Chapters

ဖျက်ဆီးခြင်း

Vol. 48 Ch. 954

ဖျက်ဆီးခြင်း

Vol. 48 Ch. 954

ပေထင်းဟွမ်သည် ဦးဆောင်ပြီး မုချင်းလင်ကို လက်ဆွဲကာ ထွက်လာခဲ့ သည်။ တစ်ချိန်တည်းမှာပင် အဖြူရောင်အလင်းတန်းသည် သူမ၏ပတ်ပတ် လည်တွင် လက်သွားပြီး အမွေးပွလုံး ၁၀၇ လုံးသည် သူမ၏ခန္ဓာကိုယ်ပေါ်မှ ပျံထွက်လာလေသည်။

ထိုအရာကိုကြည့်ပြီး မုချင်းလင်သည်လည်း တူညီစွာပင် သူမ၏ မျက်လုံး မည်းမည်းနှင့် အဖြူရောင်မွေးပွလုံးလေးကိုထုတ်လိုက်သည်။ သူမသည် ရှောင်ကျို့ကို ကူညီပြီး လူမသတ်နိုင်လျှင်တောင် အနည်းဆုံးတော့ ရှောင်ကျို့ ၏ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရပေ။

ပေထင်းဟွမ်သည် မြေအောက်အကျဉ်းတိုက်မှ မြေပေါ်သို့တက်ချိန်တွင် စိတ်စွမ်းအင်တစ်ခုသည် သူမကို ပိတ်ထားသည်ကို ခံစားလိုက်ရသည်။ မော့ ကြည့်လိုက်ရာ အကျဉ်းတိုက်ဝင်ပေါက်တွင် လူတစ်စုဝန်းရံနေလေသည်။

ရှေ့ဆုံးတွင်ရပ်နေသည်မှာ ငွေလရောင်အင်ပါယာရှိ အားအကောင်းဆုံး ကာကွယ်ရေးစစ်သူကြီးတစ်ဖြစ်လဲ မင်းသမီးချန်လဲ့နှင့် စစ်သူကြီးချန်ထင်းတို့ ၏ ဖခင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုလူသည် ပေထင်းဟွမ်အား နက်မှောင်ပြီး သားရဲတစ်ကောင်၏မျက်လုံးများနှင့်ကြည့်ကာ အံကြိတ်ပြီး ပြောလေသည် “ပေထင်းဟွမ် တကယ်ကို မင်းပဲ မင်းမလွတ်နိုင်ပါဘူး”

စကားလုံးများသည် ပေထင်းဟွမ်အား အပိုင်းပိုင်းဝါးစားမတတ် သွားကြားထဲမှထွက်လာသည်။

ပေထင်းဟွမ်သည် ယခုလိုထွက်ပြေးရန် မရည်ရွယ်ထားပေ။ မဟုတ်လျှင် သူမ ဤနေရတွင် မည်သို့လုပ်နိုင်မည်နည်း။ နတ်မိစ္ဆာသားရဲတောရှိရာဘက်သို့ တစ်ချက်ကြည့်ကာ ပေထင်းဟွမ်သည် လက်ခါလိုက်ကာ မုချင်းလင်အား လက်တစ်ဖက်ဖြင့် ပွေ့ဖက်ပြီးလေထဲသို့ တဖြည်းဖြည်းမြင့်တက်လေသည် “မင်းက ဘယ်သူလဲ ပေထင်းဟွမ်ရဲ့နာမည်က မင်း ခေါ်ချင်သလိုခေါ်လို့ရမယ့် နာမည်လား၊ သခင်လေး ကျုပ်က ဇာမဏီမြို့ရဲ့မြို့စားပဲ မင်းကဘယ်သူမို့လို့လဲ”

မောက်မာလိုက်တာ

အားလုံးသည် သူတို့စိတ်ထဲမှ တိတ်တိတ်လေး ကျိန်ဆဲမိကြသည်။ ပေထင်းဟွမ်သည် သောင်းကျန်းလါန်းသည်။ လုံလောက်စွာပင် ကျော်ကြား သည်မှာ လူကိုယ်တိုင်တွေ့ရသည်လောက်မကောင်းပေ။ လူကိုယ်တိုင်တွေ့ရ သည်မှာ ကျော်ကြားခြင်းလောက်မကောင်းပေ။ ၎င်းသည် ထကြွသည်မဟုတ် ဘဲ သောင်းကျန်းခြင်းပင်။ သို့သော် သူ့အကြည့်သည် ပေထင်းဟွမ်အနောက်မှ ပြေးထွက်လာသည့်လူများဆီသို့အရောက်တွင် သူတို့၏စိတ်တိုသွားကြလေ သည်။

ပေထင်းဟွမ်က ဒီလူတွေအကုန်လုံးကို တကယ်ပဲလွှတ်ပေးလိုက်တာ လား။

“သေစမ်း” ကာကွယ်ရေးစစ်သကြီးသည် ဤအခိုက်အတန့်တွင် ပေထင်းဟွမ်နှင့် စကားများရမည်ကို ဂရုမစိုက်နိုင်တော့ပေ။ သူ့မျက်နှာသည် ညသန်းခေါင်ကောင်းကင်ကဲ့သို့ မည်းနက်နေသည် “သူတို့ကို ငါ့အတွက် ဖျက်ဆီးပေးကြ”

“အဲလိုလား” မြေပေါ်တါင် လတစ်ယောက်သည် ငွေလရောင်လူများနှင့် တန်းတူအနေအထားရောက်သည်အထိ တဖြည်းဖြည်းမြင့်တက်လာသည်။ သူ၏လင်းယုန်မျက်လုံးများသည် ဘေးဘီသို့တဖြည်းဖြည်း အကဲခတ်ရာ ငွေ လရောင်မှလူများ၏ မျက်လုံးများကိုမြင်သောအခါ ထိုလူသည် ရယ်မောလေ သည် “ယွင်ဟိုင် နှစ်တွေဒီလောက်ကြာပြီးတာတောင် ငွေလရောင်အင်ပါယာရဲ့ ခွန်အားက ဒီလောက်ပဲလား”

တိုင်းပြည်ကို ကာကွယ်သည့် စစ်သူကြီးယွင်ဟိုင်သည် ထိတ်လန့်သွား သည်။ ထင်ရှားစွာပင် သူသည် ထိုအနံ့ထွက်ပြီးဖိုသီဖတ်သီဖြစ်နေသည့်လူကို မမှတ်မိပေ။ သို့သော် သူ နောက်သို့ရုတ်တရက် တစ်လှမ်းဆုတ်ပြီး မယုံနိုင်စွာ ဖြင့် ပြေလေသည် “လဲ့နီ မင်း အသက်ရှင်နေသေးတာလား”

သို့သော် တစ်ဖက်လူ၏ခွန်အားကို ကြည့်ပြီးနောက်တွင် ယွင်ဟိုင်သည် သတိပြန်ဝင်လာသည်နှင့်တူသည်၊ ကျယ်လောင်စွာရယ်မောလေသည် “ဒါပေမဲ့ မင်း အသက်ရှင်နေလည်းဘာလုပ်ရမှာလဲ၊ မင်းထွက်လာလည်း ဘာဖြစ်လဲ၊ မင်းက ဒီကောင်နဲ့ထွက်လာတယ် ဒါပေမဲ့ အဲဒါကမင်းသေလမ်းမင်းရှာလိုက် တာပဲ၊ ၁၄ နှစ်ကုန်သွားပြီးပြီ လဲ့နီ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ၊ လွန်ခဲ့တဲ့ ၁၄ နှစ်က မင်းကိုငါဖမ်းခဲ့တယ် ဒီနေ့လည်း မင်း လွတ်မှာမဟုတ်ဘူး”

“ဟင်း ယွင်ဟိုင် မင်းက လွန်ခဲ့တဲ့ ၁၄ နှစ်ကအကြောင်းကို ပြောဖို့ မျက်နှာ ရှိသေးတာလား၊ အဲတုန်းက ငါမင်းကို ညီအစ်ကိုလို သဘောထားခဲ့တယ်၊ ဒါပေမဲ့ မင်းက စီရင်ချက်ဗိမာန်က ငါတို့ငွေလရောင်မှာထားခဲ့တဲ့ သူလျှိုဖြစ်နေ မယ်လို့ ထင်မထားဘူး၊ မင်းက အရင်ဧကရာဇ်ကို သစ္စာဖောက်ခဲ့တယ်၊ ပြီးတော့ စီရင်ချက်ဗိမာန်ရဲ့ခွေးလုပ်ပေးမယ့် မင်းသားကို ထောက်ခံခဲ့တယ်၊ ငွေလရောင်အင်ပါယာကို စီရင်ချက်ဗိမာန်ရဲ့ကျွန်ဖြစ်အောင်လုပ်ခဲ့ပြီး အင်ပါယာစွမ်းအားကို သိမ်းပိုက်ခဲ့တယ်” လဲ့နီ၏အသံသည် ဖြောင့်မတ်ကာ ဝမ်းနည်းမှုနှင့် အမုန်းတရားတို့ကို မဖုံးကွယ်နိုင်ပေ။