Chapters

ဒီနှစ်ကဘယ်နှစ်လဲ

Vol. 48 Ch. 953

ဒီနှစ်ကဘယ်နှစ်လဲ

Vol. 48 Ch. 953

ပေထင်းဟွမ်၏မွေးပွလုံးလေးကြောင့် အဆိပ်သင့်ပြီး ဝိညာဉ်သခင်ကြီး များ မြေပေါ်လဲနေခြင်း ဟုတ်မဟုတ်ကို လဲ့နီနှင့်တခြားသူများ မမေးကြပေ။ တကယ်တော့ ဤကဲ့သို့မဟုတ်မဟပ်များကို မေးရန်ပင်မလိုတော့ပေ။ သို့သော် ထိုချစ်စရာကောင်းသည့် အမွေးပွလုံးများသည် လူသားဝိညာဉ်သခင်များကိုပင် မေ့အောင်လုပ်နိုင်သည်မျာ ၎င်းတို့၏ခွန်အားသည် မည်သို့ရှိသနည်း။

တစ်စုံတစ်ယောက်သည် မေးချင်သော်လည်း တံတွေးမျိုချလိုက်ရသည်။ ၎င်းတွင် မည်သည့်ခွန်အားပင်ရှိစေကာမူ ခြုံပြောရလျှင် ၎င်းသည် ထိုလူသား များမျှော်ကြည့်ရမည့်အရာပင်။

“သွားကြမယ် အားလုံး”

ပေထင်းဟွမ်သည် မုချင်းလင်ကို လက်ပြန်ဆွဲအနောက်သို့ပို့ကာ ဆက်၍ နောက်ဆုတ်သည်။ ပေထင်းဟွမ် တံခါးကိုဖောက်ခွဲတော့မည်ကို လဲ့နီနှင့် တခြားသူများသိကြသည်။ ထို့ကြောင့် အတူလိုက်ဆုတ်ကြသည်။

အခန်းတစ်ခန်းစီ၏တံခါးသည် ဤအကျဉ်းတိုက်တံခါးမျှမာကြောကာ ဤတံခါးသည် အထဲမှပင်မဖွင့်နိုင်ပေ။ အကျဉ်းထောင်တံခါးကိုဖွင့်ရသည့် တာဝန်မှာ အင်ပါယာမြို့တော်ကို စောင့်ကြပ်သည့် စစ်သူကြီး၏တာဝန်ဖြစ်ကာ လက်ရှိတွင် ချန်ထင်း၏လက်ထဲတွင်ရှိသည်။

ပေထင်းဟွမ်သည် ထိုအကြောင်းကိုမသိပေ။ သို့သော် အကျဉ်းစောင့်များ ၏ အိတ်တစ်အိတ်ချင်းစီကို လိုက်ရှာရမည်ကိုပျင်းရိသဖြင့် ဤအကျဉ်းထောင် ၏တံခါးကို တိုက်ရိုက်ဖွင့်ရန် ရွေးချယ်လိုက်သည်။

ပေထင်းဟွမ်သည် အခန်းတိုင်း၏တံခါးကိုဖွင့်နိုင်သည်ကို လဲ့နီနှင့်တခြား သူများ မြင်ထားသဖြင့် သူမ၏လက်ထဲတွင် မှော်လက်နက်တစ်ခုရှိသည်ဟု ထင်ကြသည်။ ထို့ကြောင့် သူမလက်ထဲမှ မှော်လက်နက်ကို ကြည့်ချင်ကြ သည်။

ထိုအချိန်တွင် ထောင်အပြင်ဘက်ရှိ ကောင်းကင်တွင် ပြည့်တော့မည့်လ ပေါ်ထွက်နေသည်။ ထိုအချိန်တွင် မြို့အပြင်တောထဲမှ တစ်စုံတစ်ရာထွက်ပေါ် လာပြီး ငွေလမြို့ဆီသို့ တိုက်ခိုက်ရန်စောင့်ဆိုင်းသူရှိနေသည်။

အကျဉ်းထောင်ထဲတွင် ပေထင်းဟွမ်သည် လက်ထဲတွင် မိုးပြာရောင် စွမ်းအားရစ်ပတ်သည့် ငွေရောင်ဓားပျော့ကိုင်ထားပြီး အကျဉ်းထောင်တံခါးကို တည့်တည့်ချိန်ရွယ်ထားသည်။ ဤကဲ့သို့ ပြင်းထန်သောနည်းလမ်းနှင့် အကျဉ်း ထောင်ဖောက်သည်မှာ သူမတစ်ယောက်သာရှိလိမ့်မည်။ သို့သော် သည်တစ် ကြိမ်တွင် သူမနောက်သို့ အားကောင်းသောဝိညာဉ်သခင် အယောက် ၂၀ လိုက် လာခဲ့သည်။ ငွေလရောင်အင်ပါယာ၏ အင်ပါယာမြို့တော်၏ရှေ့တွင်ပေါ်လာ ရန် ၎င်းသည် သူမအတွက်လိုအပ်သည်။

မိုးပြာရောင်စွမ်းအင်ပေါ်လာသည်နှင့် လဲ့နီတို့သည် မျက်လုံးကို အသည်းအသန်ပွတ်ကြည့်ကြသည်။ နှစ်ပေါင်းများစွာအကျဉ်းခန်းထဲတွင် နေလာခဲ့ပြီးနောက် သူတို့၏မျက်လုံးများ တစ်စုံတစ်ရာမှားယွင်းနေသလားဟု အထင်မှားကြသည်။ သူတို့ ဤလူငယ်တွင် မည်သည့်အရာကိုမြင်လိုက်ရ သနည်း။ မိုးပြာရောင်စွမ်းအင်သည် ကောင်းကင်အဆင့်အတွက် ထူးခြားသည့် သင်္ကေတမဟုတ်ပါလား။

ထိုအရာကိုကြည့်ပြီး လဲ့နီသည် သူ၏အကြောထဲမှချီဝိညာဉ်ကိုရွေ့လျား ပြီးလက်ကို ရစ်ပတ်လိုက်သည်။ ဟုတ်သည် သူ့လက်ထဲမှစွမ်းအင်သည် တူညီ သော မိုးပြာရောင်ဖြစ်သည်။

“ဘုရားရေ သခင်ကြီးပေထင်းဟွမ် ဒါကဝိညာဉ်ဂိုဏ်မလား”

“သခင်ကြီးပေထင်းဟွမ်က သခင်ကြီးပေထင်းကျင်ထက်ငယ်တယ် မလား၊ ဒီနှစ်က ဘယ်နှစ်လဲ၊ ၁၄ နှစ်လား ၂၄ နှစ်လား”

“မဟုတ်ဘူး ၂၄ နှစ်ဆိုရင်တောင် ဒီလိုမျိုး ဝိညာဉ်ဂိုဏ်းကိုမမြင်ဖူးဘူး”

ပေထင်းဟွမ်သည် ထိုလူများ၏အံ့အားသင့်မှုကို နားထောင်လိုစိတ်မရှိ သေးပေ။ စွမ်းအင်ဖြင့်ဓားပျော့ကိုရစ်ပတ်ကာ သူမသည် ရုတ်တရက် မြင့်မြင့် မြှောက်ကာ ဓားပျော့ကို လှံကဲ့သို့ဝေ့ယမ်းပြီး အကျဉ်းထောင်တံခါးဆီသို့ ရိုက်ချ လေသည်။

အားပါပါခုတ်ချလိုက်သဖြင့် သံသယမရှိလောက်အောင်ပင် ကမ္ဘာပေါ်၌ ခိုင်မာသည့်အကျဉ်းထောင်တံခါးသည် ပေထင်းဟွမ်၏ စွမ်းအင်အောက်တွင် အပိုင်းအစဖြစ်သွားလေသည်။ ပြင်းထန်သောတုန်ခါမှုသည် မြို့စောင့် စစ်သည် များကို သတိပေးလိုက်ရာ လျင်မြန်စွာပင် ထိုဘက်သို့ စုစည်းလာသည်။ ထို အချိန်တွင် ကမ္ဘာမြေကြီးနှင့်တောင်များလှုပ်ခါသည့်အသံသည် မြေပေါ်မှတက် လာပြီး စစ်သည်တို့၏ နားစည်ပင်ကွဲသွားမတတ် လှုပ်ခါကာ မီးတောက်များ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် သံမဏိဖြင့်လုပ်ထားသည့်တံခါး သည် မြေပေါ်မှလွင့်ထွက်သွားကာ စစ်သည်တစ်စုသည် အမြန်ပြေးလာသည်။

“ထောင်ဖောက်တာပဲ”

အော်သံများသည် ညကောင်းကင်ကို ထိုးဖောက်ကာ အင်ပါယာတစ်မြို့ လုံးကို ပဲ့တင်ထပ်သွားပြီး မရေမတွက်နိုင်သောပုံရိပ်များသည် အဘက်ဘက်မှ ရောက်လာကြသည်။