အမှောင်လနှင့် မုန်တိုင်းထန်သောည
Vol. 48 Ch. 949
လသည် မှောင်မိုက်နေကာ လေပြင်းထန်နေသည်။ လူသတ်ပြီး မီးရှို့ရန် အကောင်းဆုံးအချိန်ဖြစ်သည်.
အဖြူလုံးလေး၏ သေးငယ်ပြီး သွက်လက်သောခန္ဓာကိုယ်သည် တြိဂံ အပေါက်ထဲမှထွက်သွားသည်။ သူမနှင့်ပေထင်းဟွမ်တို့သည် ဆက်သွယ်ထား သဖြင့် သူမမှတစ်ဆင့် ပေထင်းဟွမ်သည် အပြင်ဘက်ကိုမြင်ရလေသည်။
ထိုအရာလေးထွက်သွားသည်နှင့် ကင်းလှည့်နေသောစစ်သည်တစ်စုနှင့် သွားတိုးလေသည်။ ထို့နောက် အရောင်မဲ့အဆိပ်မြူခိုးထုတ်လိုက်ရာ ထိုစစ်သည်များသည် ထိုင်းမှိုင်းကုန်ကြသည်။ ထိုကောင်လေးသည် ဦးဆောင် ကာ အပြင်မှစစ်သည်များကိုရှင်းလင်းလိုက်သည်။ နေရာမှ တြိဂံအပေါက်ကို ဖြတ်ပြီး အဖြူရောင်ကြိုးအမျှင်ထွက်လာသည်။
ကျောက်စိမ်းလည်ဆွဲကဲ့သို့ အဖြူရောင်ကြိုးအတန်းလိုက်ဖြစ်နေသည်ကို ကြည့်ပြီး မုချင်းလင် မှင်တက်မိသည်။ သူမ၏မျက်လုံးများသည် ချစ်စရာ ကောင်းလွန်းပြီး သွားရည်များကျလုမတတ်ပင်။ ရှောင်ကျို့၏ အပင်သားရဲကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း ပြီးခဲ့သည့်တစ်ခေါက် သူမ အန္တရာယ်နေရာတွင်ရှိစဉ်က အလင်းသည်မှိန်ဝါးဝါးဖြစ်သဖြင့် ရှင်းလင်းစွာ မမြင်ခဲ့ရပေ။
အဖြူမွေးပွလုံးလေးကို ဤကဲ့သို့ အနီးကပ်ရှင်းလင်းစွာမြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဤမျှချစ်စရာကောင်းနေလိမ့်မည်ဟု သူမ တွေး မထားဖူးပေ။
“ရှောင်ကျို့.. ရှောင်ကျို့တို့က အရမ်းချစ်ဖို့ကောင်းတာပဲ” ထိုအလုံးလေး များသည် စကားများနှင့်တောင် ဖော်ပြမရနိုင်လောက်အောင် ချစ်စရာကောင်း နေသည်။ ကျောက်စိမ်းကဲ့သို့ကြည်လင်ကာ လက်သီးတစ်ဆုပ်စာအရွယ်အစား သာရှိပြီး ပုလဲနက်နှင့်တူသည့်မျက်လုံးများသည် မှိတ်တုပ်မှိတ်တုပ်နှင့် နားရွက် များခါနေတတ်သည်။ ထိုအမွေးပွလုံးလေးများနှင့် ထိတွေ့ပြီးနောက်တွင် မည်သည့်မိန်းကလေးကမှ တင်းခံနိုင်မည်မဟုတ်သည်ကို မုချင်းလင်ယုံကြည် သည်။
မုချင်းလင်သည် သူမရောက်နေသည့်နေရာကိုပင် မေ့လုနီးပါးဖြစ်သွား ကာ အဖြူရောင်အမွေးလုံးလေးကို ဆုပ်ကိုင်ရန် လက်ဆန့်ထုတ်လိုက်သည်။ အဖြူရောင်အမွေးလုံးသည် လေထဲသို့မြှောက်တက်သွားကာ သူမအား မျက်စိမှိတ်ပြပြီး လက်ချောင်းထိပ်နှင့်ထိချင်လာအောင် ဆွဲဆောင်နေသည်။ သူမ၏ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် နူးညံ့သည့်အမွေးများသည် ရင်ထဲထိကို ပါ နူးညံ့သွားစေသည်။ မုချင်းလင်၏နှလုံးသားသည် ရေပူစမ်းကဲ့သို့ စိုစွတ် သွားသည်။ သို့သော် အဖြူလုံးလေးသည် တုန်ခါသွားပြီး ယားကျိကျိခံစားရလေ သည်။ ငွေရောင်အလင်းတန်းမှ ခေါင်းလောင်းသံကဲ့သို့ ရယ်မောသံများ ပျံ့လွင့် လာသည်။
“ရှောင်ကျို့ ရှောင်ကျို့ ငါလည်း တစ်ကောင်လိုချင်တယ် ငါ့ကို တစ်ကောင်ပေး၊ လိမ္မာတဲ့ရှောင်ကျို့”
မုချင်းလင်သည် မျက်ရည်များထွက်လုမတတ်ပင် ပေထင်းဟွမ်အား ဖက်ပြီး နူးညံ့စွာတောင်းဆိုလေသည်။ သူမသည် ငယ်စဉ်ကတည်းကပင် ပေထင်းဟွမ်နှင့်အတူ ကြီးပြင်းခဲ့သည်။ ပေထင်းဟွမ်အား မည်သည့်အရာ ကြောင့်နှင့်မှမတောင်းဆိုဖူးပေ။ သည်တစ်ကြိမ်တွင် အဖြူရောင်အလုံလေးကို ကြည့်ပြီး မိန်းကလေး၏မာယာတွင်မျောသွားလေသည်။ သူမသည် ထိုမာယာ ကို ခံနိုင်ရည်မရှိပေ။
ပေထင်းဟွမ်သည် ခေါင်းကိုက်လာသဖြင့် နဖူးကိုပွတ်မိလေသည်။ သို့သော် သူမသည် မုချင်းလင်၏ခံစားချက်ကို ခံစားပေးနိုင်သည်။ ဝိညာဉ်ခွဲ ချောက်တွင်ရှိစဉ်က အဖြူမွေးလုံးလေးပေါ်လာသည်နှင့် ကြေးစားအဖွဲ့မှ မိန်းကလေးများသည် ရူးသွားမတတ်ဖြစ်ခဲ့သည်။
သူမသည် မွေးပွလုံးလေးများ၏ခေါင်းဆောင်ဖြစ်ခဲ့သည်။ အဖြူရောင် မွေးပွလုံးလေးများသည် သူမ၏သားရဲများဖြစ်သဖြင့် သူမ ဘာမှမပြောခဲ့ပေ။
ထိုအချိန် အပြင်ဘက်တွင် အဖြူရောင်မွေးပွလုံးလေးသည် ထောင်ထဲမှ အကျဉ်းသားများအားလုံးကို မေ့လဲအောင်လုပ်သွားပြီဖြစ်၏။ ပေထင်ဟွမ်သည် ရွေးချယ်စရာမရှိတော့ဘဲ ချက်ချင်းပင် အပြင်သို့ထွက်လိုက်သည်။ သို့သော် နွယ်ပင်လေးနှင့် ဝိညာဉ်အသိစိတ်ပင်လယ်ထဲတွင် ဆွေးနွေးကြလေသည်။ “နွယ်ပင်လေး စီစဉ်တာဘယ်လိုလဲ”
နွယ်ပင်လေးသည် ပေထင်းဟွမ်၏နေရာထဲတွင်ရှိနေသည်။ ပေထင်းဟွမ် သာ နေရာကိုမပိတ်သရွေ့ အထဲမှသားရဲများသည် အပြင်ဘက်မှအဖြစ်အပျက် များကို ရှင်းလင်းစွာမြင်နိုင်လေသည်။ ပေထင်းဟွမ်မေးသည့်အရာကို သေချာပေါက် နွယ်ပင်လေးသိသည်။
“သခင် အဲဒီအမွေးပွလုံးလေးတွေက ငါ့အစေ့တွေပဲ ဒါပေမဲ့ သူတို့ကို ငါ့အတွက်သုံးဖို့ကလွဲရင် အမြစ်ကနေနှုတ်လို့မရဘူး၊ မိန်းကလေးမုက မွေးပွလုံး လေးတွေကိုလိုချင်ရင် ဘယ်သူမှလုပ်မရတာလည်းဖြစ်နိုင်တယ်၊ သခင်မလေး မုကို သူမနဲ့စာချုပ်တည်ထောင်ခိုင်းလိုက်ပါ” နွယ်ပင်လေးသည် တအံ့တဩနှင့် ပြောလေသည်။ မိန်းကလေးမုကဲ့သို့ တည်ငြိမ်တတ်သူသည် မွေးပွလုံးလေးကို မြင်ပြီးသည့်နောက်တွင် ကလေးတစ်ယောက်ကဲ့သို့ ဆော့ကစားတတ်လိမ့်မည် ဟု ထင်မထားခဲ့ပေ။