← Chapters

မင်းသားချူဖုန်း၏လူများ

Vol. 48 Ch. 952

မင်းသားချူဖုန်း၏လူများ

Vol. 48 Ch. 952

“မင်းသားချူဖုန်းရဲ့ ဝမ်းကွဲလား” သူတို့ထဲတွင် အားအကောင်းဆုံး ဓား ၅ လက် ဓားသမားသည် အတန်ကြာအောင်မှင်တက်ပြီးနောက် ရယ်မောလေ သည်။ ဒူးထောက်ပြီးနောက် “ဧကရာဇ်ဟောင်း ကျွန်တော်တို့ငွေလရောင်ကို လုံးဝဖျက်ဆီးလို့မရပါဘူး မင်းသားချူဖုန်းကအသက်ရှင်နေသေးတယ်၊ အရှင် ကြားရဲ့လား၊ မင်းသားချူဖုန်းကအသက်ရှင်သေးတယ် ကျွန်တော်တို့ ငွေလ ရောင်ကို ဘယ်တော့မှဖျက်ဆီးလို့မရဘူး”

“ဝူး...”

ထိုအချိန်တွင် တခြားသူများသည် ဓား ၅ လက်ဝိညာဉ်သခင်ဂိုဏ်း၏ အော်သံကိုကြားသောအခါ အားလုံးသည်ဒူးထောက်ပြီး မြေပေါ်တွင်ဝပ်ကာ ငွေလရောင်အင်ပါယာ၏ ဧကရာဇ်ဟောင်းကို ဂါရဝပြုသည့်အလား ပြုမူကြ လေသည်။ ထိုအချိန်တွင် ဝိညာဉ်သည် သူတို့၏ဦးခေါင်းပေါ်မှ ကြည့်ကြလေ သည်။

“ဟုတ်ပြီ ကျွန်တော့်နာမည်က ပေထင်းဟွမ်ပါ၊ မြန်မြန်ထကြ အရင်က အကြောင်းတွေကို ပြန်တမ်းတနေရမယ့်အချိန်မဟုတ်ဘူး မကြာခင် ငွေလရောင်အင်ပါယာရဲ့ သန့်စင်တဲ့သားရဲတပ်ရောက်လာတော့မယ် အဲလူတွေ ရောက်မလာခင် အမြန်သွားရမယ်” ပေထင်းဟွမ် တိုက်တွန်းလေသည်။

“ဟုတ်တယ် သခင်ကြီးပေထင်းဟွမ် မင်းက ပေထင်းမိသားစုကမလား၊ ဧကရီယွဲ့မင်ချင်နဲ့ ပေထင်းမိသားစုက သခင်ယွဲ့မင်ယင်းတို့က ညီအစ်မတွေပဲ၊ မင်းက သခင်ယွဲ့မင်ယင်းရဲ့သားလား” မြေပေါ်မှထပြီး မျက်ရည်များကိုသုတ် ကာ ပေထင်းဟွမ်အား လေးစားသည့်ပုံစံနှင့်ပြောလေသည်။

“ဟုတ်တယ် ခင်ဗျားနာမည်ကဘယ်သူလဲမသိဘူး” ထိုလူသည် အကျဉ်း တိုက်ထဲတွင် ၁၄ နှစ်ကြာအောင် နေခဲ့ရသည်ကို ပေထင်းဟွမ်မြင်နေရသည်။ သူသည် အဆင့်အတန်းမြင့်သောအသွင်အပြင်ရှိသေးသည်။ ထို့ကြောင့် သူသည် ငွေလရောင်အင်ပါယာမှ အဆင့်အတန်းမျိုးရိုးမြင့်တစ်ယောက်သာဖြစ် ရမည်။

လုံလောက်စွာပင် ထိုလူ၏မျက်လုံးထဲတွင် ထိုင်းမှိုင်းသည့်အကြည့်ရှိနေ သည်။ သူ စကားမပြောခင်တွင် သူ့ဘေးမှလူပြောလေသည် “သခင်ကြီး ပေထင်းဟွမ် ဒါက ငွေလရောင်အင်ပါယာရဲ့ အရင်ဂိုဏ်းထောက်သခင်လဲ့နီပါ၊ မင်းသားချူဖုန်းကို ထောက်ခံတဲ့ ဝန်ကြီးလေးယောက်ထဲကတစ်ယောက်ပေါ့၊ ဝန်ကြီးလေးယောက်ထဲမှာ သခင်ကြီးလဲ့နီပဲအသက်ရှင်ကျန်ခဲ့တယ်”

လူအုပ်ထဲတွင် သက်ပြင်းချသံတစ်ခုပေါ်ထွက်လာသည်။ အားလုံး၏ မျက်လုံးများသည် ပေထင်းဟွမ်အပေါ်ကျရောက်လာသည်။ ဤလူငယ်သည် ငွေရောင်မျက်နှာဖုံးကိုဝတ်ဆင်ထားသည်။ သူမ၏မျက်နှာကိုရှင်းလင်းစွာ မမြင်ရသော်လည်း ခပ်ဝါးဝါးမြင်နေရတုန်းပင်။ သူမသည် ကြယ်များကဲ့သို့ လင်းလက်နေ မျက်လုံးများဖြင့် ခေါင်းညိတ်လေသည်။ ပေထင်းဟွမ်၏အသံ သည် အခန်းကိုထိုးဖောက်ပြီးထွက်လာသည် “ငွေလရောင်အတွက် သေသွား တဲ့သူတွေရဲ့အသက်က အလဟဿမဖြစ်စေရဘူး၊ ဒီနေ့ ကျွန်တော်တို့ လက်စားချေရမယ့်နေ့ရောက်လာပြီ၊ မကြာခင် မင်းသားချူဖုန်းက သူ့အဖွဲ့ကို ဦးဆောင်ပြီးလာလိမ့်မယ်၊ သူက ၁၄ နှစ်ကြာအောင်စောင့်လာခဲ့တာ၊ ၁၄ နှစ် အတွင်းမှာ ဒီနေ့ညပြီးရင် ငွေလက ထပ်ပြီးထိုးတက်လာလိမ့်မယ်၊ ပျောက်ဆုံး သွားတဲ့ပုလ္လင်က ကျွန်တော်တို့အပိုင်ဖြစ်လာတော့မှာ၊ အခု ကျွန်တော့်နောက် လိုက်ခဲ့ကြတော့ အကြွေးတင်နေတဲ့သူတွေကို အသက်နဲ့ပြန်ပေးဆပ်ခိုင်းလိုက် ရအောင်”

“ကောင်းတယ်”

လဲ့နီ၏အသံသည် ခေါင်းလောင်းသဖွယ်ဖြစ်နေပြီး တက်ကြွမှုသည် သက်တန့်တစ်ခုလိုပင်။ သူသည် ပေထင်းဟွမ်နောက်လိုက်ပြီး ပြေးထွက်လေ သည်။

ထောင်တစ်ခုလုံးသည် အချိန်နှင့်နေရာကို မေ့သွားသည့်အလား တိတ်ဆိတ်သွားလေသည်။ မွေးပွလုံး ၁၀၇ လုံးမှတစ်ဆင့် ပေထင်းဟွမ်သည် အထဲမှအခြေအနေကို သူမ၏လက်ဖဝါးအလား ရှင်းလင်းစွာသိပြီးဖြစ်လေ၏။ အထဲတွင် ထိုလူအယောက် ၂၀ အပြင် မရှိတော့ပေ။

တံခါးများအားလုံးဆိသို့ ပြေးကြည့်ရာ မြေပြင်သို့သွားသည့်တံခါးကို တင်းကြပ်စွာပိတ်ထားသည်ကိုမြင်လိုက်ရသည်။ နဂိုက မမြင်ရသော မွေးပွလုံး လေးသည် ထိုအချိန်တွင် ရုတ်တရက်ထွက်ပေါ်လာရာ သတိလွတ်သွားသဖြင့် လဲ့နီနှင့်တခြားသူများသည် ကြောက်လန့်တကြားနောက်ဆုတ်မိကြလေသည်။

“မကြောက်ပါနဲ့ အဲဒါကျွန်တော့်သားရဲပါ”

လူငယ်ပေထင်းဟွမ်၏အသံပေါ်ထါက်လာသည်။ မွေးပွလုံးလေးသည် သူမ၏ခန္ဓာကိုယ်ဆီသို့ ပျံသွားပြီး အဖြူရောင်အလင်းတန်းလက်သွားကာ ထပ်မံပျောက်ကွယ်သွားပြန်သည်။

လက်နက်လား ဒါဘယ်လိုလက်နက်လဲ။

အပင်သားရဲများသည် ပင်မတိုက်ကြီးတွင် တွေ့နေကျမျိုးမဟုတ်ဘဲ သူတို့၏ခွန်အားသည် တိရစ္ဆာန်သားရဲများ၏ တိုက်ခိုက်မှုထက်ပင် အားနည်း နေသေးသည်။ လူသားကုသသူများသည် ဝိညာဉ်စွမ်းအားအကန့်အသတ်ရှိပြီး တိရစ္ဆာန်သားရဲအပြင် အပင်သားရဲကို မည်သူမှမပေးနိုင်ကြပေ။ ထို့ကြောင့် အဖြူရောင်မွေးပွလုံးလေးသည် ပေထင်းဟွမ်၏မှော်ားရဲဖြစ်သည်ဟု ကြား သည်နှင့် ထိုဝိညာဉ်သခင်ကြီးများသည် မြေပေါ်သို့တစ်ယောက်ပြီးတစ် ယောက်ကျကာ အားလုံးသည် ပေထင်းဟွမ်အား ချစ်ခင်သော်လည်း အနည်း ငယ်ကြောက်ရွံ့သည့်အကြည့်နှင့်ကြည့်ကြလေသည်။

All Chapters