Chapters

သူမက အမြဲတမ်း ခံစားချက်ပြင်းတဲ့လူဖြစ်ခဲ့တာ

Vol. 48 Ch. 943

သူမက အမြဲတမ်း ခံစားချက်ပြင်းတဲ့လူဖြစ်ခဲ့တာ

Vol. 48 Ch. 943

တစ်ယောက်ပြီးတစ်ယောက်တွင် အသီးသီးနိုးထလာရာ မူလက အေးချမ်းနေသောတောသည် ဤအချိန်တွင် လွန်စွာအသက်ဝင်လာသည်။

“ဟား ဟား ငါ့လက် ငါ့လက် ဘုရားရေ ဒါငါ့လက်လား” ရေနက်အဖွဲ့ဝင် သည် ပြန်အသစ်ပျိုးလာသောလက်မှာ မွေးရာပါလက်နောက်တစ်ချောင်းနှင့် ယှဉ်နိုင်သည်ကိုကြည့်ပြီး မယုံကြည်နိုင်ဖြစ်နေသည်။

“ငါ့ခြေထောက် ငါ့ခြေထောက်ကလှုပ်နိုင်သွားပြီ” ခြေဆာနေသောလူ သည် အကြောကျိုးပျက်သွားသဖြင့် ခွန်အားထည့်မရသည့်အဆင့်မှ ကောင်း သွားသည့်ခြေထောက်ကို မြေပေါ်မှမြှောက်ကြည့်နေသည်။ သူတို့မြင်ရသည့် အရာကို မည်သူမှ မယုံနိုင်ကြပေ။ ထိုခြေထောက်၏အကြောများပျက်စီးသွား ပြီး လှုပ်ရှားမရဖြစ်ခဲ့သည်။

“ငါ့မှာ သန့်စင်တဲ့သားရဲရှိသွားပြီ၊ အခုကစပြီး ငါ့မှာ သန့်စင်တဲ့သားရဲ လက်တွဲဖော်ရှိသွားပြီ”

“ဟား ဟား ဟား ကောင်းကင်အဆင့်ခွန်အား၊ ငါက ကောင်းကင်အဆင့် မရောက်သေးပေမဲ့ သန့်စင်တဲ့သားရဲရှိသွားပြီ၊ နောက်ဆိုရင် ငါက ကောင်းကင် အဆင့်မရောက်နိုင်ဘူးလို့ ဘယ်သူပြောရဲလဲ”

တောထဲတွင် ဟွမ်ယန်သည် တက်ကြွမှုနှင့်စွမ်းအင်များ ပြန်ရလာသလို ပင်။ သူ၏အရင်နွမ်းပါးသည့် အသွင်အပြင်ကိုဖျောက်ကာ အဆင့်အတန်းမြင့် ခမ်းနားသည့်အသွင်နှင့် မတ်မတ်ရပ်လိုက်သည်။ သူသည် ဘေးတွင် မတ်တတ် ရပ်နေသည့်လူကို ဖြည်းဖြည်းချင်းကြည့်ပြီး လူ ၇ ယောက်ရှေ့တွင် ပေါ့ပါးသော အသံနှင့်ပြောလေသည် “ငါ ရေနက်ကြေးစားအဖွဲ့ကို ပြန်ထူထောင်ချင်တယ် ဘယ်လိုထင်ကြလဲ”

“ရေနက်လား ကောင်းတာပေါ့ ခေါင်းဆောင် ရေနက်က အမြဲတမ်းရှိနေ မှာ” ဟွမ်ယန်၏စကားများကိုကြားပြီးနောက် သူ့နောက်သို့လိုက်ခဲ့ကြသော နှစ်ယောက်သည် ပျော်ရွှင်မှုကြောင့် ထခုန်မတတ်ပင်။

ထိုက်ယိနန်းတော်မှလူငါးယောက်ပါ ခေါင်းညိတ်သည်ကိုကြည့်ပြီး ဟွမ်ယန်ဆက်ပြောလေသည် “မင်းတို့ အုတ်မြစ်ကိုမင်းတို့ မမေ့ကြနဲ့ မဟုတ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ အခု ငါက အဆိပ်ပြေသွားရုံတင်မက ဘူး ခွန်အားလည်း ကြယ်ငါးပွင့် ဓားသမားကနေ၊ ကြယ် ၇ ပွင့်ဓားသမားဖြစ် သွားပြီ၊ ဒါက ငါအရင်ကမတွေးဖူးတဲ့အရာပဲ၊ အနာဂတ် ရေနက်က အရင် ရေနက်လိုမဖြစ်စေရဘူး၊ ငါ မင်းတို့ကို ဇာမဏီမြို့ကိုခေါ်သွားမယ် နောက်ဆို ရင် ငါတို့ဇာမဏီမြို့အတွက် ထမ်းဆောင်မယ်”

“ကောင်းလိုက်တာ” ထိုက်ယိနန်းတော်မှလူများသည် ဤကဲ့သို့ကောင်း သည့်ကိစ္စကို မထင်မှတ်ထားပေ “အခု ဇာမဏီမြို့ကို ဘယ်သူမဝင်ချင်ဘဲနေ မလဲ၊ ဇာမဏီမြို့သာဝင်နိုင်ရင် သူတို့နောက်မှာ နတ်ဘုရား ၇ ယောက်ရှိတယ်၊ မဟုတ်ဘူး ၇ ယောက်တင်မဟုတ်ဘူး ထပ်ရှိသေးတယ်”

“သူတို့တွေ ငါတို့ကိုလိုချင်ပါ့မလားမသိဘူး”

“ဟုတ်တယ် ငါယုံတယ် လိုချင်မှာပါ” ဟွမ်ယန်သည် ပေထင်းဟွမ် ထွက် သွားသည့်ဘက်သို့ ကြည့်လိုက်သည် “သူက အမြဲတမ်းခံစားချက်ပြင်းတဲ့လူ ဖြစ်ခဲ့တာ သေချာပေါက်လက်ခံမှာပါ”

သူမ လှုပ်ရှားမည့်အချိန်တွင် သူ့အတွက် လူငါးယောက်ထားပေးခဲ့သည်။ သူမ ထွက်မသွားခင် ဆေးပေးခဲ့သည်။ သူမသည် လျစ်လျူရှုတတ်ပုံရ သော်လည်း စိတ်ထဲတွင်တော့ တခြားသူများထက်ခံစားချက်ရှိသူဖြစ်သည်။

“ငါ့ရဲ့ကျန်တဲ့ဘဝမှာ ဟွမ်ချန်းကို အသက်ပေးသွားမယ်၊ မင်းတို့ ဆန္ဒရှိရင် ရေနက်ကိုဝင်လို့ရတယ် မဟုတ်ရင် ထွက်သွားတော့”

“မဟုတ်ဘူး ဆန္ဒရှိပါတယ်”

ဆန္ဒမရှိသူမရှိပေ။ ဇာမဏီမြို့နှင့် အနီးကပ်နေရမည်ကို ဆန္ဒမရှိသူမရှိ ပေ။ ရေနက်၏အလံသည် ထပ်မံမြောက်တက်လာကာ ပင်မတိုက်ကြီးသို့ စတင်ရွက်လွှင့်ပြီဖြစ်သည်။

ဟွမ်ယန်သည် အဆိပ်ပြေသွားသည်နှင့် စိတ်ဓာတ်ပြန်တက်ကြွလာသည် ကို ပေထင်းဟွမ် ထင်မထားပေ။ သူမနှင့် မုချင်းလင်တို့သည် ငွေလရောင်မြို့ သို့သွားလေသည်။ သို့သော် မြို့တံခါးစောင့်မှ သူတို့ကိုတားလေသည်။

“ဝင်ခွင့်ပြုပါ ကျွန်တော်တို့က လက်နက်မဲ့တွေပါ မြို့ထဲကိုမဝင်ရရင် မြို့အပြင်မှာ ဒီနေ့ညပဲအသက်ဆုံးရှုံးရလိမ့်မယ်” ပေထင်းဟွမ်သည် ပုံမှန် လွှမ်းမိုးနိုင်သည့်အသွင်အပြင်နှင့်မဟုတ်ဘဲ သနားစရာကောင်းအောင် ဟန်ဆောင်ကာ မြို့တံခါးစောင့်များကို ခိုးကြည့်လေသည်။

“မင်းတို့ အသက်သေသေမသေသေ အဲဒါငါတို့နဲ့ဘာဆိုင်လို့လဲ၊ အခု ငွေလမြို့က အဝင်အထွက်ပိတ်ထားတယ်၊ မလာခင် ဘာလို့ရှင်းအောင် မစုံစမ်း ခဲ့တာလဲ” မြို့တံခါးအစောင့်သည် ပေထင်းဟွမ်နှင့် မုချင်းလင်တို့ကို သနားစဖွယ်ကြည့်လေသည်။ မုချင်းလင်ကိုကြည့်ပြီး အသွင်အပြင်ကောင်း ကောင်းနှင့် စုံတွဲတစ်တွဲသည် သနားစဖွယ်ဖြစ်နေသည်။