ကောင်းကင်မှ ဆင်းလျက် ကျောက်စိမ်း စင်မြင့်ပေါ် ပျံသန်းသွား တော့၏။ စင်မြင့်ပေါ် ထိုင်လိုက်သော အခါတွင် ၎င်းကို အကာ အကွယ် ပေးရန်၊ မှိန်ဖျော့သော အလင်းများ အသက်ဝင် လာသည်။

“ သိုင်း အဒေါ်ကို ... နှုတ်ဆက် ပါတယ်။ ”

အားလုံးက ရိုသေစွာ ဦးညွှတ်ကြသည်။ ကျောက်စိမ်းဓား သူတော်စင်သည် အရှေ့ဘက် ပျက်စီးမြေ၏ ဓားသူတော်စင် သုံးပါး အနက်မှ တစ်ပါး ဖြစ်၏။ သက်တံဓား သူတော်စင်နှင့် အဆင့် တူ ဖြစ်သည်။

ပိုင်ရှုရင်က ပျံသန်း သွားကာ၊ ကျောက်စိမ်းဓား သူတော်စင် အနားတွင် ရပ်လိုက်၏။

“ ဒင် ... ။ ”

ပြီးနောက် နံ့သာ ပေါင်းအိုး ထွန်းညှိကာ၊ ထိုင်လျက် ဗျပ်စောင်းကို တီးခတ်ရန် ပြင်တော့ သည်။ သာယာ နာပျော်ဖွယ် ကောင်းသော ဂီတ သံများ ရင်ပြင် အနှံ့ ပျံ့ကျဲ လာတော့၏။

ဤသည်မှာ သူတော်စင် ဘုရင် အသံ ဖြစ်သဖြင့်၊ သူမသည် ဂီတ တာအို၌ ထွန်းပေါက် ကြောင်း၊ လင်းယွန်မှ သတိ ပြုမိ လိုက်သည်။

***

All Chapters