Chapters

ကျွန်တော့်နာမည်ကယွဲ့ကျို့ သန့်စင်သောမြို့က ထွက်ပြေးလာတာ

Vol. 48 Ch. 944

ကျွန်တော့်နာမည်ကယွဲ့ကျို့ သန့်စင်သောမြို့က ထွက်ပြေးလာတာ

Vol. 48 Ch. 944

“ဟေး ကျွန်တော်ပြောတာကလေ ဒီလိုထူးဆန်းတဲ့ကိစ္စတွေ ဘာလို့ ဆက်တိုက်ဖြစ်နေတာလဲ၊ လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော် သန့်စင်သောမြို့မှာ ရှိနေတာ၊ ဝင်လို့လည်းမရ ထွက်လို့လည်းမရနဲ့၊ အခု ဒီမှာလည်းအဲလိုဖြစ်နေ တာ၊ ခင်ဗျားတို့မြို့ကို ဖျက်ဆီးချင်တဲ့သူများရှိနေလို့လား” ပေထင်းဟွမ်သည် မပျော်မရွှင်နှင့်ပြောလေသည်။

သူမသည် တည်ငြိမ်ပြီး အေးချမ်းပုံနှင့်ပြောလေသည် “ဒီနေ့ ရာသီဥတု ကလည်း ကောင်းမယ့်ပုံမပေါ်ဘူး” နားထောင်သူသည် သူမအား ကြောက်လန့် သောမျက်လုံးများနှင့်ကြည့်လေသည်။

“ကောင်လေး ဘာမဟုတ်တာတွေပြောနေတာလဲ အခုမင်းပြောလိုက် တာက ခေါင်းဖြတ်လိုက်လို့ရတယ်ဆိုတာသိရဲ့လား” မြို့တံခါးစောင့်သည် ပြောလေသည်။

“ဘာလို့လဲ ကျွန်တော်ပြောတာ ဘာမှားလို့လဲ၊ သန့်စင်သောမြို့က အခု ဘယ်လိုပုံဖြစ်နေပြီလဲဆိုတာမသိဘူးလား၊ ပြောပြမယ် ကံကောင်းလို့ ကျွန်တော်တောင် အပြေးကောင်းလို့နော်၊ သန့်စင်သောမြို့က မီးလောင်သွား တာ၊ မီးအရောင်ကရိုးရှင်းတယ် ခင်ဗျားတို့ဒီကနေတောင် မြင်ရမယ်ထင်တယ်၊ ကောင်းကင်တစ်ခုလုံး မီးရောင်လွှမ်းနေတာလေ” ပေထင်းဟွမ်သည် မြို့တံခါး တွင်ရပ်ပြီး တံခါးစောင့်ကိုပြောလေသည်။

သူမသည် ချဲ့ကားပုံပေါက်သော်လည်း ချဲ့ကားပြောနေသည်ဟု မည်သူ ကမှ မထင်ကြပေ။

ပေထင်းဟွမ် သန့်စင်သောမြို့ကို မီးလောင်တိုက်သွင်းစဉ်က ညအချိန် ဖြစ်ကာ ငွေလမြို့တစ်ခုလုံးလည်း တိတ်ဆိတ်နေချိန်ဖြစ်သည်။ ကောင်းကင် အဆင့်များသည် မိုးပေါ်တွင်ရပ်ပြီး သာမန်လူများသည် မြေပေါ်တွင်စုဝေးနေ ကြသည်။ အားလုံးသည် သန့်စင်သောမြို့ရှိရာဘက်သို့ တညီတညာတည်း ကြည့်ကြသည်။ ထိုအစား မိုးပေါ်တွင် အပေါက်တစ်ခုပေါ်လာပြီး ဆောင်းတွင်း ညထက်ပိုမည်းနက်ရာ အားလုံး၏ ရင်များတုန်ခါသွားစေပြီး ပြိုလဲကျသွား လောက်အောင် ကြောက်လန့်စေသည်။

တခြားသူများကို ပြစ်မှားလျှင်တောင် သခင်ပေထင်းဟွမ်ကို မပြစ်မှား သင့်ဟု စိတ်ထဲမှ ဆုတောင်းနေကြသည်။

“သွား သွားတော့ ပြောလို့ပြီးပြီလား၊ ပြောပြီးရင်လည်း မြန်မြန်သွားလိုက် တော့ ဒီမှာမနေနဲ့...”

မြို့တံခါးကိုစောင့်ကြပ်နေသည့် တံခါးစောင့်များသည် ပေထင်းဟွမ်အား နှင်ထုတ်မည်အပြုတွင် လူတစ်ယောက်မှတားလေသည်။ သားရဲစီးလာသည့် ချပ်ဝတ်တန်ဆာဝတ် စစ်သူကြီးအသွင်ရှိသောလူတစ်ယောက်သည် မြို့တံခါးမှ ထွက်လာပြီး ပေထင်းဟွမ်ဆီသို့ရောက်လာသည်။ ပေထင်းဟွမ်အား ထိုင်းမှိုင်း သောမျက်လုံးတစ်စုံနှင့်စိုက်ကြည့်လေသည် “မင်းက ဘယ်သူလဲ ဘယ်ကလာ တာလဲ”

ပေထင်းဟွမ်သည် ထိုလူအား ကြောက်ရွံ့မှုတစ်စုံတစ်ရာမရှိဘဲ ဂရုတစိုက်ကြည့်လေသည်။ ဤလူကို အနည်းငယ်ရင်းနှီးနေသလို ခံစားရ၏။ အနည်းငယ်စဉ်းစားပြီးနောက် ထိုစစ်သူကြီးငယ်သည် ချူဖုန်း၏ဇနီးလောင်း အဟောင်း မင်းသမီးချန်လဲ့နှင့်တူနေသဖြင့် ရင်းနှီးနေခြင်းပင်။

မောင်နှမများဖြစ်နေမလား။ ပေထင်းဟွမ်နှင့်ယန်ယဲ့တို့ စစ်ပွဲဘုံတောမှ ပြန်မလာခင်တွင် မင်းသမီးချန်လဲ့ကို ဝမ်းကွဲချူဖုန်းဆီသို့ပေးခဲ့သည်။ အခု ဒီလူ က အဲမိန်းမကိုပြန်ယူချင်လို့လား။

“ကျွန်တော်လား ကျွန်တော့်နာမည်က ယွဲ့ကျို့၊ သန့်စင်သောမြို့ကနေ ထွက်ပြေးလာတာ” နာမည်ပွားတွေသုံးတာများနေပြီ နောက်တစ်ခါ ဘယ်နာမည် သုံးရတော့မလဲဟု ထေင်းဟွမ် စိတ်ထဲမှစောဒကတက်ပြီး နှာခေါင်းကိုပွတ်ကာ ပြောလိုက်သည်။

“၉ လား၊ မင်းက မိသားစုထဲမှာ ၉ ယောက်မြောက်လား” နံပါတ် ၉ ဆိုသည့် စကားလုံးကိုကြားသည်နှင့် မြို့တံခါးစောင့်၏မျက်လုံးများ ပိုထက်ရှ လာသည်။ နံပါတ် ၉ သည် သူ့ကိုမည်မျှ ပညာပေးခဲ့သည်တော့မသိပေ။

“မဟုတ်ဘူး ဘယ်သူက ဒီလောက်ကလေးအများကြီးမွေးတော့လို့လဲ၊ သူတို့ကမျိုးရိုးမြင့်တွေမှမဟုတ်တာ၊ ကျွန်တော့်မိဘတွေက စာတတ်ပေတတ် တွေမှမဟုတ်တာ၊ ကျွန်တော်မွေးတဲ့နေ့က ၉ လပိုင်း ၉ ရက်နေ့ဖြစ်နေလို့ နာမည်ပေးရမခက်အောင်ပေးလိုက်ကြတာ” လူကြီးတစ်ယောက်၏ ရှက်ကိုး ရှက်ကန်းနှင့် ရင်ဆိုင်ရသဖြင့် အလိမ်များတစ်ခုပြီးတစ်ခု ပြောရတော့သည်။

“မင်းမျက်နှာက မျက်နှာဖုံးကိုချွတ်လိုက်” စစ်သူကြီးသည် ပေထင်းဟွမ် အားအမိန့်ပေးပြီး စစ်သည်အား အသံပြတ်ပြတ်နှင့်ပြောလေသည် “မျက်နှာဖုံး ဝတ်တဲ့သူတိုင်းကို ထောင်ထဲပို့ရမယ်လို့ပြောပြီးသားလေ၊ မင်းတို့သေချင်နေပြီ လား”

ပေထင်းဟွမ်သည် ထိုစကားကိုကြားသောအခါ ကြောက်ရွံ့မှုကြောင့် ထ ခုန်လေသည် “အိုး ဘာလို့လဲ မျက်နှာဖုံးဝတ်တဲ့လူတွေအများကြီးပါ၊ ကျွန်တော် ပြောမယ် ကျွန်တော် သခင်ပေထင်းဟွမ်ကို ကိုယ်တိုင်မြင်ဖူးတယ်၊ သူလည်း မျက်နှာဖုံးဝတ်တယ်”