အကျဉ်းထောင်ဘေးဒုက္ခ
Vol. 48 Ch. 947
“လင်အာ ကြည့်လိုက် မင်း သဘောတူတယ်မလား” မုချင်းလင် မည်သည့်အရာကို ရယ်သည်ကို ပေထင်းဟွမ်သိသည်။ သို့သော် ခေါင်းလှည့်ပြီး တည်ငြိမ်စွာနှင့်ပင် မုချင်းလင်ကို မေးနေလိုက်သေးသည်။
“ဟုတ်တယ် ဟုတ်တယ် သခင်ကြီးပေထင်းဟွမ်က တကယ်ပဲ အားကောင်းပါတယ်” မုချင်းလင်သည် ရယ်ချင်စိတ်ကိုအောင့်အီးထားရသည်။ ပေထင်းဟါမ်ထက် ပိုအားကောင်းတဲ့သူ ဒီတိုက်ကြီးမှာရှိသေးလို့လား။ ရှောင်ကျို့က တကယ့်ကို ပြောတတ်တာပဲ။
သို့သော် ငွေလရောင်အင်ပါယာမှလူများ၏အမြင်တွင် ပေထင်းဟွမ်သည် မမောက်မာသင့်ဟုထင်ကြသည်။
“သူ့မျက်နှာဖုံးကိုချွတ်လိုက်” ဧကရာဇ်သည် ထပ်မံဒေါသထွက်ပြန်၏။
ခန်းမထဲတွင် ဘေးနှစ်ဖက်လုံး၌ အနီရောင်ကော်ဇောရှိကာ ဝိညာဉ်သခင် အဆင့်ရှိသည့် သူတော်စင်များရှိသည်။ သူတို့ထဲမှနှစ်ယောက်သည် အင်ပါယာ ကျောင်းတော်ပြိုင်ပွဲလုပ်စဉ်က ရှားကျန့်နောက်လိုက်လာသူများဖြစ်သဖြင့် ပေထင်းဟွမ်သည် ထိုအချိန်က သူတို့ကိုမြင်ဖူးခဲ့သည်။ ထိုအချိန်တွင် သူတို့ထဲ မှ တစ်ယောက်ယောက်လာပြီး လက်မြှောက်ကာ ပေထင်းဟွမ်၏မျက်နှာကို ဆုပ်ကိုင်လေသည်။
ပေထင်းဟွမ်သည် မည်သူနည်း။ ဤအချိန်တွင် ကြိုးချည်ခံထားရလျှင် တောင် သူမ၏မျက်နှာကို မည်သူမှထိခွင့်မရှိပေ။ ထိုလူ၏လက်သည် သူမ၏ ခန္ဓာကိုယ်ဘေးတွင် ချုပ်နှောင်ခံလိုက်ရသည်။ ထိုလူသည် ဒေါသထွက်သွား လေသည်။ အင်ပါယာထဲတွင် သူ့ရာထူးသည်မြင့်နေပြီဖြစ်သလို အားလုံးသည် သူ့ခွန်အားကို အားကျကြသည်။ သို့သော် ဤအချိန်တွင် သူသည် ကြယ်ဝိညာဉ် သခင်ဖြစ်လျက်နှင့် လှုပ်ရှားလိုက်သော်လည်း ပေထင်းဟွမ်သည် သူ့ကို တစ်ကွက်ပြသွားသည်။ သူ ဒေါသမထွက်ဘဲမည်သို့နေမည်နည်း။
“သခင်ကြီး ကျုပ်တို့ဝန်ကြီးတွေရဲ့ရှုထောင့်အရ သူက ပေထင်းဟွမ်ပဲ ဒီအရည်အချင်းက ပေထင်းဟွမ်နဲ့မခြားဘူး” အဂ္ဂိရတ်ပညာရှင်သည် အလွန် အမင်းဒေါသထွက်သွားပြီး ဧကရာဇ်အား လုပ်ကြံပြောဆိုလေသည်။
“ကျွန်တော်က ပေထင်းဟွမ်ပါလို့ ဘာလို့ပြောတာလဲ၊ ခင်ဗျားက အင်ပါယာရဲ့ အုပ်ချုပ်သူလား၊ ခင်ဗျားခွန်အားက အရမ်းလည်းမကောင်းပါဘူး၊ ဧကရာဇ်က တစ်နှစ်ကို လစာဘယ်လောက်ရလဲ၊ ရတနာတွေ ဘယ်လောက် ပုံပေးလိုက်ရလဲ၊ မသန်မာရင်တောင် လုပ်ချင်တာလုပ်လို့ရနေတာလေ” ပေထင်းဟွမ်သည် တစ်ဖက်လူ ဒေါသထွက်သည် မထွက်သည်ကို ဂရုမစိုက်ဘဲ ရိုက်ချလေသည်။
တိုင်းပြည်ကာကွယ်ရေးစစ်သူကြီး၏ နက်ရှိုင်းသောမျက်လုံးများသည် ပေထင်းဟွမ်အပေါ်ကျရောက်လာသည်။ အစောက ပေထင်းဟွမ်၏ ရှောင်ရှား နိုင်မှုသည် အမှန်တကယ်ပင် ထူးဆန်းလှသည်။ သူမ၏ပုံရိပ်သည် တခြားသူ များအတွက် နှေးကွေးပုံပေါက်သော်လည်း ဝိညာဉ်ဂိုဏ်းထိပ်ဆုံးရောက်နေ သည့် သူ့မျက်လုံးထဲတွင် မထင်မှတ်လောက်အောင် မြန်ဆန်လွန်းသည်။ သူ့ မျက်လုံးနှင့် နောက်ဆက်တွဲတံလျှပ်ကိုတောင်မြင်နိုင်ရာ အတွေးလွန်သွားစေ လောက်သည်။
လူတစ်ယောက် အားကောင်းလေလေ သူ ပိုမောက်မာလွန်းလေဖြစ် သည်။ ထို့ကြောင့်ပင် ပေထင်းဟွမ်သည် ထိုသူတော်စင်ကို အနားမကပ်ခိုင်း ခြင်းပင်။
“ဧကရာဇ်.. ဒီလူက အရမ်းထူးဆန်းတယ်လို့ထင်ပါတယ် ဘာလို့ အကျဉ်းအရင်မချထားမှာလဲ” ကာကွယ်ရေးစစ်သူကြီးသည် ဧကရာဇ်ကို အကြံ ပြုလေသည်။
တိုင်းပြည်ကာကွယ်ရေးစစ်သူကြီးနှင့်အတူ ထိပ်တွင်ထိုင်နေသည့် တော်ဝင်အမတ်သုံးယောက်အားလုံးသည် ကောင်းကင်အဆင့်များဖြစ်ကြ၏။ သဘာဝကျကျပင် ပေထင်းဟွမ်၏ခွန်အားသည် မရိုးရှင်းသည်ကို သူတို့မြင်ရ သဖြင့် တစ်ယောက်ပြီးတစ်ယောက် အကြံပြုကြလေသည်။
တော်ဝင်ရုံးတော်၏ သခင်ကြီးလေးယောက် ယခုလိုတညီတညာတည်း ဖြစ်နေသည်မှာ မထင်မှတ်စရာဖြစ်သည်။ ဧကရာဇ်သည် သဘောမတူချင်လျှင် တောင် သဘောတူရမည်ဖြစ်သည်။
အင်ပါယာနန်းတော်မှ အကျဉ်းထောင်သည် ပေထင်းဟွမ် အရင်ဘဝက မြင်ဖူးသည့် အကျဉ်းထောင်ထက်ပင် ပို၍မှောင်မည်းသည်။ တစ်ခန်းလုံးကို သံတိုင်များဖြင့်ကာထားပြီး လက်သီးတစ်ဆုပ်စာပင်ဆန့်မထုတ်နိုင်သည့် ပြတင်းပေါက်တစ်ခုသာရှိကာ အထက်မှ အလင်းရောင်အနည်းငယ်သာဝင်နေ သည်။
သူတို့နှစ်ယောက်ကို ကြီးမားသောအခန်းတစ်ခုတွင် ချုပ်ထားသည်။ အပြင်အကျဉ်းသားများသည် ဝိညာဉ်သခင်ကြီးအဆင့်များဖြစ်ကြသည်။ ထို့ကြောင့် ပေထင်းဟွမ်တို့နှစ်ဦးကို ငွေလရောင်အင်ပါယာမှ အရေးကြီးသည့် နေရာတွင် မည်သို့ထားသည်ကိုမြင်နိုင်သည်။
ပေထင်းဟွမ်သည် ခန္ဓာကိုယ်ကို ချည်နှောင်ထားသော အဆင့်နိမ့်ဝိညာဉ် ကြိုးမှရုန်းထွက်လေသည်။ ပေထင်းဟွမ်သည် အကြိမ်အနည်းငယ် ရုန်းကန် သော်လည်း ဖယ်မရသဖြင့် ခါးပေါ်သို့အလင်းပို့လိုက်သည်နှင့် ကြိုးပြတ်သွား လေသည်။