← Chapters

ပေထင်းဟွမ်က လူသားနဲ့သားရဲတို့ကမွေးလာတဲ့ ကလေးလား

Vol. 48 Ch. 959

ပေထင်းဟွမ်က လူသားနဲ့သားရဲတို့ကမွေးလာတဲ့ ကလေးလား

Vol. 48 Ch. 959

ထိုမြင်ကွင်းကိုကြည့်ပြီး ကျန်သည့်လူများသည် မျက်လုံးထဲတွင် မည်သို့ ကြောက်လန့်ရမည်ကိုမသိတော့ပေ။ ယွင်ဟိုင်ကို လက်နက်လွှတ်ချပြီး တိုက်ခိုက်နိုင်သည့်အစွမ်းအစပျောက်ဆုံးအောင် ပေထင်းဟွမ် မည်သည့် နည်းလမ်းမျိုးသုံးလိုက်သည်ကိုပင် သူတို့မသိလိုက်ပေ။ သို့သော် သူတို့သိသည် မှာ ထိုအဖြစ်သည် လွန်စွာကြောက်ဖို့ကောင်းသည်။

“ဘာတွေဖြစ်ကုန်တာလဲ”

“မိုးနတ်မင်းရေ ဒီကောင်လေးက တကယ်ကြောက်ဖို့ကောင်းတာပဲ”

“ကာကွယ်ရေးစစ်သူကြီးတောင် သူ့ကိုမကိုင်တွယ်နိုင်ဘူးလား”

ငွေလရောင်အင်ပါယမှလူများသည် အရင်ပျာယာခတ်ကြသည်။ ကံကောင်းစွာပင် ထိုအခိုက်အတန့်တွင် ယွင်ဟိုင်သည် သတိပြန်ဝင်လာသည်။ သူ၏မျက်စိရှေ့တွင် လေပေါ် ပေါလောပေါ်နေကာ ကြာပွတ်ကို ပတ်ထားသည့် ဓားပျော့ကိုကိုင်ဆောင်ထားသည့်ပေထင်းဟွမ်သည် သူ့ကို အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်နေရသည်။ ပေထင်းဟွမ်... ယွင်ဟိုင် သည် သူ့ကို အရှင်လတ်လတ်ဝါးမျိုချင်လာသည်။

“ပေထင်းဟွမ် မင်းက ငယ်ပါသေးတယ်၊ ငါသာ မင်းဆိုရင် ဒီအခွင့်အရေး မှာ သေချာပေါက် လှုပ်ရှားမှာပဲ၊ အဲလိုဆိုရင် ငါ ကောင်းကင်အဆင့်ဝိညာဉ် အရည်အချင်းသုံးဖို့ အချိန်မရှိတော့ဘူး” ယွင်ဟိုင်ပြောပြီးနောက်တွင် မျက်နှာ ထားမဲ့စွာနှင့်ရပ်လေသည်။ သူ့ဘေးမှ ဖန်းသည် သူ့ဆီသို့အမြန်ပြေးလာပြီး သွေးနီရောင်ချပ်ဝတ်တန်ဆာအဖြစ်ပြောင်းကာ မှောင်မည်းသည့်ညတွင် ထူးဆန်းသည့် သွေးနီရောင်အလင်းကို ထုတ်လွှတ်လေသည်။

“ကောင်းကင်အဆင့်ဝိညာဉ်အရည်အချင်းဟုတ်လား၊ ဒါဆိုရင် အဲဒီ စွမ်းအင်တွေကိုပြဖို့ အခွင့်အရေးရသွားပြီ” ပေထင်းဟွမ် နှာမှုတ်လေသည်။

ကောင်းကင်အဆင့်ဝိညာဉ်အရည်အချင်းသည် ဝိညာဉ်ဂိုဏ်းနှင့် သူ၏ ကိုယ်ပိုင်သားရဲများ ပူးပေါင်းပြီး ပြသရမည့်အရာပင်။ ၎င်း၏တိုက်ခိုက်မှု စွမ်းအားနှင့် ဖျက်ဆီးသည့်စွမ်းအားတို့သည် ကြယ်အဆင့်ဝိညာဉ်အရည်အချင်း များထက်တစ်ဆင့်မြင့်သည်။ သို့သော် ယွင်ဟိုင်သည် ထိုအားကောင်းသော အရည်အချင်းကို ပြသရန်အခွင့်အရေးမရနိုင်ဟု ပေထင်းဟွမ်သိသည်။

သူမ၏လက်ထဲမှဓားပျော့သည် ကြမ်းတမ်းစွာ ရိုက်ချလိုက်ရာ သူမ၏ ဓားပျော့တွင် ပတ်နေသည့် ကြာပွတ်သည် ငွေလမြို့ထောင့်သို့ လွင့်ပျံသွားလေ သည်။ ထိုအရာကိုမြင်ပြီး ယွင်ဟိုင်သည် ဒေါသထွက်ပြီး မေ့လဲလုမတတ်ပင်။

ထိုအချိန်တွင် လူငယ်သည် ညကောင်းကင်တွင် ပေါလောပေါ်နေသည်။ ညလေသည် သူမ၏ဆံနွယ်ရှည်ကို တိုက်ခတ်နေပြီး နောက်ကျောပြင်တွင် ကခုန်နေသည်။ ယွင်ဟိုင်၏နောက်ကျောတွင် ချွေးအေးများပျံလာသည်။ အပူလှိုင်းသည် အောက်မှအထက်ဆီသို့ ပြန့်သွားပြီး ကောင်းကင်အဆင့်ဝိညာဉ် အဆင့်ပြသလိုက်သည့် ယွင်ဟိုင်သည် ခေါင်းကိုက်လာသလိုခံစားရပြီး သူ၏ ဝိညာဉ်သည် မီးဟပ်သွားသကဲ့သို့ မသက်မသာခံစားရလေသည်။

နယ်မြေ။ ဝိညာဉ်ဂိုဏ်းဖန်တီးလိုက်တဲ့ အားကောင်းတဲ့နယ်မြေ။

မကောင်းသောခံစားချက်များ တစ်ချိန်တည်းရောက်လာသည်။ ကိုးရောင် နယ်မြေသည် တခြားသောနယ်မြေများနှင့် ကွာခြားသည်။ နိဗ္ဗာန်မီးသည် နွေဦး လေပြေတွင် လွင့်လာသည့် ပွင့်ဖတ်များကဲ့သို့ လေပေါ်တွင် ပေါလောပေါ်လေ သည်။ အထွတ်အမြတ်နတ်သားရဲဖြစ်သည့် ဖန်းသည် ထိုမီးတောက်များကို မြင်သောအခါ ဝိညာဉ်တုန်ယင်လာပြီး ကြောက်ရွံ့မှုသည် သူ၏အသိစိတ်ထဲသို့ ရောက်လာသည်။ ဖန်းသည် ချပ်ဝတ်တန်ဆာအသွင်ထိန်းရန် ယွင်ဟိုင်သည် မည်မျှပင်ကြိုးစားစေကာမူ ကွာချသည့်အရေးမှ မတားနိုင်ပေ။

ပေထင်းဟွမ်သည် မည်သည့်သားရဲကိုမှ ဆင့်မခေါ်ပေ။ သို့သော် ဖန်း သည် ပေထင်းဟွမ်၏ တိုက်ခိုက်မှုကို နှစ်ကြိမ်ခံရပြီးနောက် အလိုလိုပင် ချပ်ဝတ်တန်ဆာမှ အသွင်ပြောင်းရာ ယွင်ဟိုင်သည် သံသယဝင်လာသည်။ ပေထင်းဟွမ်က တကယ်ပဲ သားရဲတွေရဲ့ အားကောင်းတဲ့သွေးသားလား။

လူသားနဲ့ သားရဲတွေရဲ့ကလေးလား။

အဲတုန်းက ယွဲ့မင်ချင်းက ၃၃ ကောင်းကင်ဘုံ နယ်ပယ်ကနေ ထွက်ပြေး လာခဲ့တဲ့ ရှေးဟောင်းသွေးသားသားရဲများလား။

တကယ်ပဲ အဲလိုဖြစ်နိုင်တယ်။

မီးတောက်များသည် သူ၏အသိစိတ်နောက်မှလိုက်ပြီး အသိစိတ် ပင်လယ်ထဲသို့ဝင်လေသည်။ ယွင်ဟိုင်သည် သူ၏အသိစိတ်ကို ရှင်းလင်းအောင် ကြိုးစားနေသည်။ အသိစိတ်ပင်လယ်ထဲတွင် ဆီအလွှာသည် အသိစိတ် ပင်လယ်ကို လောင်းထည့်လိုက်သလိုပင်။ အသိစိတ်ပင်လယ်ထဲသို့ ပြန့်သွား သည်နှင့် အထိန်းအကွပ်မဲ့သွားသည်။ သူသည် တိုက်ခိုက်မှုကို မထိန်းနိုင်တော့ ဘဲ မခုခံနိုင်တော့ပေ။ သူသည် ခေါင်းကိုလက်ဖြင့်အုပ်ထားပြီး သေချင်လာ သည်။

“အား...”

သနားစဖွယ်အော်သံသည် ကွင်းပြင်ကိုဖြတ်ထွက်လာသည်။ ထိုအချိန် တွင် နယ်ပယ်ကို ထိန်းသိမ်းထားသည့်ပေထင်းဟွမ်သည်လည်း ခံစား၍မကောင်းတော့ပေ။ သူမသည် ဓား ၃ လက်ဝိညာဉ်ဂိုဏ်းသာရှိသေး သည်။ နယ်ပယ်ကို ဖန်တီးရသလို အမှောင်ကိုးရောင်နိဗ္ဗာန်မီးကို လှုံ့ဆော်ရ သည်မှာ လွယ်ကူလှသည်မဟုတ်ပေ။

All Chapters