Chapters

သူမက သားရဲထိန်းနဲ့ ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင် လား

Vol. 48 Ch. 942

သူမက သားရဲထိန်းနဲ့ ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင် လား

Vol. 48 Ch. 942

ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် ခပ်ကြမ်းကြမ်းလှုပ်ခါသွားသဖြင့် သူမကို ပွေ့ဖက်ထားသော မုချင်းလင်ပင် ထိတ်လန့်သွားလေသည် “ရှောင်ကျို့ ဘာဖြစ် လို့လဲ”

“ဘာမှမဖြစ်ဘူး” ပေထင်းဟွမ်သည် လက်မြှောက်ပြီး နဖူးကိုထောက် ထားကာ ခေါင်းခါလေသည်။ မုချင်းလင်ကို စိတ်အေးစေရန်ပြောပြီးနောက် လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းထုတ်ကာ ဟွမ်ယန်အားပေးလိုက်သည် “အထဲမှာ အဆိပ်ဖြေဆေးနဲ့ အဆင့်တက်ဆေးနှစ်လုံးရှိတယ်၊ ကျွန်တော် လုပ် စရာရှိလို့အရင်သွားနှင့်တော့မယ်”

ပေထင်းဟွမ်သည် ကျောက်စိမ်းပုလင်းကို ဟွမ်ယန်၏လက်ထဲသို့ ထိုးထည့်ခဲ့ပြီး မုချင်းလင်ကိုဆွဲကာ တောအုပ်ထဲမှထွက်လာခဲ့သည်။

ဟွမ်ယန်သည် လက်ထဲတွင် ဆေးကိုကိုင်ထားပြီး ပေထင်းဟွမ်၏ ပျောက်ကွယ်သွားသောပုံရိပ်ကို ငေးငိုင်စွာစိုက်ကြည့်နေမိသည်။ သူပြောသည် မှာမှန်သည်။ ဤလူငယ်သည် မည်သူ့ကိုမှ သစ္စာဖောက်မည်မဟုတ်ပေ။ အပြစ် တင်ချင်လျှင် အသုံးမကျသည့်သမီးကိုမွေးထုတ်ခဲ့သည့်သူ့ကိုသာ အပြစ်တင်ရ မည်။ ထို့အကြောင်းကြောင့်ပင် ရေနက်ကိုပြိုကွဲပြီး အဖွဲ့ဝင်နှစ်ယောက်သာ ကျန်တော့သည်အထိ ဖြစ်ခဲ့သည်။

“ခေါင်းဆောင် ကျွန်တော်တို့ အသက်ရှင်ပြီ ကျွန်တော်တို့ အသက်ရှင်ပြီ”

ဟွမ်ယန်ဘေးမှ မသန်စွမ်းအဖွဲ့ဝင်နှစ်ယောက်သည် ဝိုင်းလာပြီး ဟွမ်ယန် ၏လက်ထဲမှ ကျောက်စိမ်းပုလင်းကို စိတ်အားထက်သန်စွာနှင့်ကြည့်လေသည်။ ဟွမ်ယန်သည် ကျောက်စိမ်းပုလင်းကို ခပ်တင်းတင်းကိုင်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည် “ဟုတ်တယ် ငါတို့အသက်ရှင်ပြီ”

ပေထင်းဟွမ်၏ခြိမ်းခြောက်ခြင်းကိုခံရသည့် ထိုက်ယိနန်းတော်မှ လူငါး ယောက်တို့သည် ပေထင်းဟွမ်ထွက်သွားရာဘက်သို့ကြည့်ပြီး သူတို့ကြုံတွေ့ခဲ့ ရသည်များကို မယုံနိုင်ဖြစ်နေကြသည်။ သူတို့မစဉ်းစားရဲသည့်ပစ္စည်းများသည် လူငယ်တစ်ယောက် လက်ဝေ့ယမ်းလိုက်သည်နှင့် သူတို့ဆီသို့ရောက်လာခဲ့၏။

“အဆိပ်ဖြေဆေး၊ ငါမှတ်မိသလောက်ဆိုရင် ဒါက အဆင့် ၅ ဆေးပဲ၊ လေလံပွဲမှာ ဈေးအရမ်းမြင့်တာ”

“အားဖြည့်ဆေးဟုတ်လား အဲလိုမျိုးရှိသေးတာလား ကျိုးနေတဲ့လက်နဲ့ ခြေထောက်တွေ ပြန်ကောင်းလာမှာလား”

“မင်းက ကမ္ဘာကြီးကို မမြင်ဖူးတာပဲ၊ ထိုက်ယိနန်းတော်က အကြီးအကဲနဲ့ နန်းတော်သခင်တို့ ဆွေးနွေးတာ ငါကြားဖူးတယ်၊ အကြောသာ မပျက်စီးသရွေ့ ယောက်ျားပစ္စည်းသာမပျက်စီးရင် တခြားလူ့အစိတ်အပိုင်းတွေက ဘယ်လောက်ပဲကျိုးကန်းပါစေ ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်က ပြန်ကောင်းအောင်လုပ်နိုင်တယ်တဲ့”

“ဒါဆို ဒီလူငယ်က ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်လား ဝူချောင် မင်း မှားများမှားနေလား၊ သူက သားရဲထိန်းရော ကောင်းကင်အဂ္ဂိရတ်ပညာရှင်ရော လား”

ဟွမ်ယန်နှင့်တခြားသူများပင် မယုံနိုင်တော့ပေ။ ထိုအခိုက်အတန့်တွင် ဟွမ်ယန်သည် အာလူးပူပူတစ်လုံးကို ကိုင်ထားရသကဲ့သို့ ခံစားရလေသည်။ သူ သည် တုန်ယင်နေသောလက်များဖြင့် ကျောက်စိမ်းပုလင်းကိုဖွင့်ကာ လက်ထဲ သို့ ဆေးသုံးလုံးလောင်းထည့်ပြီး အဖွဲ့ဝင်နှစ်ယောက်ကို ပေးလိုက်သည် “ဆေး သောက်ရအောင် ရတနာဆိုမှတော့ ငါတို့လက်ထဲကလွတ်သွားရင် အသက် ၁၀ သက်ပေးတောင် ပြန်ရဖို့မလွယ်ဘူး”

အဆင့် ၅ အဆိပ်ဖြေဆေး၊ အဆင့် ၆ အားဖြည့်ဆေးတို့သည် ပြည်မကြီး ပေါ်တွင် လေလံပွဲ၌ပင် ဝိုင်းလုရသည့်ရတနာဖြစ်သည်။ သူတို့ကဲ့သို့ အိုမင်း၊ အားနည်းပြီး မသန်စွမ်းလူများလက်ထဲတွင် ဆေးရှိနေသည်ကို သိသွားကြလျှင် လည်စင်းပေးလိုက်သလိုဖြစ်သွားလိမ့်မည်။

အားလုံးသည် စိတ်မရှည်စွာနှင့် ပါးစပ်ထဲထည့်ပြီး ဆေးသောက်လိုက်ကြ သည်။ ဆေးသည်ပါးစပ်ထဲပျော်ဝင်သွားသည်နှင့် ကြီးမားသောအားတစ်ခုသည် ထူးခြားသော အကြော ၈ ကြောဆီသို့ စီးဝင်သွားသည်။

ထိုက်ယိနန်းတော်မှလူငါးယောက်သည် ဟွမ်ယန်၏စကားများကိုကြား ပြီးသည်နှင့် ချက်ချင်းပင် အသက်လှောင်အိမ်ပေါ်သို့ လက်တင်လိုက်သည်။ ထိန်းကျောင်းပြီးသား သားရဲငါးကောင်သည် အဆင့် ၆ ဆေးထက်မလျော့ဘဲ ပြည်မကြီးတွင် တန်ဖိုးရှိသည့်ရတနာဟု သတ်မှတ်နိုင်သည်။ တစ်ယောက် ယောက်သာလုသွားလျှင် သူတို့ မည်သူ့ကိုငိုပြရမည်နည်း။

ခဏအကြာတွင် ဆေးကိုစုပ်ယူပြီး သားရဲများနှင့် စာချုပ်တည်ထောင်ကြ သည်။ အချိန်မည်မျှကြာသွားသည်မသိ ဟွမ်ယန်သည် သွေးအန်လေသည်။ နဂို က သွေးကြောများထဲတွင် ပိတ်နေသည့်ချီဝိညာဉ်သည် ခြေလက်နှင့်အရိုးများ တွင် လှည့်ပတ်သွားလာနေသည်ကို ခံစားမိလာသည်။ ထိုအချိန်တွင် အကြော သည်လည်း နိုးထလာသည့်ပုံနှင့် သူ့ခန္ဓာကိုယ်တွင် ကြီးမားသောအားတစ်ခု မြင့်တက်လာသည်။

“ဟား ဟား ငါ ဟွမ်ယန်က ခွန်အားပြန်ပြည့်လာလိမ့်မယ်လို့ ထင်မထား ဘူး”