← Chapters

တိမ်ပင်လယ်လား ယွင်ချင်း

Vol. 48 Ch. 955

တိမ်ပင်လယ်လား ယွင်ချင်း

Vol. 48 Ch. 955

တိမ်ပင်လယ်.. ယွင်ချင်းလား။ ဒီနာမည်နှစ်ခုက ဘာလို့ ဒီလောက်တောင် ဆင်နေတာလဲ။ သို့သော် သူ့ရှေ့မှ တိမ်ပင်လယ်သည် မင်၏လက်ထဲတွင် သေသွားခဲ့သည် တိမ်ပင်လယ်မဟုတ်ပေ။ ပေထင်းဟွမ်သည် တိုင်းပြည် ကာကွယ်ရေးစစ်သူကြီးဖြစ်သည့် ယွင်ဟိုင်ကို စပ်စုစွာကြည့်ပြီး ရှုပ်ထွေးစွာဖြင့် မေးလေသည် “ယွင်ဟိုင်လား ခင်ဗျားက ဘယ်သူလဲ ယွင်ချင်းလား”

ယွင်ချင်းသည် လူအများသိထားကြသည့် စီရင်ချက်ဗိမာန်မှ ဒုအကြီးအကဲဖြစ်သည်။

ပေထင်းဟွမ်၏စကားများထွက်လာသည်နှင့် အားလုံးသည် ယွင်ဟိုင်ဆီ သို့ကြည့်ကြသည်။ ထင်ရှားစွာပင် သူတို့ထဲမှတချို့လည်း ထိုပြဿနာကို သတိ ထားမိကြသည်။

“ဟား ဟား ဘယ်လိုဆက်ဆံရေးဖြစ်ရမှာလဲ” လဲ့နီသည် သံသယဖြင့် ယွင်ဟိုင်အား လက်ညှိုးထိုးလေသည် “ယွင်ဟိုင် ယွင်ချင်း မေးဖို့လိုသေးလို့လား သူတို့က ညီအစ်ကိုတွေပဲ”

ယွင်ဟိုင်သည် ပေထင်းဟွမ်၏မျက်လုံးများကိုကြည့်လေသည်။ ထိုအချိန် တွင် မုန်းတီးမှုများပါဝင်နေသည်။ သူ၏သရုပ်မှန်ပေါ်ပေါက်သွားရာ ယွင်ဟိုင် ၏ ရင်ထဲမှ အမုန်းတရား အသစ်ရော အဟောင်းပါ ပေါ်ထွက်လာသည်။ သူ၏ လက်ထဲမှဓားဖြင့် ပေထင်းဟွမ်အား ချိန်ရွယ်လေသည် “ပေထင်းဟွမ် မင်းက ငါ့သမီးကိုဖမ်းခဲ့တယ်၊ ငါ့ညီကိုသတ်ခဲ့တယ်၊ ငါ့ရဲ့သန့်စင်တဲ့သားရဲအဖွဲ့ဝင်တွေ ကို ခေါင်းဖြတ်ခဲ့တယ်၊ ငါပဲ ငွေလရောင်ရဲ့ရန်သူ၊ မင်း ဒီနေ့တော့ မင်းအသက် ကိုပေးဖို့သာ ပြင်ထားတော့”

ပေထင်းဟွမ်သည် နှာမှုတ်ကာ သူမ၏အေးစက်သောမျက်လုံးများသည် ယွင်ဟိုင်၏အနောက်မှလူအုပ်ကို ဝေ့ဝဲကြည့်ရာ စီရင်ချက်ဗိမာန်လူအင်အားနှင့် ယှဉ်နိုင်သည့် တော်ဝင်ဂိုဏ်းထောက်လေးယောက်၊ အဂ္ဂိရတ်သူတော်စင်များ အယောက် ၂၀ ပါဝင်လေသည်။ သို့သော် သူတို့သည် လုံးဝပင်ယှဉ်မရပေ “ခင်ဗျားပေါ်မှမူတည်တလား၊ ခင်ဗျားက သခင်လေးရဲ့အသက်ကို အရှင်ထား ဦးမယ်ပေါ့၊ ဘာလို့ အဲလောက်တောင် အရှက်မဲ့နေတာလဲ၊ ခင်ဗျားသမီးက ခင်ဗျားဆီက ဆက်ခံထားတာလား”

ဆက်ပြောရန်ပင်မလိုပေ။ ယွင်ဟိုင်သည် ရုတ်တရက် အနောက်မှ ကြာပွတ်ဆွဲထုတ်ပြီး အပြာနုရောင်စွမ်းအင်ကို ကြာပွတ်ထဲထည့်ပြီး ဘာကိုမှ ရှင်းမပြဘဲ ပေထင်းဟွမ်ဆီသို့ ခပ်ကြမ်းကြမ်းရိုက်ချလေသည်။

ပေထင်းဟွမ်သည် မုချင်းလင်အား ဘယ်ဘက်လက်ဖြင့်ဖက်ပြီး ညာဘက်လက်ဖြင့် ခါးကိုပွေ့လိုက်သည်။ နဂိုကခါးပတ်ဖြစ်ခဲ့သော ဓားပျော့ သည် သူမလက်ထဲသို့ရောက်လာသည်။ ၎င်းတွင်လည်း တူညီစွာပင် အပြာနု ရောင်စွမ်းအင်ရှိသည်။ သို့သော် ၎င်းကို ငွေရောင်လျှပ်စီးဖြင့် ရစ်ပတ်ထား၏။ ဓားပျော့ပေါ်ရှိ လှံတံကဲ့သို့ပင် ယွင်ဟိုင်၏ကြာပွတ်နှင့် ထိပ်တိုက်တွေ့လေ သည်။

ဘုန်း...

လက်နက်ပျော့နှစ်ခု ထိပ်တိုက်တွေ့သောအခါ အားကောင်းသော အင်အားတစ်ခုပေါက်ထွက်လာပြီး ရေလှိုင်းတွန့်ကဲ့သို့စွမ်းအင်သည် အလယ် တွင် အားပြင်းပြင်းနှင့် ပေါက်ကွဲလေသည်။ နှစ်ဖက်လုံးမှလများသည် အလန့် တကြားနှင့် နောက်သို့ဆုတ်ကြသည်။ အလင်းပန်းပွားများသည် သူတို့မျက်စိ ရှေ့တွင် လက်နေပြီး ကောင်းကင်ပြာစွမ်းအင်ပျံ့သွားသောအခါ အလင်းများ သည် ငွေရောင်မြွေများကဲ့သို့ ပြေးနေသည်ကို ကြောက်မက်ဖွယ် အားလုံး မြင် နေရသည်။

မည်သူမှ အနည်းငယ်ပင် မပတ်သက်ရဲပေ။ သို့သော် ပေထင်းဟွမ်၏ ခွန်အားကိုမမြင်ဖူးသည့် ငွေလစစ်သူကြီးများသည် ပေထင်းဟွမ်အား ကြောက်လန့်သောမျက်လုံးများနှင့် ကြည့်ကြလေသည်။ ၎င်းသည် ဆယ်ကျော် သက်အရွယ်တစ်ယောက်၏ ခွန်အားဖြစ်သည်ကိုမည်သူမှမယုံကြပေ။

ယွင်ဟိုင်သည် ဝိညာဉ်ဂိုဏ်းထိပ်ဆုံးအဆင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် စီရင်ချက်ဗိမာန်သည် သူ၏ကျင့်ကြံခြင်းပေါ်တွင် စွမ်းအား များစွာမြှုပ်နှံခဲ့သည်။ ငွေလရောင်တစ်ခုလုံးရှိ သူ၏ခွန်အားကို မည်သူမှ မဖိနှိပ် နိုင်ပေ။ သို့သော် သည်တစ်ကြိမ်တွင် အင်အားနှစ်ခုသည် ကြမ်းတမ်းစွာ ထိပ်တိုက်တွေ့လေသည်။ ဝိညာဉ်ဂိုဏ်းထိပ်ဆုံးအဆင့်ရောက်နေသောလူသည် ခြေလှမ်းတစ်ဝက်ဆုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် လျှပ်စစ်စီးသွား သလိုပင် ခေတ္တမျှတုန်ယင်သွားပြီး သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်ပေ။

ခြေလှမ်းတစ်ဝက်မျှသာဖြစ်သော်လည်း မိန်းကလေးကို လက်တစ်ဖက် ဖြင့် ပွေ့ဖက်ထားသော မျက်နှာချင်းဆိုင်မှကောင်လေးသည် ထိုနေရာတွင် မြဲမြံစွာရပ်နေပြီး လက်ထဲမှ ဓားပျော့ကို ပြန်သိမ်းကာ နည်းနည်းမှပင် မလှုပ်မရှားရှိနေသည်။

ထိုတိုက်ကွက်သည် ပြိုင်ဘက်၏ ခွန်အားကို စမ်းသပ်ရုံမျှသာဖြစ်သည်။ သို့သော် ဝိညာဉ်ဂိုဏ်းထိပ်ဆုံးရှိသည့် ယွင်ဟိုင်သည် ဓား ၃ လက် ဝိညာဉ်ဂိုဏ်း ရှိသည့် ပေထင်းဟွမ်လောက်မသန်မာပေ။

“ဝိညာဉ်ဂိုဏ်း မိုးနတ်မင်းရေ ၁၄ နှစ်အရွယ်က ဝိညာဉ်ဂိုဏ်းတဲ့”

ငွေလရောင်အင်ပါယာအဖွဲ့ထဲတွင် မည်သူစပြောလိုက်သည်မသိပေ။ သို့သော် ရင်ထဲမှထိတ်လန့်မှုပင် ပျောက်ကွယ်သွားလေသည်။ သူ့ကိုယ်သူ ရေရွတ်ခြင်းဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီးပေါ်မှလူများအားလုံး ကြားလိုက်ရသည်။

All Chapters