Chapters

နွယ်ပင်လေး ထွက်လာလာခဲ့

Vol. 48 Ch. 948

နွယ်ပင်လေး ထွက်လာလာခဲ့

Vol. 48 Ch. 948

“အိုး တကယ်ပဲ တတိယတန်းစားအင်စားစုပဲ၊ အစတုန်းက မင်းကို ချုပ် ထားတဲ့လှောင်အိမ်ကျိုးသွားတာနဲ့ သူသိသွားတာ၊ ငါမှန်းရရင် ခဏနေကျရင် ငွေလရောင်ရဲ့ဧကရာဇ်က ငါတို့လွတ်သွားတာကို သိမှာပဲ” ပေထင်းဟွမ်သည် မတ်တတ်ရပ်ပြီး ခါယမ်းလိုက်သည်နှင့် ခန္ဓာကိုယ်ပေါ်မှ ကြိုးများအားလုံးသည် မြေပေါ်သို့ကျသွားလေသည်။

မုချင်းလင်သည် အနည်းငယ်ဆွံ့အမိသည်။ လက်ရှိပေထင်းဟွမ်နှင့် လော့ပေမြို့မှ ပေထင်းဟွမ်တို့အကြားတွင် ကြီးမားသောကွာဟမှုရှိသလိုခံစား ရသည်။ သို့သော် ချိုးဖောက်ထားသည့်အရာမရှိသလို ခံစားရသည်။ ထိုအချိန် က ရှောင်ကျို့တွင် အသုံးမဝင်သောခန္ဓာကိုယ်ရှိကာ မကျင့်ကြံနိုင်ပေ။ 'ယောက်ျားတစ်ယောက်က ဆင်းရဲရင် ရည်မှန်းချက်တိုတယ် မြင်းပိန်ရင် လည်ဆံမွေးရှည်တယ်' ဟုဆိုရိုးစကားလည်းရှိသည်။ ခွန်အားမရှိဘဲနှင့် ယောက်ျားတစ်ယောက်ဖြစ်ရန် မမျှော်လင့်နိုင်ပေ။

သူမသည် လက်ရှိရှောင်ကျို့ကို သဘောကျသည်။ သူမသည် မိမိုက်ပြီး ယုံကြည်ချက်အပြည့်ရှိကာ မောက်မာသလို အကြောက်အလန့်မရှိပေ။ ဤကမ္ဘာတွင် သူမအား အနိုင်ယူနိုင်မည့်အရာမရှိတော့မည့်ပုံပင်။

ငွေလရောင်အင်ပါယာသည် အမှန်တကယ်ပင် ဆင်းရဲပုံပေါက်သည်။ ပေထင်းဟွမ်သည် မုချင်းလင်း၏ခန္ဓာကိုယ်ကို ချည်ထားသောကြိုးကို သူမ ကဲ့သို့ ဝိညာဉ်လက်နက်ပင်မသုံးဘဲ ဆွဲဖြုတ်လိုက်သည်။ သာမန်ကြိုးပင်ဖြစ်နေ သည်။ ပေထင်းဟွမ်ကိုချည်ထားသည့်ကြိုးကိုဖြည်စဉ်က လက်ဖဝါးထဲသို့ ကိုးရောင်မီးပို့ပြီး ကြိုးကိုမီးရှို့လိုက်ရာ ကြိုးပြတ်သွားခြင်းပင်။

“ဒါပေမဲ့ ရှောင်ကျို့ ငါတို့ထွက်မရသေးဘူးလေ” မုချင်းလင်သည် ဤကဲ့သို့နေရာမျိုးတွင် ၁၅ မိနစ်ပင်ပြည့်အောင်မနေချင်ပေ။ သူမကို အနံ့များ စွဲသွာနိုင်သည်။ သူမသည် တံခါးဆီပြေးသွားပြီး လက်နှင့်ထိကြည့်သည်။ အကျဉ်းထောင်တံခါးသည် အနည်းငယ်ကွာဟမှုပင်မရှိဘဲ တင်းကြပ်နေသဖြင့် မည်သည့်နေရာတွင်ရှိသည်ကို သူမ မသိပေ။

“လင်အာ မကြောက်နဲ့ ဒီအကျဉ်းခန်းရဲ့ တင်းကြပ်မှုနဲ့ ချောမွေ့နေတာကို ပဲမကြည့်နဲ့၊ စီရင်ချက်ဗိမာန်မှာတုန်းက မင်းကို အကျဉ်းချခဲ့တဲ့လှောင်အိမ်နဲ့ ယှဉ်ကြည့်လိုက် ဒါက ပိုသာတယ်” ပေထင်းဟွမ်သည် မုချင်းလင်အား အနောက်မှဆွဲလိုက်သည်။ သူမသည် ရှေ့သို့တိုးကာ ခပ်ဖျော့ဖျော့အလင်း၏ အကူအညီနှင့် အခန်းနံရံများကို စမ်းကြည့်ရာ သူမ၏မျက်နှာပေါ်တွင် အပြုံး တစ်ခု တဖြည်းဖြည်းပေါ်လာသည်။

သူမသည် ဖျက်မရလောက်အောင် ထူထဲသည့်သံတံခါးကို ထိကြည့်ပြီး သက်ပြင်းချလေသည် “ဒါကို ပန်းပဲပညာရှင်လုပ်ထားတာဖြစ်မယ်၊ သာမန်လူ သာဆိုရင် ငါတို့ထွက်လို့ရနိုင်တယ်၊ မိုးပေါ်ကိုရေက်ဖို့ထက်တောင် ခက်သွားပြီ၊ ဒါပေမဲ့ ဒါဘယ်သူလုပ်ထားတာလဲ”

သူမလက်ထဲတွင် ကိုးရောင်မီးလွှမ်းနေသော မိုးပြာစွမ်းအင်ရစ်ပတ်ထား သော ဓားတိုတစ်ချောင်းရှိနေသည်။ သံနှင့်ပြုလုပ်ထားသော အကျဉ်းထောင် တံခါးမဆိုထားနှင့် ဤကမ္ဘာပေါ်တွင် ကိုးရောင်မီးကိုခံနိုင်သည့်အရာမရှိပေ။

ပေထင်းဟွမ်သည် ဓားကိုကိုင်ကာ အကျဉ်းထောင်တံခါးကို ခပ်နက်နက် ထိုးလိုက်သည်။ ပေထင်းဟွမ်၏ဓားချက်အောက်တွင် ပိတ်ဆီးနေသော အကျဉ်းထောင်တံခါးသည် တို့ဟူးတစ်တုံးလိုပင်။ သူမသည် ညင်သာစွာ တြိဂံပုံ ခွဲလိုက်ရာ ဓားတို၏အလင်းနှင့်အတူ တြိဂံပုံစံအပိုင်းအစ သံမဏိသည် တံခါးမှ ကျလာသည်။ ထိုနေရာသည် အပေါက်ဖြစ်သွားလေ၏။

“အဲလောက်တောင်ရိုးရှင်းတာလား” ပေထင်းဟွမ်သည် လက်စွမ်းပြနေ သလို မုချင်းလင်ခံစားရသည်။ သူမဖြတ်ထုတ်လိုက်သော တြိဂံပုံသံမဏိတုံး သည် တစ်လက်မအထူရှိသည်။ သို့သော် ထေင်းဟွမ်၏အေးဆေးသော အသွင်အပြင်သည် တို့ဟူးတစ်တုံးကိုဖြတ်တောက်သလိုထင်ရစေသည်။

“နွယ်ပင်လေး ထွက်လာခဲ့”

ပေထင်းဟွမ်၏ နူးညံ့သောအော်သံနောက်တွင် သူမ၏နေရာပွင့်သွားပြီး အမွေးလုံးလေးထွက်လာသည်။ နွယ်ပင်လေး အဆင့်တက်ပြီးနောက် ၎င်း၏ အမွေးလုံးလေးသည် လူကြီးလက်သီးဆုပ်အရွယ်အစားရှိပြီဖြစ်၏။ သို့သော် မမြင်နိုင်သည့်ဖွဲ့စည်းပုံကို ဝိညာဉ်စွမ်းအင်ပင် မနိုင်ပေ။ ပုလဲနှင့်တသော မျက်လုံးအိမ်သည် လူသားတစ်ယောက်သဖွယ် ပေကလပ်ပေကလပ်လုပ်လေ သည်။ ၎င်းသည်ထွက်လာပြီးနောက် ပေထင်းဟွမ်၏လက်ဖဝါးပေါ်သို့လှိမ့်နေ ကာ ကျောက်စိမ်းနှင့်တသေနားရွက်နှစ်ဖက်ကိုဆန့်ထုတ်ပြီး နှစ်ကြိမ်ခါလိုက် ကာ ချိုသာသောအသံနှင့်ပြောလေသည် “သခင် ငါ အပြင်ထွက်ပြီး အစောင့် တွေအကုန်လုံးကို မေ့အောင်လုပ်လိုက်ပြီ အဲတော့ သခင်ထွက်လို့ရပြီ”