← Chapters

ငါ့ဆရာကို ပြန်မေး ရမယ်။

Vol. 140 Ch. 1960

ငါ့ဆရာကို ပြန်မေး ရမယ်။

Vol. 140 Ch. 1960

ကောင်းကင်ဘုံ ကျောက်စိမ်းဓား သူတော်စင်က လက်ကို ဝှေ့ယမ်း ပြလိုက်ပြီး၊

“ ဓားကျမ်း အကြောင်း ... ဒီနေ့ ပြောမယ်၊ ဒါကို ဓားဘိုးဘေးက ဖန်တီး ခဲ့ပြီး၊ မင်းတို့ ထဲက အချို့ မြင်ဖူး ကြမှာပါ၊ အချို့ ကတော့ မမြင်ဖူး သေးဘူး၊ ...

... သူ့မှာ စကားလုံး သုံးထောင်ပဲ ရှိတယ်၊ ဓားသုတ္တန် မဟုတ် သလို၊ ဓားပညာ ရပ်လည်း မဟုတ်ဘူး၊ ဆိုလို တာက နှစ်ပေါင်း များစွာ စုဆောင်း ထားတဲ့ ... ဓား အသိပဲ။ ”

“ ..... ။ ”

“ ဓားဆိုတာ ဘာလဲ ... ။ ”

ကျောက်စိမ်းဓား သူတော်စင်က သူမ လက်ညှိုးဖြင့် လေထဲ ညွှန်ပြလျက်မှ မေးခွန်း ထုတ်လာ၏။

လက်ညှိုးမှ အလင်းများ ထွက်လာပြီး၊ ပျံဝဲနေသော ဓားတစ်လက် ဖြစ်လာ လေသည်။ ၎င်းက မြည်သံ ထုတ်လွှတ် လိုက်ရာ၊ နန်းတော် တခွင်လုံး တုန်ခါ သွား၏။

လူတိုင်း၏ အူများ၊ အသည်းများ အတွင်း ထိတိုင်၊ ဆူညံသံများ ဝင်ရောက် လာနေ သဖြင့်၊ အဆင် မပြေ ကြတော့ချေ။

ထိုအချိန်တွင် ပိုင်ရှုရင်၏ ဗျပ်စောင်း သံက၊ သူတို့၏ မျက်ခုံးလယ်တွင် ရှိသော ဓားပင်လယ် ကို နွေးထွေး လာစေ၏။

“ ဓားဆိုတာ ဘာလဲ၊ ဒါ ... အရမ်း ကောင်းတဲ့ မေးခွန်းပဲ၊ ဓားဆိုတာ ... လူသတ် လက်နက် မဟုတ်ဘူး၊ ထက်မြက်တဲ့ အရာ ဝတ္ထု ပဲ၊ ဖြောင့်မတ်ခြင်း၊ သိမ်မွေ့ခြင်းနဲ့၊ ...

... ပြတ်သားခြင်း တို့ကို ... ၊ ပိုင်ဆိုင် ထားတယ်၊ ဓားက ... ဓားကိုင် သူရဲ့ ဝိညာဉ်နဲ့ ချိတ်ဆက်ပြီး ... အဝေးရောက် ဆင့်ခေါ်မှု၊ တိုက်ခိုက်မှု စတာတွေ ပြုလုပ် နိုင်တယ်။ ”

ကျောက်စိမ်းဓား သူတော်စင်က ဓားအလင်းကို လူတိုင်း၏ ဦးခေါင်း ထက်သို့ ပျံဝဲ သွားလာ စေလိုက်၏။

“ သူက အရိပ် မရှိဘူး၊ ခြေရာ ခံလို့ မရဘူး၊ မိုးရွာ သလိုပဲ ခံစားရ ကောင်းတယ်၊ သားရဲတွေ လို ရက်စက်ပြီး၊ ခန့်မှန်းရ ခက်တယ်။ ”

ပြောပြီး ဓားအလင်းအား လေထဲတွင်၊ အမျိုးမျိုးသော ဖြစ်စဉ် များကို ဆင့်ခေါ် လိုက် တော့သည်။

“ ဝူး ... ။ ”

ဓားအရိပ် မှုန်ဝါး သွားကာ၊ လေဟုန် ခွင်းသံများ တဟူးဟူး မြည်လျက်၊ ဟောက်သံ ကိုပင် အနည်းငယ် ကြားလာ ရ၏။ အဆုံးတွင် မိုးရေစက်များ တဖွဲဖွဲ ရွာလာ တော့သည်။

လင်းယွန်က မျက်နှာပေါ် ကျလာသော ရေစက်အား သုတ်လိုက်၏။ ဤသည်မှာ ရိုးရိုး မိုးရေများ ဖြစ်သည်။

ကျောက်စိမ်းဓား သူတော်စင်မှ မည်သို့ လုပ်ဆောင် ခဲ့သည်ကို၊ နားမလည် နိုင်တော့ ချေ။

“ ဓား ... ။ ”

ရုတ်တရက် ကျောက်စိမ်းဓား သူတော်စင် ထံမှ ‘ဓား’ဟူသော ခေါ်သံကို ကြားလိုက် သဖြင့်၊ လူတိုင်း သတိ ပြန်ဝင် လာကာ၊ ကျောရိုးများ မတ်ကုန်သည်။

ဤအခိုက်တွင် သူတို့ အားလုံးမှာ၊ သူမ လက်ထဲရှိ ဓားတစ်လက် ဖြစ်သွားခဲ့ သည်ဟု၊ ခံစား လာရ၏။ သူမ အလို ရှိသည့် အတိုင်း လိုက်ပါ ချင်စိတ်များ ပေါ်လာသည်။

လင်းယွန် မှာမူ ဓားပင်လယ်ရှိ ကြယ်ပွင့် ပွင့်လာပြီး၊ ၎င်းတို့ ကဲ့သို့ ထိန်းချုပ် ခံရခြင်း မရှိ ခဲ့ချေ။

“ ဓားက ... သေမျိုး ကမ္ဘာက အင်ပါယာ တွေကို သတ်ပြီး၊ ငရဲ နတ်ဆိုး တွေကို သုတ်သင် နိုင်တယ်၊ ကောင်းကင် ကိုလည်း ဖြတ်နိုင်တယ်။ ”

သူတို့ မျက်စိရှေ့၌ အဖြစ်အပျက် တစ်ခု ပေါ်လာသည်။ ဖြစ်စဉ်သည် လက်တွေ့ အလား ထင်ရှား လာ၏။ ၎င်းသည် တစ်ဖက်သတ် သတ်ဖြတ်မှု ကြီး ပေပင်။

စစ်တလင်း အနှံ့၊ သေမျိုး များ၏ အရိုးများဖြင့် ဖုံးလွှမ်း နေကာ၊ ငရဲမှ နတ်ဆိုး များကို ခေါင်းဖြတ် ပစ်ခဲ့၏။

“ လူတွေက ဒီလောက ကြီးမှာ၊ အရာ များစွာနဲ့ ... အတူ ယှဉ်တွဲပြီး၊ နေထိုင် ရတယ်၊ ဓားလည်း အတူတူပဲ ... ၊ သူ့ကို ကိုင်တွယ်ဖို့ ဆိုရင် ... ၊ ဒေါသနဲ့ ဆန္ဒကို ... ၊ လွှတ်ထားလို့ မရဘူး၊ ထိန်းထား ရမယ်၊ ဒါက ဓားတာအိုပဲ။ ”

“ ဒင် ... ။ ”

ဤသည်မှာ ပိုင်ရှုရင် အတွက် ပထမဆုံး အကြိမ် ကြားနာခြင်း မဟုတ်ချေ။ ထို့ကြောင့် ဗျပ်စောင်းအား၊ စကားသံ များနှင့် ရောနှော အောင် တီးခတ်ပေး လိုက်သည်။

ဤအရာက လင်းယွန်ကို စိတ်ဝင်စားမှု ဖြစ်လာ စေသည်။ ကျောက်စိမ်းဓား သူတော်စင် ၏ ဟောပြောချက်ကို လျစ်လျူရှုပြီး၊ ဂီတ အတွင်း နစ်မြုပ် သွားတော့၏။

ဓားပင်လယ် ထက်မှ ကြယ်ပွင့်မှာ၊ သူတော်စင် ရောင်ဝါများ ထုတ်လွှတ်လျက်၊ သူ့ ခန္ဓာကိုယ် အနှံ့၊ သက်တောင့် သက်သာ ခံစား လာရသည်။

“ အံ့ဩ စရာပဲ။ ”

လင်းယွန်က အာမေဋိတ်သံ ပြုကာ၊ မျက်လုံးဖွင့် ကြည့်လိုက်သည်။ သို့သော် သူ့ အသံမှာ၊ ကျောက်စိမ်းဓား သူတော်စင်၏ ဟောပြောချက်ကို၊ ရပ်တန့်သွား စေ၏။

“ ဟား ဟား ဟား ... ၊ အစ်ကိုကြီး ဒီကောင်တော့ သွားပြီ၊ သူ တကယ်ပဲ ... သိုင်း ဘိုးဘေး ဟောပြော နေတာကို ... ၊ နှောက်ယှက် ဝံ့တယ်။ ”

ယဲ့ရှင်းမှ ဝမ်းသာ သွား၏။ ကေျာက်စိမ်း ဓားသူတော်စင် မဆိုနှင့်၊ သူတော်စင် သခင်ဖြစ် လျှင်ပင်၊ ဤသို့ နှောင့်ယှက်ခဲ့ ပါက၊ အမျက် ဒေါသ ထွက်ပေမည်။

ပိုင်ရှုရင်က ဗျပ်ဆောင်းအား ရပ်လိုက်၏။ သူမ ဆရာကို ခိုးကြည့်လိုက် ချိန်တွင်၊ တည်ငြိမ် နေသည်အား မြင်လိုက် ရသည်။

“ ယဲ့ချင်းရှန် ... ၊ မင်းက သိုင်းအဒေါ်ရဲ့ ဟောပြောချက်ကို နှောင့်ယှက်ဖို့ ဘယ်လိုများ သတ္တိ ရှိလိုက်လဲ။ ”

ငရဲ သစ်ခွ ခြံဝင်းမှ ပိုင်ယိဟွာက မတ်တပ် ထရပ်ပြီး၊ အော်ငေါက် လာသည်။ အခြားသော တပည့်များ မှလည်း ခေါင်းညိတ် လိုက်၏။

အထူး သဖြင့် ငရဲ သစ်ခွ ခြံဝင်း၏ တပည့်များ ဖြစ်သည်။ အဆုံးတွင် ကျောက်စိမ်း ဓား သူတော်စင် ဟူသည်၊ သူတို့၏ ဆရာ သခင် ဖြစ်ပြီး၊ သိုင်းဘိုးဘေးလည်း ဖြစ်၏။

“ ဟောပြောပွဲကို ဘယ်သူများ ... နှောက်ယှက် ဝံ့တယ်လို့ ထင်နေတာ မင်းကိုး၊ ယဲ့ချင်းရှန် ... မင်းက ငါတို့ သိုင်းဘိုးဘေးကို ဂရုမစိုက် တာလား။ ”

လင်းယွန်က နှုတ်ခမ်း ထောင့်စွန်းတွင်၊ အပြုံးတစ်ပွင့် တင်လျက် သက်ပြင်းခိုးချ လိုက် ရသည်။ ဤလူ များသည် သူ့အပေါ် များစွာ မုန်းတီး နေခဲ့ ပုံရ၏။

သူ့ လုပ်ရပ်သည် ရှုမြင်သူ အပေါ် ၌သာ မူတည်ပြီး၊ အရေးမကြီးဟု မြင်က၊ အရေး မကြီး လှချေ။ သူ့ အနားရှိ၊ ယွမ်ချန်မှ ထိတ်လန့် သွားသည်။

“ သိုင်း ဒေါ်လေးရဲ့ သွန်သင်ချက်က မပြီးသေးဘူး၊ မင်းက ဘာဖြစ်လို့ ... မတ်တပ် ထရပ် နေရ တာလဲ၊ အနည်း ဆုံးတော့ ... ငါ ထိုင်နေ သေးတယ်၊ ...

... ဒါနဲ့တောင် ငါ့ကို ... ၊ မရို မသေ လုပ်တယ်လို့ ပြောရအောင် ... ၊ မင်းတို့က ပိုဆိုး မနေ ဖူးလား။ ”

လင်းယွန်က ပြုံးလျက် ပြန်ပြော လိုက်တော့၏။ ပိုင်ယိဟွာ ခမျာ မျက်နှာ ပြောင်း သွားသည်။ သူက လှည့်ပြီး ကျောက်စိမ်းဓား သူတော်စင်ကို ရှင်းပြရန် ပြင်၏။

“ ဟား ... ဟား ... ဟား ... ၊ နောက်ကျ သွားပြီ၊ မင်းက ငါကို ရိုင်းစိုင်းတယ် ... ပြောကြ ပေမယ့် ... တကယ် မခန့်လေးစား လုပ်နေတာ မင်းပဲ၊ ဒီအတွက် ...

... မင်းရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပြီး၊ သိုင်းအဒေါ် ဆီမှာ ခွင့်လွှတ်ဖို့ တောင်းပန် သင့်တယ် မထင် ဖူးလား ပိုင်ယိဟွာ။ ”

“ အရှက် မရှိတဲ့ ... တိရစ္ဆာန် ကောင်၊ သိုင်းအဒေါ်ကို မလေးစားလို့ မဟုတ်ဘူး၊ ငါ မင်းကို ဆုံးမဖို့ ... မတ်တပ် ထရပ်တာ။ ”

“ ဒါဆို သိုင်းအဒေါ် ကိုယ်စား ... မင်းက ငါ့ကို ဆုံးမ ချင်နေ တာပေါ့ .. ဒီလိုလား၊ သိုင်း အဒေါ်က အခုထိ အသက် ရှင်လျက်၊ ရှိနေ ပါသေးတယ် ... ၊

... ဒါကို ... ကိုယ်စား ဆုံးမ ရအောင်၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေ တာလဲ၊ ဟမ့် ... တကယ် မလေး မစား လုပ်နေ တာက၊ ဘယ်သူလဲ၊ မင်းလား ... ၊ ငါလား ... ။ ”

လင်းယွန်က ရယ်မောလျက် မေးခွန်း ထုတ်လိုက်၏။ ထိုစကားကြောင့် ပိုင်ရှုရင် အပါ အဝင်၊ လူတိုင်း မျက်နှာ ပြောင်းလဲ သွားသည်။

“ ထိုင် ... ။ ”

ကျောက်စိမ်းဓား သူတော်စင်က ဝင်ပြော လာ၏။ သည့်နောက် လင်းယွန်ထံ လှမ်းကြည့် ကာ၊

“ ယင်နဲ့ ယန် ပေါင်းစပ်ပြီး၊ သန့်စင်တဲ့ မရဏ အငွေ့အသက်မျိုး ရအောင် ... ဘယ်လို ကျင့်ကြံ ရမလဲ။ ”

ထိုမေးခွန်းကို ကြားသော အခါ လင်းယွန် စိတ်ထဲ၌ တွက်ချက်မှုများ ချက်ချင်း ပြေးလွှာ လာ ခဲ့၏။

“ ယဲ့ချင်းရှန် ဒါ ဘာဓိပ္ပါယ်လဲ ဖြေပါ ... ။ ”

ကျောက်စိမ်းဓား သူတော်စင် မေးခွန်းကြောင့်၊ ပိုင်ယိဟွာ၊ ရှောင်ကျန့်ယန်၊ ယဲ့ချင်းဟုန် နှင့် ကျန်းခွိုက် တို့မှာ ရွှင်မြူး သွားကုန်သည်။

ယင်းသည် ဓားကျမ်း၏ အခက်ခဲဆုံး အပိုင်း ဖြစ်ပြီး၊ ရှင်းလင်းသော အချက် အလက် များစွာ ရှိသည်။

ထို့ကြောင့် ကျောက်စိမ်းဓား သူတော်စင် အတွက် ကျေနပ် စေမည့် အဖြေမျိုး ပေးနိုင်ရန် မလွယ်ချေ။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။

“ မသိဘူး။ ”

လင်းယွန်မှ ပြန်ဖြေ၏။ ဓားကျမ်းအား နားမထောင် ခဲ့သဖြင့်၊ ၎င်းသည် မည်သည့် အရာကို ဆိုလိုမှန်း၊ သူ တကယ် မသိချေ။

“ သန့်ရှင်းသော သမီးတော်ရဲ့ ဂီတကို အာရုံစိုက် မိတဲ့ အတွက်၊ ပထမပိုင်း လောက်ပဲ ကြားခဲ့ရ ပါတယ်၊ အံ့သြ စရာ ပဲလို့ ... ပြောမိ တာက၊ သိုင်း အဒေါ်ရဲ့ ရှင်းပြချက်ကို မဟုတ် ပါဘူး၊ ...

... သန့်ရှင်းသော သမီးတော်ရဲ့ ဂီတကို ရည်ရွယ်တာ၊ ဓားကျမ်း အကြောင်း မသိပေမယ့် ဂီတ အကြောင်းတော့ သိပါတယ်၊ ကျောက်စိမ်း နန်းတော်မှာ ဂီတကို ချီးမွမ်းမိ တာနဲ့ ထွက်သွား လို့၊ မောင်းထုတ် ချင်နေ တာလား၊ ...

... ဒါဆို ငါ့ဆရာ မူလ နဂါး မဟာ သူတော်စင်ကို ... ၊ ဒီကိစ္စ အပေါ်၊ သဘောတူ-မတူ ... မေးခွန်း ပြန်ထုတ် ရတော့ မှာပဲ။ ”

လင်းယွန် စကားကို ကြားသောအခါ လူတိုင်း၏ ဦးရေပြားများ ထုံကျင် သွားတော့ ၏။ တုန်လှုပ် ခြောက်ခြားမှုမှာ အတိုင်း အဆ မရှိ တော့ချေ။

***

All Chapters