ရှေးပစ္စည်းရဲ့တာဝန်ကဘာလဲ
Vol. 48 Ch. 941
ဟွမ်ယန်ကဲ့သို့ သဘောထားကြီးသည့်လူမျိုးတွင် ဟွမ်မုန့်ကဲ့သို့ တုံးအ သည့် သမီးရှိလိမ့်မည်ဟု ပေထင်းဟွမ် ထင်မထားပေ။ သူမ သက်ပြင်းချလိုက် သည် “ခန္ဓာကိုယ်ထဲက အဆိပ်က ဘယ်လုဖြစ်တာလဲ”
“အစတုန်းက ညအရှင်အိမ်တော်က ရှေးပစ္စည်းတာဝန်ပေးလိုက်တာ၊ အဲဒါက အက်စ်အဆင့်မစ်ရှင်ပဲ၊ အဲဒီတာဝန်က တရားဝင်မကြေညာဘူး၊ ကြေးစားအဖွဲ့ထဲက တစ်ဖွဲ့ကိုပဲ ရွေးပေးတယ်လို့ပြောတယ်၊ တာဝန်ကိုသာ ပြီးမြောက်ရင် အက်စ်အဆင့်ကြေးစားအဖွဲ့အဖြစ် အဆင့်တက်မှာ၊ အဲတော့ ငါ လောဘတွေကြီးပြီး ရေနက်ကို ပြည်မကြီးမှာ အက်စ်အဆင့်ကြေးစားအဖွဲ့ဖြစ် အောင်လုပ်ချင်ခဲ့တာ...” ဟွမ်ယန်သည် နောင်တရနေပုံဖြင့် သက်ပြင်းချလေ သည်။
လက်ကျိုးနေသောအဖွဲ့ဝင်သည် ရှေ့တိုးလာပြီး ဟွမ်ယန်အား ထူလေ သည် “ခေါင်းဆောင် ဒါမင်းအမှားမဟုတ်ပါဘူး”
“ငါ့အမှားပါပဲ၊ အဲတုန်းက နှင်းဝံပုလွေရဲ့ခေါင်းဆောင် အစ်ကိုကြီးချင်က ငါ့နောက်လိုက်ခဲ့တယ်၊ သခင်ပေယဲ့က တပ်မကြီးထဲမှာရှိမယ်လို့ထင်ပြီး ငါ လောဘကြီးလာတယ်” ဟွမ်ယန်သည် ထိုအဖွဲ့တင်အား တွန်းထုတ်ကာ ပေထင်းဟွမ်၏ရှေ့တွင် ဦးညွှတ်ကာပြောလေသည် “ရေနက်တံဆိပ်က သခင် ပေယဲ့ကိုပေးပြီးသားပါ၊ အဲတုန်းကတည်းက ငါ လောဘကြီးနေပြီ၊ သခင်ပေယဲ့ က အံ့ဩစရာကောင်းတဲ့ သားရဲထိန်းပါ၊ ငါ မလုပ်သင့်ဘူး မလုပ်သင့်တာ”
“အဖွဲ့ခေါင်းဆောင်က အဖွဲ့ထဲမှာ ညီအစ်ကိုပါပဲ၊ အဖွဲ့ခေါင်းဆောင်က အဖွဲ့ထဲက ညီအစ်ကိုတွေ ကောင်းကောင်းဆက်ဆံမခံရတာကို အမြဲ စိတ်မကောင်းဖြစ်နေတာ၊ အက်စ်အဆင့်ကြေးစားဖွဲ့ မစ်ရှင်ပြီးတိုင်းမှာ အေ အဆင့်ကြေးစားအဖွဲ့ထက် ဆုပိုရတယ်လို့ကြားခဲ့တာ၊ အဲဒါကြောင့် ဒီလိုမျိုး အတွေးဝင်သွားတာပဲ” ရေနက်အဖွဲ့ဝင်သည်လည်း မျက်ရည်များနှင့်ပြောပြ လေသည်။
အရင်ကနာမည်ကြီး ကြေးစားအဖွဲ့သည် လူသုံးယောက်သာကျန်တော့ သည်။ သူတို့အားလုံးသည် အိုမင်း၊ အားနည်းပြီး မသန်စွမ်းဖြစ်နေရာ လူအများ ကိုပင် ညှိုးငယ်စေသည်။
“အကုန်လုံးက ပြီးသွားပါပြီ အဆိပ်အကြောင်းပြောကြတာပေါ့” ပေထင်းဟွမ်၏အသံမှာအေးစက်နေကာ မျက်နှာပေါ်မှ မျက်နှာထားကို ရှင်းလင်းစွာမမြင်ရဘဲ သူမ၏မည်းနက်သောမျက်လုံးများ အလွန်တောက်ပပြီး ခံစားချက်များရှုပ်ထွေးနေသည်ကိုသာ မြင်ရလေသည်။
“ညအရှင်အိမ်တော်က သခင်ချုံချီက ရေနက်နဲ့ နှင်းဝံပုလွေကြေးစားအဖွဲ့ ထဲက တစ်ဖွဲ့ကိုရွေးချယ်တယ်၊ ကျုပ်လည်း ညအရှင်အိမ်တော်ကိုသွားပြီး ပြန် လာတော့ ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရတယ်၊ နန်းတော်ထဲကလူတွေက ကျုပ် ကို ဓားနဲ့ထိုးခဲ့တယ်၊ အစ်ကိုချင်သာ အချိန်မှီရောက်မလာရင် ဒီအသက်တောင် ပြန်ရလိုက်မှာမဟုတ်ဘူး” ဟွမ်ယန်သည် အတိတ်အကြောင်းပြောရာတွင် ခံစားချက်များသည် အတက်အကျများနေသည်။ မီးတောင်သေသည် ပြည်မ ကြီးတွင် လူသိများသည့်အရာဖြစ်သည်။
“ရှေးပစ္စည်းမစ်ရှင်ကဘာလဲ” ပေထင်းဟွမ် မေးလိုက်သည်။
“တကယ်တော့ အဲဒါက ဆင်ခြေတစ်ခုပဲ” ရှေးပစ္စည်းအကြောင်းပြောရာ တွင် ဟွမ်ယန်သည်လည်း ခေါင်းကိုမတတ်သာစွာခါယမ်းမိသည် “ကျုပ်က လမ်းတစ်ဝက်နဲ့တင်ထွက်ခဲ့တော့ ရှေးပစ္စည်းအကြောင်း အများကြီးမသိဘူး၊ ယန်ချန်းကိုသွားတာပဲ၊ ညအရှင်အိမ်တော်ရဲ့ ခွန်အားနဲ့ဆိုရင် ကြေးစားအဖွဲ့တို့ လှုပ်ရှားဖို့မလိုပါဘူး၊ ဒါပေမဲ့ လမ်းတစ်လျှောက်မှာ စီရင်ချက်ဗိမာန်က အများ ကြီးတိုက်ခိုက်ခဲ့တယ်၊ ဒါပေမဲ့ ညအရှင်အိမ်တော်က ရှင်းထုတ်နိုင်ခဲတယ်”
စီရင်ချက်ဗိမာန်ကို တိုက်ခိုက်ရန် ရှေးပစ္စည်းနှင့်မျှားခေါ်သည်မှာ စီရင် ချက်ဗိမာန်ကို တိုက်ခိုက်ချင်၍ဖြစ်ကြောင်းကို ပေထင်းဟွမ် နားလည်သည်။ ထို ရှေးပစ္စည်းသည် အကြောင်းပြချက်တစ်ခုသဖြစ်သည်။
နတ်ဘုရားမှပို့လိုက်သည့် သွေးစာချုပ်၊ နတ်ဘုရားသွေးစာချုပ်။ ထိုစကားလုံးများသည် ရုတ်တရက်ပေထင်းဟွမ်၏ စိတ်ထဲတွင်ပေါ်လာကာ ယန်ယဲ့ပြောခဲ့သည်များကို မတွေးဘဲမနေနိုင်တော့ပေ။ “အကြီးဆုံးလုပ်ငန်း တာဝန်က ကမ္ဘာကြီးစည်းမျဉ်းကိုပြောင်းလဲပေးမယ့် ရှေးပစ္စည်းလေးခုကို စုရ မယ်၊ အဓိကက နတ်ဘုရားပေးသနားတဲ့ သွေးစာချုပ်ဆိုရင်တောင်လေ”
နတ်မိစ္ဆာဧကရာဇ်သည် သူမနောက်လိုက်လာမည်ကို သူမ စိုးရိမ်သည်။ ထို့ကြောင့် နတ်မိစ္ဆာဧကရာဇ်သည် သူမအတွက် ထိုနှစ်ခုကိုတောင်းဆိုခဲ့သည်။
“တစ်ခုက နတ်မိစ္ဆာဧကရာဇ်က သူမကို အပြစ်ပေးပြီး သွေးစာချုပ်ကို ဖျက်သိမ်းခဲ့တာ၊ ဒုတိယတစ်ခုက နတ်မိစ္ဆာဧကရာဇ်က သူမကိုစောင့်နေတာပဲ၊ သူမက ဘယ်လောက်ပဲကြာပါစေ ပြန်လာမယ်လို့ပြောခဲ့တယ်”
ရှေးပစ္စည်းကြီးလေးခုသည် နတ်ဘုရားသွေးစာချုပ်ကို ဖျက်သိမ်းရန် အသုံးဝင်သည်။ ထိုအချိန်တွင် ပေထင်းဟွမ်သည် ရင်ဘတ်တစ်ခုလုံး ဖိနှိပ်ခံ လိုက်ရပြီး အသက်ရှူကြပ်သွားသလိုခံစားလိုက်ရသည်။