← Chapters

သွေးသွား ချပ်ဝတ်တန်ဆာ

Vol. 48 Ch. 958

သွေးသွား ချပ်ဝတ်တန်ဆာ

Vol. 48 Ch. 958

ယွင်ဟိုင်သည် အေးစက်စွာ နှာမှုတ်ပြီး ပေထင်းဟွမ်အား လူသေတစ် ယောက်ကဲ့သို့ ကြည့်လေသည်။ လူငယ်သည် အလွန်အရည်အချင်းရှိသည်။ သို့သော် အသက်ကိုစွန့်စားလွန်းသည်။ သူသည် ဤမျှတုံးအသူမျိုးကို မတွေ့ဖး ပေ “ပေထင်းဟွမ် မင်းက သရဲလိုမျိုးနေနေတဲ့ ချူဖုန်းရဲ့ဝမ်းကွဲမလား၊ ချူဖုန်း အတွက် လက်စားမချေချင်ဘူးလား၊ ဟား ဟား အဲတုန်းက ဒီစစ်သူကြီးက ငွေလရောင်ရဲ့ သန့်စင်သောသားရဲတပ်ဖွဲ့ကိုဦးဆောင်ပြီး ချူဖုန်းကို နှင်ထုတ်ခဲ့ တာ၊ ငါ့အသက်ကိုလာယူလေ”

သူသာ အထွတ်အမြတ်နတ်သားရဲပိုင်ဆိုင်ပါက ပေထင်းဟွမ်သည် သူ့ကို ဘာမှမလုပ်နိုင်လောက်ဟု ထင်ထားသည်။ ထို့ကြောင့် ထောင်လွှားနေခြင်းပင်။

ပေထင်းဟွမ်သည် ခေါင်းကိုအသာညိတ်ကာ ယွင်ဟိုင်အား မျက်စိမှေး ကြည့်လေသည်။ သူမ၏ သနားသောမျက်လုံးများသည် ယွင်ဟိုင်၏မျက်နှာ အား ဓားတစ်ချောင်းကဲ့သို့ ခြစ်ကုတ်လေသည် “အသက်ယူဖို့က ခက်လို့လား၊ ကျုပ်ကို ထပ်ခါထပ်ခါ သတိပေးဖို့ လိုလို့လား၊ ကျုပ်မှတ်ဉာဏ်ကကောင်းပါ တယ်၊ အသက်လည်းမကြီးသေးပါဘူး ခင်ဗျားလိုမျိုး စိတ်ဖောက်နေတဲ့သူ မဟုတ်ဘူး”

“ဘယ်သူ့ကို စိတ်ဖောက်တယ်လို့ပြောတာလဲ၊ ကောင်စုတ်လေး မင်း သေတော့မှာပဲ” ယွင်ဟိုင်သည် ဒေါသထွက်လွန်းသဖြင့် ခံစားချက်ကိုမဖုံးကွယ် နိုင်ကာ အော်လေသည် “သွေးသွား ချပ်ဝတ်တန်ဆာပြောင်းမယ်”

ယွင်ဟိုင်သည် ပေထင်းဟွမ်ထက် ကြီးသည်ဟု သူ့ကိုယ်သူ မခံစားရပေ။ သူသည် အားကောင်းသူမှ အားနည်းသူကို အနိုင်ကျင့်သည့်ကိစ္စကို နည်းနည်းမှ အသိမရှိပေ။ သူသည် လက်မြှောက်ကာ ဖန်း၏ခေါင်းကိုလက်ဖြင့်အုပ်လိုက်ပြီး မိုးပြာရောင်စွမ်းအင်နှင့် ရစ်ပတ်လိုက်သည်။ အလင်းတန်းများသူ့ဆီရောက်လာ ပြီး သွေးနီရောင်ချပ်ဝတ်တန်ဆာနှင့် တစ်ကိုယ်လုံးကိုရစ်ပတ်လိုက်သည်။ ထို အချိန်တွင် ပေထင်းဟွမ်၏ချပ်ဝတ်တန်ဆာ ဝတ်ဆင်သည်ကိုမစောင့်ဘဲ သူ၏ ကြာပွတ်ကိုမြောက်ကာ ပေထင်းဟွမ်အား အားပါပါရိုက်ချလေသည်။

“စိတ်ပျက်ဖို့ကောင်းလိုက်တာ”

သူမသည် အရှက်မဲ့လွန်းသည်ဟု အမြဲတွေးထင်ထားပြီးမှ သူမထက် ပို၍ အရှက်မဲ့သူကိုတွေ့ရလိမ့်မည်ဟု ထင်မထားသဖြင့် ပေထင်းဟွမ် ကျိန်ဆဲမိ၏။ သူ၏ ချောင်းမြောင်းတိုက်ခိုက်သည့် အစွမ်းအစသည် သူမထက်ပင် သာလွန် နေသည်။

“မကောင်းတဲ့ကောင်”

လဲ့နီသည် မနေနိုင်တော့ပေ။ ၁၄ နှစ်ကြာပြီးနောက်တွင် ယွင်ဟိုင်သည် အရင်ကထက်ပင် ပို၍အရှက်မဲ့လိမ့်မည်ဟု သူ ထင်မထားပေ “ငွေလရောင် အင်ပါယာရဲ့ စစ်သူကြီးက အရှက်မဲ့တုန်းလား၊ သူက ဒီလိုမျိုး စက်ဆုပ်ဖို့ ကောင်းတဲ့ ချောင်းမြောင်းတိုက်ခိုက်တာမျိုး လုပ်ဖို့တောင်မကြောက်ဘူးပဲ၊ လူ တွေက မင်းကိုရယ်ကြလိမ့်မယ်”

“ဟင်း စစ်သူကြီးက ဘာလို့ အဲလောက်တောင် အရှက်မဲ့ရတာလဲဟုတ် လား သခင်ကြီးပေထင်းဟွမ်က သားရဲရှိတယ်လို့တောင် မပြောခဲ့ဘူးလေ အဲဒါ ကြောင့် မေးပါဦးမယ်၊ သခင်ကြီးပေထင်းဟွမ် သားရဲဆင့်ခေါ်ချင်သေးလား” ယွင်ဟိုင်သည် ယုံကြည်ချက်ရှိနေသည်။

ပေထင်းဟွမ်သည် ရယ်မောလေသည်။ ဖုန်းရွှေပြန်လာပြီး နတ်ဘုရား များစောင့်ကြည့်နေသည်။ သူမ ချင်းလင်တောင်တွင်ရှိစဉ်က သူမသည် ငွေလ ရောင်အင်ပါယာ၏ ဘဏ္ဍာရေးဝန်ကြီး၏သားကို သတ်ခဲ့သည်။ ယခုအခါ သူမ ကံဆိုးသည့်အလှည့်ပင်။

“ယွင်ဟိုင် ကျေနပ်မနေနဲ့ ခင်ဗျားကို သားရဲတွေမပါဘဲသတ်နိုင်တယ်” ပေထင်းဟွမ်သည် လက်ထဲမှဓားပျော့ကိုမြှောက်ပြီး လဲ့နီဆီသို့သွားလေသည်။ အရောင်စွမ်းအားထဲတွင် ငွေရောင်အလင်းဝါးမျိုပြီး ထွက်လာသည်။ ခြိမ်းခြောက်သည့် အဟန့်နှင့် ယွင်ဟိုင်၏လက်ထဲမှ ကြာပွတ်ဆီသို့သွားလေ သည်။

၎င်းသည် အစောက လက်နက်နှစ်ခု ထိပ်တိုက်တွေ့သည်နှင့် အနည်းငယ် ကွာခြားသည်။ ထိုအချိန်က သူတို့သည် လူခွဲပြီး စွမ်းအားချင်းထိရုံသာဖြစ် သော်လည်း ယခုအခါ ဓားပျော့သည် ယွင်ဟိုင်၏လက်ထဲမှကြာပွတ်ကို ပတ် ပြီး ငွေရောင်အလင်းသည် ရက်စက်သောမြွေကဲ့သို့ပင်။ ပုံမှန်အနေအထားနှင့် စွမ်းအားသည် ဓားပျော့မှ ကြာပွတ်ဆီသို့ လျှောက်သွားပြီး ကြာပွတ်ပေါ်မှ မိုးပြာရောင်စွမ်းအားသည် နောက်ပြန်ဆင်းပြီး ယွင်ဟိုင်၏ခန္ဓာကိုယ်ဆီသို့ ရုတ်တရက် ထိုးဝင်လေသည်။

“အာ...”

နာကျင်စွာအော်ဟစ်သံသည် စွမ်းအင်နှင့်ရောယှက်ကာ ကောင်းကင် အား လှုပ်ခါသွားစေသည်။ ယွင်ဟိုင်သည် ရုတ်တရက်ကြာပွတ်ကို လွှတ်လိုက် ကာ ခန္ဓာကိုယ်ပေါ်မှ သားရဲချပ်ဝတ်တန်ဆာသည် မြေပေါ်သို့ကျွတ်ကျလေ သည်။ မရေမတွက်နိုင်သောမြွေများ သူ့ခန္ဓာကိုယ်အား ထိုးဆိတ်နေသကဲ့သို့ သူ၏ အကြောများ တုန်ခါလာသည်။ ယွင်ဟိုင်သည် အကြောထဲမှ စွမ်းအင်ကို မြွေများကိုဖိနှိပ်ရန် လှုံ့ဆော်လေသည်။ သို့သော်မြေ‌ွလေးသည် သူ့အကြော ထဲသို့ မသိမသာဝင်သွားသည်။

တစ်ကိုယ်လုံးမှာ တုန်ယင်လာပြီး ခန္ဓာကိုယ်မှအမွေးများ အဆုံးထိ ထောင်သွားသည်။ လူသားတစ်ယောက်၏ ခန္ဓာကိုယ်ကို မိုးကြိုးပစ်လိုက်သည် နှင့်မခြားပေ။ ကံကောင်းစွာပင် မိုးကြိုးစွမ်းအားသည် ပြင်းထန်သော်လည်း အချိန်မကြာပေ။ မဟုတ်လျှင် ပေထင်းဟွမ် ဆက်ပြီးတိုက်ခိုက်နေလျှင် ယွင်ဟိုင်သည် အရင်သေသွားနိုင်သည်။

All Chapters