ချန်လဲ့ရဲ့အစ်ကို
Vol. 48 Ch. 945
“မဟုတ်တာတွေ လာမပြောနဲ့တော့ ဒီနှစ်ယောက်ကိုခေါ်ပြီး ငါ့နောက် လိုက်ခဲ့ကြ” စစ်သူကြီးသည် ထိုလူငယ်ကိုကြည့်လေလေ သဘောမကျလေဖြစ် သည်။ သူသည် သခင်ပေထင်းဟွမ်အကြောင်း ဆက်တိုက်ပြောနေသည်။ အခု သခင်ပေထင်းဟွမ်သည် လမ်းပေါ်မှကြွက်ဖြစ်နေသည်ကို သူ မသိလေသလား။
ချက်ချင်းပင် အားလုံးသည်ရှေ့တိုးလာပြီး ပေထင်းဟွမ်နှင့်မုချင်းလင်တို့ ကို ကြိုးတုပ်လေသည်။ လူ ၁၀ ယောက်အတန်းလိုက်သည် သူတို့နှစ်ယောက် နောက်မှလိုက်လာပြီး ငွေလမြို့ဆီသို့ လျှေက်ကြလေသည်။
အင်ပါယာတစ်ခုကို ကြီးလေးသောပြစ်မှု ကျူးလွန်မိသည်မှ ပထမဆုံး အကြိမ်ဖြစ်သဖြင့် မုချင်းလင်သည် အစပိုင်းတွင် အနည်းငယ်ကြောက်နေမိ သည်။ သို့သော် ပေထင်းဟွမ်၏မျက်လုံးများတွင် ဆတ်ဆော့သည့်အကြည့်ရှိ နေသည်ကိုမြင်မှပင် စိတ်သက်သာရာရသွားလေသည်။
ထိုစစ်သူကြီးသည် ပေထင်းဟွမ်၏မျက်နှာပေါ်မှ မျက်နှာဖုံးကို ဘာကြောင့် ချွတ်ချင်သလဲဆိုသည်ကိုမသိပေ။ ငွေလရောင်နန်းတော်သို့ သွားရာလမ်းတွင် ငွေလတစ်မြို့လုံးသည် ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး တစ်မြို့ လုံးမှလူများသည် လမ်းပေါ်တွင်လူစုကာ မျက်နှာဖုံးတပ်လူငယ်ကို ဖမ်းလာ သည့်စစ်သည်များကို စောင့်ကြည့်နေခဲ့သည်။
“ဘုရားရေ ကောင်းလိုက်တာ၊ နောက်ဆုံးတော့ ပေထင်းဟွမ်လို့ခေါ်တဲ့ လူကို ဖမ်းမိပြီ အခုသူမြို့ကိုမီးမရှို့နိုင်တော့ဘူး”
“စစ်သူကြီးချန်ထင်းက ဖမ်းလိုက်တာပဲ၊ သူက တိုင်းပြည်ကိုကာကွယ်နေ တဲ့ စစ်သူကြီးရဲ့သားပီသပါပေတယ်၊ စစ်သူကြီးချန်ထင်းက ၂၅ နှစ်ပဲရှိသေး တာကို ဓား ၁ လက်ကြယ်ဝိညာဉ်သခင်ဖြစ်နေပြီလို့ ကြားတယ်၊ ပေထင်း မိသားစုရဲ့ပေထင်းကျင်နဲ့ယှဉ်နိုင်တဲ့သခင်ကြီးလေ”
“တိုင်းပြည်ကိုကာကွယ်တဲ့စစ်သူကြီးရဲ့သား၊ သူ့မှာ အရည်အချင်း အများကြီးရှိလို့မရဘူးလား၊ စဉ်းစားကြည့်လိုက် မင်းသမီးချန်လဲ့ကလည်း အင်ပါယမြို့တော်မှာ နာမည်ကြီးပါရမီရှင်ပဲ ဒါပေမဲ့ နှမြောစရာပဲ...”
“အဲဒါကြောင့် စစ်သူကြီးချန်ထင်းက မျက်နှာဖုံးတပ်ထားတဲ့လူကို အဲလောက်တောင်မုန်းတာကိုး၊ မင်းသမီးချန်လဲ့က မျက်နှာဖုံးတပ်ပေထင်းဟွမ် လက်ထဲရောက်သွားတာဆို”
လမ်းပေါ်မှလူများပြောဆိုနေသည်များကို နားထောင်ပြီး ဤစစ်သူကြီး သည် မင်းသမီးချန်လဲ့၏အစ်ကိုဖြစ်သည်ကို ပေထင်းဟွမ် သိလိုက်သည်။ ရန်သူ များသည် အတူတကွမရှိနိုင်ပေ။ မင်းသမီးချန်လဲ့၏ အစ်ကိုလက်ထဲသို့ရောက် သွားသဖြင့် ငွေလရောင်အင်ပါယာနန်းတော်သို့ ခေါ်သွားမည်မဟုတ်ပါလား။
ဤစစ်သူကြီးချန်ထင်းသည် တမင်လုပ်သည်လားတော့မသိပေ။ သူသည် သားရဲကိုဦးဆောင်စီးသွားပြီး ပေထင်းဟွမ်တို့နှစ်ယောက်မှာ အစောင့်များဖြင့် အနောက်မှတဖြည်းဖြည်းလိုက်လာခဲ့ကြသည်။ တံခါးပေါက်မှ နန်းတော်သို့ နှစ်နာရီကျော်လျှောက်ရသည်။
ငွေလရောင်အင်ပါယာနန်းတော်သည် ရာယာအင်ပါယာနှင့်အနည်းငယ် ပုံစံကွာခြားသည်။ ရာယာအင်ပါယာ၏ တော်ဝင်နန်းတော်သည် တရုတ်နှင့် ပေထင်းဟွမ် အရင်ဘဝကမြင်ဖူးသည့် အနောက်တိုင်းကို ပေါင်းစပ်ထားသည့် ပုံစံဖြစ်ပြီး ငွေလရောင်အင်ပါယာနန်းတော်သည် လုံးဝဥရောပပုံစံဖြစ်သည်။ နန်းတော်တစ်ခုလုံးသည် နေရောင်အောက်တွင် တောက်ပနေပြီး ငွေရောင် အလင်းနှင့်တောက်ပနေသည်။
ကြီးမားသောနန်းတော်ကွင်းသည် ပြန့်ပြူးနေပြီး ပြင်သစ်စတိုင် ပန်းခင်း များနှင့် ဝန်းရံထားသည်။ အလယ်တွင် ရေပန်းကြီးတစ်ခုရှိသည်။ ရေပန်းပေါ် တွင် စီရင်ချက်နတ်ဘုရားရုပ်ထုရှိသည်။ ပေထင်းဟွမ်ဖျက်ဆီးခဲ့သော သန့်စင် သော မြို့အလယ်တွင်ရှိသည့် စီရင်ချက်နတ်ဘုရားရုပ်ထုလောက်တော့မကြီး ပေ။ ငွေလရောင်အင်ပါယာတစ်ခုလုံးကို တင်းကြပ်စွာ အုပ်ချုပ်ထားသည်မှာ ထင်ရှားလွန်းသည်။
ပေထင်းဟွမ်နှင့်တခြားသူများ လာသည်ကိုမြင်သောအခါ နန်းတော် တံခါးပေါက်မှ အစောင့်စစ်သည်သည် အမြန်ပြေးပြီး သတင်းပို့သည်။ ချက်ချင်း ဆိုသလိုပင် နန်းတော်အထဲမှ တစ်လွှာပြီးတစ်လွှာသတင်းရောက်သွားပြီး ဧကရာဇ်၏အမိန့်နှင့် ချန်ထင်းကို တိုက်ရိုက်ခေါ်လာစေသည်။
တံခါးပေါက်ကိုဖြတ်သွားသည်နှင့် ကြမ်းခင်းကို အဖြူရောင်ကျောက်စိမ်း ဝိညာဉ်ကျောက်တုံးများနှင့် တစ်လမ်းလုံးခင်းထားသည်။ အလယ်တွင် ငွေဖြူ ရောင်အဆောက်အဦးရှိနေသည်။ ချန်ထင်းသည် ထိုနေရာကိုတစ်ချက်ကြည့် ခေါင်းငုံ့ကာ လေးစားသည့်အကြည့်ပြနေသည်မှာ ထိုနေရာသည် ငွေလရောင် အင်ပါယာဧကရာဇ်နေသည့်နေရာဖြစ်သည်ကို ပေထင်းဟွမ်သိလိုက်သည်။