Chapters

လိုချင်တယ်

Vol. 48 Ch. 950

လိုချင်တယ်

Vol. 48 Ch. 950

နွယ်ပင်လေးသည် အပင်သားရဲဖြစ်သဖြင့် အပင်အရည်အချင်းမှ မလွတ် မြောက်နိုင်ပေ။ အပင်များသည် ဒွိလိင်ဖြစ်ကာ ပျားနှင့်လေများမှဝတ်မှုန်ကူးပြီး အသီးသီးနိုင်ခြင်းဖြစ်သည်။ အဖြူရောင်မွေးပွလုံးလေးသည် နွယ်ပင်လေး၏ အသီးများပင်ဖြစ်သည်။ တိရစ္ဆာန်သားရဲများ သားပေါက်ပြီး မိခင်နောက်သို့ လိုက်သလို ရပ်တည်နိုင်ပြီး လူသားသားရဲဖြစ်သွားသည်နှင့်တူသည်။

ထိုသို့ဆိုလျှင် ကိုင်တွယ်ရန် လွယ်ကူသည်။ မည်သည့်မွေးပွလုံးလေးကို မုချင်းလင်နှင့် စာချုပ်တည်ထောင်စေချင်သည်ဆိုသည်ကို ပေထင်းဟွမ် နွယ်ပင်လေးကိုမေးပြီး ပြန်လွှတ်လိုက်သည်။

ထိုမွေးပွလုံးလေးကိစ္စကို နွယ်ပင်လေးနှင့် မည်သို့ဆွေးနွေးလိုက်သည်ကို မသိပေ။ ခဏအကြာတွင် အဖြူရောင်မွေးပွလုံးလေးသည် အနောက်မှပြန်လာ ပြီး ပေထင်းဟွမ်နှင့်မုချင်းလင်ရှေ့တွင် ရပ်ပြီး ပုလဲနက်ကဲ့သို့မျက်လုံးများနှင့် မုချင်းလင်အားအထက်အောက် ကြည့်ပြီးမေးလေသည် “ဘာလို့ ငါတို့ကို လိုချင်တာလဲ”

မွေးပွလုံးလေး၏ လုံးဝန်းသောမျက်လုံးများသည် အစက်နှစ်စက်ကဲ့သို့ ဖြစ်နေပြီး နားရွက်နှစ်ခုလှုပ်ယမ်းနေသည်မှာ နှင်းရုပ်လေးနှင့်တူပြီး အလွန်ပင် ဆွဲဆောင်မှုရှိလေသည်။

ဆန့်ကျင်ဘက်အနေနှင့် မုချင်းလင်သည် အနည်းငယ်စိတ်လှုပ်ရှားကာ စကတ်ကို လက်နှင့်ညှစ်ပြီး တံတွေးမျိုချမိလေသည် “ငါ မင်းကိုအရမ်း သဘော ကျတာလေ၊ ပြီးတော့ ငါမင်းတို့ကို လိုချင်တာမဟုတ်ဘူး တစ်ကောင်လေးပဲ တစ်ကောင်ပဲ”

မုချင်းလင်သည် လက်ညှိုးမြှောက်ပြီးပြောလေသည်။ သို့သော် မွေးပွလုံး လေးသည် တခစ်ခစ်ရယ်မောကာ မုချင်းလင်အား ဝိုင်းပတ်လေသည် “ငါလည်း မင်းကိုအရမ်းသဘောကျတယ်၊ ငါတို့က စိတ်ထားကောင်းတဲ့မိန်ကလေးတွေ ကို ကြိုုက်တယ်၊ ငါ မင်းရဲ့စာချုပ်သားရဲဖြစ်ချင်တယ်”

“တကယ်လား တကယ်လား” မုချင်းလင်သည် ထခုန်မတတ်ပျော်ရွှင်မိ လေသည်။

“ဒါပေမဲ့ ငါတို့က နတ်သားရဲရဲ့အသီးတွေလေ၊ ငါမင်းရဲ့စာချုပ်သားရဲဖြစ် ရင်တောင် ဝိညာဉ်သားရဲပဲဖြစ်နိုင်မှာ အဲတော့ မွေးပွလုံးမဟုတ်တော့ဘဲ နွယ်ပင်ဖြစ်သွားမှာ၊ ဒါပေမဲ့ ငါ သန့်စင်တဲ့သားရဲဖြစ်သွားရင် မွေးပွလုံးလေးတွေ ထုတ်နိုင်မှာ” ထိုအချိန်တွင် မွေးပွလုံးလေးမှ မုချင်းလင်အား စိတ်လှုပ်ရှားစွာ ကြည့်ရမည့်အလှည့်ဖြစ်သည်။

အပင်ဖြစ်စေ တိရစ္ဆာန်ဖြစ်စေ မရှောင်လွှဲနိုင်သောကံကြမ္မာမှာ ရှင်သန်ရန် နှင့် မျိုးပွားရန်ဖြစ်သည်။

မွေးပွလုံးလေးသာ မုချင်းလင်၏သားရဲဖြစ်နေသရွေ့ နွယ်ပင်လေးကဲ့သို့ နွယ်ပင်ဖြစ်နိုင်ပြီး မွေးပွလုံလေးများကို သူ့ဘာသာထုတ်နိုင်မည်ဖြစ်သည်။

မွေးပွလုံးလေးမှ မုချင်းလင်နှင့် စာချုပ်တည်ထောင်ချင်သည့် အကြောင်းအရင်းများတွင် ထိုအကြောင်းလည်းပါဝင်သည်။

“ငါ.. ငါ မကြိုက်ဘူး” မွေးပွလုံးလေးနောင်တရသွားမည်ကို ကြောက် သဖြင့် မုချင်းလင်သည် အလျင်အမြန်ပင်ခေါင်းခါလေသည်။

မုချင်းလင်သည် လက်ဆန့်ထုတ်ကာ စိတ်မရှည်စွာနှင့် လက်ဖဝါးထဲသို့ မွေးပွလုံးကိုထည့်လိုက်ရာ ရေစီးဆင်းသွားသကဲ့သို့ မုချင်းလင်၏စိတ်မှာ နူးညံ့ လာသည်။ သူမသည် မွေးပွလုံးလေးကို ကိုင်ပြီး မျက်နှာနှင့်ကပ်ကာ ပွတ်သပ် လေသည်။ မွေးပွလုံးလေးသည် မျက်လုံးများကို လိုက်မှီပြီး ကျောက်စိမ်းနှင့်တူ သည့်နားရွက်နှစ်ခုကို လှုပ်ခါပြီး မုချင်းလင်၏မျက်နှာပေါ်တွင် အလိုက်သင့် လေး လှုပ်ယမ်းလေသည်။ ပေထင်းဟွမ်ပင်လျှင် ရင်ထဲထိမိလေသည်။

ခဏကြာပြီးနောက် မုချင်းလင်သည် မွေးပွလုံးလေးကို ပေထင်းဟွမ်ဆီသို့ တွန့်ဆုတ်စွာနှင့် ပြန်ထည့်ပေးလိုက်သည်။ ပေထင်းဟွမ်သည် မွေးပွလုံးလေး ကို လက်နှစ်ဖက်နှင့်အုပ်ပြီး သူမ၏လက်ရှိခွန်အားကို ခံစားလိုက်သည်။ ထို့နောက် ၎င်းသည် ဝိညာဉ်သားရဲအဆင့်သာရှိသေးသည်ဟု ပြောလေသည်။ ပေထင်းဟွမ်သည် ခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ရွေ့လျား ကာ ကမ္ဘာဦးခွန်အားသည် ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့်ရောသွားကာ ဝိညာဉ်စွမ်းအစားကို ရစ်ပတ်ကာ မွေးပွလုံးလေး၏အသိစိတ်ပင်လယ်ထဲသို့ ထည့်လိုက်သည်။

ပေထင်းဟွမ်ဆီမှစွမ်းအားရပြီးနောက် သူမ၏ခွန်အားသည် သန့်စင်သော သားရဲအဖြစ် အဆင့်တက်သွားလိမ့််မည်ဟု မွေးပွလုံးလေးထင်မထားပေ။ မုချင်းလင်နှင့် စာချုပ်တည်ထောင်ပြီးနောက် သူမသည် မုချင်းလင်၏ အသိစိတ် ပင်လယ်ထဲတွင်အော်လေသည် “သခင် သခင် ငါက သန့်စင်တဲ့သးရဲဖြစ်သွားပြီ ငါ မွေးပွလုံး ၃၆ လုံးထုတ်နိုင်သွားပြီ”